#crd

တစ်ညတာအမှား (အပိုင်း ၁)

လူကြီးဆိုတော့ အမြဲမှန်တယ် ပြန်မပြောရဲပါဘူး....

image
39 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံမှ ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၂၅၀ နေရပ်ပြန်ပို့
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီးနောက် လွတ်ရက်စေ့မြန်မာနိုင်ငံသား ၂၅ဝ အား မတ် ၁၉ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပြန်သည်။
ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၂၅ဝ တွင် အမျိုးသား ၂၁၆ ဦး၊ အမျိုးသမီး ၃၄ ဦးပါဝင်ပြီး ၎င်းတို့အား ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ တစ်ဆင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့သို့ ရေကြောင်းမှ ပို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင် သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်က ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာဘက်သို့ ထိုင်းအာဏာပိုင်များ လွှဲပြောင်းပေးခဲ့သည့်မြန်မာနိုင်ငံသား ၂ဝဝဝ ကျော်ရှိပြီး ၂ဝ၂၅ ခုနှစ်၌ ယခုအကြိမ်အပါအဝင် သုံးကြိမ်အတွင်းမြန်မာနိုင်ငံသား ၆ဝဝ နီးပါးပြန်လွှဲပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - Chit Ngwe's Facebook

image

ကျွန်တော်တို့ရဲ့မင်းသားကြီး လီယိုနာဒိုရဲ့ရုပ်ရှင်ကားသစ်

snow white horror version \

ချီကာဂိုမြို့ရဲ့ လပြည့်​ညတစ်ည...

အဆောက်အဦးပျက်ကြီးတစ်ခုထဲမှာ အမျိုးသမီးတစ်ယောက် မော်ဖင်းဆေးထိုးအပ်တွေတန်းလန်းနဲ့ နာကျင်မှုကိုအံတုရင်း မိန်းမောနေလေရဲ့....ခနမှာတော့ သူမဟာ မတူညီတဲ့ နေရာတွေက လူ၈ယောက် ဆီရဲ့အိပ်မက်ထဲမှာ ရောက်နေတော့တယ် ထိုသူတွေကတော့ သူမနောက်ဆုံး ဖန်တီးခဲ့တဲ့ Sensate အစုအဝေး ၊ Cluster တစ်ခုပါပဲ...အဲ့ဒီ့သူတွေကိုမြင်ပြီးနောက်မှာ သူမ စိတ်အေးသွားခဲ့ပါပြီ...

ဒါကတော့ နက်ဖလစ်(စ်) ကနေ ​Streaming လုပ်ခဲ့တဲ့ Sense8 ဆိုတဲ့ show ရဲ့ အဖွင့်ပေါ့...ဒီ စီးရီးက ပေးချင်တဲ့ ရိုးရှင်းအတွေးအခေါ်လေးတစ်ခုကို တင်ဆက်ပုံတွေ ဇာတ်လမ်းဇာတ်ကွက်တွေ ရသမြောက်မှုတွေပါတာကြောင့်၊ လူသိနည်း ပညာသားပါတဲ့ Underrated series ဖြစ်တဲ့အတွက်ကြောင့်၊ ပြီးတော့ အခုက Pride Month ရောက်တော့မှာဖြစ်တဲ့အတွက်ရော ဝေမျှ​ပေးချင်ပါတယ်...

Sense8 ဆိုတဲ့အတိုင်း အဓိက ဇာတ်ဆောင် ရှစ်ယောက်၊ အမေရိကန်၊ အင်္ဂလန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျာမဏီ၊ စပိန်၊ အိုက်စ်လန်း ဆိုတဲ့ နေရာ ရှစ်ခု။ သူတို့တွေက Psychic Energy ကို လက်ခံရရှိတဲ့ Sensate ဆိုတဲ့ စိတ်ချင်းဆက်သွယ်ကူးလူးနိုင်တဲ့ လူမျိုးတွေ... ရှစ်ယောက်ပါတဲ့ အစုတစ်ခုကို Cluster တစ်ခုလို့ ခေါ်ပါတယ်.... သူတို့တွေက အချင်းချင်းရဲ့ စိတ်တွေထဲ ဝင်ထွက်သွားလာနိုင်တယ်. လက်ခံသူက ခွင့်ပြုရင် ခန္ဓာကိုယ်ကိုတောင်ထိန်းချုပ်နိုင်ပါတယ်...
Mind swapping နဲ့ Skill Sharing လည်းလုပ်နိုင်သလို ဘာသာစကားမတူတဲ့ ပြဿနာလည်း သင်ယူစရာမလိုပါဘူး....

ဒါ့အပြင် စိတ်ခံစားချက်တွေ တူနေပြန်ရင်လည်း တစ်ယောက်ရဲ့ စိတ်ထဲတစ်ယောက် အလိုလိုရောက်သွားတတ်တဲ့ Condition လည်းရှိပါတယ်...သူတို့လိုလူတွေက လူကောင်းတွေချည်းပဲ မဟုတ်ပြန်ဘူးပေါ့...ဒီ စွမ်းအားကို အသုံးချချယ်လှယ်ချင်တဲ့ Antagonists တွေနဲ့ အားပြိုင်မှုတွေကို အမိုက်စား Editing တွေ ၊ လှပတဲ့ Scenery တွေ၊ အထင်ကရမြို့ကြီးတွေရဲ့ နာမည်ကြီးနေရာတွေကိုပါ အသေးစိတ်တင်ဆက်ထားတာပါ... ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်အရပြောရရင် ဒီလိုမျိုး ဘာသာစကားတွေ၊ နေရာဒေသတွေ၊ ယဥ်ကျေးမှုတွေ၊ စရိုက်လက္ခဏာတွေ မတူညီကြတဲ့ လူတွေကို ယောက်ယတ်ခတ်ပွစိတက်မသွားစေဘဲ Tempo မှန်မှန်နဲ့ Main plot ဆီကို သယ်သွားနိုင်တာကို သဘောကျမိပါတယ်...ဇာတ်ကောင်တွေတစ်ယောက်ချင်းဆီမှာ ကိုယ်ပိုင် Sub-plot တွေရှိတယ် အဲ့ကမှတစ်ဆင့် သူတို့ရဲ့ Psychic Ability နဲ့ အချင်းချင်း ကောင်းတာ ဆိုးတာတွေ လျို့ဝှက်ချက်တွေ ချစ်ခြင်း မုန်းခြင်းတွေ သံသယတွေ...စတာတွေနဲ့ ဒရာမဆန်ဆန် ချိတ်ဆက်ပေးသွားတယ်...

ပြောခဲ့တဲ့ အတွေးအခေါ်လေးဆိုတာက စည်းလုံးမှုပါ နောက်ပိုင်းမှာ ဇာတ်ကောင်တွေရဲ့ Main swapping လုပ်ပြီး ၈ ယောက်က တယောက်တလှည့်ဆီဝင်ကူညီတာတွေက အားရဖို့ကောင်းပါတယ် ...သူတို့တောင်သေချာ နားမလည်တဲ့ အန္တရာယ်တွေကို 'ငါတို့မှာ တယောက်နဲ့တယောက် ကူညီဖေးမနေသရွေ့ ဘာမဆို ရင်ဆိုင်နိုင်တယ်၊ ရင်ဆိုင်ရဲတယ်' ဆိုတဲ့ Concept ကို စိတ်ခွန်အားလည်း ရအောင် Entertained လည်းဖြစ်အောင် တင်ဆက်သွားပါတယ်....ဒီလို ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းရဲ့ Lore နဲ့ World-Building ကိုလည်း တပိုင်းချင်းစီမှာ သေ​​သေ ချာချာရှင်းပြပေးထားပါသေးတယ်။ Family Problem တွေ၊ Love Triangle တွေ၊ Gangstersတွေ၊ Sexual Orientation၊ Political စတဲ့ Topic အကြီးစားတွေကိုမှ Sci-fi/ Action / Drama / Thriller / Romance ဆိုတဲ့ Genre အစုံကို အချိုးချိုးကျကျ ပေါင်းစပ်ပြထားပါတယ်....

Pride Month အတွက်လည်း ညွှန်းပေးရခြင်းကတော့....ဇာတ်ဆောင်တွေထဲက 'Lito' ဆိုတဲ့ စပိန်နိုင်ငံက နာမည်ကြီးသရုပ်ဆောင်တစ်ယောက်၊ သူက Closeted Gay၊ ဆိုတော့ သူ့ရဲ့ Double-life ပြဿနာ တွေ၊ Relationship ​ကိစ္စတွေကို Development ကောင်းကောင်းနဲ့ Represent လုပ်သွားနိုင်တယ်၊ နောက်တစ်ယောက် ဆန်ဖရန်စစ္စကိုက လိင်ပြောင်းအမျိုးသမီး 'Nomi'၊ သူမက IT ကျွမ်းကျင်ပညာရှင်၊ သူမဆိုရင် ကိုယ့်ရဲ့ Transition ကြောင့် ကိုယ့်မိသားစုအရင်းကနေ အသက်အန္တရာယ်ရန်ရှာတာခံရတဲ့ထိပါပဲ...သူတို့တွေရဲ့ Plot တွေကလည်း LGBTQ+ Community မှာ လူပြောများပြီး Icon ဖြစ်တဲ့အထိ ကောင်းမွန်တာမို့ Pride Month မှာ ကြည့်ဖို့ ကြိုတင်ညွှန်းပေးပါရစေ...ဇာတ်လမ်းကို နာမည်ကျော် Matrix Trilogy၊ Babylon 5 ကို ဖန်တီးသူတွေက ဇာတ်ညွှန်းဇာတ်လမ်း၊ Directing ၊ Editing တွေကို ကြီးကြပ်ထားတာပါ...
စီစန် ၂ ခု ထွက်ရှိထားပါတယ်။ Season 1 နဲ့ 2 ကြားမှာ Pride Month၊ Chrismas၊ New Year Event တွေအတွက် Special Episode ပါထွက်ထားပါတယ်...ဘတ်ဂျက်အခက်အခဲကြောင့်
Season 2 ရိုက်နေတုန်းမှာ စီးရီးကို အဆုံးသတ်တော့မယ်လို့ ကြေငြာခဲ့ပါတယ်...သို့ပေမဲ့ နာမည်ကျော် Matrix ဖန်တီးသူတွေကတော့ သူတို့ရဲ့ ဖန်တီးမှုကို ခေတ်သစ်မော်ဒန် ပန်းချီကားတစ်ချပ်လို ရှုပ်ထွေးပေမဲ့ အကောင်းဆုံးနဲ့ လှလှသေ​သေသပ်သပ် အဆုံးသတ်ပေးခဲ့ပါတယ်....

image

ပရိသတ်တွေ ဘရူနိုအကြောင်း ပြောကြဖို့ ဖြစ်နိုင်ခြေများလာပါပြီ။ နာမည်ကျော် Disney အန်နမေးရှင်းရုပ်ရှင်တစ်ကားဖြစ်တဲ့ Encanto က sequel ထွက်လာဖို့အတွက် အကြံဉာဏ်တွေရှာဖွေနေတဲ့အကြောင်း Bruno အသံသရုပ်ဆောင် John Leguizamo က အရိပ်အမြွက်ပြောလာခဲ့တာပါ။

Encanto 2 အတွက် Disney ဖက်က တရားဝင်ကြေညာထားခြင်းမရှိသေးပေမယ့် John က ရှေ့ကားမှာ “ဘရူနိုအကြောင်း မပြောပဲနေခဲ့ကြတော့” ဒီတစ်ခေါက်မှာ “ဘရူနိုအကြောင်းပဲပြောကြရအောင်” လို့ ဟာသအနေနဲ့ပြောဆိုခဲ့ပြီး Disney ဖက်က Encanto 2 အတွက် သင့်တော်မယ့်ဇာတ်လမ်းကို ရှာဖွေဖန်တီးနေကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Encanto ရုပ်ရှင်ဟာ အော်စကာအကောင်းဆုံးအန်နမေးရှင်းဆုကို ရရှိခဲ့သလို ပရိသတ်တွေကြားမှာလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။ လက်ရှိမှာ Inside Out 2, Moana 2 တို့လို အောင်မြင်ပြီးသားရုပ်ရှင်တွေကို အဆက်ထပ်မံထွက်ရှိထားပြီးတဲ့အပြင် လာမယ့်နှစ်တွေအတွင်းမှာ Zootopia 2 နဲ့ Toy Story 5 တို့ကို ထုတ်လုပ်သွားဖို့ရှိနေတဲ့ Disney အနေနဲ့ Encanto 2 ကို ဖန်တီးသွားဖို့လည်း အလားအလာများနေတာဖြစ်ပါတယ်။

image
39 w - Translate

Prettiest Lily 🫶💐🩵

#flowers

image
39 w - Translate

Prettiest Lily 🫶💐🩵

#flowers

image