ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
"ပူတင်က တူရကီဆွေးနွေးပွဲမှာ ယူကရိန်းရဲ့ အညံ့ခံမှုကို တောင်းဆိုမည် "
The Timesသတင်းစာကမေလ၁၅ရက်တူရကီနိုင်ငံတွင်ရုရှားသမ္မတပူတင်နှင့်ဇလင်စကီးတို၏တွေ့ဆုံဆွေးနွေးပွဲ၌ရုရှားသည်အောက်ပါအချက်များကိုတောင်းဆိုလိမ့်မည်ဟုရေးသားထားသည်။
- ယူကရိန်းအစိုးရ အပြောင်းအလဲလုပ်ရန်
- နေတိုးအဖွဲဝင် မဖြစ်ရေး ကတိပြုချက်
- ခရိုင်းမီးယား၊ ခေရ်ဆွန်၊ ဇာပိုရိုဇီးယေးနှင့် အရှေ့ပိုင်းဒေသ ၂ခု အပါအဝင် နယ်မြေများ လွှပေးရန်
သတင်းစာက ဖော်ပြချက်အရ ရုရှားက ဤအချက်များကို တင်းတင်းကျပ်ကျပ် တောင်းဆိုနေပါသည်။
ယူကရိန်းဘက်မှ ဤအချက်များကို လက်ခံနိုင်ဖွယ်မရှိဟု ခန့်မှန်းရသည်။
- ဆွေးနွေးပွဲရလဒ်သည် စစ်ရေးအခြေအနေပေါ် တိုက်ရိုက်မူတည်နေသည်။
NOM
မေလ၁၂ရက်နိုင်ငံတကာသတင်းတိုများ
၁။အာဖဂန်နစ္စတန်တာလီဘန်အစိုးရသည်တနင်္ဂတွေနေ့ကတစ်နိုင်ငံလုံးစစ်နုရင်(Chess)ကစားနည်းကိုအစ္စလမ်ရှရီလာဥပဒေနှင့်ညီညွတ်မှုမရှိဟုအကြောင်းပြကာပိတ်ပင်လိုက်သည်။
၂။ပါကစ္စတန်သည်စနေနေ့ကအိန္ဒိယနိုင်ငံနယူးဒေလီမြိုတော်အပါအဝင်မြိုကြီးများပေါ်တွင်ဒရုန်းများပျံဝဲထားပြီးအိန္ဒိယစစ်စခန်း၂၆ခုကိုစနေနေ့ကတိုက်ခိုက်ခဲ့ကြောင်းတနင်္ဂနွေနေ့ညကကြေညာသည်။
၃။အစ္စရေးသည်နိုင်ငံလုံခြုံရေးအတွက်အမေရိကန်၏အကူအညီရယူနေခြင်းကိုနောက်ဆုတ်ရမည်ဖြစ်ကြောင်းအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကပြောသည်။
၄။ပါကစ္စတန်ကိုတိုက်ခိုက်နေသည့်ဘလူချစ်စတန်လွတ်မြောက်ရေးအဖွဲခေါင်းဆောင်ဒေါက်တာအလာနီဇာကပါကစ္စတန်ထံမှသိမ်းဆည်းရရှိထားသောမောင်းပြန်ရိုင်ဖယ်အလက်၉၃၀၀၀နှင့်တစ်လက်စီအတွက်ကျည်ဆံ၁၀တောင့်နှုန်းသာပေးပါကပါကစ္စတန်ကိုအဆုံးသတ်ပေးမည်ဟုအိန္ဒိယကိုတောင်းဆိုလိုက်သည်။
၅။ဗြိတိသျှလျိုဝှက်ထောက်လှမ်းရေးအဖွဲMI 6 လက်ရှိအကြီးအကဲရစ်ချတ်မိုးသည်လာမည့်ဆောင်းဦးရာသီတွင်ရာထူးမှထွက်မည်ဖြစ်ကာအကြီးအကဲအသစ်ရွေးချယ်ရန်လျာထားသူသုံးစလုံးသည်အမျိုးသမီးများဖြစ်နေသဖြင့် MI 6 ကိုအမျိုးသမီးအကြီးအကဲကဦးဆောင်တော့မည်ဖြစ်သည်။
NOM