45 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
45 ပတ် - ဘာသာပြန်ပါ။

#tattooideas

imageimage
+6
45 ပတ် - ဘာသာပြန်ပါ။

မန္တလေးတွင် ငလျင်ကြောင့် ပြိုကျခဲ့သည့် ဦးလှသိန်းဗိမာန်အတွင်း စာမေးပွဲ ဖြေနေကြသည့် သံဃာတော် ၈၀ ပါးကျော် ပျံလွန်တော်မူဟုဆို
ရန်ကုန်၊ မတ် ၂၉
ငလျင်ဒဏ်ကြောင့် မန္တလေးမြို့တွင် အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့သည့်အနက် ဦးလှသိန်းဗိမာန်အတွင်း သံဃာတော်များ စာဖြေနေစဉ် ဗိမာန်ပြိုကျခဲ့သည့်အတွက် သံဃာ ၈၀ ပါးကျော် ပျံလွန်တော်မူသွားကြောင်း အဆိုပါ ကျောင်းတိုက်မှ သံဃာတော်များက ပြောဆိုကြသည်။
ယမနန်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် ထိုဗိမာန်တွင် စာဖြေသံဃာတော် ၆၀၀ ကျော်စာဖြေကြားနေကြစဉ် ငလျင်လှုပ်ခတ်ခြင်းဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ဗိမာန်၏ ညာဘက်ခြမ်းတစ်ခြမ်းလုံးပြိုကျသွားကြောင်း၊ ပြိုကျသည့် ဘက်ခြမ်းမှ သံဃာတော်အများစု ပျံလွန်တော် မူသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ပိတ်မိနေခဲ့သည့် သံဃာတော်များကို ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီးကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။
“ဘယ်လောက်ဆုံးလဲတော့ အတိအကျမသိဘူး ။ အတော်များများတော့ ဆုံးတယ်ဗျ။ ကျွန်တော်တို့က မနေ့ညက သွားခဲ့ပြီး အခုထပ်မရောက်ဖြစ်သေးဘူး။ ကျန်တာကို မီးသတ်တပ်ဖွဲ့က ဆက်လုပ်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီးကော်မတီမှ တာဝန်ရှိသူက ဖြေကြားသည်။
၂၀၂၅ ခုနှစ်တွင် သံဃာတော်များ စာဖြေနိုင်ရန်အတွက် (ဎ-ခ-)မဟာအောင်မြေမြို့နယ်စာဖြေဌာနကို ပရိယတ္တိသာသနဟိတအသင်း(ဦးလှသိန်း)ဗိမာန်တွင် ပြုလုပ်ခဲ့စဉ် ထိုသို့ အဖြစ်ဆိုးကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

image
45 ပတ် - ဘာသာပြန်ပါ။

Dozens pulled alive from rubble but hundreds more dead in Sagaing town
March 30, 2025
As of noon Sunday, 36 people have been rescued from collapsed buildings in Sagaing town, the epicenter of the powerful 7.7-magnitude earthquake that struck Myanmar on Friday, according to the Myanmar Fire Services Department.
Ninety corpses have been recovered, it said. The BBC has reported more than 200 fatalites so far in Sagaing, as rescue operations continue and many people remain trapped in collapsed buildings.
#whatshappeninginmyanmar

image
45 ပတ် - ဘာသာပြန်ပါ။

ကြည်တောက်ရှင်း

၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် Fantasy Action ရုပ်ရှင်ဖြစ်ပြီး
မင်းသားဆူရီယာရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ကောင်းတွေရထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။

ဒီရုပ်ရှင်ဟာ ၂၀၁၉ မှာ စတင်ကြေညာခဲ့တာဖြစ်ပေမဲ့ ကိုဗစ်ကြောင့် အချိန်ရွှေ့လိုက်ရကာ ၂၀၂၄ ရောက်မှ ပရိသတ်ရှေ့ကို ရောက်လာတာဖြစ်ပါတယ်။

အိန္ဒိယနယ်စပ်နားလေးမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာပြီး စူပါပါဝါအကြောင်း စမ်းသပ်မှုတွေလုပ်နေတဲ့ ရုရှားဇီဝဆေးသုသေသနအဖွဲ့တစ်ဖွဲ့ရှိပါတယ်။

တစ်နေ့ သူတို့ဆီကနေ ဇေတာဆိုတဲ့ကလေးတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဖရန့်စစ်နဲ့ သူ့သူငယ်ချင်းက ရဲတွေဆီကနေ ငွေလက်ခံပြီး သူတို့အလိုရှိတဲ့သူကို လိုက်ဖမ်းပေးတဲ့အလုပ်လုပ်ပါတယ်။

တစ်နေ့ သူတို့ပစ်မှတ်ကို ဖမ်းနေတုန်း မတော်တဆ လက်လွန်ကာ သတ်မိသွားပါတယ်။

ဒီပစ်မှတ်က နောက်ခံတော်တော်တောင့်တာမို့ ဘယ်သူမှမသိခင် အသာလေးလစ်ထွက်လာဖို့လုပ်နေတုန်း ဇေတာနဲ့တိုးပါတယ်။

ဒါပေမဲ့ ကလေးဆိုတော့ သူတို့ရုပ်တွေကို မှတ်မိလောက်မှာမဟုတ်ဘူးဆိုပြီး
ပေါ့ပေါ့တန်တန်တွေးကာ ထွက်ပြေးလာကြပါတယ်။

ဇေတာက သူတို့တွေကို တကယ်ပဲ မမှတ်မိနိုင်ဘူးလား။

သူနဲ့ ဖရန့်စစ်ကြားမှာရော ဘာပတ်သတ်မှုတွေရှိနေသေးတာလဲ ဆိုတာကိုတော့…

#crd
#storymode

image
45 ပတ် - ဘာသာပြန်ပါ။

"ပေးတဲ့လက်ပဲဖြစ်ချင်တဲ့ လူမျိုးပါ
တစ်ခုခုဆို ငါဘာလုပ်ပေးနိုင်လဲ
ဆိုတာပဲ တွေးပြီး လုပ်ပေးနိုင်တာဆို
လုပ်ပေးလိုက်တယ်။
လူတစ်ဦးကို ချစ်တာပဲဖြစ်ဖြစ်
ခင်မင်တာပဲဖြစ်ဖြစ် သူတို့ဆီကနေ
ငါဘာရမလဲဆိုတဲ့ စိတ်မျိုး မရှိဘူး။
ငါ့ဖက်က ဘာပေးနိုင်မလဲဆိုတာပဲ
စဉ်းစားပါတယ်။
မိသားစုမှာဖြစ်ဖြစ် ပေါင်းသင်းဆ//က်ဆံရေး
မှာဖြစ်ဖြစ် သူတို့လိုအပ်လာချိန် ငါဘာ
ကူညီပေးနိုင်မလဲပဲ အမြဲတွေးထားတယ်။
ကူညီပြီးရင် တစ်ဖက်လူဆီက ဘာပြန်ရမလဲလို့
မမျှော်လင့်တတ်ဘူး။
ငါအကောင်းဆုံး ကူညီပေးလိုက်နိုင်တယ်။
တစ်ဖက်မှာလည်း အဆင်ပြေသွားတယ် ဆိုရင်
ရပါပြီ ။
ကိုယ့်စေတနာကို အသိအမှတ်ပြုခြင်း၊
မပြုခြင်းတွေ ၊ ကိုယ်မတွေးဘူး ။
အဓိက က ကိုယ်သည်
စေတနာသန့်သန့်နဲ့ ဖြူစင်သော မေတ္တာများဖြင့်သာ
ကူညီပေးကမ်းနိုင်ဖို့ကိုပဲ အမြဲရှေးရှုထားသည်။
ပေးကမ်းနိုင်သော လက်တစ်စုံအဖြစ်နဲ့
အမြဲ ကြိုးစား ရှင်သန်နေပါမယ်။

image

ဝုမမှားဘူး..ဟူးမန်းအရင်စတာ

45 ပတ် - ဘာသာပြန်ပါ။

အလှူငွေ သိန်းတစ်သောင်းကျော်လက်ခံရရှိနေပြီး ငလျင်ဒဏ်သင့်ပြည်သူတွေကို ပြန်လည်လှူဒါန်းနေတဲ့ သရုပ်ဆောင်ခိုင်းနှင်းဝေ 😍

image
45 ပတ် - ဘာသာပြန်ပါ။

စစ်ကိုင်းတွင် PDF များ ဝင်လာမည်ဆိုသော လုံခြုံရေး စိုးရိမ်ချက်ဖြင့် စစ်တပ်က ကယ်ဆယ်ရေးအဖွဲ့များကို ပိတ်ပင်ထားပြီး ကယ်ဆယ်ရေးလုပ်မည်ဆိုလျှင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ ထံမှ ခွင့်ပြုချက် ယူရမည်
ရန်ကုန်၊ မတ် ၃၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် PDF များ ဝင်လာမည်ဆိုသော လုံခြုံရေး စိုးရိမ်ချက်ဖြင့် စစ်တပ်က ကယ် ဆယ်ရေးအဖွဲ့များကို ပိတ်ပင်ထားကြောင်း စစ်ကိုင်းမြို့တွင် ရောက်ရှိနေသည့် ကယ်ဆယ်ရေးပရဟိတအဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကိုင်းတွင် ကယ်ဆယ်ရေး လုပ်မည်ဆိုပါက စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ တပ်ရင်းတို့ထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်မည့် သူများ၏ ကိုယ်ရေးရာဇဝင်၊ ကူညီမည့်ပစ္စည်းအရေအတွက်၊ မည်သည့်လမ်းကြောင်းမှ ရရှိသည့် ငွေကြေး၊ စစ်တပ် အပါအဝင် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆိုသော စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း သိရှိရသည်။
"ခွင့်ပြုချက်မရှိရင် ကူခွင့်မရှိဘူး။ ဘာတွေကူမလဲ။ ဘယ်သူတွေပါမလဲ။ ဘယ်ကလာတာလဲ စသည်ဖြင့်ပေါ့။ လုံခြုံရေး စိုးရိမ်ချက်အတွက် အဓိက လို့ ပြောတယ်။ လုံခြုံရေးအရ စိတ်ချရတဲ့ အနေအထားမဟုတ်ဘူးလို့ လည်းပြောတယ်" ဟု ကယ်ဆယ်ရေးပရဟိတအဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်က ဆေးရုံနှင့် မြို့နယ်ထွေအုပ်ရုံးများတွင် လုံခြုံရေ တိုးမြှင့်ချထားကြောင်း သိရှိရသည်။
"ဆေးရုံနဲ့ မလှမ်းမကမ်းမှာတော့ သေနတ်တကားကားနဲ့ လုပ်နေတာ ၁၀ကနေ ၂၀ကြားဗျ။ ကမ်းနားလမ်းလည်း ပန်းခြံအကျော်မှာ အစောင့်ချပြီး ပိတ်ထားတယ်ဗျ"ဟု စစ်ကိုင်းမြို့တွင် ကယ်ဆယ်ရေးရောက်ရှိနေသူက ပြောဆိုသည်။
လတ်တလော စစ်ကိုင်းအခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက် လုပ်ဆောင်လျက်ရှိသော်လည်း စစ်ကိုင်းတိုင်းတစ်ခုလုံးကို မလွှမ်းခြုံနိုင်ကြောင်း၊ အဆောက်အအုံ အပျက်အစီးများအောက်တွင် ပိတ်မိနေသော ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ရန် အချိန်မှာ နည်းပါးလာနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ဆိုကြသည်။
ဓာတ်ပုံ- စစ်ကိုင်းမြို့လယ်ခေါင်တွင် စစ်တပ်က တားဆီးပိတ်ဆို့ထားစဉ်။
Photo By Khit Thit Media ။

image
45 ပတ် - ဘာသာပြန်ပါ။

မန္တလေး

ဘဝကြီးတစ်ခုလုံး
မြေကြီးထဲ ကျွံကျသွားတာပဲကွယ်
မငိုဘဲ ဘယ်နေနိုင်ပါ့မလဲ
ငိုပါ

အဝေးရောက်နေတဲ့ ဆောင်းခိုငှက်ဆိုပေမယ့်
အညာနွေကို လှမ်းဆွေးနေရတဲ့
မေတ္တာသည်မျိုးရဲ့ အပူမီးနဲ့ပါ

အရင်က
တစ်ယောက်နဲ့တစ်ယောက်
နေကောင်းလားလို့ နှုတ်ဆက်ရာကနေ
အခုဆို
မိသားစုတွေ ဘေးကင်းလုံခြုံကြရဲ့လားလို့
ပြောင်းပြီး နှုတ်ဆက်တတ်နေပြီ

ရှင်ကွဲလည်း မကွဲဘူး
သေကွဲလည်း မကွဲဘူး

မှာလိုက်ပါရစေ မန္တလေးရေ
အချိန်အကြာကြီး မနာမဖျားစေနဲ့ကွယ့်
ပြန်ထလာခဲ့
တို့များ ပိတောက်တွေပွင့်တာ ကြည့်ရဦးမယ် ။ ။

#လူခါး
၂၀၂၅-၀၃-၂၉

image