ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တရုတ်သမ္မတ ရှီနှင့် ထရမ့် ဖုန်းဖြင့် စကားပြောဆွေးနွေး
...........
တရုတ်သမ္မတ ရှီကျင်းပင် နဲ့ ဖုန်းကတဆင့် သိပ်ကို ကောင်းမွန်တဲ့ စကားပြောဆိုမှုတစ်ခု လုပ်ခဲ့တယ်လို့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒါဟာ မကြာခင် ရက်ပိုင်းမှာပဲ အိမ်ဖြူတော်ကို သမ္မတအဖြစ် တရားဝင် ပြန်လာဖို့ ရှိနေချိန်မှာ တရုတ်သမ္မတ ရှီနဲ့ ဖုန်းခေါ်ဆိုမှု လုပ်ခဲ့ကြတာပါ။ တရုတ်သမ္မတ ရှီနဲ့ စကားပြောခဲ့ကြောင်း နဲ့ ပြသာနာ အများအပြားကို ဖြေရှင်းဖို့ မျှော်လင့်ထားကြောင်း နဲ့ အဲဒီလို ဆွေးနွေးမှုတွေကို အမြန်စတင်နိုင်မယ်လို့လည်း မျှော်လင့်ကြောင်း သူရဲ့ Truth Social မီဒီယာပေါ်မှာ ရေးတင်ခဲ့ပါတယ်။ အဲဒီ,လိုဖုန်းနဲ့ စကားပြောဆိုရာမှာ ဖန်တနိုင်းလ်ဆေးဝါး ၊ တစ်တော့ ၊ ကုန်သွယ်ရေး နဲ့ တခြား အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပြီး အဲဒီစကားပြောဆိုမှုဟာ နှစ်နိုင်ငံစလုံးအတွက် သိပ်ကို ကောင်းမွန်တယ်လို့ လည်း ဆက်ရေးထားပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီဖုန်းပြောဆိုမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ရာမှာ သမ္မတ ရှီ နဲ့ သမ္မတ ထရမ့်တို့အကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုဟာ သိပ်အရေးကြီးကြောင်း နဲ့ ထရမ့်ရဲ့ ဒုတိယ သက်တမ်းအတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးကို ကောင်းကောင်း ပြန်စတင်နိုင်ဖို့ မျှော်လင့်ကြောင်း ဖလာည်း ဖေါ်ပြထားပါတယ်။
.