အစ္စရေးနိုင်ငံက လက်ဘနွန်တောင်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့
****************

အစ္စရေးနိုင်ငံသည် မေလ ၈ ရက်တွင် လက်ဘနွန်တောင်ပိုင်း နာဘာတီယာဒေသ ကို လေကြောင်း တိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း လက်ဘနွန်လုံခြုံရေးတာဝန်ရှိသူများက ပြောကြားထားသည်။

အစ္စရေး စစ်ဘက်၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူပြီးနောက်ပိုင်း အစ္စရေးစစ်ဘက်က လက်ဘနွန်၌ ပြုလုပ်ခဲ့သည့် အပြင်းထန်ဆုံးတိုက်ခိုက်မှုများထဲတွင် ပါဝင်ကြောင်း လက်ဘနွန်တာဝန်ရှိသူများ၏အဆိုအရ သိရသည်။

အစ္စရေးနိုင်ငံနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုတို့သည် အမေရိကန်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှု ဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရယူခဲ့သည်။

သို့ရာတွင် အစ္စရေးစစ်ဘက်သည် တစ်ခါတစ်ရံ လက်ဘနွန်နိုင်ငံအတွင်းရှိ စစ်သွေးကြွပစ်မှတ်များကို လေကြောင်း တိုက်ခိုက် မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလကလည်း အစ္စရေးနိုင်ငံသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ပိုင်းရှိ အဆောက်အအုံတစ်လုံးကို လေကြောင်းတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ အဆောက် အအုံသည် ဟစ်ဇ်ဘိုလာအုပ်စုက ဒုံးကျည်များသိုလှောင်ရာတွင် အသုံးပြုသည့်အဆောက်အအုံဖြစ်ကြောင်း အစ္စရေးစစ်ဘက်က သတင်းထုတ်ပြန်ထားကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ ဦးစီးသည့် စာသင်ကျောင်းများပိတ်ပစ်ရန် အစ္စရေးဖိအားပေး
အစ္စရေးသိမ်းပိုက်ထားသော အရှေ့ဂျေရုဆလင်ရှိ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီဦးစီးသည့်စာသင်ကျောင်းသုံးကျောင်းကို ပိတ်ပစ်ရန်အစ္စရေးစစ်ဘက်က ဖိအားပေးလုပ်ဆောင်ခဲ့ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက မေ ၈ ရက်တွင် ပြောသည်။
မေ ၈ ရက် နံနက်ပိုင်းစာသင်ချိန်မှစ၍ ရာနှင့်ချီသော ပါလက်စတိုင်း ကျောင်းသားများကိုရှူရာဖက်ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းများမှ အိမ်ပြန်ခိုင်းခဲ့ကြောင်း ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီကပြောသည်။
ကျောင်းနံရံတွင် ကပ်ထားသည့်အမိန့်စာ၌ ပညာရေးဆိုင်ရာ အဖွဲ့ အစည်းများ လုပ်ကိုင်ရန် သို့မဟုတ် သင်ကြားရေးဝန်ထမ်းများခန့်အပ်လုပ်ကိုင်ခြင်းများကို တားမြစ်မည်ဖြစ်ပြီး စာသင်ကြားမှု သို့မဟုတ် ကျောင်းများအတွင်းဝင်ရောက်ခြင်းကို တားမြစ်မည်ဟု ဖော်ပြထားသည်။
အစ္စရေးအာဏာပိုင်များသည် ကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို ငြင်းပယ်ပြီး နိုင်ငံတကာဥပဒေများကို ပြောင်ကျကျ ချိုးဖောက်နေကြောင်း ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ မဟာမင်းကြီး ဖိလစ်လက်ဇာရီနီက ပြောသည်။
အစ္စရေးသည် ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ၏ လှုပ်ရှားမှုများကို တားမြစ်ပိတ်ပင်ခဲ့ပြီးဟားမားစ်အဖွဲ့နှင့် ဆက်နွှယ်နေသည်ဟု စွပ်စွဲထားသည်။ သို့သော်အေဂျင်စီကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
ဘီဘီစီ

image
1 y - Translate

#ပြည်တွင်းသတင်း
◼ငလျင်ဒဏ်သင့်ဒေသများသို့လည်ပတ်နိုင်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကြေညာ
ငလျင်ဒဏ်သင့်ဒေသများရှိ ဒေသနေပြည်သူများနှင့်ခရီးသွားလုပ်ငန်းအား အထောက်အပံ့ဖြစ်စေရန် ငလျင်ဒဏ်သင့်ဒေသများသို့သွားရောက်လည်ပတ်နိုင်ကြောင်း နစက၏ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ယမန်နေ့(မေ ၈ ရက်) နေ့စွဲဖြင့်အကြံပြုထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့်နေပြည်တော်တို့တွင် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ အဆိုပါဒေသများသို့ ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ပြည်တွင်းပြည်ပခရီးသည်များမှ သွားရောက်လေ့လာကြည့်ရှုကြခြင်းဖြင့် ငလျင်နှင့်ပတ်သက်သည့်ဗဟုသုတများ ရရှိစေနိုင်သည့်အပြင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများတိုးပွားရရှိစေနိုင်ရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့ပြင် နစက၏ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ငလျင်ဒဏ်သင့်ဒေသများတွင်ငလျင် ကြောင့်ထိခိုက်ပျက်စီးမှုမရှိသော ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များအနေဖြင့် ပုံမှန်ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် ငလျင်ဘေးသင့်ဒေသများနှင့် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများသို့ ယခင်ပုံမှန် အတိုင်း သွားလာလည်ပတ်နိုင်သည်ဟုဆိုထားသေးသည်။
လက်ရှိတွင် ငလျင်ကြောင့် သေဆုံးသူ ၄၀၀၀ နီးပါးရှိလာပြီး ထိခိုက်ပျက်စီးမှုများမှာ မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်းတိုင်း၊ မင်းကွန်း ဒေသများရှိ ရှေးဟောင်းအဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ၎င်းတို့အနက်ရှေးဟောင်း အဆောက်အအုံ ၉၆၁ ခုရှိသည့် အင်းဝဒေသတွင် ရှေးဟောင်းအဆောက်အအုံ ၆၁၄ ခုထိခိုက်ပျက်စီး ခဲ့ကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
သတင်း - အင်ကြင်း

image
1 y - Translate

#ပြည်တွင်းသတင်း
◼ သာစည်၌ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိငလျင်လှုပ်ခတ်
ယနေ့ (မေ ၉ ရက်) မွန်းလွဲ ၃ နာရီ၊ ၇ မိနစ်၊ ၃၀ စက္ကန့်တွင် အင်အားရစ်ခ်ျ ၄ ဒသမ ၇ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ယင်းငလျင်မှာ မန္တလေးတိုင်း၊ သာစည်မြို့၏ တောင်-အရှေ့တောင်ဘက်နှစ်မိုင်ခန့် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယနေ့နံနက် ၇ နာရီ၊ ၁၈ မိနစ်၊ ၁ စက္ကန့်တွင်လည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့် အနက် ၁၅ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၂ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
ယခုမေလပထမ ၁၀ ရက်အတွင်း မန္တလေးမြို့၊ ပုသိမ်ကြီးမြို့၊ မတ္တရာမြို့၊ ပျော်ဘွယ်မြို့နှင့် ပဲခူးတိုင်းရှိ ဖြူးမြို့၊ ကျောက်တံခါးမြို့တို့တွင် ငလျင်လှုပ်ခတ်မှုစုစုပေါင်းခုနစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်သည့် စာရင်းများအရသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image

image
1 y - Translate

ဓာတုဗေဒ ကျောင်းဆရာအဖြစ်ကနေ စျေးကွက်ကောင်းတဲ့ ကျောင်းသားတစ်ယောက်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချဖို ဖြစ်လာတဲ့အခါ (Season 2)

Breaking Bad
2008 ‧ Action/Thriller ‧ Seasons 2

Season 2 ပါဗျ ကျန်တဲ့ Season တွေ နောက်ရက်တွေလာပါမယ်ခင်ဗျ။

အထက်တန်းကျောင်းက
ဓာတုဗေဒ ဆရာတစ်ယောက် ရှိပါတယ်။
သူဟာ ရိုးသားတဲ့ ကျောင်းဆရာတစ်ယောက်ပါ။
သူ့မှာ ခွဲစိတ်ကုသလိုမရတဲ့ အဆုတ်ကင်ဆာရောဂါ
ရှိနေမှန်းကို သိရှိခဲ့ရပါတယ်
သူ့မိသားစုရဲ့ရှေ့ရေးအတွက်
ဘယ်လိုစီမံရမယ် ဆိုတာကနေစပြီး ဒီဇာတ်လမ်း စပါတယ်။
ဓာတုဗေဒကျွမ်းကျင်တဲ့ ဆရာတစ်ယောက်အနေနဲ့
Methamphetamine ဘယ်လိုထုတ်ရမယ်ဆိုတာကို သိပါတယ်။
ဈေးကွက်ကို ရှာဖိုတော့
ဈေးကွက်ကျွမ်းကျင်တစ်ယောက် လိုအပ်ပါတယ်။
နှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာတော့
နှစ်ယောက်ပေါင်း လောင်းကျော် ဖြစ်ကြပါတော့တယ်။
ပညာတတ်တစ်ယောက် ဆိုးတဲ့မိုက်တဲ့အချိန်ကျရင်
သူမတူအောင် မိုက်ပါတော့တယ်။
ကမ်းကုန်အောင် မိုက်ပါတော့တယ်။
နာမည်ကြီးပြီးသားဇာတ်လမ်းဆိုတော့
ဒီလောက်ပဲ ညွှန်းပါတော့မယ်။
နာမည်ကြီး Game of Thrones (GOT) ကို
ကျော်ပြီး ကြည့်ရှုနှုန်းမြင့်မားခဲ့တဲ့ ဇာတ်လမ်းတွဲဆိုတော့
အရမ်းညွန်းစရာ လိုမယ် မထင်ပါဘူး။
IMDb Rating ကတော့ 9.5/10 ပါ
Rotten Tomatoes အနေနဲ့ကတော့ 98% ဆိုတော့
မသေခင် ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတွေထဲမှာ တစ်တွဲပေါ့ဗျာ

🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ🗓

👑Channel Link

https://t.me/+4J6askgTItY4MTc9

🖥ဇာတ်ကားကြည့်ရန် Link

https://t.me/c/1805890412/69

image
1 y - Translate

R.I.P.D. 2: Rise of the Damned
2022 ‧ Action/Comedy ‧ 1h 42m

2013 တုန်းက RIPD ရုပ်ရှင်ကို ကြည့်ဖူးသူကြည့်ဖူးမှာပါ။ Deadpool မင်းသားနဲ့ ရိုက်ထားတဲ့ကားရှိပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ထားပါတယ်။ အခုကားကတော့ အဲဒီ ၂၀၁၃ ကားရဲ့ ခေတ်မတိုင်ခင် ၁၈ ရာစု ကောင်းဘွိင်ခေတ်က ရွိင်ရဲ့ မူလဇာတ်လမ်းပါ။ ဒီတော့ ဓာတ်ဘူးမင်းသား ရိုင်ရန်ရေးနိုးတော့ မပါတော့ပါဘူး။
ဒါပေမဲ့ RIPD 1 လိုပဲ အတော်လေး ကောင်းပါတယ်။ ကောင်းဘွိင်ခေတ်အရသာတစ်မျိုးပေါ့။ ဇာတ်လမ်းအကျဉ်း ရွိင်ဆိုတဲ့ ရဲမှူးတစ်ယောက်ဟာ ရထားတွဲကို လာတိုက်တဲ့ ဓားပြတွေကို ပြန်တိုက်ရင် သေသွားခဲ့ပါတယ်။ သူသေသွားပြီးတော့ ကောင်းကင်ဘုံနဲ့ငရဲကိုမရောက်ခင် RIPD ကိုရောက်သွားပါတော့တယ်။

RIPDကတော့ငရဲပြည်ကနေထွက်ပြေးလာပြီးလူ့ပြည်မှာ သောင်းကျန်းနေတဲ့ ဝိညာဉ်တွေကို ဖမ်းဆီးနှိမ်နင်းရတဲ့ တမလွန်ရဲဌာနတစ်ခုပါပဲ။ ဒီရုပ်ရှင်မှာလည်းငရဲကနေ လွတ်လာတဲ့ ငရဲပြေးတစ်သိုက်ဟာ ငရဲတံခါးကိုဖွင့်ပြီး ငရဲကျဝိညာဉ်တွေအကုန်လုံးကို ကမ္ဘာကြီးထဲကိုဆွဲခေါ်ပြီး ကမ္ဘာကိုအုပ်စိုးဖို ပြင်ဆင်နေကြတာကို RIPD ရဲ့ အေးဂျင့်နှစ်ယောက်က ဘယ်လိုတားဆီးမလဲဆိုတာ တွေ့ရမှာပါပဲ။ ခံစားကြည့်လိုက်ပါဦး။

🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ🗓

👑Channel Link

https://t.me/+fNZjMKbzHF5mZmM1

🖥ဇာတ်ကားကြည့်ရန် Link

https://t.me/c/2305672701/1410

image
1 y - Translate

Cosmo ရဲ့ လက်အောက် အဖွဲ့အစည်းဖြစ်တဲ့ Social Media Team က Hint ပေးလိုက်ပါပြီနော်။
2025 အတွက် Miss Coso Myanmar နဲ့ Miss Cosmo Loas ဟာ နာမည်ကြီး Miss တွေပါတဲ့။

image
1 y - Translate

July လ 9 ရက်နေ့မှာထွက်ရှိမယ့် I Was Reincarnated as the 7th Prince so I Can Take My Time Perfecting My Magical Ability Season 2

image