1 y - Translate

2020 တုန်းက Kentaro Yabuki ဆွဲခဲ့တဲ့ Jump Heroines Poster

ဒီထဲမှာခုထိ ဆက် run နေသေးတဲလ series က ၄ ခုသာကျန်ပါတော့တယ်။

ဘယ်ဟာတွေဖြစ်မလဲ? 🤔

image
1 y - Translate

July လ 11 ရက်နေ့မှာထွက်ရှိမှာဖြစ်တဲ့ TOUGEN ANKI Anime

image
1 y - Translate

အမြန်လမ်း ယာဉ်ရပ်နားစခန်းက သူနဲ့နာမည်တူ ကွမ်းယာဆိုင်မှာ ကွမ်းယာဝင်ရောင်းပေးခဲ့တဲ့ မနော
အဆိုတော် မနောက ခရီးသွားရင်း မိတ္ထီလာ အမြန်လမ်းယာဉ်ရပ်နားစခန်းက ကွမ်းယာဆိုင်တစ်ခုမှာ ဝင်ပြီး ကွမ်းယာကူရောင်းပေးခဲ့တာပါ။ ကွမ်းယာဆိုင်နာမည်ကလည်း တိုက်တိုက်ဆိုင်ဆိုင် မနော ဆိုတဲ့သူ့နာမည်နဲ့ဆင်တူနေလို့ သူကိုယ်တိုင်ဝင်ပြီး ကွမ်းယာရောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်လိပ်စာလေးနဲ့တကွ ဝင်ရောက်အားပေးဖို့ပါ ကြော်ငြာပေးခဲ့ပါသေးတယ်။

image

Prisoner (2013) | Directed by Denis Villeneuve

ဒီဇာတ်ကားဟာ ဒီနေ့ အချိန်အထိ အဖြေရှာမရတဲ့ ဇာတ်ကားတွေထဲက တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းက အရမ်း Simple ဖြစ်တယ်လို့ ခံစားရပေမယ့် Plot တစ်ခုလုံးကို ချုံငုံပြီး ကြည့်မယ်ဆိုရင် လူတွေရဲ့ အတ္တတွေကို အထင်သားမြင်ရနိုင်ပါတယ်။ နောက်ပြီး မတရားမှုတွေကိုလည်း မြင်ရဦးမှာပါ။

ဇာတ်လမ်းကတော့ ဒီလိုပါ..

ကန်ထရိုက်တာ Keller တို့မိသားစု ကျေးဇူးတော်နေ့မှာ သူငယ်ချင်းအိမ်သွားရာကနေ သူငယ်ချင်းဖြစ်သူရဲ့ သမီးနဲ့ Keller ရဲ့ သမီး Anna နဲ့ Joy တို့ အိမ်နားမှာ လာရပ်ထားတဲ့ RV ကားနဲ့ အတူ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။

ဒီမှာ ဘာတွေ ဆက်ဖြစ်လဲဆိုတော့ အမှုကို စုံစမ်းဖို့ စုံထောက် Loki ကို အမှုအပ်ရာကနေ Alex ဆိုတဲ့ ကောင်လေးနဲ့အတူ RV ကားကို တွေ့ပါတော့တယ်။ တွေ့ပြီး ဖမ်းစီးလိုက်ပေမယ့် တရားခံ အစစ်မဟုတ်လို့ ပြန်လွတ်ပေးလိုက်တာကနေ Keller က Alex က တရားခံပါလို့ တထစ်ချ ယုံကြည်ပြီး Alex ကို ဖမ်းစီ နှိပ်စပ် မေးမြန်းတာတွေ လုပ်လာခဲ့ပါတယ်။

နောက်တော့ အမှုက တဖြည်းဖြည်း နက်နဲလာတဲ့ အခါ ..

ဇာတ်လမ်းက ပျော်ရွှင်စရာတွေနဲ့ စထားခဲ့ပေမယ့် စိတ်မတင်မကျဖြစ်တာ တွေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

ဇာတ်သိမ်းနဲ့ပတ်သက်ပြီး သီအိုရီတွေ အများကြီး ထွက်ထားတဲ့ ဇာတ်ကားမျိုးဖြစ်လို့ ကြည့်ဖူးရင် Ending ကို ဘယ်လို ဖြစ်စေချင်လဲဆိုတာ ပြောသွားလို့ရပါတယ်။

image

3 years ago today // Y cube

May လရောက်တိုင်းကြည့်ဖြစ်တယ့်ကားလေး ❤ <br>ဇာတ်ကားကြည့်တိုင်း california dreamin\ ဆိုတယ့်သီချင်းကိုပဲကြား​​နေရသလို သီချင်းနားထောင်တိုင်းလည်းဇာတ်ကားကိုပဲပြန်မြင်ယောင်မိတယ် <br>? Chungking Ex

1 y - Translate

ကြည်နူးစရာ မိသားစုဓာတ်ပုံလေးကို ချပြလာခဲ့တဲ့ သရုပ်ဆောင်အောင်မင်းခန့် 😍
ကလေးကို အစိမ်းလိုက်မွေးတာတဲ့နော်

image

?️ :Drowning love (2016)

Buried (201 | Directed by Rodrigo Cortés

ဒီ ဇာတ်ကားအကြောင်းမပြောခင် ကြိုတင် သတိပေးချင်တာ တစ်ခုကတော့ claustrophobic ရှိတဲ့သူတွေအနေနဲ့ ဒီဟာကိုမကြည့်ဖို့ အကြံပေးပါရစေ။ ဘာကြောင့်လဲဆိုတော့ claustrophobic ဆိုတာ ပိတ်လှောင်ခံရမှာ ကြောက်တဲ့ ရောဂါတစ်မျိုးဖြစ်လို့ ဒီ ဇာတ်ကားဟာ စိတ်ကို ပိုပြီး အကျဥ်းကျနေသလို ခံစားရစေပါတယ်။
သာမန်လူအနေနဲ့ ဒီဇာတ်ကားကို ကြည့်ရင်တောင် မွန်းကြပ်လာပြီး အခေါင်းထဲက ထွက်လို့ရမှ ရပါ့မလားဆိုပြီး ရင်တမမနဲ့ ကြည့်နေမှာပါ။

ဒီဇာတ်ကားက Company ရဲ့ လစ်လျှူရှုမှုတွေနဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားထဲရောက်နေတဲ့ ထရပ်ကား Driver တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

အီရတ်မှာ ကားမောင်းပေးရတဲ့ Paul Conroy ဆိုသူက သူတို့မောင်းနေတဲ့ CRT Company ကားတန်းကြီးက အိီရတ်က သူပုန်တွေနဲ့ တွေ့ပြီး တိုက်ခိုက်မှုထဲ ပါသွားပါတယ်။ ဒါပေမယ့် Paul Conroy က ကံကောင်းလား ကံဆိုးတာလားမသိပါဘူး။ သတိမေ့ပြီး အီရတ်သူပုန်တွေက အခေါင်းတစ်ခုထဲထည့်ပြီး မြေကြီးထဲ မြှုပ်ထားလိုက်ပါတော့တယ်။ သူ့ကို ဖုန်းတစ်လုံး မီးခြစ်တစ်ခုနဲ့ ပေးထားပါတယ်။ ဒါပေမယ့် ဒါတွေ အားလုံးဟာ ကြာကြာမခံခဲ့ပါဘူး။

တစ်ကားလုံး အခေါင်းထဲမှာ ပြီးသွားလို့ နောက်ဆုံး လွတ်မြောက်သွားလား၊ အသက်ရှင်သွားလား တွေးစရာတွေ စိတ်မွန်းကျပ်စရာတွေနဲ့ ပြီးသွားတဲ့ ဇာတ်ကားတစ်ကားပါပဲ။

image

ight Club (1999) | Directed by David Fincher
စိတ်ရဲ့ တခြား တစ်ဖက်က ကောင်ကို လွှတ်ပေးကြည့်ဖူးလား။
ကျွန်တော်ကတော့ ခဏခဏ လွှတ်ပေးဖူးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ရုံးသမားဆိုတော့ Pressure တွေ နေ့တိုင်း ပိနေတာရော၊ တစ်ခုဆိုးတာက တစ်ကိုယ်တည်းသမားလည်းဖြစ်တော့ ပိုပြီး အထီးကျန်ဆန်တာပါပဲ။
Fight Club ကြည့်ပြီးရင် ခင်ဗျားတို့လည်း စိတ်ရဲ့ မကောင်းတဲ့ ကောင်ကို လွှတ်ပေးတက်သွားပါမယ်။ ဒီဇာတ်ကားကြည့်ပြီး နောက်ပိုင်းတော့ ကျွန်တော် ပျော်ဖို့အတွက် ဘာမဆို လုပ်မိလာတာပါပဲ။
Fight Club ဆိုတဲ့ ဇာတ်ကားက စိတ်ဖိစီးမှုတွေများနေတဲ့ ဝန်ထမ်းတစ်ယောက် ညအိပ်မရလာတာတွေ များပြီး စိတ်ဖြေပေးတဲ့ အစီအစဥ်တွေ တစ်ခုပြီး တစ်ခုသွားရာကနေ နောက်တော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး စိတ်ရဲ့ မကောင်းတဲ့ သူနောက်တစ်ယောက်ပေါ်လာတဲ့အခါ Flight Club ဆိုတဲ့ ဂိုဏ်တွေနဲ့ မိုက်ကြေးခွဲပါတော့တယ်။
ကြည့်ဖူးတဲ့ ကားတွေထဲမှာ တော်တော်လေး သဘောကျစရာကောင်းသလို ဇာတ်လမ်းက ဘာဖြစ်လို့ ဖြစ်မှန်းမသိပဲ အရမ်းကို စဥ်းစားရတဲ့ထဲပါနေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

image