45 ပတ် - ဘာသာပြန်ပါ။

(၂၈.၃.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊
ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၆၁၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၇,၀၂၀,၀၀၀ ကျပ်
၁၅ ပဲရည်ပေါက်စျေး- ၆,၆၁၀,၀၀၀ ကျပ်
👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၄၅၀ ကျပ်(ရောင်း)
👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၀၀၀ ကျပ်
Octane 95 - ၃၀၅၀ ကျ​ပ်
Premium Diesel - ၃၁၉၀ ကျပ်
Diesel - ၂၅၈၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
#news
#mmdbn

image
45 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်
ယနေ့ မတ်လ (၂၈) ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တွင် အင်အားပြင်း ငလျင်လှုတ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အချိန်အားဖြင့် (၃) မိနစ်ဝန်းကျင် ကြာမြင့်ကြာင်း မြို့နေပြည်သူများ ခံစားသိရှိရသည်။
ယနေ့ နေ့လယ် (၁) နာရီမထိုးမီ မိနစ်အနည်းငယ်အလိုတွင် လှုတ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဘေးတိုက်ရွှေ့လျားမှုဖြစ်ကာ အင်အားပြင်းနိုင်သည့်အနေအထားဖြစ်သည်။
ငလျင်လှုတ်ခတ်မှုဖြစ်ပွားအပြီး ဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိကာ ခေါ်ဆို၍ မရဖြစ်နေသည်။
ယခုလှုပ်ခတ်သည့် ငလျင်နှင့် ပတ်သက်၍ မိုး/ဇလ တာဝန်ရှိသူနှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှတာဝန်ရှိသူများထံ ဖုန်းဖြင့်ဆက်သွယ်နိုင်ရန်ကြိုးစားနေပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။

image
45 ပတ် - ဘာသာပြန်ပါ။

လူတယောက်ရဲ့ သရုပ်မှန်က
အခြေနေ နှစ်ခုမှာပဲပေါ်တာ
၁။ လိုချင်တာတွေရပြီးတဲ့အခါ
သရုပ်မှန်
ပေါ်လာလေ့ရှိတယ်။
၂။ သူလိုချင်တာတွေမရနိုင်ဖူးဆိုတာ
သေချာသွားတဲ့အချိန်မှာလည်း
လူတယောက်ရဲ့
သရုပ်မှန်ပေါ်လာလေ့ရှိတယ်။
အဲ့ဒါကြောင့်
အထက်ကအခြေနေနှစ်ခုနဲ့
မကြုံရမချင်း လူတယောက်ရဲ့
စကားတွေကိုလည်း
အယုံမစောနဲ့..!
လုပ်ရက်တွေကိုလည်း
အကြည်မစောနဲ့.!
အမူအယာတွေကိုလည်း
အကြွေမစောနဲ့..!
အချိန်မကျသေးပဲ စိုက်တဲ့အပင်က
ဘယ်တော့မှ အသီးမသီးသလို
အချိန်မကျသေးပဲခူးတဲ့အသီးကလည်း
ဘယ်တုံးကမှ အရသာရှိရိုး
ထုံးစံမရှိခဲ့ဖူး..!
#crd_to_owner_with_respect

image
45 ပတ် - ဘာသာပြန်ပါ။

" ပိုကောင်းတဲ့ ဘဝတွေဆီ အတူတူ သွားရအောင်နော် " တဲ့။
ချစ်တာထက် ပိုတဲ့ စကားမျိုးပဲ ထင်တယ် ။
သာမန်အခြေနေလေးမှာ တွေ့ခဲ့ကြပေမဲ့.. အစစ
အရာရာ သာလွန်တဲ့ နေ့တွေထိ အတူရှိကြမယ် ။
ခက်ခဲလွန်းနေတဲ့ အချိန်တွေကို အတူရင်ဆိုင်ပြီး သက်တောင့်သက်သာ ဖြစ်တဲ့နေ့တွေမှာလည်း
အတူရှိနေမယ် ။
အမှောင်ကို အတူတူဖြတ်ပြီး အလင်းမှာလည်း အတူရှိကြပါမယ် ဆိုတဲ့ ကတိမျိုးပေါ့ .. ။
ခက်ခဲချိန်မှာ မထားခဲ့ဘူး ၊ အဆင်ပြေချိန်မှာလည်း ပြောင်းလဲမသွားဘူး ။
ဘဝကောင်းတစ်ခုကို ပိုင်ရတဲ့နေ့မှာ အချစ်လည်း သေချာပေါက် ကိုယ့်အနားရှိနေရမယ် ။
ဘဝအတွက် ကြိုးစားရင်းက ချစ်တယ် ..
ကြိုးစားနေရတဲ့ အကြောင်းပြချက်ဟာ အတူတူရှိသွားနိုင်ဖို့ပဲ ဖြစ်တယ် ။
သက်တောင့်သက်သာရှိတဲ့ နေ့တွေမှာ အချစ်တစ်ယောက်တည်းကို အေးဆေး ငေးမယ် ။
စိတ်ပင်ပန်းမှုတွေ မရှိတော့တဲ့ နေရာလေးမှာ
အချစ်နဲ့အတူနေမယ် ။
အချစ်ကိုလည်း ဘဝကောင်းတစ်ခုမှာပဲ လှလှလေးထားချင်တယ် ။
ဒါကြောင့် ကြိုးစားပေးပါမယ် ။
တစ်ဖက်ကလည်း ဘဝအတွက် ကြိုးစားရင်းကပဲ
ရင့်ကျက်စွာ ချစ်ပေးပါ
ခက်ခဲတဲ့ နေ့တွေမှာ လက်တွဲမဖြုတ်ပဲ .
" ပိုကောင်းတဲ့ ဘဝတွေဆီ အတူတူ သွားကြရအောင်ပါ "

image
45 ပတ် - ဘာသာပြန်ပါ။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
********************
(ပြည်တွင်း) မတ်လ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေးရှုသော အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အောက်ဖော်ပြပါ ကော့သောင်းအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ထိုင်းနိုင်ငံသား (၄) ဦးနှင့် ဘားအံ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ဖိလစ်ပိုင်နိုင်ငံသား (၃) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက် တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြု၍ ပြည်နှင်ဒဏ်ပေးလိုကကြောင်း သိရသည်။

image
45 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အေအိုင်နည်းပညာသုံးမောင်းသူမဲ့လေယာဉ်မြောက်ကိုရီးယားစမ်းသပ်
လူ့ဉာဏ်ရည်တု နည်းပညာ (အေအိုင်)သုံး အသေခံမောင်းသူမဲ့ လေယာဉ်များစမ်းသပ်မှုကိုမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင်ဦးဆောင်ခဲ့ကြောင်း မတ် ၂၇ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ယင်းအပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အဆင့်မြှင့်တင်မွမ်းမံထားသော ကင်းထောက်မောင်းသူမဲ့ လေယာဉ်သစ်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် အေအိုင်နည်းပညာသုံး အသေခံ မောင်းသူမဲ့လေယာဉ်များ စမ်းသပ်မှုကို မတ် ၂၆ ရက်တွင် ပြုလုပ်ခဲ့သည်။
ခေတ်မီစစ်လက်နက်ပစ္စည်းများကို ထုတ်လုပ်ရာတွင် အေအိုင် နည်းပညာစွမ်းဆောင်ရည် ထည့်သွင်းနိုင်ရေးမှာဦးစားပေးဆောင်ရွက်ရမည့် အချက်ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက လက်နက်ကိုင်တပ်ဖွဲ့များကို မှာကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မတ် ၂၆ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံးလေကြောင်းအန္တရာယ် ကြိုတင်သတိပေးရေးစနစ် လေယာဉ်ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လေ့လာသူများ၏အဆိုအရ အဆိုပါလေကြောင်းအန္တရာယ်ကြို တင်သတိပေးစနစ် လေယာဉ်သည်ရုရှားနိုင်ငံ၏ အီလူးရှင်း-၇၆ အမျိုးအစားကုန်တင်လေယာဉ်ကို ပြုပြင်ပြောင်းလဲထားခြင်းဖြစ်ကြောင်းသိရသည်။
ရိုက်တာ

image

လွမ်းရတဲ့အခါ -

45 ပတ် - ဘာသာပြန်ပါ။

Peter Pan [2003]

အားလုံးသိကြတဲ့ပုံပြင်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 2003 ကထွက်ရှိတဲ့ကားပါ။

Wendy နဲ့သူ့မောင်တွေဖြစ်တဲ့ John နဲ့ Michael တို့ဟာ သူတို့ပုံပြင်ပြောရင်လာနားထောင်တဲ့ Peter Pan ခေါ်တာကြောင့် Neverland ကိုလိုက်သွားပြီး စွ့န်စားခန်းတွေ ကြုံတွေ့ရပါတယ်။

လေပေါ်ပျံနိုင်စွမ်းရှိပြီး ဘယ်တော့မှအသက်မကြီးတဲ့ Peter Pan နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ The Lost Boys, Fairy လေး Tinkerbell တို့အပြင် ပင်လယ်ဓားပြကြီး Captain Hook တို့လည်းပါ၀င်ပါတယ်။

2003 ကထွက်တာဖြစ်ပေမယ့်အခုပြန်ကြည့်လည်းမရိုးနိုင်တဲ့ကားလေးပါ။

မိသားစုလိုက်ကြည့်ရင် လူကြီးတွေအတွက်လည်းမပျင်းရတဲ့ကားလေးဖြစ်ပါတယ်။

Wendy တို့ရဲ့ကုန်ဆုံးတော့မယ် ကလေးဘ၀ကိုကြည့်ရင်း nostalgic feeling လည်းခံစားရမှာပါ။

image
45 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြိုနှင့် မန္တလေးမြိုအတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိုတော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

image
45 ပတ် - ဘာသာပြန်ပါ။

Season 2 ပြုလုပ်ဖိုဆုံးဖြတ်လိုက်တယ်လို သတင်းထွက်ရှိလာတဲ့ Blue Box Anime

image