ကုသိုလ် အားကြီးလာရင်
အားလုံးက အဆင်ပြေသွားမှာပါ အမှန်ပါပဲ
ကုသိုလ် အမြဲလုပ်ပါ။
ဘဝမှာ အဆင် မပြေတာတွေ ကြုံတဲ့အခါတိုင်း ကုသိုလ်ကောင်းမှု့ကို ပိုပြီးပြုလုပ်ပါ။
အဆင် မပြေလို့ ဗေဒင်သွားမေးလည်း
ကုသိုလ်လုပ်ခိုင်းတာပဲ မဟုတ်လား။
သူတို့အပြောကတော့ ယတြာချေတာပေါ့။
ဘယ်ဆရာ မှ အကုသိုလ် လုပ်ခိုင်းပြီး
ယတြာ မချေခိုင်းဘူး။ ကုသိုလ်ပဲ လုပ်ခိုင်းတာ။
အဲဒီလိုဆိုတော့ သူ့အားကိုးတာထက်
ကိုယ့်အားကိုယ်ကိုးပြီး ကုသိုလ်တရား
ကြိုးစားပွားရုံပေါ့။
အဆင် မပြေလည်း ကုသိုလ်လုပ်၊
အဆင် ပြေရင်လည်း ကုသိုလ်လုပ်၊
အတိုက်အခိုက် ကြုံရင်လည်း ကုသိုလ်လုပ်၊
အနှောက်အယှက် ရှိရင်လည်း ကုသိုလ်လုပ်၊
ပိုပြီး အဆင် မပြေရင် ပိုပြီးကုသိုလ်လုပ်၊
လုပ်နေရင်း နဲ့ ကို ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ် မကျနဲ့။
ယုံကြည်မှုအပြည့်၊ ဇွဲကြီးကြီးနဲ့သာ ဆက်လုပ်။
သေချာပေါက်ကို ကုသိုလ်က ကိုယ့်ကို
စောင့်ရှောက်ပါလိမ့်မယ်။
ယုံကြည်မှု့ နဲ့ ဇွဲရှိမှု့ ကိုတော့ မလျော့စေနဲ့။
ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင်
အကုသိုလ်တွေ၊ အဆိုးတွေ အားနည်းသွားမှာပဲလေ။
သောက်ရေခွက်လောက် ရှိတဲ့ ရေထဲကို
ဆားတစ်ကုတ်လောက် ပစ်ထည့်ရင်
အဲဒီရေခွက် ငန်တူးသွားမှာပေါ့။
ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို
ဆားတစ်ကုတ်လောက်
ပစ်ထည့်ကြည့်ပါလား၊ ရေအရသာ ဘာမှပြောင်းမှာ
မဟုတ်ဘူးလေ။
ရေက များနေတာကိုး။
ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင်
အကုသိုလ်ဟာ အသေးအမွှားလေးပဲ
ဖြစ်သွားမှာပေါ့။
ဒါကြောင့် ကုသိုလ်ကောင်းမှု့ ကို လျော့ မတွက်ပါနဲ့။
အဆင်တစ်ခါ မပြေတိုင်း ကုသိုလ်တစ်ခု တိုးလုပ်ပါ။
ပိုပြီး မပြေရင် ပိုပြီးလုပ်ပါ။
ကုသိုလ် အားကြီးလာရင် အားလုံးက
အဆင်ပြေသွားမှာပါ အမှန်ပါပဲ။
____________________________________
🙏ပါချုပ်ဆရာတော်
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

image