45 ပတ် - ဘာသာပြန်ပါ။

စျေးအတန်ဆုံး IP69 ပါတဲ့ realme C75 Series ဖုန်းစျေးနှုန်းတွေနဲ့အတူ သင်္ကြန်အထူးလက်ဆောင်အဖြစ် ၃ သိန်းကျပ်တန်ဖိုးရှိ Gift Package ကိုပါ သတ်မှတ်ရက်အတွင်း ခံစားရယူနိုင်မည်
.
ရေစိုရေစိမ်ခံတဲ့ အလန်းဆုံးဖုန်းတွေအဖြစ် မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ realme C75 Series ဖုန်းတွေရဲ့တရားဝင်စျေးနှုန်းကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ၁၀ သိန်းမကျော်တဲ့စျေးနဲ့ စျေးအတန်ဆုံး IP69 ပါတဲ့ဖုန်းတွေအဖြစ် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
realme C75 Series မှာ realme C75 နဲ့ realme C75x ဆိုပြီး မော်ဒယ် ၂မျိုးရှိမှာဖြစ်ကာ RAM 24GB (8+16) + ROM 256GB အမျိုးအစားဖြစ်တဲ့ realme C75 အတွက် ၈၉၉,၉၀၀ ကျပ်နဲ့ RAM 24GB (8+16) + ROM 128GB အမျိုးအစားဖြစ်တဲ့ realme C75x အတွက် ၇၄၉,၉၀၀ ကျပ်တို့နဲ့ Pre-order ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ realme C75 မှာ ရွှေရောင်နဲ့အနက်ရောင်၊ realme C75x မှာ ပန်းနုရောင်နဲ့ နက်ပြာရောင်တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
၃သိန်းကျပ်တန်ဖိုးရှိ သင်္ကြန်အထူးလက်ဆောင်တွေထဲမှာ 10000 mAh Power Bank၊ ၆လ မှန်ကွဲအာမခံ (မတော်တဆမှန်ကွဲခြင်း)၊ realme after-sale ဝန်ဆောင်မှု VIP Member Card နဲ့ MPT Data Package တို့ကို ခံစားခွင့်ရရှိမှာဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့အထိ သတ်မှတ်ကာလအတွင်းရယူနိုင်မှာဖြစ်လို့ အမြန်ဆုံးဝယ်ယူထားဖို့ တိုက်တွန်းလိုက်ရပါတယ်။
realme C75 Series ထုတ်ကုန်တွေမှာ ရေစို၊ ရေစိမ်ဒဏ်တွေခံနိုင်သလို အကြမ်းခံမှုအပိုင်းမှာလည်းသတ်မှတ်စံချိန်စံနှုန်းတွေကို အသိအမှတ်ပြုရရှိထားပြီဖြစ်ပါတယ်။ မြန်မာပြည်စျေးကွက်အတွက်ကိုက်ညီစေမယ့်အပြင် သုံးစွဲသူတွေအဓိကလိုအပ်ချက်တွေထဲကတစ်ခုဖြစ်တဲ့ ဘက်ထရီအားကြာရှည်ခံမှုနဲ့ အားအမြန်သွင်းစနစ်အပိုင်းတွေမှာလည်း ပိုကောင်းအောင်ထည့်သွင်းပေးထားပါတယ်။ realme C75 မှာဆိုရင် 6000mAh ဘက်ထရီနဲ့ realme C75x မှာဆိုရင် 5600mAh တို့ကိုထည့်သွင်းပေးထားပြီး အားသွင်းမြန်စေမယ့် 45W Fast Charge စနစ်ကို ၂မျိုးစလုံးအတွက်ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။
realme C75 မှာ 6.72-inch FullHD+ 90Hz Display၊ Helio G92 Max Chipset၊ 50MP Main Camera၊ 8MP Selfie Camera တို့ပါဝင်မှာြဖစ်ပြီး realme C75x မှာဆိုရင် 6.67-inch HD+ 120Hz Display၊ Helio G81 Ultra Chipset၊ 50MP Main Camera၊ 5MP Selfie Camera တို့ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်။

image
image
image

လူတိုင်းက ကိုယ့်ကိုမေတ္တာရှိစေချင်တယ်..ဂရုတစိုက် အလေးအနက် တန်ဖိုးထားစေချင်ကြပါတယ်..။ ကိုယ်လိုချင်တဲ့ မေတ္တာရဖို့အတွက် ကိုယ်ကလည်း မေတ္တာရှိအောင် နေတတ်ဖို့လိုပါတယ်..။ မေတ္တာရဲ့သဘောက သိမ်မွေ့နက်ရှိုင်းပါတယ်..။ မေတ္တာရဲ့ဓါတ်သဘာဝက အကြည်ဓါတ် အအေးဓါတ်ကလေး လွှမ်းခြုံနေတာဖြစ်ပါတယ်..။
လူတစ်ယောက်မှာ မေတ္တာဓါတ်ကလေးကိန်းဝပ်နေတယ်ဆိုရင် သိပ်ကိုသိသာလွန်းပါတယ်..။ သူ့အနား ရောက်သွားရင်ကို အကြည်ဓါတ် အအေးလှိုင်းကလေးတွေ စိမ့်ဖြာနေပြီး မျက်နှာကလေးကလည်း ကြည်လင် ပြောတဲ့စကားလေးတွေကလည်း ချိုသာနူးညံ့ပြီး ကောင်းကျိုးဖြစ်စေမယ့် အကြောင်းလေးတွေပဲ ပြောတတ်ပါတယ်..။ သူနဲ့စကားပြောရရင် ကိုယ့်ဆီမှာပါ အကြည်ဓါတ်ကလေး ကူးစက်ပြီး မျက်နှာကလေးပါ လိုက်ပြီးပြုံးချိုကြည်လင်လာစေတာပါပဲ..။
တချို့က မေတ္တာတော့ လိုချင်ပေမယ့် မေတ္တာရှိအောင် မနေတတ်ပါဘူး..။ မျက်နှာထားက အလိုမကျရင် စူပုတ်ကောက်ချိတ်ပြီး ပြောသမျှစကားကလည်း အပျက်သဘော အဆိုးမြင်အကန်ဘုကလန့်တွေချည်းသာ ပြောတတ်ပါတယ်..။ သူနဲ့ မျက်နှာချင်းဆိုင်လိုက်တာနဲ့ ကိုယ့်ရင်ထဲမှာ မီးလာဟပ်သလို အပူလှိုင်းတွေ ချက်ချင်းကူးစက်လာပြီး အလိုလို စိတ်အကြည်ဓါတ်တွေပျောက်ဆုံးကုန်တာပါပဲ..။ အဲ့ဒိလိုလူမျိုးကိုတော့ ဝေးဝေးရှောင်ပါတယ်..။ ကိုယ့်ရဲ့စွမ်းအင်တွေ စုပ်အယူမခံစေချင်လို့ဖြစ်ပါတယ်..။
ကိုယ်က မေတ္တာလိုချင်တယ်ဆိုရင် ကိုယ့်ဆီမှာ မေတ္တာအရင်ဖြည့်ထားဖို့ လိုပါတယ်..။ ကိုယ့်မှာရှိနေမှ သူများကို ဖြန့်ဝေနိုင်မှာမဟုတ်လား..။ နေ့စဉ် ဘုရားခန်းထဲမှာ တရားထိုင် တရားမှတ်နေမှ တရားကျင့်နေတယ်လို့ မဆိုလိုပါဘူး..။ နေ့စဉ် မေတ္တာစိတ်ကလေး အကောင်းမြင်စိတ်ကလေးထားပြီး ဘာတွေးတွေး ဘာပြောပြောဘာလုပ်လုပ် သတိကလေးကပ်ပြီး ကောင်းမွန်ချိုသာတဲ့ မေတ္တာစိတ်ကလေးထားပြီး တွေးမယ် ပြောမယ် လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ မေတ္တာလှိုင်းတွေဟာ သူများဆီလည်း ကူးစက်ပြီး ကိုယ်နဲ့ လှိုင်းချင်းတူညီမျှတဲ့ မေတ္တာရှိသူတွေဆီက မေတ္တာဓါတ်တွေ ကူးလူးယှက်သွယ်လာစေတာပါပဲ..။
ကိုယ်က မေတ္တာလိုချင်ရင် ကိုယ်က အရင် မေတ္တာပေးရပါတယ်..။ ကိုယ်က အချိုလိုချင်ရင် ကိုယ်က အချိုဓါတ်ကလေးနဲ့ စတင်ရပါတယ်..။ ကိုယ်က အလင်းဓါတ်လိုချင်ရင် ကိုယ့်ရဲ့စိတ်နှလုံးကို အမှောင်ချထားလို့ မရပါဘူး..။ မေတ္တာစိတ် အကောင်းမြင်စိတ်ကလေးနဲ့ လင်းချင်းစေရပါမယ်..။ ကိုယ့်ကို မေတ္တာရှိစေချင်ရင် မေတ္တာရှိအောင် နေဖို့လိုပါတယ်..။
#လွန်းထားထား

image
45 ပတ် - ဘာသာပြန်ပါ။

A remote Australian town that will soon lose its only doctor is offering a salary of up to $428,000, plus free rent and a car, to attract a new candidate.

https://abcnews.go.com/Interna....tional/wireStory/rem

image

မိုအာနာဘာမြင်သွားတာလဲ မိုအာနာဘာမြင်သွားလို့လဲလို့

45 ပတ် - ဘာသာပြန်ပါ။

ဆောင်းပိုးနွေမြက် (ရှီးပတီး) အကြောင်း သိကောင်းစရာ
ဒီတစ်ခါမှာတော့ ဗဟုသုတအနေနဲ့ "ဆောင်းပိုးနွေမြက်" လို့ လူသိများကြတဲ့ "ရှီးပတီး" အကြောင်းကို ဖော်ပြပေးသွားမှာပါ။ ရှီးပတီးဆိုတာ ဘာလဲ၊ ဘယ်လိုဖြစ်ပေါ်လာတာလဲ၊ ဘယ်မှာတွေ့ရတတ်လဲ၊ ဘာတွေအသုံးဝင်လဲ ဆိုတာတွေကို ဆက်ပြီးလေ့လာကြည့်ရအောင်။
ရှီးပတီးဆိုတာ ဘာလဲ?
ရှီးပတီး (Shwe Pa Tee) ဆိုတာ သဘာဝရဲ့ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပါ။ နွေရာသီမှာ ပိုးကောင်ဘဝနဲ့ရှိနေပြီး၊ ဆောင်းရာသီရောက်တဲ့အခါမှာတော့ အပင်အဖြစ်ကို ပြောင်းလဲသွားတတ်တဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။
တရုတ်လို 冬虫夏草 (dōng chóng xià cǎo) လို့ခေါ်ပြီး "ဆောင်းရာသီမှာ ပိုးကောင်၊ နွေရာသီမှာ မြက်" လို့ တိုက်ရိုက်အဓိပ္ပာယ်ရပါတယ်။ မြန်မာလိုတော့ ဆောင်းပိုးနွေမြက်လို့ ခေါ်ကြပါတယ်။
ရှီးပတီး ဘယ်လိုဖြစ်လာတာလဲ?
ရှီးပတီးရဲ့ ဖြစ်ပေါ်လာပုံက အဆင့်ဆင့်ရှိပါတယ်။ ပထမဆုံးအနေနဲ့ ပိုးဖလံ (Hepialidae) မျိုးရင်းဝင် ပိုးကောင်တွေက မြေကြီးအောက်မှာ ဥ ဥကြပါတယ်။
အဲဒီဥကနေ ပေါက်လာတဲ့ ပိုးလောင်းကောင် (Larva) လေးတွေဟာ မြေအောက်မှာ နှစ်အတော်ကြာ နေထိုင်ကြပြီး၊ သစ်ပင်တွေရဲ့ အမြစ်တွေကို စားသုံးရင်း ကြီးပြင်းလာကြပါတယ်။
အဲ့ဒီလို ပိုးလောင်းကောင်ဘဝနဲ့ မြေအောက်မှာ နေထိုင်နေတုန်းမှာပဲ Ophiocordyceps sinensis လို့ခေါ်တဲ့ မှိုတစ်မျိုးက ဝင်ရောက်လာပါတော့တယ်။
ဒီမှိုရဲ့ မျိုးမှုန် (Spore) တွေဟာ ပိုးလောင်းကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး ကပ်ပါးအဖြစ် ရှင်သန်ပါတယ်။ မှိုဟာ ပိုးကောင်ရဲ့ အတွင်းပိုင်း အာဟာရတွေကို စုပ်ယူစားသုံးရင်း ကြီးထွားလာပြီး၊ နောက်ဆုံးမှာတော့ ပိုးကောင်လေး သေဆုံးသွားရပါတယ်။
ပိုးကောင်လေး သေဆုံးသွားပေမယ့် မှိုကတော့ ဆက် လက်ကြီးထွားနေဆဲပါ။ သေဆုံးသွားတဲ့ ပိုးကောင်ရဲ့ ဦးခေါင်းပိုင်းကနေ ရှည်လျားတဲ့ မှိုပင် (Stroma) အဖြစ် ထိုးထွက်လာပါတယ်။
ဒီမှိုပင်ဟာ ဆောင်းရာသီမှာ သေဆုံးသွားတဲ့ ပိုးကောင်ရဲ့ ခေါင်းကနေ ထွက်လာပြီး၊ နွေရာသီရောက်တဲ့အခါမှာတော့ မြေပေါ်ကို ထိုးထွက်လာပြီး မြက်ပင်နဲ့ ဆင်တူတဲ့ ပုံစံမျိုး ဖြစ်လာပါတယ်။ အဲဒါကြောင့်ပဲ "ဆောင်းပိုးနွေမြက်" လို့ ခေါ်တွင်လာရတာ ဖြစ်ပါတယ်။
ဘယ်ဒေသတွေမှာ တွေ့ရတတ်လဲ?
ဒီလိုထူးဆန်းတဲ့ ရှီးပတီးကို နေရာတိုင်းမှာတော့ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ရှီးပတီးကို အဓိကအားဖြင့် တိဗက်ကုန်းပြင်မြင့်၊ ဟိမဝန္တာတောင်တန်းဒေသ၊ တရုတ်နိုင်ငံ (စီချွမ်၊ ယူနန်၊ ချင်းဟိုင်၊ ကန်းစု)၊ နီပေါ၊ ဘူတန်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ မြင့်မားတဲ့ တောင်တန်းဒေသတွေမှာ တွေ့ရတတ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်တော့ ကချင်ပြည်နယ်နဲ့ ချင်းပြည် နယ်တို့ရဲ့ အမြင့်ပေ ၁၀၀၀၀ ကျော်မှာ တွေ့ရှိနိုင်တယ်လို့ ဆိုကြပါတယ်။
ရှီးပတီးရဲ့ အသုံးဝင်ပုံ
ရှီးပတီးဟာ ထူးခြားဆန်းပြားတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ရုံသာမက လူတွေအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ တရုတ်ရိုးရာဆေးပညာမှာဆိုရင် ရှီးပတီးကို တန်ဖိုးကြီးတဲ့ ဆေးဖက်ဝင်ပစ္စည်းအဖြစ် သတ်မှတ်ထားကြပါတယ်။
ရှီးပတီးမှာ အောက်ပါအကျိုးကျေးဇူးတွေရှိတယ်လို့ ယုံကြည်ကြပါတယ်-
#ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း။
#ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေခြင်း။
#အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို သက်သာစေခြင်း။
#ကျောက်ကပ်နဲ့ အသည်းကို အားကောင်းစေခြင်း။
#လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း။
#ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း (ဒီအချက်နဲ့ပတ်သက်ပြီးတော့ သုတေသနတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်)။
#သတိပြုရမယ့်အချက်
ရှီးပတီးဟာ အကျိုးကျေးဇူးများတယ်ဆိုပေမယ့် သတိထားရမယ့် အချက်လေးတွေလည်း ရှိပါတယ်။ ရှီးပတီးဟာ ရှားပါးပြီး ဈေးကြီးတာကြောင့် အတုအပတွေလည်း ပေါများတတ်ပါတယ်။
ဒါကြောင့် ဝယ်ယူမယ်ဆိုရင် သေချာစိစစ်ပြီးမှ ဝယ်ယူဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ အရည်အ သွေးနိမ့်တဲ့ ရှီးပတီးတွေမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ သတ္တုဓာတ်တွေ ပါဝင်နေနိုင်တာကြောင့် သတိပြုသင့်ပါတယ်။ ဆေးအဖြစ် အသုံးမပြုခင်မှာလည်း ဆရာဝန် (သို့) တိုင်းရင်းဆေးဆရာနဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါကတော့ ရှီးပတီး (ဆောင်းပိုးနွေမြက်) နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း ဗဟုသုတရစေမယ့် အကြောင်းအရာတွေ ဝေမျှပေးသွားပါဦးမယ်။
#knowledgezone

image
45 ပတ် - ဘာသာပြန်ပါ။

Headspace (2023)

နော်မန်ဟာ အာကာသစကြာဝဠာနှင့် အခြားဂြိုဟ်တွေပေါ်မှာ ရှိနိုင်မဲ့သက်ရှိမျိုးစိတ်တွေ ဂြိုဟ်သားတွေကို အင်မတန်စိတ်ဝင်စားတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ပါ။ သူ့မှာ ချာလင်း၊ ဖရန်ကီ၊ အလက်ဟန်ဒရို အစရှိတဲ့ ဝါသနာတူကျောင်းနေဘက်သူငယ်ချင်း တွေလည်း ရှိပြီးတော့ သွားအတူလာအတူတွေဖြစ်ကြပါတယ်။
တဖက်မှာတော့ ဇိုလ်ဒါဆိုတာ စကြာဝဠာတစ်ခုလုံးကို လိုက်လံသိမ်းပိုက်နေတဲ့ ဂြိုဟ်သားခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ အာကာသယာဉ်အကြီးကြီးကို ပိုင်ဆိုင်ပြီးတော့ ဒရွိုက်ဆိုတဲ့ စက်ရုပ်စစ်တပ်လည်း ရှိပါတယ်။ ပြီးတော့ သူတို့ကို လိုက်လံတားဆီးနေတဲ့ ငြိမ်းချမ်းရေဘက်တော်သားအဖွဲ့ဝင် မက်စ်တို့ အဖွဲ့လည်း ရှိပါသေးတယ်။ တနေ့မှာ ဇိုလ်ဒါတစ်ယောက် ဂြိုဟ်တစ်ခုကို သိမ်းပိုက်ဖို့လုပ်နေတာကို မက်စ်တို့အဖွဲ့က တားဆီးလိုက်တဲ့အချိန်မှာ ဇိုလ်ဒါစိတ်တိုသွားပြီး မက်စ်တို့ကို ရေဆုံးမြေဆုံးလိုက်ပါတော့တယ်။ ပြေးနေရင်း မလွတ်တော့မှန်း သိတဲ့အခါ မက်စ်တို့ဟာ အာကာသတွင်းပေါက်ထဲကို မောင်းဝင်လိုက်ပါတော့တယ်။ ဇိုလ်ဒါလည်း နောက်ကထပ်ကြပ်မကွာ လိုက်လာတဲ့အခါ ခုနက နော်မန်တို့ရဲ့ကမ္ဘာမြေပေါ်ကို ရောက်လာခဲ့ပါတော့တယ်။
ဒီအချိန်မှာ ဇိုလ်ဒါတို့ မက်စ်တို့က လူတွေရဲ့ ဦးနှောက်ထဲထိ ဝင်နိုင်တဲ့ လုံးဝသေးငယ်တဲ့ ဂြိုဟ်သားတွေဖြစ်နေခဲ့ပြီး မက်စ်တို့က ယာဉ်ပြန်ပြင်ဖို့အတွက် နော်မန်ရဲ့ ဦးနှောက်ထဲကို ဝင်လိုက်ပေမဲ့ စိတ်ကိုတော့မထိန်းချုပ်ခဲ့ပါဘူး။ တဖက်မှာတော့ ဇိုလ်ဒါက နော်မန်တို့ကျောင်းက ကျောင်းအုပ်ကြီးရဲ့ ဦးနှောက်ထဲကို ဝင်သွားပြီး စိတ်ကိုထိန်းချုပ်လိုက်တဲ့အခါ နော်မန်တစ်ယောက် ကျောင်းအုပ်ကြီး တဖြစ်လည်း ဇိုလ်ဒါကို တားဆီးဖို့ တာဝန်ကျရောက်လာပါတော့တယ်။ ဒီအတွက် သူငယ်ချင်းတွေကရော သူ့ကိုယုံပါ့မလား ကမ္ဘာကိုသိမ်းပိုက်မယ့် ဇိုလ်ဒါ့အကြံကိုရော သူ့ရဲ့ ဦးနှောက်ထဲက မက်စ်တို့နဲ့ပေါင်းပြီး တားဆီးနိုင်ပါ့မလား ဆိုတာကြည့်ရင်း ခွက်ထိုးခွက်လန်ရယ်ရမယ့် ဇာတ်ကားလေးပါ။ အဓိကကတော့ ကျောင်းအုပ်ဆရာမကြီးကို ထိန်းချုပ်ထားတဲ့ ဇိုလ်ဒါရဲ့အမူအကျင့်က မရယ်ပဲမနေနိုင်အောင်ပါပဲ။ IMDb Rating 5.6 ရရှိထားပြီးတော့ 2023 မှ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်တဲ့အတွက် ရှုစားလိုက်ပါဦးခင်ဗျာ။

ဇာတ်ကားလင့်
https://t.me/c/2186686827/207

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
45 ပတ် - ဘာသာပြန်ပါ။

ဇာတ် လမ်းအကျဉ်းက တော့
မ လေးရှားနိုင် ငံကိုအလုပ် နဲ့ ရောက် လာတဲ့ ပိုင် လင် နဲ့ ဝေ့ကျွင်းချစ် သူနှစ် ဦးတို့ဟာ လောင်းကစားရုံမှာကစားရင်း ငွေအများအပြားအနိုင် ရခဲ့ပါတယ် .
ထို့ နောက် တည်းခိုဖို့ဟိုတယ် ရှာတဲ့အခါ သရဲ ခြောက် တယ် လို့နာမည် ကြီးတဲ့ Amber Count ဟိုတယ် ကို ရောက် လာပါ တော့တယ်
သူတို့တည်းခိုတဲ့အခန်းနံပါတ် ၁၁၇၄က လည်း အရင် ကသတ် သေဖူးတဲ့မိန်းမသရဲရှိတယ် ဆိုပြီးနာမည် ကြီးပါတယ် ….
သူတို့နှစ် ယောက် ဒီတစ် ညတာကို အေး အေး ဆေး ဆေး ကျော် ဖြတ် နိုင် မှာလား….
နောက် ကွယ် ကအမှန် တရားအစစ် အမှန် က ရောဘာလဲဆိုတာ ရင် ခုန် စိတ် လှုပ် ရှားရင်းကြည့် ရှုလိုက် ပါ။

image
45 ပတ် - ဘာသာပြန်ပါ။

သင်္ကြန်ကြိုမိုး 🌧🌧🌧
၂၀၂၅ မတ်လ ၃၀ရက်နေ့နှင့် ၃၁ရက်နေ့တွေမှာ ထိုင်းနိုင်ငံနှင့် မွန်ပြည်နယ် ကရင်ပြည်နယ် ဒေသတွေမှာ သင်္ကြန်ကြိုမိုးတွေရွာနိုင်ပါတယ်
ISSUED TIME
24/03/2025 8:57am(MMT)

image
45 ပတ် - ဘာသာပြန်ပါ။

ကိုယ်တွေကျောင်းတက်တုန်းကတော့
ဒါမျိုးမျက်မှန်တွေ မပေါ်ခဲ့ဘူးနော် 🌝

image
45 ပတ် - ဘာသာပြန်ပါ။

#breakingnews
◼ ယနေ့မွန်းလွဲပိုင်းက အင်းအားပြင်း ငလျင်တစ်ခု လှုပ်ခတ် ပျက်စီးဆုံးရှုံးမှုများရှိ
ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရှိ မြို့တော်တော်များများတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ (မတ် ၂၈ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်က အင်းအား ၇ ဒသမ ဝန်းကျင်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ငလျင်သတင်းများစင်တာက ထုတ်ပြန်ထားသော်လည်း အခြားသတင်းများတွင် အင်အား ၄ ဒသမ ကျော်သာရှိကြောင်း ဖော်ပြထားသည်။
“တော်တော်ကြမ်းတယ်။ တိုက်ကိုခါနေတာပဲ။ ပြိုကျတော့မလားတောင်အောက်မေ့ရတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။
ယခုလှုပ်ခတ်ခဲ့သည့် ငလျင်‌ကြောင့်စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်း ကို ဆက်သွယ်ထားသည့် စစ်ကိုင်းတံတားဟောင်းကျိုးသွားပြီး မန္တလေးမြို့အပါအဝင်တခြားသောမြို့များတွင်လည်းပြိုကျပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - CJ

image