6 w - Translate

ပုလဲမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူ သုံးဦးထက်မနည်းရှိ
မေ ၊၁၉ ၊၂၀၂၅
SP (VOM)
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာအုပ်စု ၊နွယ်အင်းကျေးရွာမှာ မနေ့က လေကြောင်းက တိုက်ခံရလို့ အနည်းဆုံး လူသုံးယောက်ထက်မနည်း ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ချင်ပြစ်ကျေးရွာအုပ်စုနေ ဒေသခံတွေက ပြောပါတယ် ။
မနေ့ ေမ ၁၈ရက် နေ့လယ်ပိုင်း ၁၂ နာရီနောက်ပိုင်း ၁ နာရီ ၀န်းကျင် နွယ်အင်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရတယ် ၊ ထိခိုက်သေဆုံးသူ အနည်းဆုံး လူသုံးယောက်ထက်မနည်း ရှိတယ်လို့ သိရတယ် ၊ရွာခံတွေက လေကြောင်းရန် ကာကွယ်ဖို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေလို့ အသေအပျောက် စာရင်းအတိအကျ မသိရသေးဘူး " လို့ ချင်ပြစ်ဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒီ နွယ်အင်းကျေးရွာ၀န်းကျင်မှာ ဟိုအရင်က ဗိုလ်နဂါးတပ်ဆိုပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
" ထိခိုက် သေဆုံးသူတွေကတော့ မကြယ်စင်ဦး (၁၂ တန်း ကျောင်းသူ ) မောင်ဖုန်းမင်းသန့် ၊ဒေါ်မရီ ဆိုသူအပါအ၀င် သုံးယောက်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီဖြစ်စဥ်မှာ မသင်းမြတ် ဆိုသူလည်း ဆေးကုသခံရင်း ထပ်မံသေဆုံးသွားတယ်လို့ နောက်ဆက်တွဲကြားသိရပါတယ်။
နွယ်အင်းရွာခံတယောက် ပြောတာက " ကိုဖိုးတုပ် ကိုလင်းစိန် ၊မောင်​ေ၀ယံစိုး ၊ မဆွေမာ၀င်း ၊ မဖြူဖြူလုံး နဲ့ သုံးနှစ်အရွယ် ကလေးငယ် တယာက်လည်း ဒဏ်ရာတွေရခဲ့တယ် " လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ် မြောက်ယမားဆည်ဘောင်နားမှာ သစ်ကုန်သည်လို့ ယူဆရတဲ့ လူနှစ်ယောက် သတ်ဖြတ်ခံရပြီး ပိုက်ဆံ သိန်းသုံးရာကျော် အပါအ၀င် လက်စွပ် ၊ ဆွဲကြိုး ၊ ဖုန်းနဲ့ ဆိုင်ကယ်တွေပါ ပျောက်ဆုံးနေတဲ့ မှုခင်းဖြစ်စဥ်တခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

image