The Bondsman ကတော့ Amazon Prime ကနေ ထုတ်တဲ့ Supernatural ဆန်ဆန် Series တစ်ခုဖြစ်ပြီး သရဲတွေနဲ့ နတ်ဆိုးတွေကို လိုက်နှိမ်နင်းရတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းက လူမိုက်ဂိုဏ်တစ်ခုကို နှိမ်နင်းဖို့သွားရင်းနဲ့ လူမိုက်တွေသတ်တာခံလိုက်ရတဲ့နောက်မှာ သေရွာကနေ အသက်ပြန်ရှင်လာခဲ့ပြီး နတ်ဆိုးက လူ့ပြည်မှာ လွတ်နေတဲ့ နတ်ဆိုးတွေကို လိုက်နှိမ်နင်းဖို့ တာဝန်ပေးတာခံခဲ့ရပါတယ်။
ဒီအက်ရှင်သရဲကားကတော့ Season 1 ရဲ့ အပိုင်း ၈ ပိုင်းလုံးကို Prime Video မှာ ဧပြီလ ၃ ရက်နေ့က စတင်ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီ Series က ဘယ်လောက် အောင်မြင်လည်းဆိုရင် ပထမအပတ်မှာတင် ထိပ်တန်း streaming ဇာတ်လမ်းတွဲ ၁၀ ခုထဲမှာ နံပါတ် ၉ နေရာမှာ ရပ်တည်ခဲ့တဲ့ Series ဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ Kevin Bacon က အဓိကဇာတ်ဆောင်ဖြစ်တဲ့ Bondsman အဖြစ် သရုပ်ဆောင်ထားပြီး Jennifer Nettles၊ Damon Herriman၊ Beth Grant၊ Maxwell Jenkins နဲ့ Jolene Purdy တို့လည်း ပါဝင်ထားတယ်။
ဒီ Series ထွက်တုန်းက ဝေဖန်သူ အများစုရဲ့ ကောင်းတဲ့သုံးသပ်ချက်တွေ ရခဲ့ပေမယ့် Variety ရဲ့ Alison Herman ကတော့ “ Season 1 ရဲ့ အပိုင်း ၈ ပိုင်းကို နာရီဝက်စီပဲ ထုတ်လွှင့်ခဲ့ရတာမို့ ‘The Bondsman’ ဟာ ဇာတ်အိမ်တည်ဆောက်မှုကောင်းပေမယ့် အရမ်းမြန်မြန်သွားထားတဲ့အတွက် Character Developed သိပ်မလုပ်လိုက်ရဘူးလို့” ရေးသားခဲ့ပါတယ်။
အမှန်တိုင်း ပြောရရင် Supernatural ပြီးထဲက သရဲနှိမ်နင်းတဲ့ ဇာတ်ကားတွေ မကြည့်ရတာကြာခဲ့ပြီမို့လို့ The Bondsman ကို Amazon ရဲ့ဖျက်သိမ်းလိုက်တဲ့ အပေါ်မှာ ဒီ Series ကိုတော့ နှမြောမိတာတော့ အမှန်ပါပဲ။

image