Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
During a hastily arranged Cabinet meeting at the White House, Elon Musk clashed with top Cabinet officials — particularly Secretary of State Marco Rubio — over the way Rubio has so far approached his management of the department he oversees, sources say.
Trump observed the back and forth before interjecting and telling Rubio he was doing a good job, according to sources.
Read more: https://abcnews.visitlink.me/hORsE5
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ စပေ့စ်ဆက်၏ Starship အာကာသယာဉ် ကာရစ်ဘီယံဒေသအထက်၌ ပေါက်ကွဲပျက်ကျ
အမေရိကန်ပြည်ထောင်စုအခြေစိုက် စပေ့စ်ဆက်အာကာသနည်းပညာကုမ္ပဏီသည် Starship အာကာသယာဉ်ကို မတ် ၆ ရက်တွင် အဋ္ဌမအကြိမ်မြောက်အဖြစ် စမ်းသပ်လွှတ်တင်ခဲ့ကြောင်း သိရသည်။
Starship အာကာသယာဉ်အဋ္ဌမအကြိမ် စမ်းသပ်လွှတ်တင်မှုတွင် အာကာသယာဉ်၏ပင်မကိုယ်ထည်မှာ ပစ်စင်ရှိရာသို့ တိကျစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သော်လည်း ထိပ်ဖူးအဆင့်ဒုံးယာဉ်မှာလွှတ်တင်ပြီး မကြာမီမှာပင် ကာရစ်ဘီယံဒေသအထက် လေထုအတွင်းပေါက်ကွဲခဲ့ရသည်။
ယခုနှစ်ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သော Starship အာကာသ ယာဉ် သတ္တမမြောက်စမ်းသပ်လွှတ်တင်မှုတွင်လည်း ထိပ်ဖူးအဆင့်ဒုံးယာဉ်မှာ အတ္တလန္တစ်သမုဒ္ဒရာဒေသအထက် လေထုလွှာအတွင်း ပေါက်ကွဲခဲ့ရသည်။
ကိုယ်ထည်အလျား ၄ဝ၃ ပေရှိသော Starship အာကာသယာဉ် သည် Starship အမည်ရှိ ထိပ်ဖူးအဆင့်ဒုံးယာဉ်နှင့်စူပါဟဲဗီးအမည်ရှိပင်မဒုံးယာဉ်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
စပေ့စ်ဆက် ကုမ္ပဏီသည် အင်္ဂါဂြိုဟ်နှင့်လကမ္ဘာပေါ်သို့လူသားများ ပို့ဆောင်ရေးအတွက် Starship အာကာသယာဉ်များကို တည် ဆောက်စမ်းသပ်နေခြင်းဖြစ်သည်။
မတ် ၆ ရက်တွင်ပစ်လွှတ်ခဲ့သော Starship အာကာသယာဉ်၏ ထိပ်ဖူးအဆင့်ဒုံးယာဉ်သည် လွှတ်တင်ခဲ့ပြီး ကိုးမိနစ်ကျော်အကြာတွင် ကာရစ်ဘီယံဒေသအထက်၌ ပေါက်ကွဲခဲ့ပြီး ဘဟားမားကျွန်းစုဒေသပေါ်သို့ ဒုံးပျံယာဉ်အပျက်အစီးများ ကျရောက်ခဲ့ကြောင်း သိရသည်။
သို့ရာတွင် Starship ၏ ပင်မဒုံးယာဉ်မှာ လွှတ်တင်ပြီး ရှစ်မိနစ်ခန့်အကြာတွင် တက္ကဆက်ပြည်နယ်တောင်ပိုင်း စတားဘေ့စ်အာကာသစခန်းရှိ ပစ်စင်ရှိရာသို့တိကျစွာဆင်းသက်ခဲ့ရာ ဒုံးပစ်စင်၏ စက်လက်တံများက ဒုံးယာဉ်ကိုဖမ်းထိန်းထားနိုင်ခဲ့သည်။
စပေ့စ်ဆက် ကုမ္ပဏီသည် မတ် ၆ ရက် အဋ္ဌမအကြိမ်စမ်းသပ် လွှတ်တင်မှုတွင် Starship အာကာသယာဉ်ဖြင့် ကမ္ဘာအားတစ်ပတ်အပြည့်နီးပါးလှည့်ပတ်၍ အိန္ဒိယသမုဒ္ဒရာဒေသ အထက်၌ လေထုလွှာအတွင်း ပြန်လည်ဝင်ရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း Starship ထိပ်ဖူးယာဉ်ပေါက်ကွဲခဲ့ရခြင်းဖြစ်သည်။
ရိုက်တာ
DOGE is sifting through Social Security payments in an anti-fraud effort that has some worried the administration could deny payments to vulnerable older Americans.
https://abcnews.go.com/Politic....s/doge-searching-soc
ကိုယ်ဝန်ဆောင်ချိန် အကင်စားခြင်း
*****
ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခုခုစားမယ်ကြံတိုင်း အရင်လို စားလို့ရပါ့မလား။ ကလေးကို ထိခိုက်နိုင်မလားဆိုပြီး တွေးမိတာ မေမေတိုင်းလိုလိုပါ။ အထူးသဖြင့် ကိုယ်အရင်က နှစ်နှစ်ခြိုက်ခြိုက် စားခဲ့တာတွေကို စားချင်စိတ်ပေါ်လာရင်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ သူများတွေ အကင်တွေ ပူပူလောလော စားကြတဲ့အခါ ကိုယ်လည်း စားချင်တာပေါ့။ ဒီအခါ ကိုယ်ဝန် ဆောင်ချိန် အကင်စားလို့ ရမရ မေးခွန်းက ခေါင်းထဲ ဝင်လာပြန်ရော။
ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ
ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရပါတယ်။ ဒါပေမဲ့ သတိထားရမယ့်အချက်တွေတော့ ရှိတာပေါ့။ ကိုယ် ဝန်ဆောင်ချိန်မှာ မိခင်က ခုခံအား နည်းနေတဲ့အချိန်ဖြစ်တာကြောင့် အစား အသောက်ကနေ ပါလာနိုင်တဲ့ ပိုးမွှားတွေကို အထူးသတိထားဖို့ လိုပါတယ်။ ပိုးမွှားတွေက အစာအဆိပ်သင့်တာကို ဖြစ်စေပြီး မိခင်ကို နေမကောင်းဖြစ်စေတာ ဒါမှမဟုတ် ပိုဆိုးတဲ့အခြေ အနေမှာ ကလေးကို ထိခိုက်တာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။
ဒါကြောင့် အလွယ်ပြောရရင် ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားမယ်ဆိုရင် ကျက်နေအောင် ကင်ဖို့ လိုပါတယ်။ ကျက်အောင်ဆိုပေမယ့် အလွန်အကျွံကင်ပြီး တူးသွားတာမျိုး မဖြစ်ဖို့လည်း ဂရုစိုက်ရမှာပါ။
ကိုယ်ဝန်ဆောင်ချိန် အကင်စားတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားလို့ ရတယ်ဆိုပေမယ့် ကိုယ်စားမယ့် အကင်က မသန့်ရင် ပိုးတွေ ပါလာနိုင်ပြီး အစာအဆိပ်သင့်တာ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တာတွေကတော့ –
၁ ။ Salmonella, E. coli ဒါမှမဟုတ် Campylobacter ဘက်တီးရီးယားတွေ ဝင်တာ ။ ဒီပိုးတွေက မိခင်ကို အစာအဆိပ်သင့်ပြီး ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်ရစ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ကံကောင်းတာက ကလေးကိုတော့ မထိခိုက်စေပါဘူး။
၂ ။ Toxoplasmosis ။ သူကတော့ ကျက်အောင် မချက်ထားတဲ့ အသားတွေမှာ ပါလာတတ်တဲ့ ကပ်ပါးပိုးပါ။ မိခင်မှာ လက္ခဏာမပြတာ ဒါမှမဟုတ် သာမန်အအေးမိသလောက်ပဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါက ကလေးအတွက် အန္တရာယ်ရှိပါတယ်။ အခန့် မသင့်ရင် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာ၊ မွေးရာပါချို့ယွင်းချက်ပါတာတွေ ဖြစ်တတ်ပါတယ်။
၃ ။ Listeriosis ။ ဒီဘက်တီးရီးယားက ကျက်အောင် မချက်ထားတဲ့ အသားငါးတွေ၊ ရေစင်အောင် မဆေးထားတဲ့ အသီးအရွက်တွေကနေ ကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်နုချိန်မှာဆိုရင် listeriosisကြောင့် ကိုယ်ဝန်ပျက်တတ်ပါတယ်။ ဒါ့ပြင် လမစေ့ဘဲ မွေးတာ၊ ပေါင်မပြည့်ဘဲ မွေးတာ၊ ကလေးအသေမွေးတာတွေ ဖြစ်တတ်ပါတယ်။ ကလေးရဲ့ ဦးနှောက်၊ နှလုံးနဲ့ ကျောက်ကပ်ဖွံ့ဖြိုးမှုတွေ ထိခိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားမယ်ဆိုရင် နောက်ထပ်သတိထားသင့်တာက မီးခိုးငွေ့ပါ။ လေ့လာချက်တွေအရ အကင်ကင်တဲ့အခါ ထွက်လာတဲ့ Airborne Polycyclic Aromatic Hydrocarbons တွေကို ရှူမိတာ၊ ဒါတွေရှိနေတဲ့ အကင်ကို စားမိတာက ပေါင်မပြည့်ဘဲ မွေးတာ၊ ကြီးထွားမှုနှေးတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ သက်သေပြဖို့ ဆက်ပြီး လေ့လာမှုတွေ လုပ်ဖို့ လိုသေးပေမယ့် သတိထားရမယ့် အချက်ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားမယ်ဆိုရင် ဘာတွေသတိထားသင့်သလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ အကင်လည်း စားမယ်၊ မိခင်ရော ကလေးပါ ကျန်းမာရေးမထိခိုက်စေချင်ဘူးဆိုရင်တော့ ဒီအချက်တွေကို လိုက်နာဖို့ လိုပါတယ်။
ဆောင်ရန် အချက်များ
• လတ်ဆတ်တဲ့ အသား၊ ငါး၊ အသီးအရွက်တွေကိုပဲ ကင်စားပါ။ ပြုပြင်ထားတဲ့ အသားတွေ၊ အလုံးတွေကို လျှော့စားပါ။
• ဖြစ်နိုင်ရင် အိမ်မှာပဲ ကင်စားပါ။
• အသားစိမ်း၊ ငါးစိမ်းတွေကို ကင်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို သီးသန့်သုံးပါ။ ဥပမာ အသားလှီးတဲ့ စဉ့်တီတုံးနဲ့ တခြားအစားအစာတွေ လှီးမယ့် စဉ့်တီတုံးနဲ့ကို အတူတူ မသုံးရပါ။
• အသားငါးတွေကို ကျက်အောင် ကင်ပါ။ သွေးရောင် မကျန်ပါစေနဲ့။ ပုစွန်အကွေး၊ ငါးအနွေးဆိုတာ မလုပ်ပါနဲ့။ အကုန်လုံးကို ကျက်အောင် ကင်ပါ။
• အစာမစားခင် လက်သေချာဆေးပါ။
ရှောင်ရန် အချက်များ
• အသား၊ ငါးတွေကို ဒီတိုင်း စားမယ့် အစားအစာတွေနား (ဥပမာ သစ်သီး၊ ပေါင်မုန့်) မထားပါနဲ့။
• အသား၊ ငါးတွေ ကင်တဲ့အခါ တူးနေအောင် မကင်ပါနဲ့။
• အပြင်မှာ တူးနေတယ်ဆိုတိုင်း အထဲမှာ ကျက်နေတယ်လို့ ပြောလို့မရပါ။ အတွင်းရော အပြင်ရော အကျက်ညီအောင် ကင်ရပါမယ်။
• အကင်ကင်တဲ့အခါ ကိုယ်ဝန်ဆောင်က မကင်ပါနဲ့။ ကင်တဲ့နေရာက ထွက်တဲ့မီးခိုးတွေ မရှူမိအောင် ဝေးဝေးမှာနေပါ။
• ငါးကင်နဲ့ အတူတွဲစားတဲ့ အရွက်တွေကို (ဥပမာ ဆလပ်ရွက်၊ ဂေါ်ဖီ) ဖြစ်နိုင်ရင် အစိမ်းမစားပါနဲ့။ အစိမ်းစားမယ်ဆို ရေနဲ့ သေသေချာချာ ပြောင်အောင် ဆေးဖို့ လိုပါတယ်။
• အကင်တွေကို ပူပူလောလော စားပါ။ စားပြီးကျန်တာတွေကို ကိုယ်ဝန်ဆောင်တွေ ထပ်မစားသင့်ပါ။ နွေးပြီးလည်း မစားပါနဲ့။
ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရလားဆို ရပါတယ်။ ဒါပေမဲ့ အကင်ကင်တဲ့အခါ၊ စားတဲ့အခါ အထက်က အချက်တွေကို လိုက်နာပါ။ အဲ့တာကိုမှ စိတ်မချရင် ကိုယ်ဝန်၁၃ပတ်ကျော်မှ စားပါ။ အကင်စားတဲ့အခါ အလွန်အကျွံ မစားပါနဲ့။ ဒါမျိုးက ရံဖန် ရံခါပဲ ကောင်းပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ အာဟာရပြည့်ဝပြီး သေချာချက် ပြုတ်ထားတာတွေကိုသာ ဦးစားပေးစားပါ။
(Hello ဆရာဝန်)
The number of measles cases associated with an outbreak in western Texas has grown to at least 198, with 39 cases reported over the last three days, according to new data released Friday.
Almost all of the cases are in unvaccinated individuals or in individuals whose vaccination status is unknown, with 80 unvaccinated and 113 of unknown status.
Overall, the CDC has confirmed a total of 222 cases in 12 states so far this year in Alaska, California, Florida, Georgia, Kentucky, New Jersey, New Mexico, New York, Pennsylvania, Rhode Island, Texas and Washington.
Read more: https://abcnews.visitlink.me/AIGnAj
IMDB 8.0/10
ရွာလေးတစ်ရွာမှာမှာ ရှိတဲ့ ချန်ကာ ဆိုတဲ့ သူဟာ သူအရမ်းလေးစားတဲ့ သူ့နဲ့ အလွန်ရင်းနှီးတဲ့ အမတ်ဟာ သူတို့ ရွာကို လာချိန်မှာပဲ ချန်ကာရဲ့ မိန်းမက ကလေးမွေးချင်လာပါတယ်. . .
ဒါနဲ့ပဲ အမတ်က သူ့ကားနဲ့ ဆေးရုံကို သူ့ကားနဲ့ အမြန်ပို့ခိုင်းလိုက်ပါတယ်. . .
ဒါပေမဲ့ လမ်းမှာတင် မဖြစ်သာလို့ မွေးခိုင်းလိုက်ရပါတယ် ကလေး လေးကတော့ ယောင်္ကျားလေးမွေးခဲ့ပါတယ်. . .
ကလေး လေးကျောင်းနေတဲ့ အခါမှတော့ ကျောင်းမှာ နှစ်တိုင်း ဆုရပီး ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်လာပါတယ်. . .
ဒါပေမဲ့ တစ်နေ့မှတော့ ချန်ကာဟာ သူ့သား ဆုရလို့ သူ့သားနဲ့ အတူ အမတ်ဆီကို လာချိန်မှာတော့ အမှတ်မထင်ပဲ သူတို့ ရှေ့မှာတင် အမတ်က လူတစ်ယောက်ကို သတ်လိုက်မိပါတယ်. . .
ဒါနဲ့ပဲ အမတ်က ချန်ကာကို သူ့အစား အဖမ်းခံဖို့ ပြောပါတယ်. . .
အမတ်က ချန်ကာရဲ့ သားကို ကျောင်းစရိတ် အကုန်ထောက်ပံ့ပေးမယ်လို့ ပြောပီး မိသားစုကိုလည်း သူစောင့်ရှောက်ပေးမယ်လို့ ပြောပါတယ်. . .
ဒါပေမဲ့ ချန်ကာရဲ့သားက သူ့အဖေကို MLA အမတ် ြ့ဖစ်အောင်လုပ်ပေးရင် သူအဖမ်းခံမယ်လို့ ပြောလိုက်ပါတယ်. . .
သူ့တို့သဘောတူကြပီး ချန်ကာရဲ့သားကို အခန်းထဲမှာ ထားခဲ့ကြပီး သူတို့က ထွက်သွားကြပါတယ်... အခုနက အမတ်သတ်တယ်ဆိုတဲ့ သူက မသေ သေးပါဘူးးး...
ဒါကြောင့် ချန်ကာရဲ့ သားက သူကိုယ်တိုင်ပဲ အဲ့လူကို သတ်လိုက်ပါတယ်... မကြာခင်မှာပဲ ရဲတွေ ရောက်လာပီး သူ့ကို ဖမ်းသွားကြပါတယ်...
သူ့ဟာ ထောင်က လွတ်လာပီး သူတတ်တဲ့ ပညာတွေကို မကောင်းတဲ့ နေရာမှာ အသုံးချတဲ့ အတွက် သူ့ရဲ့ နောက်ပိုင်း အကျိုးဆက်က ဘယ်လို ဖြစ်လာမလဲ? ဆိုတာကိုတော့ ဇတ်ကားလေးကို ကြည့်ပီး ခံစားပေးကြပါအုံးဗျာ. . .
(အညွှန်းကို အောင်မင်းခန့် (ကိုခန့်) က ရေးပေးထားပါတယ်)
#storymode
#crd
နှစ်ပေါင်း ၃၀ ကျော် မညှပ်ပဲထားခဲ့တဲ့ ဆံပင်ကြီးကို ညှပ်ချပြီး ပုံစံပြောင်းခဲ့တဲ့ လင်းဇာနည်ဇော် 🥰🥰🥰
သူမကတော့ ညှပ်ပြီးမှ ငိုနေခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်း ၃၀ ကျော်ကြာအောင်ပြုစုခဲ့တဲ့ သူမရဲ့ဆံပင်ကို ညှပ်ပြီး ပုံစံပြောင်းခဲ့တာပါ။ ရိုးရိုးရှင်းရှင်းပုံစံလေးနဲ့ ချစ်စရာကောင်းတဲ့ လင်းဇာနည်ဇော်ဟာ သူမရဲ့ဆံပင်ကို အကောက်ဘက်သို့ ပြောင်းလဲခဲ့ပါတယ်။ ဒီဆံကေသာတွေကို မပြောင်းလဲခင်မှာ သူမဟာ နှစ်ပေါင်း ၃၀ ကြာအောင်ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#celenews
မြို့သားလေး Dou Dou ဟာ နွေရာသီ ကျောင်းပိတ်ရက်မှာ သူ့အဘွား ရှိတဲ့ နယ်ကို အလည်အပတ် သွားခဲ့ပါတယ်
Grandma and Her Ghosts (1998)
Dou Dou ရဲ့ အဖေဟာ ဆေးရုံတက်နေရတာကြောင့် Dou Dou ကို သူ့ အဘွားဆီမှာ ထားခဲ့ရပါတယ် တစ်နေ့ Dou Dou အဘွားက နာရေး အခမ်းအနားသွားနေတုန်း Dou Dou ဟာ သူ့အဘွားရဲ့ အိမ်ကို လျှောက်သွားခဲ့တယ် ဆိုးသွမ်းတဲ့ ဝိဉာဉ်တွေကို ဖမ်းထည့်ထားတဲ့ အရိုးပြာအိုးထားတံ့ အခန်းကို မသွားဖို့ အဘွားက ပြောပေမယ့် အဘွားမရှိတဲ့ အချိန် အဲ့အခန်းထဲကို ဝင်သွားခဲ့ပါတယ် Dou Douရဲ့ ပေါ့ဆမှုကြောင့် မကောင်းဆိုးဝါးကို ထည့်ထားတဲ့ မန္တန် စာရွက်က ပျက်စီးသွားပါတယ် မကောင်းဆိုးဝါးက ဝိဉာဉ်တွေကို စုပ်ယူပြီး သူ့အစွမ်းကို ကြီးလာအောင် လုပ်ပါတယ် သူ့ရဲ့ အစွမ်းတွေကို တစ်စတစ်စ ကြီးလာအောင် လုပ်ရင်း Dou Douရဲ့ ဝိဉာဉ် သူငယ်ချင်းလေးပါ ဝိဉာဉ် အစုပ်ခံရတော့မှ သူ့ သူငယ်ချင်းနဲ့ အခြား ဝိဉာဉ်တွေကိုပါ ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ် Dou Douနဲ့ သူ့အဘွားတို့ မကောင်းဆိုးဝါးကို ဘယ်လို နှိမ်နင်းကြပြီး ဝိဉာဉ်တွေကို ဘက်လိုက်သည်
📱 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
📱ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1587
T..he Exo..rcist (1973)
===================
နာမည်ကြီးသရဲ ကားကြီးတစ်ခုဖြစ်ပြီး အရမ်းကြောက်စရာကောင်းတာ ကြောင့်တစ်ချိန်က ပြသခွင်ပိတ်ခံထားရတဲ့ကားပါ။
သာမန်သရဲကားတွေထက်ကို ပိုပြီးတော့ ကြောက်စရာကောင်းပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်က ရုပ်ရှင်ရိုက်ကူးဖို သူ့သမီးလေးနဲ့အတူ မြိုတစ်မြိုကိုခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
သူမသမီးလေးက အစပိုင်းက လုံးဝပုံမှန်ဖြစ်ပေမယ့် တစ်ဖြေးဖြေး အပြောအဆိုအမူအရာတွေကအစပြောင်းလဲလာ ခဲ့ပါ တယ်။အရင်ကနဲ့လုံးဝမတူတော့ပါဘူး။
ဆရာဝန်တွေနဲ့ပြပေမယ့်အခြေအနေကပိုဆိုးလာပြီး သူမသမီးလေးဟာလည်းတစ်ခြားတစ်ယောက်ပုံစံကိုပြောင်း လဲသွားခဲ့ပါတော့တယ်။
သူမသမီးလေးခန္ဓာကိုယ်ထဲကို ဘယ်လိုအရာကြီးကများဝင်ရောက်ပူးကပ်နေတာလဲ။ဘာကြောင့် ဒီလိုဖြစ်လာရတာလဲ။ သူမဘာတွေဆက်လုပ်မလဲ။
သူမသမီးလေး ကိုရောဘယ်လိုပြန်ကယ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။