ကာဝန်ပြန်ပြီးနောက် ဟုမ္မလင်းမှာ တိုက်ပွဲ ပိုမိုပြင်းထန်

ဇန်နဝါရီ ၁၇

ဖားကန့်မြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံရာနဲ့ချီ စစ်ရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က ဟုမ္မလင်းမြို့ကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ရောက်ရှိလာကာ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်း ဒေသတွင်းမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ နစကတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံပြည်သူ ၅၀၀ ကျော် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

“ဇန်နဝါရီ ၄ ရက်နေ့ကတည်းကစပြီး တိုက်ပွဲဖြစ်နေတာ။ ခုရက်ပိုင်း ပိုပြင်းထန်လာတယ်။ ရေပေါ်မီးကျေးရွာနဲ့ ပါဟုတ်ကြီး ကျေးရွာတွေရော၊ ပြီးတော့ စုံတွဲမှော်၊ တောင်ယာမှော်၊ လာရာတီး အဲဒီဘက်တွေမှာလည်း တိုက်ပွဲဖြစ်နေတယ်။ လေကြောင်း တိုက်ခိုက်မှုတွေလည်းရှိတယ်။ အဲဒါကြောင့် ဒေသခံတွေ စစ်ရှောင်ကုန်ကြတာ။ ဘယ်ကို ရှောင်လဲဆို ဖားကန့်ဘက်က ဆယ်ဇင်းနဲ့ နမ့်ပုတ် ကျေးရွာတွေဘက်ကို ရှောင်တာ။ အခုက ဟုမ္မလင်းဘက်က လမ်းပိတ်ထားတယ်လေ။ အဲဒါကြောင့် ဒီဘက် ဖားကန့်ဘက်ကို ရှောင်လာကြတာ” လို့ အဲဒီ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

လက်ရှိမှာ SNA က နောင်ပိုအောင် - နန်တော - ဟုမ္မလင်း စတဲ့ ကားလမ်းပိုင်းတွေကို ထိန်းချုပ်ထားပြီး လမ်းပိုင်းနေရာအများစုကို ပိတ်ထားတာကြောင့် စစ်ဘေးရှောင်တွေဟာ ဖားကန့်နယ်ထဲကို တိမ်းရှောင်ကြရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လတ်တလော စစ်ရှောင်နေကြတဲ့ ဖားကန့်နယ်ရှိ ရွာနှစ်ရွာထဲက ဆယ်ဇင်းကျေးရွာ ဆိုတာဟာလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကမှ ပြန်လည် ထူထောင်ရေးလုပ်ထားတဲ့ ကျေးရွာဖြစ်တာကြောင့် လက်ရှိရောက်လာတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ စောင်နဲ့ အဝတ်အထည် လိုအပ်ချက်တွေရှိနေပြီး အကူအညီ များစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ဆယ်ဇင်းကျေးရွာမှာ စစ်ရှောင် လူဦးရေ ၃၀၀ ဝန်းကျင်ရှိပြီး နမ့်ပုတ်ကျေးရွာထဲမှာတော့ လူဦးရေ ၂၀၀ ကျော်လောက် ရှိနေတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေထဲက ပါဟုတ်ကြီးနဲ့ လာရာတီး စတဲ့ရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာ အဲ့ဒီကျေးရွာတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ နစကတပ်နဲ့ SNA ပူးပေါင်းတပ်တွေက တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ရဲ့ လတ်တလော တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော KIA ဘက်ကပါ ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပါဘူး။

Photo:CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image

အောင်ပန်းအချုပ်ဖောက်ပြေးမှု ထွက်ပြေးသူအားလုံးဖမ်းမိထားပြီး ပေါ့လျော့သူ ရဲတပ်ဖွဲ့ဝင်အားလုံး အရေးယူမှုစတင်

ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ အောင်ပန်းမြို့ ရဲစခန်း၊ အချုပ်ဖောက်ပြေးသူအားလုံးကို ပြန်လည်ဖမ်းမိခဲ့ပြီဖြစ်သလို ဖြစ်စဥ်မှာ စည်းကမ်းပေါ့လျော့သူ အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင်အားလုံးကို အရေးယူမှုစတင်ပြုလုပ်နေပြီလို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

အောင်ပန်းရဲစခန်းမှ အချုပ်တရားခံ ၁၀ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်က လက်နက်ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့ ဇန်နဝါရီလ ၁၆ရက်က တရားခံအားလုံးကို ပြန်လည်ဖမ်းမိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

“အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင်အားလုံး အရေးယူမှု စတင်ပြုလုပ်နေပါပြီ။ ပေါ့လျော့တပ်ဖွဲ့ဝင်တွေကို အရေးယူသလို တဖက်မှာလည်း တရားခံတွေကို လက်နက်နဲ့အတူ ပြန်လည်ဖမ်းဆီးရမိတဲ့ ဖြစ်စဥ်မှာ ကြီးကြပ်သူ ကလောခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဖို့ ပြင်ဆင်နေပါတယ်”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

အချုပ်ဖေါက်ပြေးသူ ၁၀ ယောက်ထဲက နှစ်ယောက်ကို ဇန်နဝါရီလ ၉ရက်နေ့မှာပဲ ပြန်ဖမ်းမိခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်မှာ နှစ်ယောက်၊ မနေ့က( ဇန်နဝါရီ ၁၆) မနက်ပိုင်း ရွာငံဘက်မှာ ငါးယောက်နဲ့ ညနေပိုင်း ဗထူးဘက်မှာ တယောက်၊ ပေါင်း ခြောက်ယောက် ပြန်ဖမ်းမိလို့ အချုပ်ခန်းဖောက်ပြေးသူ ၁၀ ယောက်စလုံးကို ၁၀ ရက်မပြည့်ခင်မှာ ပြန်ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးကြသူတွေဟာ ရေတင်ချိန်၊ ဘုရားရှိခိုးချိန်တွေရဲ့အသံတွေကို အကာအကွယ်ယူပြီး အမျိုးသားအချုပ်ခန်း အိမ်သာဘက်က သံတိုင်နဲ့ သစ်သားတိုင်တွေကို သံဖြတ်လွှနဲ့ တရက်ခွဲအချိန်ယူဖြတ်တောက် ဖောက်ထွင်း ထွက်ပြေးခဲ့တာ ဖြစ်သလို ထွက်ပြေးတဲ့အချိန်မှာ ကျားအချုပ်ခန်းမှာ ၂၉ ယောက်နဲ့ မအချုပ်ခန်းမှာ သုံးယောက်ရှိနေတဲ့အထဲက ကျားအချုပ်ခန်းက ၁၀ ယောက် ဖောက်ထွက်ပြေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

#centralnewsnaypyitaw

image
35 w - Translate

“A goal is not always meant to be reached; it often serves simply as something to aim at.”
_Bruce Lee

image
35 w - Translate

minin tattoo😍

image
35 w - Translate

minin tattoo😍

image
35 w - Translate

minin tattoo😍

image
35 w - Translate

minin tattoo😍

image
35 w - Translate

minin tattoo😍

image
35 w - Translate

minin tattoo😍

image
image
image
image
image