The Revenant ရုပ်ရှင်ကတော့ Leonardo DiCaprio အတွက် အမှတ်တရ အများဆုံးရမဲ့ ရုပ်ရှင်လို့ဆိုနိုင်ပါတယ် ။
Leonardo DiCaprio ရဲ့ ဘဝတစ်လျှောက်ပထမဦးဆုံး အော်စကာဆုကို The Revenant နဲ့ပဲ ရရှိခဲ့တာပါ ။
ဒီကား တစ်ကားလုံးရဲ့ ဇာတ်ဝင်ခန်းအားလုံးနီးပါးကို သဘာဝအတိုင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။ အထူးသဖြင့် မြင်းခန္ဓာကိုယ်ထဲ ဝင်နေတာတွေ ၊ လီယိုနာဒို ဟာ Bison ( နွားထီး ) ရဲ့ အသည်းကို အစိမ်းလိုက်စားပြတာတေ‌ ဟာ အစစ်တွေဖြစ်ပါတယ် ။
ဒါပေမဲ့ ကျန်တဲ့ 1% ကတော့ ပြင်ပအကူအညီနဲ့ ရိုက်ကူးခဲ့ရပါတယ် ။ အဲ့ဒါကတော့ ပုံမှာပြထားတဲ့ လီယိုနာဒို မီးဖို တဲ့ Scene ပါပဲ ။ အဲ့ဒီ Scene ရိုက်ကူးနေချိန် မီးမွေးတာ လေတအားတိုက်‌ နေတာကြောင့် ဘယ်လိုမှ မွေးမရဘဲ မီးခြစ်ကို အသုံးပြုခဲ့ရပါတယ် ။
အကယ်၍ လေသာမတိုက်ခဲ့ရင် The Revenant ဟာ 100% အထိ သဘာဝအတိုင်း ရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်လာနိုင်ခဲ့မှာပါ ။

image

Botox ဆိုတာ ဘာလဲ?
လူတွေ ပြောပြောနေကြတဲ့ လှသွားအောင် botox ထိုးကြတယ်ဆိုတာ ဘာများပါလိမ့်…နည်းနည်းရှင်းပြချင်ပါတယ်။
Botox ဟာ Botulinum toxin ကို အတိုကောက် ခေါ်တာပါ။ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ကြွက်သားတွေကို ပြေလျော့ သေးသွယ်စေခြင်းပါ။ Botox ထိုးထားတဲ့ နေရာအနီးတဝိုက်က ကြွက်သားတွေကို သေးသွယ်သွားစေတဲ့အတွက် ကြွက်သားတင်းအားမလိုတဲ့နေရာတွေ၊ သေးစေချင်တဲ့နေရာတွေမှာ ထိုးကြပါတယ်။
များသောအားဖြင့်တော့ အလှအပရေးရာတွေမှာ အသုံးများ၊ လူသိများကြပါတယ်။ ဥပမာ ပါးနှစ်ဘက်က ကြွက်သားကို ထိုးမယ်ဆိုရင် ပါးလေးသွယ်သွားပြီး မျက်နှာက V ပုံစံ လေး ပေါ်လာမယ်။ မျက်လုံးထောင့်တို့ နဖူးတို့က အရေးအကြောင်းတွေကို botox ထိုးလိုက်မယ်ဆိုရင် ကြွက်သားတွေ ပြေလျော့သွားပြီး အရေးအကြောင်းတွေ သိသိသာသာ လျော့နည်းသွားပါမယ်။ botox ကို သုံးရတဲ့ အများဆုံး အကြောင်းအရင်းတွေပါပဲ။ ဒါတင်မကသေးပဲ ခြေသလုံးသွယ်အောင်လဲ လာထိုးကြပါသေးတယ်။ ချိုင်းချွေးထွက်သက်သာအောင်လဲ သုံးကြပါသေးတယ်။ အလှအပအတွက်တင် Botoxကို သုံးလို့ရတာမဟုတ်ပါဘူး။ နာတာရှည်ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဇာတ်ကြောတက်၊ တောင့်တင်းခြင်း စတဲ့အခြားနေရာတွေမှာပါ သုံးလို့ရပါသေးတယ်။
Botox က ဘယ်လောက်ခံလဲဆိုတော့ ပုံမှန်အားဖြင့် ၆လ ခံပါတယ်။ ၆လဝန်းကျင်အကြာမှာ ကြွက်သားဟာ နဂိုမူလအရွယ်အစားကို ပြန်ရောက်မှာဖြစ်တဲ့အတွက် ပြန်ထိုးပေးဖို့ လိုအပ်ပါမယ်။ ပုံမှန် Botox ထိုးတဲ့ သရုပ်ဆောင်အချို့မှာဆိုရင် မျက်နှာအရေးအကြောင်းတွေဟာ ၆လမတိုင်ခင် ပြန်ပေါ်လာတာကို တွေ့ရတတ်ပါတယ်။ အဲ့ဒါကတော့ သရုပ်ဆောင်တွေဟာ မျက်နှာအမူအရာ အရမ်းသုံးရတာ ဖြစ်တဲ့အတွက် မျက်နှာကြွက်သားတွေကို ပုံမှန်လူတွေထက် ပိုညှစ်ထုတ်ရပါတယ်။ ဒါ့ကြောင့် ကြွက်သားဟာ နဂိုအခြေအနေကို ပြန်ရောက်တာ ပိုမြန်တတ်ပါတယ်။
ဘေးထွက်ဆိုးကျိုးကိုလဲ သိချင်ကြပါမှာ။ Botox က ကြွက်သားကို သေးသွယ်ပြေလျော့စေတဲ့အတွက် သိသာတဲ့ အခြားအကျိုးကတော့ ဒီလို ကြွက်သားသေးသွားတာတွေနဲ့ အဓိက ပတ်သက်ပါတယ်။ ဒါတွေဟာ botox ကို သုံးရတဲ့ အများဆုံး အကြောင်းအရင်းတွေပါပဲ။
ပါးနှစ်ဘက်ကို သွယ်လျသွားအောင် ထိုးတဲ့အခါမှာ V ပုံစံ လှလှလေး ပေါ်လာတယ်ဆိုတာ ပါးပေါ်က ကြွက်သားလေးတွေ သေးသွားတာပါ။ ဒီကြွက်သားလေးတွေက ပါးစပ်လှုပ်ရှားမှုမှာ သုံးတဲ့အတွက် ဒီလိုဖြစ်နေစဉ် ခဏတာအတွင်းမှာ အသားကင်လို အစာမာမာဝါးရင် ညောင်းတတ်ပါတယ်။ ကြွက်သားသေးနေတုန်း အားနည်းသွားတာကြောင့်ပါ။ ဒီအတိုင်းပါပဲ ၊ ခြေသလုံးသွယ်သွားအောင် ထိုးထားတဲ့ အချိန် ၂ပတ်ကနေ ၁လအတောအတွင်းမှာ ခြေထောက်အားကစား ပြင်းပြင်းထန်ထန် မလုပ်ဖို့ လိုအပ်ပါတယ်။ ကြွက်သားတွေ သွယ်ကာစမှာ ချက်ခြင်းကြီး ပြန်မရုန်းခိုင်းတာအကောင်းဆုံးပါ။
Botox ဆက်မထိုးတော့ရင် ပိုဆိုးသွားမှာလားဆိုပြီး တချို့ကလည်း မေးကြပါတယ်။၊ ဒါကတော့ ဟိုးအရင် generation အဟောင်း Botox တွေမှာတော့ ကြားဖူးပါတယ်။ Korea Botox အကောင်းစားတွေမှာတော့ ဒါမျိုး မရှိပါဘူး။ တချို့ဆို ၆လတစ်ကြိမ် ပုံမှန်သုံးရင်းနဲ့ နောက်ပိုင်းမှာ သိပ်ပြီး Botox dose တင်ဖို့မလိုပဲ နေလို့ရသွားတဲ့သူတွေတောင် ရှိပါသေးတယ်။
Botox ရဲ့ ဆောင်ရန် ရှောင်ရန်တွေလည်း တစ်ခါတည်း မှာပေးချင်ပါတယ်။ Botox ထိုးပြီးပြီးချင်း ၄နာရီအတောအတွင်းမှာ ရေပြင်ညီလှဲမအိပ်ပါနဲ့။ အိပ်ရာထဲ လှဲတာတို့ ဘာတို့ မလုပ်သေးပဲ ခန္ဓာကိုယ်ကို အတဲ့ပုံလေး၊ တစ်စောင်းသက်သက်သာသာပုံလေးမှာပဲ နေပါ။ ထိုး ပြီးရှောင်ရန်မှာ Botox ထိုးပြီး ၂၄နာရီအတွင်း alcohol သောက်ခြင်း၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းများကို ရှောင်ရပါမယ်။
Botox ထိုးထားပြီး ၁လလောက်အတွင်းမှာ ထိုးထားတဲ့ နေရာတွေကို နှိပ်နယ်တာ ရှောင်ပေးပါ။ ဥပမာ မျက်နှာအရေးအကြောင်းအတွက် ထိုးထားမယ်ဆိုရင် face massage နှိပ်တဲ့အခါမှာ Botox ထိုးထားတဲ့နေရာလေးတွေကို ရှောင်နှိပ်ခိုင်းဖို့ လိုပါမယ်။ တကယ်လို့ alcohol သောက်တတ်တဲ့သူ၊ ဝိုင် တို့ဘာတို့ပဲ ဖြစ်ဖြစ် သောက်လေ့ရှိတယ်ဆိုရင် သောက်နှုန်းလေးကို လျော့ပေးနိုင်မယ်ဆိုရင် အဆင်ပြေပါတယ်။
Botox ဟာ ကြွက်သားကို သေးသွယ်ဖြေလျော့ပေးတာဖြစ်တဲ့အတွက် ကြွက်သားကို ပြန်ပြီး များများ လှုပ်စေမယ်ဆိုရင် ပြန်ကြီးလာတာ မြန်စေပါတယ်။ ဥပမာ V shape Botox ထိုးထားပြီး ပီကေတွေ ခဏခဏ ဝါးနေမယ်ဆိုရင် ပါးနှစ်ဖက်က ကြွက်သားတွေကို ခဏခဏ ပြန်သုံးတာ ဖြစ်တဲ့အတွက် မျက်နှာပြန်ပြည့်လာတာ မြန်တတ်ပါတယ်။
ကဲ … ဒီလောက်ဆို Botox အကြောင်းလေးကို သိကြပြီ ထင်ပါတယ်နော်။ နောက်နောင်မှာလည်း အလှအပရေးရာဗဟုသုတလေးတွေကို တင်ဆက်ပေးသွားပါဦးမယ်။

image

သေချာကြည့်ပါဦး မိတ်ဆွေ ……
မျက်မှန် လိုနေပြီလား 🤭

image
1 y - Translate

ပျော်အောင်နေ...
မနက်ဖြန်ကျရင်
အဆင်ပြေသွားမှာပါဆိုပြီး
တစ်နေ့တစ်နေ့
ကိုယ့်ကိုယ်ကိုယ်
ညာနေရတယ်။

#စာတို

1 y - Translate

ဟီး 😁

image

Other : နင် ဘယ်နေရာမှာ အသုံးကျလဲ

Me :

image
1 y - Translate

လူတစ်ယောက်ကို
ချစ်တယ် ဆိုတဲ့နောက်မှာ
သူ့မြတ်နိုးရာလေးတွေကို
ကိုယ့်မှာ လိုက်မြတ်နိုးပေးရတာကလည်း
တစ်ခု အပါပါပဲ ။
#စာတို

American Actor, Director, Script writer,
comedian ဖြစ်တဲ့ Jordan Pele ဟာ သူ့ရဲ့
ဇာတ်ကားတော်တော်များများကို Cannabis ကို
သုံးစွဲပြီးမှ ဇာတ်ညွှန်းရေးလေ့ရှိပါတယ်
▪အထူးသဖြင့် ' Get Out ' ဇာတ်ကားကိုဇာတ်ညွှန်း
ရေးသားတုန်းကလဲ ဆေးခြောက် လေးဘေးချ ကု
လားထိုင်မှာထိုင်ရင်းရေးသားခဲ့ပါတယ်
▪ဒီအကြောင်းကိုpeleက2018flimindependent
awards ဆုပေးပွဲမှာအခုလိုပြောကြားသွားခဲ့ပါ
တယ် " get out ဟာ အစီအစဥ်တစ်ကျလုပ်
ဆောင်ခဲ့တာမျိုးမဟုပါဘူး ဒီတိုင်းဆေးခြောက်
ရင်းအကြံဥာဏ်ေပါ်လို့ကောက် ရေးခဲ့ခြင်းဖြစ်ပါ
တယ်တဲ့ "
▪Get out ဟာ 2018 oscar ဆုပေးပွဲမှာ best
writing ဆုကိုရရှိခဲ့ပါတယ်
▪key and pele ရဲ့ Comedy Central ရဲ့ weed
သောက်တာပါတဲ့အခန်းတေမှာလဲ တကယ်အစစ်
သောက်ပီးရိုက်ကူးတာဖြစ်ပါတယ်
▪ဘာလို့အဲ့လိုသောက် ပြီးရိုက်ကူးရသလဲဆိုတော့
snoop dogg ပြောသလိုပါပဲ
" this sh*t is legal " ဖြစ်နေလို့ပါပဲ

image

John Wick ရဲ့ Body Count ဟာ 430 ကျော်ပြီး Darius Kincaid ရဲ့ Body Count ကတော့ 300 ဝန်းကျင်ဖြစ်ပါတယ် ။

image

ဘယ်သူ့မှာမဆို ... တစ်စုံတစ်ယောက်ဆိုပြီး လိုပါတယ် ။
စိိတ်လိုလက်ရစကားတွေပြောချင်တဲ့အခါ
ဂရုတစိုက် နားထောင်ပေးမယ့်
နားတစ်စုံမျိုးပေါ့ ...
အဆင်မပြေဘူးဆိုပြီး ၀န်ခံမိတဲ့အခါ
စိတ်ပျက်မသွားမယ့်
တစ်စုံတစ်ယောက်ပေါ့ ...
ပျော်မနေဘူးလို့ပြောတဲ့အခါ
ပျော်အောင် မနေတ်ဘူးလားဆိုပြီး အပြစ်မတင်မယ့်
တစ်စုံတစ်ယောက်ပေါ့ ...
ကျွန်တော်တို့နေတဲ့ရပ်၀န်းတွေမှာ
အခုတလော သန်မာချင်ယောင်ဆောင်ထားတဲ့ လူတွေဟာ
တစ်နေ့တစ်ခြား ပိုပိုများလာတယ်မဟုတ်လား
အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းတွေကို
ဒီလိုပါပဲဆိုပြီးရောချရတဲ့ ရက်တွေဟာ
များလာတယ်
ဒီလိုနေ့ရက်တွေမှာ
သေချာပေါက်တော့ ...
ဘယ်သူ့မှာမဆို တစ်စုံတစ်ယောက်ကို လိုပါတယ်
အဲ့ဒီလူဟာ ...
ဘယ်သူဆိုတဲ့ သတ်မှတ်ချက်တွေမလိုဘူး
မိသားစု ဖြစ်ကောင်းဖြစ်မယ် ချစ်သူရည်းစားဖြစ်ရင်ဖြစ်မယ်
ဒါမှမဟုတ် ... သူငယ်ချင်းလည်းဖြစ်ကောင်းဖြစ်နေလိမ့်မယ်
ဘယ်သူမှ ရှိမနေရင် ... ကျွန်တော် ရှိနေမှာမို့
ဒီနေ့တစ်ရက် ပြီးတော့ မနက်ဖြန်တစ်ရက်မှာ
ကျေးဇူးပြုပြီးတော့ ပျော်အောင်နေပေးပါ ။

#စာရယ်ကဗျာရယ်

image