50 w - Translate

ငယ်သူငယ်ချင်း အဖြစ်ကနေ ချစ်သူဘဝ အဖြစ်ကို ရောက်ရှိသွားတဲ့အကြောင်းကို ကြည့်ရှုရမယ့်ရုပ်ရှင်

Friend Zone
2019 ‧ Romance/Comedy ‧ 1h 59m

Friendzone ဆိုတဲ့ ဒီဇာတ်ကားကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအနှံအပြားမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး
ဇာတ်ဝင်တေးကိုလည်း နိုင်ငံအစုံက အဆိုတော်တွေနဲ့ ဘာသာမျိုးစုံသီဆိုထားပါတယ်
မြန်မာနိုင်ငံက အဆိုတော်ဖြူဖြူကျော်သိန်း အပါအဝင်ပေါ့
ဒီဇာတ်ကားထဲမှာတော့ မင်းသမီးလေး Baifern Pimchanok က ဂင်းဆိုတဲ့ ကောင်မလေးအဖြစ်နဲ့
မင်းသား Nine Naphat ကတော့ ဂင်းကို ကြိတ်သဘောကျနေတဲ့ ကောင်လေး ပမ်အဖြစ် သရုပ်ဆောင်ထားပါတယ်
Friend zone ထဲရောက်နေတဲ့ သူတွေအတွက် အဆိုးဝါးဆုံးအရာကဘာလဲသိလား
ကိုယ်ချစ်ရတဲ့သူငယ်ချင်းက ရည်းစားရသွားတာပါပဲ
အဲဒီလိုပဲ ပမ်အနေနဲ့ ဆယ်နှစ်ကျော်ချစ်ခဲ့ရတဲ့ ဂင်းတစ်ယောက် ရည်းစားရပြီး တဇွတ်ထိုးလုပ်နေတာကို လိုက်ထိန်းနေရတဲ့
ပမ်တစ်ယောက် အဆုံးသတ်မှာ ဆယ်နှစ်ကြာ friend zone ကနေ ရုန်းထွက်နိုင်မလား
ဂင်းအနေနဲ့ကရော ပမ့်အပေါ် ဘယ်လိုသဘောထားဆုံးဖြတ်ပေးသွားမလဲဆိုတာကို
ငယ်သူငယ်ချင်းကြား အမှတ်တရလေးတွေ ပျော်ရွှင်စရာ ဟာသဖြစ်ရပ်လေးတွေနဲ့အတူ ရိုက်ကူးပုံဖော်ထားပါတယ်❤️❤️
သင်လည်း friend zoneထဲထည့်ခံထားရသူဆို ချစ်ရတဲ့crush လေးကို ဒီကားပြပြီး ကိုယ့်အချစ်တွေမြင်လာအောင်ပြလိုက်တော့နော်..။

image
50 w - Translate

နေပြည်တော်ရှိ ဌာနဆိုင်ရာရုံးများအားလုံးကို ဧပြီလကုန်မှာ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေ
*****************************
ယခုလကုန်ပိုင်းမှာ ရုံးများအားလုံး ဖွင့်လှစ်နိုင်ပြီး ရုံးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၅) မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံး၍ ပြန်လည် ထွက်ခွာ နေပြီဖြစ်ပြီး ကျန်ရှိနေတဲ့အဖွဲ့မှာ ကုသရေးဆေးအဖွဲ့များသာ ကျန်ရှိနေကြောင်း၊ ယခုလကုန်ပိုင်းမှာ ရုံးများအားလုံး ဖွင့်လှစ်နိုင်ပြီး ရုံးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပျက်စီးသွားတဲ့ အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ ရုံးများကို အဓိကထားပြုပြင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရုံးများ ပြုပြင်ဆဲကာလမှာ ယာယီရုံးများဖွင့်လှစ်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆောက်အအုံ များကို ထိခိုက်ပျက်စီးမှုပမာဏအလိုက် အဆင့် ၃ မျိုး၊ အနီရောင်/လိမ္မော်ရောင်နှင့် အပြာရောင်ဟူ၍ ခွဲခြား စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရပါတယ်။ ပျက်စီးခဲ့တဲ့ ဝန်ထမ်းအိမ်ရာများကို အင်ဂျင်နီယာ ကျွမ်းကျင်သူများနဲ့ အဖွဲ့များခွဲကာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစားပြုပြင်နေထိုင်နိုင်တဲ့ အပြာရောင်အဆင့် ဝန်ထမ်းအိမ်ရာများကို ငလျင်ဒဏ်ခံ နိုင်အောင် ပြုပြင်ပြီး ဝန်ထမ်းမိသားစုများ ပြန်လည်နေရာချထားရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဲဒီနောက် ဖျက်သိမ်း/အကြီးစား ပြင်ဆင်ရမယ့် အနီရောင်နှင့် လိမ္မော်ရောင်အဆင့် ဝန်ထမ်းအိမ်ရာများမှ ဝန်ထမ်းမိသားစုများအတွက် ယာယီမိုးကာတဲများ အမြန်ဆုံးတည်ဆောက်လျက်ရှိပြီး ရေ၊ မီးနှင့် မိလ္လာကိစ္စများ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယာယီမိုး ကာတဲများဖြင့် ရေရှည်နေထိုင်ရန် မလွယ်ကူသည့် အတွက် မိုးမကျမီ ဝန်ကြီးဌာနများအလိုက် လုံခြုမှုရှိသော ယာယီအဆောက်အအုံများ ဆောက်လုပ်ကာ နေရာချထားနိုင်ရေးဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

image
50 w - Translate

အရမ်းကြမ်းတဲ့ စစ်သားကြီးဘဝကနေ အနားယူတုန်းကလေးထ်ိန်း တာဝန်ကျလာတဲ့အခါ

The Pacifier
2005 • Action/Comedy • 1h 35m

ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက “ချိုလိမ်” ဆိုတော့ စဉ်းစားသာကြည့်‌ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖိုကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။

ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ အမှားအယွင်းတွေဖြစ်လာပြီးနောက် စစ်ဆင်ရေးလည်း မအောင်မြင်ခဲ့ပဲ Shane ကိုယ်တိုင် ဒဏ်ရာနဲ့ ဆေးရုံပေါ်ရောက်လာတော့တာပါပဲ။ တီထွင်သူ ပရော်ဖက်ဆာရဲ့ ဇနီးသည်က ကိရိယာကို သွားယူနေစဉ်မှာ Shane တစ်ယောက် ကလေးတွေကို ကာကွယ်ဖို ဖြစ်လာရာမှာတော့ ကလေးဆိုးတွေနဲ့ စည်းကမ်းတကျ စစ်သားကောင်းကြီးတို ဘယ်လို ဘုဘောက်ကျ မလဲဆိုတာ ပြုံးတုံတုံ ကြည့်ရှုရပါမယ်။

image
50 w - Translate

Violet Evergarden Author ရဲ့နောက်ထပ် Anime အသစ်ဖြစ်တဲ့ Agents of the Four Seasons Anime ထွက်ရှိဖို့တရားဝင်ကြေညာသွားခဲ့

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image