1 y - Translate

She is Back to Grand 👑
May Thazin Oo
မြစ်ကြီးနားးးး ဆိုတဲ့ အသံလေးကြားဖူးကြမှာပေါ့
MUM ရဲ့ အကောင်းဆုံး Batch လို့ ပြောလို့ရတဲ့ 2020ရဲ့ Top 3 ဖြစ်ခဲ့ဖူးသူ
Aura ပိုင်းကော Stage Performance ပိုင်းကော အဖြာ
မို့ အဲကတည်းက Grand သွားစေချင်ခဲ့တာ
အခုတော့ထပ်မြင်ရဦးမယ် ဆိုတော့ Warmly Welcome ပေါ့ 😍

image
1 y - Translate

အရမ်းကောင်းတဲ့ကားလေးပါ❤️
The Boy In The Striped Pajamas (2008)

IMDB: 7.7/10

ဒီဇာတ်ကားလေးကိုကြည့်ပြီးတဲ့အခါ message တစ်ခုခုချန်ထားပေးခဲ့မယ့်ဇာတ်ကားလေးဆိုတာကိုတော့ အာမခံပြောချင်ပါတယ်။

လူသားချင်း ထောက်ထားညှာတာမှုတွေကိုတွေ့မြင်နိုင်မယ့်ဒီဇာတ်ကားလေးဟာဖြူစင်သန့်ရှင်းတဲ့ ကလေးငယ်တွေရဲ့စိတ်ကိုလည်းသိမြင်နိုင်မယ့် တကယ့်ဇာတ်ကားကောင်းလေးပါ။

ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေထားတဲ့အကျဉ်းစခန်းကိုအုပ်ချုပ်ရတဲ့ဟစ်တလာ စစ်တပ်ရဲ့အရာရှိကြီးရဲ့ (၈)နှစ်အရွယ်သားလေးကိုဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားပါတယ်။

ဂျူးအကျဉ်းသားတစ်ဦးရဲ့သားဖြစ်သူ ရွယ်တူကောင်လေးတစ်ယောက်နဲ့ အကျဉ်းစခန်းမှာမထင်မှတ်ပဲတွေ့ကြတဲ့နောက်မှာရန်ဘက်မျိုးနွယ်စုကြီး(၂)စုက အပြစ်မဲ့ကလေး(၂)ယောက်ရဲ့ သံယောဇဉ်ကို ပီပြင်အောင်ရိုက်ပြထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ ခိုးစားရတဲ့အသီးဟာ ချိုတယ်ဆိုတဲ့ စကားပုံလိုပဲသူငယ်ချင်းဖြစ်လိုမရတဲ့ရန်သူမျိုးနွယ်စု (၂)ဖက်ကကလေး(၂)ယောက်ကြားထဲက Forbidden Friendship ကိုကြည်နူးဖွယ်ရာနဲ့စတင်ထားပြီးတော့ကြေကွဲဖွယ်ရာဇာတ်လမ်းဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ🗓

👑Channel Link

https://t.me/+fNZjMKbzHF5mZmM1

🖥ဇာတ်ကားကြည့်ရန် Link

https://t.me/c/2305672701/1442

📺Main Channel Link Join ထားပါ

https://t.me/addlist/wZvYAaIr8Mk3MmU1

image
1 y - Translate

အဖမ်းခံရတဲ့ သမီးဖြစ်သူအတွက် ရရှာမာဖီးယား ဂိုဏ်းတစ်ခုလုံးကို လက်စားချေဖိုကြိုးစားတဲ့အခါ

A Working Man
2025 ‧ Action/Thriller ‧ 1h 56m
 
ကတုံးမင်းသား ဂျေဆန်စတေသမ်ရဲ့ ရုံတင်ကား အသစ်ပါ။ ထုံးစံအတိုင်း တစ်ကိုယ်တော် အသားကုန်ကျုံးတဲ့ ဇာတ်လမ်းပါပဲ။ ဒါရိုက်တာကတော့ ဆူဆိုက်စကွက်တုန်းက ရိုက်ခဲ့တဲ့ David Ayer ပါပဲ။ ဇာတ်ညွှန်းကိုတော့ စတားလုံး ကူရေးပေးထားတာပါ။
ဇာတ်လမ်းအကျဉ်း
ဗြိတိန်အထူးတပ်ဖွဲဝင်ဟောင်း၊ တက္ကစီသမားဟောင်း၊ ငါးမန်းဖမ်းသမားဟောင်း၊ ပျားမွေးသမားဟောင်း၊ ကြေးစားဟောင်း ဘဲကြီးဟာ ဆောက်လုပ်ရေးအလုပ်သမားလုပ်နေပါတယ်။ သူ့ကို ကူညီထားတဲ့ သူဌေးလင်မယားမှာ ဆယ်ကျော်သက် သမီးလေးတစ်ယောက်ရှိတယ်။
အဲဒီ ကောင်မလေးကို ရုရှားမာဖီးယားတွေ ဖမ်းသွားချိန်မှာ လင်မယားက သူ့ကို အကူအညီတောင်းလာပါတော့တယ်။ ဒီတော့ ဖမ်းသွားတဲ့ တစ်ဖွဲလုံးကို တစ်ယောက်တည်းလိုက်ချပါတယ်။ မာဖီးယားတစ်ဖွဲလုံးကို တစ်ယောက်တည်းချပါတယ်။
ဒုတိယကားထွက်လာခဲ့ရင်တော့ ရုရှားစစ်တပ်တစ်ခုလုံးကို တစ်ယောက်တည်းချနိုင်ချေရှိပြီး တတိယကားဆိုရင်တော့ တစ်ကမ္ဘာလုံးကိုပါ ချပါလိမ့်မယ်။ ကြည့်နေတဲ့သူတွေကိုပါ ထွက်ချနိုင်ချေ ရှိပါတယ်။ ကြည့်လိုက်ကြပါဦး။

🚨📺Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯

☄️✏️Channel Link ကိုအရင် Join ထားပါဗျ👇👇

https://t.me/addlist/wZvYAaIr8Mk3MmU1

📺🔥ဇာတ်ကားကြည့်ရန် Link

https://t.me/Boomerangcomedy/10

image
1 y - Translate

Don’t Look Away (2023)

တစ်မူထူးခြားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပြီး သရဲလား ဝိဉာဉ်လား ကျိန်စာလား နတ်ဆိုးလားဆိုတောင်သိပ်မသဲကွဲပါဘူး…..
ဖက်ရှင်ဆိုင်တွေမှာထောင်ထားတတ်တဲ့ မော်ဒယ်ရုပ်/လူရုပ် က ကျောချမ်းစရာအပြုံးကြီးနဲ့ လူလိုက်သတ်နေတာကိုကြည့်ရှုရမှာပါ

ဇာတ်လမ်းအကျဉ်းကတော့…..
ကောင်မလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုဖြစ်ရာကနေ လူရုပ်ကြီးတစ်ရုပ်ကိုရုတ်တရက်တွေ့လိုက်ရပြီး အရုပ်ကနောက်ကိုလိုက်လာနေခဲ့တာကိုသိပေမဲ့ ဘယ်သူမှသူပြောတာကိုမယုံကြပါဘူး…………

ဒါပေမဲ့ သူ့သူငယ်ချင်းတွေအားလုံးလည်း တွေ့သွားကြတဲ့အခါမှာတော့ တစ်ယောက်ပြီးတစ်‌ယောက် ဆက်တိုက်အသတ်ခံနေရပါတော့တယ် ဒီလူရုပ်ကြီးက ဘာကိုလိုချင်နေတာလဲ ဝိဉာဉ်ပူးနေလိုလား နတ်ဆိုးများလား ကျိန်စာကြောင့်ဖြစ်တာလားဆိုတာကိုလည်းဘယ်သူမှရေရေရာရာမသိကြပါဘူး….

သူတိုသူငယ်ချင်းတစုသား ဒီကျောချမ်းစရာ လူရုပ်ကြီးကိုတားဆီးလိုရနိုင်ပါ့မလား သူ့လက်ထဲကနေရော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် သွေးသံရဲရဲနဲ့ခြောက်ခြားစရာအခန်းတွေသိပ်မပါပေမဲ့ အရုပ်ကြီးရဲ့ကျောချမ်းစရာအပြုံးကြီးက ကြက်သီးထစေပြီး The boy ရဲ့ cheaper version လိုခံစားရစေမှာပါ။

image
1 y - Translate

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Pageant Coach Muse by Metinee နဲ့ Training ယူနေပြီဖြစ်တဲ့
Miss Universe Insein 2025
Nang Sam Phaung
စီနီယာအလှမယ်တစ်ဦး ဖြစ်တဲ့အတွက် လိုအပ်ချက်တွေကို တခုချင်း ပြင်ဆင်နေတာ တွေ့ရတယ်
ဘယ်လို transformation တွေနဲ့ MUM 2025 မှာ
ချပြလာမလဲဆိုတာ စောင့်ကြည့်ရမှာပါ 👑

image

မကြာသေးခင်က ထွက်လာတဲ့ ကောလဟာလတွေအရ The Batman: Part II ရဲ့ ထုတ်လုပ်ရေး စာရင်းမှာ Matt Reeves က The Batman 2 ကိုဆက်မရိုက်တော့ဘူးဆိုတဲ့ သတင်းတွေထွက်လာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း The Batman 2 ကို ဖျက်လိုက်ပြီဆိုတဲ့ မဟုတ်တဲ့ ကောလဟာလတွေကိုလည်း James Gunn က ဒီလို ပြောထားပါသေးတယ်။
“ဆိုရှယ်မီဒီယာမှာ ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ပြောတာကို ဘာလို့ ယုံရမှာလဲ။ ငါတို့က ရုပ်ရှင် ဖျက်လိုက်ရင် ဖျက်လိုက်တယ်လို့ ပြောမှာပေါ့။ ဒီလို ဟန်ဆောင်နေဖို့ ဘယ်သူ့မှာမှ အချိန်မရှိဘူး။ ငါက Cloverfield နဲ့ Apes ရုပ်ရှင်တွေထွက်ထဲက Matt Reeves ရဲ့ Fan အကြီးစားတစ်ယောက်ဖြစ်ခဲ့တာပဲ။ သူနောက်ပိုင်းလုပ်တဲ့ ဇာတ်လမ်းတွေက ငါ့အတွက်တော့ စိတ်ဝင်စားစရာတွေပဲ” လို့ James Gunn ကပြောလာပါတယ်။
အကြောင်းအရင်းကတော့ Production Weekly ဆိုတဲ့ Site တစ်ခုကနေ The Batman: Part II ကို ၂၀၂၆ မတ်လမှာ ရိုက်ကူးမယ်ဆိုတဲ့ “စာရင်း” တစ်ခု‍ထွက်လာပြီးလို့ ပြောခဲ့ပြီး ဒီ စာရင်းထဲမှာ Matt Reeves ကို ဒါရိုက်တာအဖြစ် မဖော်ပြထားဘဲ ဇာတ်ညွှန်းရေးသူအဖြစ်သာ ဖော်ပြထားခဲ့ပါတယ်။
ဒါကြောင့် ပရိသတ်တွေက Matt Reeves တစ်ယောက် The Batman: Part II ကို မရိုက်တော့ဘူးလားဆိုပြီး စိုးရိမ်ခဲ့ကြပြန်ပါတယ်။ The Batman: Part II ဟာ ရိုက်ကူးဖို့ အကြိမ်ကြိမ် နှောင့်နှေးခဲ့ရပြီး Matt Reeves ကိုယ်တိုင်က ကိုယ်ရေးကိုယ်တာ ပြဿနာတချို့ ရှိနေတယ်ဆိုတာကြောင့် ပရိသတ်တွေနဲ့ သူမရိုက်တော့ဘူးလို့ ထင်သွားကြတာပါ။
Production Weekly ဆိုတဲ့ Site က အရင်ကလည်း မဟုတ်မမှန်တာတွေတင်တာကြောင့် ပရိတ်သက်တွေကြားထဲမှာ ဂယက်တွေအမြဲတမ်းထခဲ့ပြီး James Gunn ကိုယ်တိုင် Mr. Freeze ရုပ်ရှင်တစ်ခု ထုတ်လုပ်နေပြီဆိုတဲ့အကြောင်းအရာကိုတောင် ငြင်းဆိုခဲ့ဖူးပါတယ်။
James Gunn အခုပြောရသလောက်ဆိုရင်တော့ The Batman: Part II ကို Matt Reeves ကိုယ်တိုင် ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီး နောက်ဆုံး သတင်းအရ သူဟာ ဇာတ်ညွှန်းကို အပြီးသတ်နေပြီလို့သိရပါတယ်။
The Batman: Part II ဟာ ၂၀၂၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး Robert Pattinson က ဘတ်မန်းအဖြစ် ပြန်လည် ပါဝင်သွားမှာဖြစ်ပါတယ်။

image
1 y - Translate

𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭
ယခင် Miss Universe Mogok 2025 အဖြစ် ရွေးချယ်သောအလှမယ် သည်အကြောင်းမျိူးမျိူးကြောင့် ဆက်လက်ယှဉ်ပြိုင်ခြင်းမရှိသောကြောင့် Miss Universe Mogok 2025 အဖြစ် Myo Ko Ko San အား ပြန်လည် ရွေးချယ် လိုက်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ မိုးကုတ်ကိုယ်စားပြု
အလှမယ်လေး Myo KoKo San အား
အားပေးဝန်းရံ ကြပါဦး ခင်ဗျာ
MUA & Hairdo -Thi Ri Mon (Beauty By Thiri)
Designer-Jason Yan
Photographer-Khant Min Htin

image

အပြင်ကကြည့်ရင် လူတိုင်းက ယဥ်ကျေးတယ်ထင်ရပေမယ့် အကုသိုလ်လုပ်တဲ့သူတွေကတော့ အကုန် အတူတူပါပဲ။
Memories of Murder (2003)

image

Live Action ...

image

Storyline ချိန်းလိုက်တဲ့ Thunderbolts
Thunderbolts co writer Eric Pearson ပြောပြချက်အရ Thunderbolts Movie ရဲ့ Original Villain က US agent ဖြစ်ပါတယ်။ Val က John walker ကို သူ့ရဲ့ Super soldier serum ကအားနည်းလာလို့ Upgrade လုပ်ရမယ်လို့ လိမ်ပြီး Hulk Bomb နဲ့ထိုးမယ်လို့သိရပါတယ်။
သိရသလောက် Hulk Bomb ဆိုတာက Hulk လို အကောင်ကြီးဖြစ်သွားရင်း Villain အဖြစ် Thunderbolts မှာမြင်ရမယ်လို့ပြောထားပါတယ်။ ဒါပေမဲ့နောက်ပိုင်း Storyline အပြောင်းအလဲလုပ်လိုက်တာကြောင့် US Agent ကို Hero အတိုင်းဆက်မြင်ရတာပါ။
ကျနော့်အထင် Sentry နဲ့အခြား Character ကိုသောက်ရမ်း Role တင်ပြီး Heros ဖြစ်ကြောင်းပြချင်တော့ US Agent ကိုဇာတ်နားပေးဖို့လုပ်ခဲ့တာဖြစ်မယ်။နောက်မှ သူတို့ရဲ့နောက်ပိုင်း သုံးမဲ့ Storyline ကြောင့် Sentry ရဲ့ Void ကိုပဲ Villain လိုလိုထည့်ပေးလိုက်တာဖြစ်နိုင်တယ်။

image