Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လီဗာပူးလ်အသင်းဟာ ဒီရာသီကာလမှာခြေစွမ်းကျဆင်းလာတဲ့ အန်ဒရူးရောဘတ်ဆန်နေရာအစားထိုးဖို့အတွက်လက်ချီအသင်းလူငယ်ဒိန်းမတ်လက်ရွေးစင်ဘယ်နောက်ခံကစားသမားပက်ထရက်ခ်ဒေါလ်ကူကိုခေါ်ယူဖို့ရှေ့ဆက်လုပ်ဆောင်နေတယ်လို့ အီတလီသတင်းတွေကဖော်ပြပါတယ်။
ရောဘတ်ဆန်ဟာ နည်းပြယာဂင်ကလော့ပ်လက်အောက်မှာလီဗာပူးလ်အသင်းရဲ့အောင်မြင်မှုတွေရဲ့အဓိကကျခဲ့တဲ့ကစားသမားဖြစ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်ချန်ပီယံနဲ့ ချန်ပီယံလိဂ်တို့ကိုရယူထားနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလတုန်းကအသင်းဆီအာလ်နေးစလော့ဒ်ဝင်ရောက်ကိုင်တွယ်ပြီးကတည်းက သူဟာ ကစားပုံနဲ့ပတ်သက်ပြီးပြသနာကြုံတွေ့နေရတာဖြစ်ပါတယ်။
ဒီဇင်ဘာလတုန်းက ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာအနီကဒ်ပြသခံခဲ့ရပြီး ရောဘတ်ဆန်ဟာ ပြိုင်ပွဲစုံမှာ ၂ ပွဲသာပွဲချိန် ၉၀ အပြည့်ဝင်ကစားခဲ့ရတာဖြစ်ပါတယ်။သူ့အနေနဲ့နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်းလူစားလဲထုတ်ခံခဲ့ရပြီး နော်တင်ဟမ်ဖောရက်စ်အသင်းက ၀-၁ နဲ့ဦးဆောင်ထားနိုင်တဲ့အချိန်မှာတော့ ကော်စတာဆီမီကတ်စ်အစားထိုးဝင်ရောက်လာခဲ့ကာ ဒီယေဂိုဂျိုတာသွင်းယူခဲ့တဲ့ချေပဂိုးအတွက်ဖန်တီးပေးနိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လီဗာပူးလ်အသင်းဟာ ဘယ်နောက်ခံနေရာမာကျောမှုရှိစေရေးအတွက်ခေါ်ယူအားဖြည့်ဖို့ပစ်မှတ်ထားနေပြီး လက်ချီအသင်းမှာနေရာအတော်များများကစားနိုင်စွမ်းရှိတဲ့အသင်း ၂၀ အရွယ်ကစားသမား ဒေါလ်ကူကို ခေါ်ယူရေးအတွက် ပေါင် ၃၃.၆ သန်းနဲ့ခေါ်ယူဖို့ကမ်းလှမ်းရန်ပြင်ဆင်နေပါတယ်။
လီဗာပူးလ်အသင်းအနေနဲ့ ဒေါလ်ကူရဲ့ကစားပုံကိုစောင့်ကြည့်ဖို့အတွက်ဒီရာသီကာလမှာကင်းထောက်အဖွဲ့စေလွှတ်ခဲ့တာ ၄ ကြိမ်ရှိပေမဲ့လည်း သူတို့အနေနဲ့ ဒေါလ်ကူကိုအလားတူစိတ်ဝင်စားနေတဲ့နာပိုလီအသင်းနဲ့ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။
နာပိုလီနည်းပြအန်တိုနီယိုကွန်တီအနေနဲ့လည်းကစားသမားရဲ့အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ချဲလ်ဆီးအသင်းတို့လည်းအလားတူဖြစ်ပါတယ်။ဒါပေမဲ့လည်း နာပိုလီအသင်းအနေနဲ့လီဗာပူးလ်အသင်းရဲ့ပြောင်းရွှေ့ကြေးနှုန်းကိုယှဉ်နိုင်ဖွယ်မရှိပါဘူး။
ဒေါလ်ကူဟာ ဒီရာသီကာလမှာ ၂၁ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၃ ဂိုးသွင်း ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပြီး သူ့အနေနဲ့ ဘယ်နောက်ခံအစွန်နေရာ၊တောင်ပံနေရာ ၂ ဖက်စလုံးနဲ့ ညာနောက်ခံနေရာမှာပါကစားနိုင်တာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
မလေးရှားက မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ထောက်ခံ
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၈
အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများကို ရေရှည်တည်တံ့သည့် ဖြေရှင်းချက်တစ်ခု ရရှိစေရန် အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံခဲ့သည်ဟု သတင်းဌာနမှ ဖော်ပြခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မလေးရှားနိုင်ငံက ဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် အမ်ရန် မိုဟာမက်ဇင် (Datuk Seri Amran Mohamed Zin) က အတည်ပြုခဲ့သည်။
“အာဆီယံရဲ့ အားထုတ်ကြိုးပမ်းမှုက မြန်မာ့အရေးကို ဖြေရှင်းရာမှာ ကူညီပေးဖို့ အာရုံစိုက်ထားတာပါ။ မြန်မာ့ အရေးကို မြန်မာနိုင်ငံက ဦးဆောင်ဖြေရှင်းရမယ်ဆိုတာ ကျနော်တို့ သိရှိနားလည်ထားပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်တာကြောင့် ကျန်တဲ့အာဆီယံနိုင်ငံတွေဟာ မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ဖို့အတွက် နည်းလမ်းတစ်ခု ရှာဖွေရမှာ ကူညီပေးရမယ့် တာဝန် ရှိပါတယ်”ဟု မိုဟာမက်ဇင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်
“မြန်မာ့အရေးကို အဖြေရှာရာမှာ အာဆီယံရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ထောက်ခံခဲ့တဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ အကူအညီကိုလည်း ကျနော်တို့ ရယူရပါမယ်”ဟု မိုဟာမက်ဇင်က ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း မလေးရှားနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ နေရာကို ရယူချိန်တွင် ကျန်သည့် အာဆီယံနိုင်ငံများ အားလုံးက မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါ အီဘရာဟင် (Datuk Seri Anwar Ibrahim) ၏ အစိုးရ အဖွဲ့အပေါ် အာရုံစိုက်စောင့်ကြည့်ခဲ့ကြသည်။
အန်ဝါ၏ အစိုးရအဖွဲ့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတးက်ရေးတွင် မည်သို့မည်ပုံဖြင့် ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်မည်ဆိုခြင်းကို ကျန်အာဆီယံနိုင်ငံများက စိတ်ဝင်စားနေကြသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကိုရယူခဲ့သည့် ၂၀၂၁ ခုနှစ် ကတည်းက နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့သည်။
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ၏ ထုတ်ပြန်ချက်အရ မြန်မာ့တပ်မတော်နှင့် အခြားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများဆက် လက်ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
OCHA ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု နောက်ဆုံးရ အချက်အလက်များတွင် ၂၀၂၄ ခုနှစ် ကုန်ပိုင်း၌ မြန်မာနိုင်ငံအတွင်းမှာ နေရပ်စွန့်ခွာထွက် ပြေးနေရသူပေါင်း ၃ သန်းခွဲအထိ ရှိလာခဲ့ကြောင်း ဖော်ပြခဲ့ သည်။
Source: Bernama
ပုံ - မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
#သတင်းဟင်းလေးအိုးကြီး
ရုရှားနဲ့ အီရန်တို့ နှစ် ၂၀ မိတ်ဖက်စာချုပ်လက်မှတ်ထိုးပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာနိုင်
မော်စကို၊ ဇန်ဝါရီ ၁၈
ရုရှားသမ္မတပူတင်နဲ့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ထိပ်တိုက်တင်းမာမှုတွေ မြင့်တက်နေချိန်မှာ သူတို့နှစ်နိုင်ငံအကြား စစ်ရေးအပါအဝင် မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ရေးပါဝင်တဲ့ ဒီသဘောတူညီချက်ကို ပူတင်နဲ့ အီရန်သမ္မတတို့က ရုရှားသမ္မတအိမ်တော်မှာ တွေ့ဆုံပြီး လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
နှစ် ၂၀ မဟာမဗျူဟာမြောက် သဘောတူညီချက်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးအတွက် ထပ်လောင်းတွန်းအားဖြစ်စေတယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။ စာချုပ်ဟာ နှစ်နိုင်ငံဆက်ဆံရေးပိုမို နီးကပ်စေတယ်လို့ အီရန်သမ္မတက ဆိုပါတယ်။
ဒါအပြင် နိုင်ငံတနိုင်ငံ တိုက်ခိုက်ခံရပြီဆိုရင် ကျန်တနိုင်ငံက ရန်လိုသူကို စစ်ရေးအကူအညီမပေးရဘူးဆိုတဲ့ အချက်လည်းပါဝင်နေပါတယ်။ သဘောတူချက်ထဲမှာတော့ မြောက်ကိုရီးယား၊ ဘီလာရုစ်တို့နဲ့ ချုပ်ဆိုခဲ့တဲ့နည်းတူ စစ်ရေးတိုက်ရိုက်အကူအညီပေးရေးဆိုတာမျိုးတော့ ဖော်ပြထားတာမရှိပါဘူး။
ရုရှားနဲ့ အီရန်အကြား အခုလို မဟာဗျူဟာမြောက် မိတ်ဖက်စာချုပ်နဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေကတော့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း အီရန်ဆီကနေ ဒရုန်းနဲ့ အခြားလက်နက်တွေ ဝယ်ယူခဲ့တယ်လို့ အနောက်နိုင်ငံတွေက ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:NHK
Photo:Reuters
#cntralnewsnaypyitaw
Eye Mask For Sleeping Men Women With Cooling Gel For Night Deep Sleep
စျေးနုန်း ၈၀၀၀ကျပ်
ရိုးရိုး မျက်လုံးအုပ်အနေဖြင့်အသုံးပြုလို့ရသလို၊ မျက်လုံးညောင်းကိုက်တာ ဖြစ်တဲ့အခါ အထဲမှာပါတဲ့ Gel အထုပ်လေးကို အအေးခံပြီး မျက်လုံးပေါ်မှာကပ်ပြီး အသုံးပြုနိုင်ပါတယ်။
ဒါအပြင် ခန္ဒာကိုမှာ ဖူးရောင်နာကျင်မှုဖြစ်ပေါ်သောနေရာများတွင် Cooling Gel ကိုကပ်ပြီး
အနာသက်သက်စေရန်အသုံးပြုနိုင်ပါတယ်။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း ၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i107660831.html?s