#end

ဒါဖြင့် Galaxy. ကြီးကရော ? ကျနော်တို့ရဲ့ Milky Way. ကြီးဟာ သူသိပ်တွေ့ချင်လွန်းလှတဲ့ သူ့ကောင်မလေး Andromeda ဆီကို အရှိန်ပြင်းပြင်း ခရီးနှင်နေတာပါ။ ဟိုကောင်မလေးကလည်း ကျနော်တို့ဆီ လာနေပါတယ်။ Galaxy နှစ်ခု ဆွဲကြတဲ့အခါ ခုနကပြောတဲ့ အတိုင်း ဒြပ်ပိုကြိီးတဲ့ Galaxy အနီးမှာ ဗဟိုမှတ်ဖြစ်လာတယ်ဆိုတော့ Andromeda က Milky way ထက် နှစ်ဆကျော် ကြီးတာကြောင့် ဗဟိုမှတ်ဟာ Andromeda အနီးမှာ ရှိနေပါတယ်။ ဒါပေမဲ့ ​ကုဋေချီတဲ့ အရာဝတ္ထုတွေ ပါဝင်ပတ်သက်လာတဲ့အတွက် ဂြိုဟ်တွေလို သူ့ပတ်လမ်းကြောင်းပေါ်မှာ လှည့်ပတ်နေတယ်လို့ သုံးလို့တော့ မရပါဘူး။​ဒြပ်နှစ်ခု ဆွဲအားရဲ့ အသားတင်သက်ရောက်မှု နေရာကို ပြောလိုရင်းပါ။
ဒီလောက်ဆို နားလည်လွယ်မယ် ထင်ပါတယ်။ ဒါပေမဲ့ ဒီနိယာမကို သွေဖယ်ချင်နေတဲ့ ဂြိုဟ်တလုံးကို တွေ့ရှိလိုက်ရတဲ့ သိပ္ပံ ပညာရှင်တွေအတွက် အိမ်စာအသစ် ထပ်ပေးပြန်ပါပြီ။ မီးလောင်ပျက်စီး သေဆုံးထားတဲ့ ကြယ်ကြီးကို ဆက်ပြီးလည်ပတ်နေတဲ့ ဂြိုဟ်တလုံးကို သမိုင်းမှာ ပထမဆုံးအကြိမ် တွေ့လိုက်ရတာမို့လို့ပါ။ ကမ္ဘာကနေ အလင်းနှစ် ၈၀ ပဲ ဝေးပါတယ်။
ဒီဂြိုဟ်ဟာ အပူချိန် အနုတ် ၈၇ဒီဂရီ ဆဲစီးရပ်ရှိပြီး ၂၀၂၀ပြည့်နှစ်မှာ စတွေ့ခဲ့တာ ဖြစ်ပေမဲ့ ဂြိုဟ်အနေနဲ့ မယူဆထားပဲ ကြယ်ကြွေခြင်းရဲ့ အစိတ်အပိုင်းတခုလို့သာ ထင်ခဲ့ကြတာပါ။ ဂျိမ်းဝပ် တယ်လီစကုပ်ကနေ သေချာ စူးစမ်းကြည့်မှပဲ ဂြိုဟ်တခုဖြစ်ကြောင်းကို သက်သေခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ နေမိသားစုပြင်ပမှာရှိတဲ့ ဂြိုဟ်တွေထဲက အအေးဆုံးဂြိုဟ်ပါ။
ဒါဖြင့် ဒီဂြိုဟ်က ဘာများ ထူးဆန်းလဲမေးရင် ကြယ်သေတလုံးကို နီးနီးလေး ပတ်နေတဲ့ ဂြိုဟ်ကြီးဖြစ်နေလို့ပါပဲ။ ကြယ်သေဟာ သူ့ထက် အလွန်သေးငယ်ပြီး ဂြိုဟ်ကတော့ နေမိသားစုတွင်းက အကြီးဆုံးဖြစ်တဲ့ ဂျူပီတာရဲ့ ၁၄ဆ ပိုကြီးပါတယ်။ အပေါ်က ရှင်းပြချက်တွေကို အတန်ငယ် နားလည်ထားရင်တောင် ဖြစ်နိုင် ၊ မဖြစ်နိုင် ကောက်ချက်ချလို့ ရပါတယ်။
ကြယ်သေဆိုတာကို အကြမ်းဖျင်းပြောရရင် ဆက်လောင်စရာ နျူကလီးယားလောင်စာ မရှိတော့တာကြောင့် ကမ္ဘာနဲ့အရွယ်အစားတူပြီး သိပ်သည်းဆမြင့်တဲ့ အလယ်အူတိုင်ဖြူပဲကျန်တဲ့ နေပါပဲ။
နေမိသားစုတွင်းမှာတော့ နေဟာ ဟိုက်ဒရိုဂျင် လောင်စာကုန်လို့ Red Giantဖြစ်လာပြီး အပြင်ကိုပြန့်ကားပေါက်ကွဲထွက်လာရင် ကမ္ဘာထိပါ အဲ့ဒဏ်ကို ခံရမှာမို့ ကမ္ဘာမီးကင် ဖြစ်ပြီး ပျက်စီးပါပြီ။ (စိတ်မပူပါနဲ့။ အဲ့အချိန် လူသားတွေ ပျောက်ကွယ်သွားတာ ကြာနှင့်ပါပြီ။ ဒီအကြောင်းလည်း ပို့စ်သပ်သပ် တင်ထားပါတယ်)
အကယ်၍ ဒီဂြိုဟ်ဟာ သူ့ရဲ့ နေ နဲ့ အင်မတန် ဝေးနေလို့ ဒဏ်ခံရတာ နည်းတယ်ဆိုရင်တောင် ဆွဲငင်အားကြီးတဲ့ နေ မရှိတော့တဲ့အတွက် ဆက်ပြီး ဘယ်သူ့ကို လှည့်လို့ လှည့်နေမှန်းမသိတဲ့ အဖြစ်ကို ရောက်နေမှာ မဟုတ်ပါဘူး။ ခက်တာက ကြယ်သေကိုပတ်နေတဲ့ သူ့ရဲ့ အကွာအဝေးဟာ သိပ်ကိုနီးလွန်းပြီး 0.0204 AU ပဲ ရှိနေတာ ဖြစ်ပါတယ်။ ( AU - Astronomical Unit : ကမ္ဘာ နဲ့ နေ ကြား အကွာအဝေးကို 1AU အဖြစ် စံထားသတ်မှတ်သည့် အတိုင်းအတာ ။ )
စာဖတ်သူတွေအနေနဲ့ရော ဘယ်လိုထင်ပါသလဲ။ သိပ္ပံပညာရှင်တွေကတော့ အကြီးကြီးတွေ စဉ်းစားထားပေမဲ့ ကျတော်တို့အတိုင်းအတာနဲ့ စဉ်းစားအဖြေထုတ်နိုင်တဲ့ ကောက်ချက်တွေ ရှိနေပါသေးတယ်။ ဒီပို့စ်မှာ ရေးထားပြီးဖြစ်တဲ့ သဘောတရားတွေပါပဲ။ သိပ်အခက်ခဲကြီးတော့ မဟုတ်ပါဘူး။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကိုယ့်ယူဆချက်ကို Comment မှာ ရေးခဲ့လို့ရပါတယ်။
📄Research by Mary Anne Limbach et al., "Thermal Emission and Confirmation of the Frigid White Dwarf Exoplanet WD 1856+534b", arXiv (2025)

#end

image