#ဆက်ရန်

ကြယ်သေတလုံးကို ပတ်နေဆဲဂြိုဟ်
သိပ္ပံပညာ၊ ဆေးပညာ၊ နည်းပညာမှာ ၁၀၀% အမှန်ဆိုတာ မရှိပါဘူး။ စဉ်ဆက်မပြတ် တိုးတက်စေဖို့ သုတေသနတွေကို အမြဲ တံခါးဖွင့် ကြိုဆိုထားကြပါတယ်။
အခုလည်း ထူးခြားတဲ့ ဂြိုဟ်တလုံးကို ဂျိမ်းဝပ် တယ်လီစကုပ်ကနေ ထပ်တွေ့ပြန်ပါပြီ။ Page မှာ တင်ထားခဲ့တဲ့ ရတနာမိုးတွေရွာလို့ ထူးခြားတာ မဟုတ်သလို၊ သက်ရှိတွေ ရှိလေမလားဆိုတဲ့ ယူဆချက်နဲ့ ထူးခြားတာ မဟုတ်ပါဘူး။ အချက် နှစ်ချက်ကြောင့် ထူးခြားတယ် ပြောကြတာပါ။
နေမိသားစုရဲ့ ပြင်ပမှာ ရှာတွေ့ထားသမျှ အအေးဆုံးဂြိုဟ်တလုံးဟာ သေဆုံးပြီးသားကြယ်ကို ထူးဆန်းစွာပဲ ဆက်လက် လှည့်ပတ်လျက်ရှိပါတယ်။
၁။ နေမိသားစု အပြင်ဘက်မှာ ရှိတဲ့ ကုဋေချီ ဂြိုဟ်တွေထဲ ရှာတွေ့ထားသမျှ အအေးဆုံး ဂြိုဟ် ဖြစ်ပါတယ်။
၂။ သူ့ထက် အရွယ်ငယ်တဲ့ ကြယ်သေကို ပတ်နေပါတယ်။
ပထမအချက်ကတော့ ရှာဖွေတွေ့ရှိမှုပိုင်းဆိုင်ရာအတွက် ထူးခြားမှုသာဖြစ်ပြီး အမြဲတစေ ရှာတွေ့နေတဲ့ သိပ္ပံပညာရှင်တွေ အတွက်က ရင်ခုန်စရာ မဟုတ်သေးပါဘူး။
အဓိက အရေးပါတာ ဒုတိယ အချက်ကြောင့်ပါ။
ဒါကို မပြောခင် အခြေခံလေးတွေ အရင်နွေးကြရအောင်။
ကမ္ဘာဟာ ကိုယ်တိုင် အိုးထိန်းစက်ကဲ့သို့ လည်နေရင်းက 'နေ' ကို လူပျိုလှည့်သလို သူ့ပတ်လမ်းပေါ် လှည့်ပတ်နေတယ် ဆိုတာ သိပြီးကြမှာပါ။ ဘာလို့လည်ရတာလဲ ၊ ဘာလို့ လှည့်ရတာလဲ ဆ်ုတာ ရှေးပို့စ် တခုမှာ ပြောထားပြီး ဖြစ်ပေမဲ့ ထပ်ပြီး အတိုချုပ် ပြောပါဦးမယ်။
ကမ္ဘာ ဘာလို့ လည်ရတယ် ။
- ကမ္ဘာ အပါအဝင် ဂြိုဟ်တွေဟာ စတည်ကတည်းက လည်ဖို့ ဖြစ်လာလို့ကို လည်ရတာပါတဲ့။ ဒီထက်ရှင်းတဲ့ အဖြေလည်း ရှိမယ် မထင်ပါဘူး။ ဓါတ်ငွေ့နဲ့ ဖုန်မှုန့်တွေ ပေါင်းစုပြီး ဂြိုဟ်ပုံစံအမျိုးမျိုး ဖြစ်လာတဲ့အခါ နဂိုရှိရင်းစွဲ ဂုဏ်သတ္တိအရ လည်ကြရပါတယ်။ နားလည်လွယ်အောင်ပြောရင် လေအဝှေ့မှာ ပေါ်လာတတ်တဲ့ ဖုန်မှုန့်တွေကို မြင်ဖူးကြမှာပါ။ အဲ့လို ဖုန်မှုန့်တွေ ဒြပ်ထုအားဖြင့် ကမ္ဘာဂြိုဟ်တလုံးစာအထိ အဆမတန် ကြီးမားလာရလောက်အောင် ပေါင်းစုရင်း လည်ကြတာမျိုးပါ။ ဒီလို လည်ရင်းကနေ အီနားရှားသတ္တိတွေ ဝင်လာပြီး Angular Momentum ရလာပါတယ်။ ကမ္ဘာဦးမှာ ဂြိုဟ်တွေဟာလည်း သူ့ကိစ္စနဲ့သူ အလုပ်များနေတာကြောင့်ပဲ ကမ္ဘာကိုဝင်တိုက်မယ့် ဥက္ကာခဲတွေရန်ကနေ ဂျူပီတာတို့ လတို့က ကမ္ဘာကို အခုလောက် မကာကွယ်ပေးနိုင်သေးပါဘူး။ အဲ့ဒီ ဒြပ်ထုတွေကို စုစည်းရင်းနဲ့ပဲ ကမ္ဘာဟာ အင်အားကြီး ဂြိုဟ်တခုလို ဖြစ်လာပြီး စဉ်ဆက်မပြတ် လည်နေရတော့တာပါ။ အချိန်တခုရလို့ ဂြိုဟ်မှန်းသိတတ်စအရွယ်ရောက်လာင်္ပြး အသွင် ပီပြင်လာတဲ့အခါ ကမ္ဘာလည်နှုန်းဟာလည်း ပုံမှန် နှုန်းသေတခုနီးပါး ဖြစ်သွားပါတယ်။
ဒီလိုလည်ရင်းကြောင့်ပဲ သံလိူက်စက်ကွင်းအတွက် အထောက်အပံ့ဖြစ်စေပြီး အာကာသထဲက အန္တရာယ်ရှိတဲ့ လှိုင်းတွေရန်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်လာနိုင်တာ ဖြစ်ပါတယ်။ တခုရှိတာကတော့ နေ နဲ့ လ ရဲ့ ကမ္ဘာအပေါ် ဆွဲငင်မှုတွေကြောင့် ဒီလည်နှုန်းဟာ တဖြည်းဖြည်း နှေးလာတယ်ဆ်ုတာပါပဲ။ (ပို့စ်သပ်သပ်တင်ပြီး ဖြစ်တဲ့အပြင် နှစ်သန်းချီမှ သိသာလာမယ့်ကိစ္စမို့ ဆက်မဆွေးနွေးတော့ပါဘူး)
နေကို ဘာလို့ လှည့်ကြတယ်။
- သိပြီးဖြစ်တဲ့အတိုင်း နေမိသားစုအတွင်းက ကမ္ဘာအပါအဝင် ဂြိုဟ်ကြီးတွေဟာ သူ့ပတ်လမ်းနဲ့သူ နေကို လှည့်နေကြပါတယ်။ ဘာလို့ဆိုရင် ​ဒြပ်ရှိတဲ့ ဝတ္ထုတွေရဲ့ ဆွဲအားကြောင့်ပါ။ နယူတန် နိယာမအရ Mass ရှိရင် ဆွဲအားရှိပါတယ်တဲ့။
Mass ကြီးလေလေ ဆွဲအားက ပိုကြီးလေလေပါ။ နေလိုမျိုး ဒြပ်ထုကြီးမားတဲ့ ကြယ်ကြီးတလုံးရဲ့ ဆွဲအားက ဘယ်လောက်ကြီးမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ (ထောက်စရာရှိတာက - ကမ္ဘာကလည်း ပြန်ဆွဲတယ်ဆိုပေမဲ့ နေဆွဲအားကို ကျော်လွန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ) ဒီ အားနှစ်ခုရဲ့ အကျိုးဆက်အားသက်ရောက်မှု အမှတ်ဟာ ဒြပ်ပိုကြီးတဲ့ အရာဝတ္ထုအနီးဆုံးမှာ ရှိပါတယ်။
ဒါကြောင့် သိပ္ပံအလိုကျပြောရင် ကမ္ဘာဟာ နေကို လှည့်ပတ်တယ်ဆိုတာထက် နေအဖွဲ့အစည်းရဲ့ ဗဟိုကို လှည့်နေတယ်လို့ ပြောတာ ပိုတိကျပါတယ်။
ဒီအခြေခံကို နားလည်ပြီဆိုရင် ဘယ်သူက ဘယ်လိုထပ်တ်ုးမေးခွန်းနဲ့ မေးပါစေ ဆက်ပြောလို့ရပါပြီ။ နေကရော ဘယ်သူ့ကို ပတ်နေလဲဆ်ုတာမျိုးပေါ့။ နေပါဝင်တဲ့ နေအဖွဲ့အစည်း တခုလုံးက Milky Way Galaxy ရဲ့ ဗဟို ( Galactic Centre) ကို ပတ်နေကြပါတယ်။ Milky Way ဗဟိုအနီးမှာ Sagittarius ဆိုတဲ့ မဟာတွင်းနက်ကြီးရှိတာကြောင့် နေဟာ ဒီတွင်းနက်ကြီးကို လှည့်ပတ်နေတယ်လို့ ပြောလည်း ရပါတယ်။ ဒီ မဟာတွင်းနက်ကြီးကပဲ Galax
y. ထဲက အရာလေးတွေကို ဆွဲနေတာပါ။ (တွင်းနက်ကိုမှ မဟာ တပ်ပြီး ခေါ်ရတဲ့ ဆရာကြီးအဆင့်ဆိုတော့ သူ့အတွက်က အရာလေးတွေပေမဲ့ ကိုယ်တွေအတွက်က နေမင်းကြီး ၊ ဂြိုဟ်ကြီး၊ ကမ္ဘာကြီး ပေါ့)

#ဆက်ရန်

image