1 y - Translate

Pro တံဆိပ်တပ် CMF Phone 2 ထွက်ရှိ
ဖုန်းဆန်းကြီးတွေ ထုတ်တတ်တဲ့ Nothing က သူ့ရဲ့ပထမဆုံး Pro မော်ဒယ်ကို မိတ်ဆက်သွားပါတယ်။
CMF Phone 2 Pro က နာမည်အတိုင်း အရင်ကထက်တော့ Pro ပိုကျလာပါမယ်။ အဓိကက ပိုအကြမ်းခံလာပြီး ရေရှည်သုံးနိုင်တဲ့ဘက်ကို သွားတာပါ။ ဒီဇိုင်းက Ultra Slim ကိုမှ CMF Phone 1 နဲ့ နည်းနည်းဆင်ပြီး ကင်မရာ သုံးလုံး ဖြစ်လာပါတယ်။
ကင်မရာပိုင်းမှာ main sensor 50MP wide နဲ့အတူ 50MP 2x Tele ကင်မရာပါလာတာ နဲ့ 8MP Ultrawide သုံးလာက အပြောင်းအလဲတစ်ခုလို့ ပြောနိုင်ပါတယ်။ main ကင်မရာက 1/1.57" sensor နဲ့ ဖြစ်လို့ Phone 1 ထက် အလင်းဖမ်းတဲ့နေရာမှာ ၆၄% သာမယ်။ AI သုံး ရုပ်ငြိမ်နည်းပညာတွေ ပါမယ်။
ဖုန်းမှာ lens တပ်သုံးနိုင်မယ့် interchangeable lens တွေ ပါလာတာ ၊ magnetic stand နဲ့ lanyard ဖုန်းကြိုး တွဲတပ်နိုင်တာတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Dimensity 7300 Pro နဲ့ RAM 8GB သုံးလာတာကတော့ သိပ်ရင်ခုန်စရာ မရှိပါဘူး။
5000mAh ဘက်ထရီက 33W Fast charging ပေးထားပေမယ့် wireless charging မရသေးပါဘူး။ ဘက်ထရီ charge cycle 1200 ပြည့်ပြီးတာတောင် ဘက်ထရီ capacity ကို အနည်းဆုံး ၉၀% ဆက်ထိန်းထားနိုင်မယ်ဆိုတာကတော့ မိုက်ပါတယ်။
ခေတ်ပေါ် ဖုန်းတွေနဲ့ မတူတာတစ်ခုက သူ့မှာ 2TB microSD support ပေးထားတာပါ။ IP54 ဖြစ်လာလို့ ပိုရေစိုခံနိုင်ပေမယ့် သိပ်အကြမ်းကြီးတော့ မဟုတ်ပါဘူး။ ဘက်ထရီ၆.၇၇ လက်မ AMOLED display နဲ့ ကြည့်တဲ့ content ပေါ် လိုက်ပြီး ဘက်ထရီပါဝါ သက်သာအောင် အပြောင်းအလဲ လုပ်နိုင်မယ့် 120Hz refresh rate ပါပါမယ်။
Android 15 ပေါ် တည်ဆောက်ထားတဲ့ NothingOS 3.2 နဲ့ လာပြီး OS Update ၃ ကြိမ် Security Patch ၆ နှစ် ပေးတာက mid-range တစ်လုံးအတွက် ကောင်းပါတယ်။ အဖြူ , အနက် ၊ အစိမ်းဖျော့ နဲ့ လိမ္မော် အရောင် ၄ မျိုးနဲ့ လာပြီး 8/128GB ကို ၂၅၀ ယူရိုနဲ့ စရောင်းမှာပါ။
fisheye နဲ့ macro lens တို့လို interachable lens အတွက် ၃၅ ယူရို ထပ်ကျပါမယ်။ cover , wallet နဲ့ lens တစ်ခုပါ အတွဲအတွက်ဆို ၄၅ ယူရိုလို့ ပြောပါတယ်။

image

အဆင်ပြေတဲ့အကြောင်းတွေ
သူတစ်ပါး အဆင်မပြေချိန်မှာ မပြောပါနဲ့။
စားနိုင်တာတွေကို
ကျပ်တည်းသူတွေသိအောင် မပြပါနဲ့။
ဝတ်ကောင်းစားလှတွေ ဝတ်ပြီး
နေဖို့တောင်ခက်ခဲကြသူတွေရှေ့ မကြွားပါနဲ့။
ပျော်စရာ အကြောင်းတွေကို
ဝမ်းနည်း ငိုကြွေးနေသူတွေရှေ့ ချမပြပါနဲ့။
လေးစားမှုနဲ့ကျင့်ဝတ်သာ အမြဲစဉ်းစား
ကိုယ်ချင်းစာတဲ့ လုပ်ရပ်တွေပဲ
လုပ်ဖြစ်နေပါလိမ့်မယ်။ ။
#လာမထူနဲ့ပြန်ထနိုင်တယ်
#နိုဘယ်လ်သွေး

image
1 y - Translate

Unaccompanied children will not have to navigate U.S. immigration courts on their own after a federal judge Tuesday evening blocked the Trump administration from canceling a contract that provided lawyers for tens of thousands of children.
U.S. District Judge Araceli Martínez-Olguín issued a nationwide injunction that required the Trump administration to continue funding lawyers to represent children who are going through immigration proceedings without their parents or guardians.
Read more: https://abcnews.visitlink.me/sax9Xf

image
1 y - Translate

Vesna Vulović ဟာ လေယာဉ်အမှုထမ်းတစ်ဦးဖြစ်ပြီး လေယာဉ်ပျက်ကျမှုကြောင့် လေထီးမပါဘဲ ပေ 33000 အမြင့် ကနေကျကာ အသက်ရှင်ကျန်ရစ်သူတစ်ယောက်ဖြစ်ပါတယ် သူမဟာ လေယာဉ်ပေါက်ကွဲပြီးနောက် ပေ 33000 အမြင့်ကနေ နှင်းဖုံးနေတဲ့ တောင်စောင်းပေါ်သို့ ကျရောက်ကာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်ပါတယ်
#knowledge #ဗဟုသုတ

image
1 y - Translate

"Because of me, I do believe that he's willing to stop the fighting."
When asked about Russia's war on Ukraine and his previous social media post denouncing Russian missile attacks on civilians, President Trump doubled down on his claim that he believes he can end the war.
He added that he thinks Vladimir Putin does "want peace."
#trump100theinterview https://abcnews.link/2suRb57

image
1 y - Translate

ဒီပုံဟာ ကင်မရာနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံ မဟုတ်ပါ ပန်းချီဆရာ Keegan Hall က နာရီပေါင်း
250 ကြာ ရေးဆွဲထားတဲ့ ခဲပန်းချီတစ်ချပ်ဖြစ်ပါတယ်
#knowledge

image
1 y - Translate

Cranston Academy: Monster Zone(202
ဉာဏ်ကောင်းတဲ့ ချာတိတ်လေးတစ်ယောက်ဖြစ်တဲ့ “ဒန်နီ”က မမျှော်လင့်ဘဲနဲ့
ဉာဏ်ကြီးရှင်တွေစုဝေးနေတဲ့ ခရန်စတန်သိပ္ပံကျောင်းကိုတက်ဖို ပညာသင်ဆုရခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့ဆရာ ပါမောက္ခစတန်ကတော့ ဒန်နီ့ရဲ့တီထွင်မှုတွေကို အထင်မကြီးဘဲ အမြဲနှိမ်ချဆက်ဆံလေ့ရှိတယ်။
ဒန်နီတစ်ယောက် မခံချင်စိတ်နဲ့ ပရောဂျက်အကြီးကြီးလုပ်ပြဖို နည်းလမ်းရှာတေ
ာ့ လွန်ခဲ့ဆယ်နှစ်လောက်က ရုတ်တရက်ပျက်စီးသွားလို ပိတ်ထားခဲ့ရတဲ့ အဏုမြူဓာတ်ပေါင်းဖိုကို သွားတွေ့ပါတယ်။
ပျက်စီးနေတဲ့ ဓာတ်ပေါင်းဖိုကို အသစ်ပြန်မွမ်းမံဖို ကြိုးစားရင်းကနေ ကြောက်ဖိုကောင်းလှတဲ့
မွန်းစတားသတ္တဝါမျိုးစုံ နေထိုင်တဲ့ နေရာတစ်ခုရဲ့ ဝင်ပေါက်ကို မတော်တဆ ဖွင့်မိသွားတဲ့အခါမှာတော့…..
.ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ရှူစားလိုက်ကြပါဦး..

ဇာတ်ကားလင့်
https://t.me/c/2186686827/276

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

1979 မှာ Jupiter ဂြိုလ်အနားကနေ voyager 1 ဂြိုလ်တုက ဖြတ်သွားရတော့ လမ်းကြုံ ဓာတ်ပုံရိုက်ပြီး ကမ္ဘာကိုပြန်ပို့နိုင်ခဲ့တယ် ။
ဒီကရတဲ့ ဓာတ်ပုံတွေထဲက Jupiter ဂြိုလ်ရဲ့ အရံလ Europa ကို ရိုက်ထားတဲ့ ပုံတွေ မှာထူးခြားတာတစ်ခုတွေ့တယ်။ ပုံမှန် ဂြိုလ်တွေရဲ့မျက်နှာပြင်မှာ ဂြိုလ်သိမ် တွေဝင်တိုက်တဲ့ ဒါဏ်တွေ ခံရလို့ ကျောက်ပေါက်မာတွေရှိနေတယ် ၊ အင်္ဂါဂြိုလ်၊ လတို့ မှာလိုမျိုးပေါ့ ။
ဒါမယ့် ၁၉၇၉ ကရခဲ့တဲ့ ပုံတွေမှာ အဲ့လိုမျိုးမရှိနေဘူး ဂြိုလ်က ချောမွေ့နေတော့ တစ်ခုခုထူးဆန်းနေတာ ပဲဆိုပြီးနောက်ထပ်လေ့လာရေးတွေဆက်လုပ်တယ်။ အဲ့မှာ ထပ်ရလာတဲ့ data တွေကြောင့် Europa မှာရေရှိနိုင်လောက်တယ်ဆိုတာကို သိလာရတယ်။ ဒါမယ့် ပိုသေချာရအောင် Europa အနားမှာ ဂြိုလ်တုတစ်လုံးထားပြီး လေ့လာလို့ရနေအောင် ဒီeuropa clipper mission ကို စတာ။ ရေရှိနေတဲ့အပြင် Europa ရဲ့ ရေအောက်မျက်နှာပြင်မှာ ကမ္ဘာ မှာလိုမျိုး Thermal မီးတောင်တွေ ရှိနိုင်လောက်တာကို ပါတွေ့ပြီး ဒီမီးတောင်တွေမှာ သက်ရှိရှင်သန်နေလောက်တာကိုပါ တွေးမိလာကြတယ်။
ပုံမှန် Jupiter ဂြိုလ်ရဲ့ဗဟို မှာ hydrogen တွေအများကြီးစုနေတယ်။ဒီမှာ အရမ်းများတဲ့ pressure နဲ့ temperature တွေကြောင့် ဒီက hydrogen ပုံစံ က gaseous ပုံစံမဟုတ်တော့ပဲ metallic liquid ပုံစံဖြစ်နေတယ်။အဲ့တာအပြင် Jupiter ကိုယ်တိုင်က အရမ်းများတဲ့ အရှိန်နဲ့လည်နေတာ ဆိုတော့ ဒီကနေ magnetic လှိုင်းတွေထွက်တယ်။ ကမ္ဘာမှာတစ်နှစ်လောက်ထွက်တဲ့ radiation ထက် အဆ ၂၀၀၀၀ လောက်များတယ်။
ဒီလို လှိုင်းတွေကြောင့် အနားမှာ ဖြတ်သွားတဲ့ electronic ပစ္စည်းမှန်သမျှ ကကြာကြာထားဖို့မလွယ်ပဲ ပျက်ဖို့လွယ်တယ်။ Voyager 1 ဖြတ်သွားတုန်းကလည်း ဒီလှိုင်းတွေကြောင့် တစ်ချို့ ကိရိယာတွေ အလုပ်မလုပ်တော့ပဲ ရပ်သွားတယ်။ဒီလှိုင်းတွေက Europa တို့ IO တို့လို Jupiter ရဲ့ အရံလတွေပေါ်မှာကို သက်ရောက်နေပြီး ဒီဂြိုလ်တွေမှာလည်း electronic chip တွေ ကြာကြာမခံဘူး။
အဲ့တော့ Europa အရံလအနားမှာ ဂြိုလ်တုတစ်လုံးကို အကြာကြီးထားပြီးလေ့လာရေးလုပ်ဖို့က မလွယ်ဘူးပေါ့ ကြာကြာရှိတာနဲ့ ဒီmagnetic လှိုင်းဒါဏ်တွေကြောင့် အထဲ က circuit တွေ အကုန်ပျက်ကုန်မှာပဲ ။
ဒီတော့ အခု Europa clipper mission မှာ အဲ့ပြဿနာကို ဖြေရှင်းဖို့ ဂြိုလ်အနားမှာ တစ်ချိန်လုံးပတ်ပြီးရှိနေတာထက် ဂြိုလ် အနားကို ခဏခဏ ဖြတ်ပျံမယ့်နည်းကို သုံးဖို့ရွေးထားတယ်။ ဂြိုလ်အနားက ဖြတ်ပျံမယ် ပြီးရင် အဲ့အချိန်အတွင်းမှာ ရသမျှ data ဖမ်း အကုန်ယူ ပြီး ဂြိုလ်အနားက အဝေးကိုမြန်မြန်ပြန်ထွက်ပြေး ပြီးကမ္ဘာကို data တွေပြန်ပို့မယ့် plan ပြင်ထားတယ်။
Europa mission က သိပ်မကြာလေးခင်ကမှ စတယ်ဆိုပေမယ့် ရလာမယ့် data တွေက လာမယ့် ၂၀၃၁ ကျ မှ ကမ္ဘာ ကိုစရောက်လာဖို့ရှိတယ် ။
ဒီကရတဲ့ Data တွေအပေါ်အခြေခံပြီး Europa မှာ ရေရှိမရှိ သက်ရှိတွေ အသက်ရှင်နေနိုင်မလားဆိုတာ ဆုံးဖြတ်လာနိုင်မယ်ပေါ့ ။
၂၀၂၂ ကလည်း ESA ( Europe space agency ) ကနေ ဘေးက အရံ လတစ်ခုကို mission လွှတ်ထားသေးတယ် ။ Europa clipper လည်း မရှေးမနှောင်းလောက်မှာရောက်ပြီး အတူတူလေ့လာရေးတွေလုပ်ကြမှာပါ။

image
1 y - Translate

Red Shoes and the Seven Dwarfs (202

IMDb Rating 6.2/10 ထိရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် . . .

အရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းက​နေတစ်မူကွဲထွက်​နေတဲ့ ကာတွန်း​ကား​ကောင်း​လေးတစ်ကားလို​ပြောလိုရပါတယ်။
ဒီကားထဲမှာ ပါ​လေရာသူရဲ​ကောင်း မင်းသားမာလင်နဲ့သူ့အ​ပေါင်းအပါ၆​ယောက်က ပါးစပ်သရမ်း​တော့ စုန်းမတစ်​ယောက်ရဲ့
ကျိန်စာမိပြီး လူပု​တို​လေး၇​ယောက်ဖြစ်​နေပါတယ်။ သူတိုကျိန်စာက​နေလွတ်ဖိုအတွက် ကမ္ဘာ​ပေါ်ကအလှဆုံး​သောမိန်းက​​လေး
ကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျ​တော့ တစ်မျိုး သူက ဘုတ်အီးမ​လေး သန်မာတယ် ချစ်ဖို​ကောင်းတယ်။ သူ့မိ​ထွေးကစုန်းမ
သူ့အ​ဖေကလည်း သူ့မိ​ထွေးစုန်းမမှန်းသိ​တော့ စနိုးဝိုက်​လေးကို​ဘေးကင်းရာပိုထားတယ်။ သူကိုယ်တိုင်လည်း​ပျောက်သွားတယ်။
စနိုးဝိုက်​လေးက သူ့အ​ဖေကိုရှာဖို သူ့မိ​ထွေးဆီအသွား သူ့မိ​ထွေးရဲ့ ထာဝရလှပ​စေမယ့် ​မှော်ဖိနပ်​လေးကိုစီးမိပြီး တအားလှသွား​ရော
သူစုန်းမလက်က​နေထွက်​ပြေးရင်း သူ့အ​ဖေမှာခဲ့တဲ့ သူရဲ​ကောင်း၇ဦး ဆိုတာကိုရှာရင်း အလွဲလွဲအ​ချော်​ချော်​လေး​တွေနဲ့ အဆုံးထိ
ကြည့်ချင်​အောင်ဆွဲ​ဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာ​မြောက် animation ကားကောင်း​လေးဖြစ်ပါတယ်။ အသံ​နောက်ခံ​တွေ
က​တော့ မင်းသား​ မာလင်​နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်​နေရာမှာက​တော့ ​ကော်ရီး​​တွေရဲ့
အချစ်​တော်အကိတ်မ​လေး Chloë Grace Moretz ဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/168

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

ဒါကတော့ Mars ဂြိုလ်ပေါ်မှာ လေ့လာရေးတာဝန်တွေထမ်းဆောင်နေတဲ့ Curiosity ယာဥ်ငယ်လေးပါ။ ယာဥ်ငယ်ဆိုပေမယ့် သူက အပြင်မှာ ကားတစ်စီးစာ အရွယ်ရှိပါတယ်။
သူ့အရင်မှာ Mars ဂြိုလ်ကို လွှတ်ဖူးတဲ့ Sojourner , Spirit , Opportunity လို့ခေါ်တဲ့ rover သုံးစီးရှိဖူးပါတယ်။သူကတော့ လေးစီးမြောက်ဖြစ်ပါတယ်။
၂၀၁၁ တုန်းက NASA က လွှင့်တင်ခဲ့တာဖြစ်ပြီးတော့ စဆောက်တုန်းကနှစ်နှစ်သက်တမ်းအတွက်ပဲဆောက်ခဲ့တာပါ။ ဒါပေမယ့် အခုချိန်ထိကို ၁၅နှစ်လောက် စူးစမ်းလေ့လာရေး mission တွေဆောင်ရွက်နိုင်နေဆဲပါ။အင်္ဂါဂြိုလ်ပေါ်မှာ အရင်ကရေတွေရှိခဲ့ဖူးတယ်ဆိုတာ သူ့ဆီကရတဲ့ မြေပြင်ဓာတ်ပုံတွေ ဒေတာတွေကြောင့်သိရပါတယ်။ကမ္ဘာနဲ့သူနဲ့ က တစ်နေ့ကို 8min လောက် connection အမြဲရှိပါတယ်။
Mars ဂြိုလ်ပေါ်ရောက်တဲ့ august လ6နေ့ ၂၀၁၂ ကို သူ့မွေးနေ့လို့သတ်မှတ်ထားပြီး အဲ့နေ့ရောက်တိုင်း သူတစ်ယောက်တည်း Happy birthday သီချင်းညည်းလေ့ရှိပါတယ်။အခုနောက်ပိုင်းနှစ်တွေမှာတော့ သက်တမ်းပိုရှည်အောင် NASA က ဒီ function ကိုပိတ်လိုက်ပါတယ်။အသံကတော့ဒီမှာသွားနားထောင်လို့ရပါတယ်။
https://m.soundcloud.com/nasa/....happy-birthday-from-
အခုတော့ ၂၀၂၁ မှာ Perseverance လို့ခေါ်တဲ့ နောက်ထပ်စူးစမ်းလေ့လာရေးယာဥ်တစ်စီးထပ်ရောက်ရှိ သွားပြီမို့ အင်္ဂါဂြိုလ်ပေါ်မှာ သူတစ်ယောက်တည်းမဖြစ်နေတော့ပါဘူး ။တစ်ခုရှိတာက သူတို့နှစ်စီးက Mars ရဲ့ ဟိုဘက်ခြမ်းဒီဘက်ခြမ်းမှာပါ။ပုံကလည်းသူကိုယ်သူ selfie ပြန်ဆွဲထားတာပါပဲ။

image