7 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာလည်တာ ရုတ်တရက် ရပ်သွားခဲ့ရင်
တကယ်လို့ ကမ္ဘာသာ မလည်တော့ပဲ ရုတ်တရက် ရပ်သွားခဲ့မယ်ဆိုပါစို့။ ဖြစ်လာမယ့် အကျိုးဆက်တွေကတော့ မတွေးဝံ့စရာပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ လေထု ၊ သမုဒ္ဒရာ စတာတွေကနေ လူနေအဆောက်အအုံတွေ အထိ အရာဝတ္ထုအားလုံးဟာ ကမ္ဘာ့အပေါ်ယံလွှာဆိုတဲ့ အပြင်ခွံမှာ ပါဝင်နေခြင်း မရှိပါဘူး။ အဲ့ဒီတော့ ကမ္ဘာကြီး လည်နေရာကနေ ချက်ချင်းရပ်ခဲ့မယ်ဆိုရင်ဖြင့်…
အပြင်ခွံပေါ်က အရာအားလုံး ( လေထု ၊ သမုဒ္ဒရာ အပါအဝင်)ဟာ အီနားရှား နိယာမ အရ နဂိုအရှိန်နဲ့ ဆက်လည်နေကြဦးမှာ ဖြစ်ပါတယ်။ အလွန်ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မှုတွေကို ကြုံကြရမှာ ဖြစ်ပြီး သမုဒ္ဒရာရေတွေဟာလည်း ကုန်းတွင်းပိုင်းထိ မြင့်တက်လွင့်စင်လာမယ့်အပြင် ဆူနာမီအပြင်းစားတွေ ဖြစ်ပေါ်လာမှာပါ။
ဒါက ကမ္ဘာလည်ခြင်း ရပ်လိုက်တာနဲ့ ချက်ချင်းခံစားရမယ့် Immediate Effect ဖြစ်ပါတယ်။ နာရီပိုင်းအကြာမှာပဲ “နေ့” နဲ့ “ည” ဆိုတဲ့ အချိန်ပိုင်းခြား သတ်မှတ်မှုတွေ ပြောင်းလဲသွားမှာပါ။ တရက်ဟာ ၂၄ နာရီမဟုတ်ပဲ တနှစ်ကြာချိန်နဲ့ တူတော့မှာ ဖြစ်ပြီး နေ့ ၆လ ည၆လ ဆိုပြီး သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာလည်နေတာဟာ သံလိုက်စက်ကွင်းဖြစ်ပေါ်မှုအတွက် မရှိမဖြစ်အရေးပါတဲ့ သဘာဝဖြစ်စဉ်တခုပါ။ သံလိုက်စက်ကွင်းဆ်ိုတာ ရှေ့ပို့စ်တွေမှာ တင်ထားသလိုပဲ ကမ္ဘာမြေကြီးကို အာကသထဲက အန္တရာယ်ကြီးတဲ့လှိုင်းတွေ ဝင်လာမှာကို ကာကွယ်ပေးနေတဲ့ ခံတပ်ကြီးဖြစ်ပါတယ်။ သံလိုက်စက်ကွင်းမရှိရင် အာကာသထဲက ဖျက်အားပြင်းလှိုင်းတွေကို တိုက်ရိုက်ခံရမှာကြောင့် အသက်ရှင်သန်ဖို့ မလွယ်ကူတော့ပါဘူး။
ဒါဖြင့် ရုတ်တရက် ရပ်သွားတာမျိုး မဟုတ်ပဲ ဖြည်းဖြည်းချင်း ရပ်သွားတာမျိုးဆိုရင်ရော ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ ချက်ချင်းကြုံတွေ့ရမယ့် အန္တရာယ် မရှိပေမဲ့
အချိန်နဲ့အမျှ ရင်ဆိုင်လာရမယ့် ပြဿနာတွေတော့ ကြီးပါတယ်။ ကမ္ဘာ့လည်နှုန်းကြောင့်ဖြစ်နေတဲ့ ဗဟိုဆွဲအားမရှိတဲ့အခါ သမုဒ္ဒရာရေတွေဟာ ဝင်ရိုးစွန်းဒေသမှာ စုဆုံကြတော့မှာ ဖြစ်ပါတယ်။ အီကွေတာ တဝိုက်က ရေတွေဟာ မြောက်နဲ့တောင် ဝင်ရိုးစွန်းကို ပြေးကပ်တာကြောင့် ကမ္ဘာလုံးရဲ့ အလယ်ပိုင်းတလျှောက် ကုန်းမြေထုဟာ တဖြည်းဖြည်း များလာပြီး ဝင်ရိုးစွန်းဒေသတွေမှာ သမုဒ္ဒရာတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
ဂေဟ စနစ်၊ ရာသီဉတု နဲ့ ရေသက်ရှိတွေရဲ့ ဖြစ်တည်မှု ပြောင်းလဲကုန်မှာပါ။
ဒါပေမဲ့ စိတ်ပူစရာတော့ မလိုပါဘူး။ ဘာလို့ဆို ကမ္ဘာလည်နှုန်းကို ရပ်တန့်စေနိုင်မယ့် စွမ်းအားပမာဏဟာ အင်မတန်များပြားတာကြောင့် လက်တွေ့ဖြစ်နိုင်ဖို့ မလွယ်ကူလှပါဘူး။ ဒါ့အပြင် တရက် ၂၄ နာရီမပြည့်တပြည့်ကနေ ၂၅နာရီဖြစ်လာဖို့အထိ ကမ္ဘာလည်နှုန်း နှေးမယ့်အချိန်ဟာ နောင်နှစ်ပေါင်း သန်း ၂၀၀ အထိ လိုသေးတာကြောင့်ပါ။ လူသားတွေရဲ့ ကံကြမ္မာဟာ နောင် နှစ်သန်း ၈၀၀ အထိပဲ ပါလာတာကြောင့် ကမ္ဘာကြီး လည်တာရပ်သွားရင်ဖြင့်ဆိုတဲ့ စိုးရိမ်စရာတော့ လုံးဝ မရှိပါဘူး။

image