44 ပတ် - ဘာသာပြန်ပါ။

ကြက်ဥပေါင်မုန့်ပူတင်းလုပ်နည်း
ပါဝင်ပစ္စည်း
ကြက်ဥ 5လုံး
ပေါင်မုန့် 5ချပ်
သကြား 1ဇွန်း
နွားနို့ 300ml
ဂျုံ 1ဇွန်း (ကိတ်ဂျုံ/ရိုးရိုးဂျုံ)
နို့မှုန့် 1ထုပ်
(ပေါင်မုန့်ပူတင်းကလုပ်ရအရမ်းလွယ်တာမို့ပါဝင်ပစ္စည်းကိုမိမိတို့အဆင်ပြေသလိုထည့်လို့ရပါတယ်)
-ပါဝင်ပစ္စည်းအားလုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ
-သကြားကို မီးအပူပေးပြီးအညှိရောင်သန်းလာတဲ့အထိ ထားပြီး ပေါင်းမယ့်ခွက်ထဲ လောင်းထည့်ထားပါ
- ပေါင်းခံခွက်ထဲက သကြားအရည်လေးတွေအေးလာမှ ကြိတ်စက်ထဲကအနှစ်လေးတွေကို ဇကာလေးနဲ့စစ်ပြီး ထည့်ပေးပါ
-ရေနွေးငွေ့နဲ့ပေါင်းတဲ့အခါမီးအပူချိန်ပေါ်မူတည်ပြီးပြောင်းတတ်တာမို့ နာရီဝက်လောက်တစ်ခါဖွင့်ကြည့်ပေးပါ ဖြိုးကတော့ 45 မိနစ်နီးပါးထိပေါင်းပြီးမှ အရမ်းစားကောင်းတဲ့ ပေါင်မုန့်ပူတင်းလေးရသွားပြီ🥰
#phyo
#ပေါင်မုန့်ပူတင်း
#ကြက်ဥပေါင်မုန့်ပူတင်း

image
44 ပတ် - ဘာသာပြန်ပါ။

စကားပြောနည်း
--------------------
🌾🌾🌾🌾🌾🌾🌾
အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။
မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။
ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။
သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာနားထောင်ပါ။
မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ - လုံးဝမပြောသင့်။
မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံးပေးပါ။
သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။
သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။(crd
မပြောမှီစဉ်းစား.....စဉ်းစားပီးမှပြော......
ပြောပီးစကား.........ပြန်စဉ်းစား..........
အမှားတကာ..အမှားထဲ...စကားမှာခြင်းက.....
ချစ်ခင်မှု...အရာရာပျက်ပြားစေပါတယ်.........
ကိုယ်စကားမှန်သိတိုင်.....တပါးသူနားမခံသာ...
စိတ်ထိအောင်မပြောရ....ကိုယ့်စကားကြောင့်....
တပါးသူအကျိုးရှိစေက....မဖြစ်မနေပြောပါ.......
အမှန်စကားခါးသည်....သို့သော်...ချိုသာသော....
မုသားသုံးပြောဆိုပါက.....တရားပါသည်။
မသိသောစကား..နှုတ်ဆိတ်နေခြင်းက......
မင်္ဂလာ တရားနှင့်ညီပါသည်........
ငါသာသိ...ငါသာတတ်..ဟူ၍...မပြောပါနှင့်...
စကားကိုမျှပါ...စကားကိုလု မပြောပါနှင့်.......
သူစကားဆုံးပီးမှ..ကိုယ်စကားစပြောပါ.........
စကားသည်အမှားပါတတ်၍....ထိမ်းပြောခြင်း.....
ဖြင့်...လိုသလောက်သာပြောပါ......
သူတပါးသည်....ကိုယ့်စကားနားမဝင်ပုံထောက်....
လျှင်အပြောရပ်၍..လမ်းကြောင်းလွှဲကာ..နှုတ်ဆက်ပါ..
စကားကြောင့်ပြုံး....စကားကြောင့်မုန်း။
တတ်သောကြောင့်..ချိုသာငြင်သာစွာပြောတတ်ပါစေ...
Credit
မေ

image
44 ပတ် - ဘာသာပြန်ပါ။

မန္တလေးဆေးရုံက ငလျင်ဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ လူကြမ်းဦးကျင်ဝမ်း❤️
မြန်မာ့တော်လှန်ရေးဇာတ်ကားတွေမှာ ဂျပန်ခေတ်က ဂျပန်အရာရှိအဖြစ် အမြဲတစေ သရုပ်ဆောင်ခဲ့တဲ့ ဦးကျင်ဝမ်း၊ ဇာတ်ကားတွေမှာ လူကြမ်းအဖြစ် ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် ဦးကျင်ဝမ်းဟာ မန္တလေးဆေးရုံကြီးသို့ ရောက်ရှိခဲ့ပါတယ်။ မန္တလေးက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ခွန်အားဖြစ်စေရန်အလို့ငှာ လှူဒါန်းငွေတွေကို ဆေးရုံကြီးထိကိုယ်တိုင်သွားပြီး လှူဒါန်းခဲ့တာပါ။ ဒါ့အပြင် ပြည်သူတွေကိုလည်း ပျော်ရွှင်စေရန်အလို့ငှာ သူတတ်ကျွမ်းတဲ့ ဂျပန်စကားနဲ့ အရွှန်းဖောက်ပြီး ပြောဆိုခဲ့ပါသေးတယ်။

#crd
#celenews

image
44 ပတ် - ဘာသာပြန်ပါ။

Part-3
*စကားပြောဆိုရာတွင် လိုက်နာရမည် ပထမဥပဒေသ၊ နားထောင်ပါ

ထိုကဲ့သို့ အဖြေများထွက်လာသည်မှာ ကျွန်တော်ဘာပြောသည်နှင့် မသက်ဆိုင်ဘဲ ကျွန်တော်ဘာကြားသည်နှင့်သာ သက်ဆိုင်သည်။ ကျွန်တော် နားထောင်ခြင်းကြောင့် ဖြစ်သည်။
ကွယ်လွန်သူဂျင်ဘီရှော့သည် ထင်ရှားသော စာရေးဆရာတစ်ယောက် ဖြစ်ပြီး မီယာမီတွင် နှစ်ပေါင်းများစွာနေထိုင်သော နယူးယောက်သား တစ် ယောက်ဖြစ်သည်။ တစ်ခါက သူစိတ်ဆိုးသည့် ကိစ္စတစ်ခုမှာ “နေကောင်း ရဲ့လား” ဟုမေးပြီး အဖြေကိုနားမထောင်သည့် သူများနှင့် ပတ်သက်သည်။ လူတစ်ယောက်ဆိုလျှင် ထိုသို့ မကြာခဏလုပ်သူ ဖြစ်သည်။ ထိုသို့ဖြင့် ဂျင်က ထိုပုဂ္ဂိုလ်နားမထောင်သည့် သူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားရန် စမ်းသပ်ကြည့်လိုက်သည်။ တစ်နံနက်၌ ထိုသူက ဂျင်ထံသို့ရောက်လာ သည်။ ထုံးစံအတိုင်းပင် စကားစ,ပြောသည်။ “ဂျင်... ဘယ်လိုလဲ၊ နေကောင်းရဲ့လား” ဟု မေးလိုက်သည်။ ဂျင်က “ကျွန်တော် အသည်း ကင်ဆာဖြစ်နေတယ်” သူက “ဟာ... သိပ်ကောင်းတာပေါ့ ဗျာ ပြောပါဦးဂျင်ရေ” ဟု ဆက်ပြောသည်။ ဂျင်ဘိရှော့က သူနှင့်တွေ့ဆုံသည့် သူသည် သူပြောစကားကို မေးရုံမေးပြီး နားထောင်သည့်သူမဟုတ်ကြောင်း သက်သေပြခဲ့သည်။
ဒေးလ်ကာနယ်ဂျီကလည်း မိတ်ဆွေတိုးပွားနည်း၊ သြဇာလွှမ်းမိုးနည်း ဆိုသည့် စောင်ရေ ၁၅ သန်း ရောင်းပြီးသည့်စာအုပ်၌ “စိတ်ဝင်စားမှုခံရရန်အတွက် စိတ်ဝင်စားပါ” ဟု ပို၍ ထိထိမိမိရေးသားခဲ့သည်။
သူက တခြားသူတွေဖြေချင်မည့် မေးခွန်းမျိုးကိုမေးပါ။ သူတို့ အကြောင်းနှင့် သူတို့ရဲ့ အောင်မြင်မှုအကြောင်းတွေကိုမေးပါ။ သင်နှင့် တွေ့ ဆုံနေသည့်သူများသည် သူတို့အကြောင်း၊ သူတို့၏ဆန္ဒများ၊ သူတို့၏ ပြဿနာများကို သင့်အကြောင်း၊ သင်၏ပြဿနာများအကြောင်းထက် အဆ ပို၍ စိတ်ဝင်စားကြောင်း မမေ့ပါနှင့်။ လူတစ်ယောက်၏ သွားနာသည့် ကိစ္စသည် တရုတ်နိုင်ငံ၌ လူသန်းပေါင်းများစွာ သေကျေသော ငတ်မွတ်မှု ကိစ္စထက်ပို၍ အရေးကြီးသည်။ လည်ပင်းပေါ်က အနာတစ်ခုသည် အာဖရိကတွင် အကြိမ် ၄ဝ လှုပ်ခဲ့သော ငလျင်ထက်ပို၍ အရေးကြီးသည်။ သူ့အတွက် ပို၍စိတ်ဝင်စားစရာဖြစ်သည်။ ထိုအကြောင်းကို နောင်တစ်ချိန် စကားစတင်ပြောလျှင် သတိရပါဟု သူကရေးခဲ့သည်။

image
44 ပတ် - ဘာသာပြန်ပါ။

တစ်မိသားစုလုံးကို အိမ်ပြန်ခေါ်လာနိုင်ခဲ့ပြီလို့ သုခဒိုင်းမွန်းရဲ့ သမီးဖြစ်သူ နှင်းဆီလင်းဝင်းပြော 💔

ဆုံးပါးသွားတဲ့ မိသားစုတွေကို သယ်ထုတ်နိုင်ခဲ့ပြီးနောက် အခုမှပဲ အိမ်သို့ပြန်ခေါ်လာနိုင်တော့တယ်လို့ သူမက ပြောပါတယ်။ အမေအရမ်းကြိုက်တတ်တဲ့ မုန့်ဟင်းခါး၊ အမဖြစ်သူကြိုက်တတ်တဲ့ မုန့်အချိုအပြင် ခဲအိုအကြိုက် ဖရဲသီးနဲ့ တူမလေးအကြိုက် Jelly လေးတွေကိုစားဖို့ ထည့်ထားပေးတာပါ။ ပိတ်မိနေတဲ့အတောအတွင်းမှာ ရေအရမ်းဆာနေမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ရေသောက်ဖို့ပါထားထားပေးသေးတာပါ။ အဆိုတော်ရဲနောင်ရဲ့ အမျိုးသမီး မိသားစုဝင်တွေဟာ Sky Villa Condo ပြိုကျမှုမှာ ပါဝင်ခဲ့ပြီး ရက်အတော်ကြာသည်အထိ အလျင်မီမကယ်ဆယ်နိုင်ခဲ့တဲ့နောက် မိသားစုဝင် ၄ ဦးလုံး ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

#crd
#celenews

image

#cute

44 ပတ် - ဘာသာပြန်ပါ။

extension cord
🔥 Power Universal Socket Extension - သင့်အိမ်နဲ့ရုံးအတွက် အကောင်းဆုံး Power Solution! 🔥

📢 Power Universal Socket Extension နဲ့ သင့်လျှပ်စစ်ပစ္စည်းတွေကို စမတ်ကျကျ စီမံလိုက်ပါ။ ဒီ multi-function power strip က သင့်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမှာပါ။

✅ **Versatile Design**: 6 universal sockets + 4 USB ports ပါဝင်ပြီး တချိန်တည်းမှာ ပစ္စည်း 10 ခုအထိ သုံးလို့ရပါတယ်။ Laptop, smartphone, tablet အကုန်လုံးအဆင်ပြေ။
✅ **Premium Quality**: အရည်အသွေးမြင့် copper conductor နဲ့ပြုလုပ်ထားပြီး တာရှည်ခံပါတယ်။
✅ **Wide Voltage**: 110-220V နဲ့အဆင်ပြေ၊ Rated Power 1500W ထိပံ့ပိုးပေးနိုင်ပါတယ်။
✅ **Safety First**: 3C certified ဖြစ်တာကြောင့် လုံခြုံစိတ်ချစွာ အသုံးပြုလို့ရပါတယ်။
✅ **Convenience**: 1.8m ကြိုးအရှည်နဲ့ USB ports တွေ ပါဝင်လို့ အသုံးပြုရလွယ်ကူပါတယ်။

🎯 **သတ်မှတ်ချက်များ** 🎯
- 4 USB Ports (1 typeC) + 6 Power Ports
- ကြိုးအရှည်: 2.6m (Overload Protection ပါ)
- Rated Current: 16A
- Rated Voltage: 250V

🏠 အိမ်၊ ရုံး၊ ဟိုတယ် စသဖြင့် နေရာအနှံ့အသုံးပြုလို့ရတဲ့ ဒီ power strip က သင့်မိသားစုရဲ့ အကောင်းဆုံး အဖော်ဖြစ်လာမှာပါ။
📦 **ပါဝင်ပစ္စည်း**: 1 Power Universal Socket Extension
#zeuspower #powerstrip #universalsocket #usbpower #homeessentials #officegadgets #myanmarshopping #techlovers

Eda Min မျှဝေသည်။ ပို့စ်  
44 ပတ်

45 ပတ်

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့
ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက မလိုလားကြပြန်ဘူး ။
လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ
တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး ။
လောကမှာ
တုံးအတဲ့သူတွေပဲ အထင်သေးခံရတယ်ထင်ခဲ့တာ
တကယ်တော့ ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော...
လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ
တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...
တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ
သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...
အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ ။
#crd

မိန်းကလေးတွေရဲ့ကံဇာတာကို အိမ်ထောင်ကျမှသိနိုင်တာ <br>မွေးဖွားလာတဲ့မိသားစုကိုရွေးချယ်ခွင့်မရှိပေမယ့် <br>အိမ်ထောင်ဖက်ခင်ပွန်းကိုတော့ရွေးချယ်လို့ရတာမို့ သေချာစဉ်းစားပြီးရွေးချယ်ပါအမျိုးသမီး

44 ပတ် - ဘာသာပြန်ပါ။

အမရပူရမြို့မှ ဆင်ကျုံးသွင်းပွဲတစ်ခု(1887-1897)

#crd

image