1 နှစ် - ဘာသာပြန်ပါ။

နှောင်းကာလ ဥက္ကာမိုးသွန်းခဲ့သလား နှင့် ရေ နဲ့ သက်ရှိရဲ့ မူလအစ
-----
နေအဖွဲ့အစည်း ဖြစ်တည်ပြီးစမှာ ကမ္ဘာဟာ ဂြိုဟ်သိမ်၊ ဥက္ကာခဲတွေ အများကြီး ဝင်ဆောင့် ခံရပေမယ့်၊ ဂြိုဟ်ကြီးတွေ ဖြစ်လာပြီးတဲ့အခါ ဂြိုဟ်သိမ် တိုက်မိတဲ့နှုန်းက လျော့သွားတယ်။ ဒါပေမယ့် နေနဲ့ ကမ္ဘာတည်ပြီး နှစ်သန်း ၅၀၀ ကြာပြီးတော့မှ ဥက္ကာခဲတွေ ဝင်တိုက်တဲ့နှုန်းက ရုတ်တရက် မြင့်လာတယ်လို့ ဆိုတယ်။ နေအဖွဲ့အစည်း ဖြစ်တည်ပြီး အတန်ကြာမှ ဖြစ်ပေါ်တာမို့ အဲဒီ့ဖြစ်စဉ်ကို နှောင်းကာလ ဥက္ကာမိုးသွန်းဖြစ်စဉ် (Late Heavy Bombardment)၊ အတိုကောက် LHB လို့ ခေါ်ကြတယ်။
LHB ဖြစ်ခဲ့ကြောင်း အယူအဆဟာ လပေါ်က ကျောက်နမူနာတွေကနေ အရင်းခံပါတယ်။ အပိုလို လဆင်းယာဉ် ခရီးစဉ်တွေကနေ ရရှိတဲ့ ကျောက်နမူနာတွေကို သက်တမ်းတွက်တဲ့အခါ ကျောက် နမူနာ အများစုက လွန်ခဲ့တဲ့ နှစ် ၃.၈-၄.၁ ဘီလျံမှာပဲ ရှိတယ်လို့ ထွက်ပေါ်လာပါတယ်။ သုတေသီတွေက “လ”မှာ ဥက္ကာခဲတွေ အများကြီးနဲ့ နောက်ဆုံး အကြိမ် ဝင်တိုက်ခဲ့တာဟာ လွန်ခဲ့တဲ့နှစ် ၄.၅ ဘီလျံ ဝန်းကျင် မဟုတ်ဘဲ၊ နှစ်သန်း ၅၀၀ခန့် နောက်ကျနေတယ်လို့ ယူဆတယ်။ LHB ဖြစ်စဉ်က လရဲ့ လက်ရှိ မျက်နှာသွင်ပြင်ကို ထုဆစ်ခဲ့တဲ့ နောက်ဆုံး ဥက္ကာမိုးရွာခြင်းလို့ အဆိုပြုကြတယ်။ ကျောက် သက်တမ်း တွေက LHB ဖြစ်စဉ်ဟာ နှစ်သန်း (၂၀) ကနေ (၂၀၀) အထိ ရှည်ကြာခဲ့နိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ ရေနဲ့ လေက အမြဲတမ်း တိုက်စားနေတာကြောင့် အလားတူ ကျောက်ပေါက်မတွေ မရှိတော့ပါ။ လမှာ ရာသီဥတု မရှိသလောက် ဖြစ်တာကြောင့် ချိုင့်ခွက်တွေကို အတိုင်းသား မြင်နေရတာ ဖြစ်ပါတယ်။ ကမ္ဘာရဲ့ ရှေးဦးတိရစ္ဆာန်တွေအတွက် ကျောက်ဖြစ်ရုပ်ကြွင်းတွေ ရှိသလိုပဲ၊ လရဲ့ မျက်နှာပြင်ဟာလည်း နေအဖွဲ့အစည်းရဲ့ ကနဦးဖြစ်ရပ်တွေအတွက် ကျောက်ဖြစ်ရုပ်ကြွင်း သဖွယ်ပါပဲ။ လရဲ့ ချိုင့်ခွက်အားလုံးဟာ ဥက္ကာခဲ ဝင်တိုက်ဖူးတဲ့ အမှတ်အသားတွေ ဖြစ်တယ်။ ဥက္ကာခဲ ဝင်တိုက်ပြီးချိန် မှာ ချိုင့်ခွက်ထဲက ကျောက်သားဟာ ပူလွန်းတဲ့အတွက် အရည်ပျော်သွားပါတယ်။ ကျောက် အရည်ပျော်ပြီ ဆိုရင် သူ့ထဲက ဓာတ်ငွေ့တချို့ထွက်၊ အရည်ပျော်မှတ်နိမ့်တဲ့ ဒြပ်သားတချို့က ပျော်ထွက် သွားတယ်။
ကျောက်တွေကို သက်တမ်းတွက်တဲ့အခါ ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်တွေကိုရဲ့ အချိုးအဆ ပြောင်းလဲပုံကို အချိန် ဘယ်လောက်ကြာပြီဆိုပြီး တိုင်းထွာရတာဖြစ်တယ်။ ယူရေနီယမ် ကနေ ခဲသတ္တုကို ပြောင်းနေတယ်ဆိုရင် ယူရေနီယမ်နဲ့ ခဲ ဘယ်လောက်ကျန်သလဲ တိုင်းထွားတာပါ။ ယူရေနီယမ် များများကျန်ရင် သက်တမ်းနုတယ်။ ခဲများများရှိရင် သက်တမ်းရင့်တယ်ပေါ့။ သဲနာရီနဲ့ သဘောတရားချင်း တူပါတယ်။ ကျောက်သားထဲက ဒြပ်စင်တွေကို ဒီလို တိုင်းထွာရတာ ဖြစ်လို့၊ ကျောက်တွေ အရည်ပျော်ပြီး၊ ဓာတု အချိုးအစား ပြောင်းသွားတာအခါ သဲနာရီလည်း သုညကို ပြန်ရောက်သွားပါတယ်။ ဒါကြောင့် ရေဒီယိုသတ္တိကြွ ဒြပ်စင်ကို သုံးတဲ့ ကျောက်သက်တမ်း တွက်နည်း ဟာ မီးသင့်ကျောက် တစ်ခု အေးခဲဖြစ်တည်ချိန်ကို ညွှန်ပြပါတယ်။ ဒါကြောင့် လပေါ်က ချိုင့်ခွက်တွေကနေ ယူလာတဲ့ ကျောက်နမူနာတွေကို သက်တမ်းတွက်တဲ့အခါ အဲဒီ့ ချိုင့်ခွက်တွေကို ဖြစ်စေခဲ့တဲ့ ဥက္ကာခဲဝင်ဆောင့်မှုတွေမှာ ကျောက်တွေ အရည်ပျော်ပြီး ပြန်အေးခဲချိန်ကို ကျွန်တော်တို့ ပြန်သိရတာ ဖြစ်ပါတယ်။
သုတေသီတွေက ချိုင့်ခွက်တွေရဲ့ အသက်ကို အဲဒီ့နည်းနဲ့ တွက်နိုင်တာကြောင့် ဥက္ကာခဲ ကြီးငယ် ဝင်ဆောင့်တဲ့ ယေဘုယျ ကြိမ်နှုန်းကို တွက်ချက်နိုင်တယ်။ ဥက္ကာခဲ ကြီးကြီး ဝင်တိုက်ရင် လွင့်စင်လာတဲ့ အပိုင်းအစတွေကြောင့် ဘေးနှုတ်ခမ်း ပတ်လည်မှာ ချိုင့်ခွက်ငယ်တွေလည်း ဖြစ်ပေါ်စေတယ် မဟုတ်လား။ လပေါ်က ချိုင့်ခွက်တွေရဲ့ အဲဒီလို အနေအထားနဲ့ သိပြီးသား ချိုင့်ခွက်သက်တမ်းကို သုံးပြီး ကျွန်တော်တို့ သေချာ မလေ့လာရသေးတဲ့ တခြား ဂြိုဟ်တွေရဲ့ ချိုင့်ခွက် သက်တမ်းတွေကိုပါ ခန့်မှန်း နိုင်ပါတယ်။ ချိုင့်ခွက် သိပ်သည်းဆများလေ၊ အဲဒီ့ဂြိုဟ်မျက်နှာပြင်ရဲ့ သက်တမ်းရင့်လေပဲပေါ့။
ဒီသုတေသနတွေကနေ ဗုဒ္ဓဟူးဂြိုဟ်နဲ့ သောကြာဂြိုဟ်မှာလည်း လနည်းတူ လွန်ခဲ့တဲ့ နှစ် ၄ ဘီလျံ ခန့်မှာ ဥက္ကာခဲတွေ အများကြီး ဝင်ဆောင့်ခံရတယ်လို့ တွေ့လာရတာကြောင့်၊ နေအဖွဲ့အစည်း အတွင်းပိုင်းကို ဂြိုဟ်သိမ် ဥက္ကာခဲတွေ ချဉ်းနင်းဝင်ရောက်ခဲ့ဖူးတယ်ဆိုတဲ့ LHB အယူအဆ ဖြစ်ပေါ် လာတာပါ။ LHB အယူအဆက နေအဖွဲ့အစည်းရဲ့ ယနေ့ခေတ် ဂြိုဟ်ပတ်လမ်းတွေ အထိုင်ကျခဲ့ပုံကို တွက်ချက်ပြထားတဲ့ နိစ်မော်ဒယ် (Nice model) နဲ့လည်း ချိတ်ဆက်တယ်။ နိစ် မော်ဒယ်မှာ နက်ပကျွန်း နဲ့ ယူရေးနပ်ဂြိုဟ်တွေဟာ ပတ်လမ်း နေရာချင်း လဲခဲ့တာကြောင့် နေအဖွဲ့အစည်း အပြင်ဘက်က ရေကြွယ်ဝတဲ့ ကြယ်တံခွန်တွေက အတွင်းဂြိုဟ်တွေဆီဘက်ကို လမ်းကြောင်းပြောင်းလာပြီး ဝင်ဆောင့် မိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ့တွက်ချက်မှုက LHB အတွက်လည်း အထောက်အထား ဖြစ်လို့ နေပါတယ်။
ရေဟာ နေကနေ အသင့်အတင့် ဝေးတဲ့ နေရာကျမှသာ ရေခဲအဖြစ် တည်ရှိခွင့် ရတာ ဖြစ်ပါတယ်။ အဲဒီ့နေရာကို ရေခဲမျဉ်းလို့ ခေါ်တယ်။ နေရှိန်ပြင်းတဲ့ ယနေ့ခေတ်မှာ ရေခဲမျဉ်းဟာ နေကနေ (၅) နက္ခတ္တယူနစ် (AU)၊ တနည်းအားဖြင့် နေမှ ကမ္ဘာ အကွာအဝေးရဲ့ ငါးပြန် အကွာအဝေးမှာ တည်ရှိ ပါတယ်။ နေအဖွဲ့အစည်း စတည်ချိန်က နေပျိုမှိန်မှာတော့ (၂.၇)ဆပဲ ရှိခဲ့တာပါ။
ကမ္ဘာအပါအဝင် အတွင်းဂြိုဟ်သုံးလုံး (ဗုဒ္ဓဟူး၊ သောကြာနဲ့ အင်္ဂါဂြိုဟ်တွေ) က ဘယ်တုန်းကမှ ရေခဲမျဉ်းပေါ်မှာ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်မှာ ရေရှိနေပါတယ်။ ကမ္ဘာမှာဆိုရင် မြေပြင်ပေါ်မှာကို ရေပမာဏ အမြောက်အများ ရှိနေတာပါ။ သုတေသီတွေကတော့ အဲဒီ့ရေဟာ ကမ္ဘာမှာ နဂိုတည်းက ရှိတာ မဟုတ်ဘဲ၊ ရေခဲမျဉ်းရဲ့ အပြင်ဘက်က ဥက္ကာခဲနဲ့ ကြယ်တံခွန်တွေဆီကနေ လာတာ ဖြစ်မယ်လို့ ယူဆကြပါတယ်။ LHB အယူအဆနဲ့ ပူးပေါင်းမိထားတဲ့ နိစ်မော်ဒယ်က ညွှန်ပြတဲ့ အာကာသဝတ္ထု အမျိုးအစား ကလည်း ရေအလွန်ကြွယ်ဝမယ့် ကြယ်တံခွန်တွေ ဖြစ်နေတယ်။ ဒါကြောင့် သုတေသီတွေက အပြင်ဂြိုဟ်ကြီးတွေရဲ့ ပတ်လမ်း မတည်ငြိမ်မှုကြောင့် နေအဖွဲ့အစည်း အပြင်ဘက်က ကြယ်တံခွန်တွေ က ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တွေဆီကို လွန်ခဲ့တဲ့ နှစ် (၄) ဘီလျံခန့်မှာ လွင့်စင်ရောက်ရှိခဲ့ပြီး ကမ္ဘာ့ သမုဒ္ဒရာတွေကို ဖန်တီးခဲ့နိုင်တယ်လို့ ယူဆလာပါတယ်။

#ဆက်ရန်

image

စွမ်းအင်နဲ့ ဓါတ်သတ္တုဆိုင်ရာ သဘောတူညီချက် အမေရိကန်နဲ့ ယူကရိန်း လက်မှတ်ထိုး
ဝါရှင်တန်၊
မျိုးဆက်(VOM)
ယူကရိန်းရဲ့ စွမ်းအင်နဲ့ ဓါတ်သတ္တုအရင်းအမြစ်တွေကို ပူးတွဲအသုံးချရေး သဘောတူညီချက်ကို ယူကရိန်းနဲ့ အမေရိကန်တို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ရုရှားနဲ့ စစ်ပွဲအပြီးမှာ ယူကရိန်းစီးပွားရေး နာလန်ထူစေဖို့ ပြန်လည်တည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေထူထောင်ဖို့ကိုလည်း ယူကရိန်းနဲ့ အမေရိကန်တို့ သဘောတူခဲ့ပါတယ်။ ယူကရိန်းမှာ ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို နှစ်ဖက်စလုံးက ကတိကဝတ်ပြုထားကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောပါတယ်။
ယူကရိန်းကတော့ ဒီသဘောတူညီချက်ဟာ အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေရယူရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ ယူကရိန်းမှာ ဂရပ်ဖိုက်၊ တိုက်တေနီယံနဲ့ လစ်သီယမ်လို အရေးပါတဲ့ ဓါတ်သတ္တုအများအပြားရှိတယ်လို့ ယုံကြည်ရပါတယ်။
ရှားပါးသတ္တုတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ စက်မှုအခြေခံအဆောက်အအုံတွေမှာ အရေးပါတာကြောင့် လိုအပ်ချက်မြင့်မားနေပါတယ်။ ကမ္ဘာမြေရှားသတ္တုတွေရဲ့ ၉၀ ရာခိုင်နှုန်းစျေးကွက်ရှိနေတဲ့ တရုတ်နဲ့အမေရိကန်တို့အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေချိန်မှာ ယူကရိန်းနဲ့ အမေရိကန်တို့ သဘောတူညီချက် ရယူခဲ့တာဖြစ်ပါတယ်။
သယံဇာတအရင်းအမြစ်တွေကို ယူကရိန်းက ထိန်းချုပ်သွားမှာဖြစ်ပြီး ဓါတ်သတ္တု၊ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ဆိုင်ရာ စီမံကိန်းတွေမှာ အမေရိကန်ကုမ္ပဏီတွေက ပါဝင်သွားမှာဖြစ်ကာ ထုတ်လုပ်မှုအကျိုးအမြစ် အချိုးတူရရှိမှာဖြစ်ပါတယ်။
ဒီသဘောတူညီချက်အပါအဝင် စစ်ရေးကူညီထောက်ပံ့မှုတွေ ဆွေးနွေးဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ဖေဖော်ဝါရီလအတွင်းက အိမ်ဖြူတော်ကို သွားရောက်ခဲ့ပေမယ့်လည်း ဒေါ်နယ်ထရန့်နဲ့ စကားအခြေအတင်များပြီးနောက်မှာ သဘောတူညီချက်အတွက် နှောင့်နှေးခဲ့ပါတယ်။

image

အမေရိကန်စီးပွားရေး သုံးနှစ်အတွင်း ပထမဆုံးအကြိမ်ကျဆင်း၊ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ထရန့်အပြစ်တင်
ဝါရှင်တန်၊
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်ကောက်ခံမှု အစီအစဉ်တွေကြောင့် အမေရိကန်စီးပွားရေးဟာ ယခုနှစ်ပထမသုံးလအတွင်း မထင်မှတ်ဘဲ ကျဆင်းသွားပြီး ဒီလိုစီးပွားရေးကျဆင်းမှုဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကြောင့်လို့ ထရန့်က ပြောပါတယ်။
ဒါဟာ သုံးနှစ်တာကာလအတွင်း နိုင်ငံဂျီဒီပီကျဆင်းမှု ပထမဆုံး သုံးလပတ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သုည ဒဿမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ အချက်အလက်တွေက ဆိုပါတယ်။
ဒေါ်နယ်ထရန့်ကတော့ သူ့ရဲ့ ကုန်သွယ်ရေးမူဝါဒတွေကြောင့် အမေရိကန်မှာ ရင်းနှီးမြုပ်နှံမှုတွေ မြင့်တက်လာတယ်လို့ ပြောပါတယ်။ “ စီးပွားရေးကျဆင်းမှုက ဘိုင်ဒင်လို့ ပြောရမှာပဲ၊ ထရန့်မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငါတို့ဇန်နဝါရီလကမှ အစိုးရဖြစ်လာတယ်။ ဒါတွေဟာ သုံးလတကြိမ် ကိန်းဂဏန်းတွေဖြစ်ပြီး ဘိုင်ဒင်လု်ပခဲ့တာတွေကို ဆန့်ကျင်တယ် ” လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ဂျီဒီပီရဲ့ သုံးပုံနှစ်ပုံကျော်ရှိတဲ့ စားသုံးသူ အသုံးစရိတ်ဟာ ၁ ဒဿမ ၈ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုထားပေမယ့် ဒါဟာ ယခင်သုံးလပတ် ၄ ရာခိုင်နှုန်းရှိခဲ့တာထက် သိသိသာသာ ကျဆင်းနေဆဲဖြစ်ပါတယ်။
သွင်းကုန်တွေဟာ ၂၀၂၄ ခုနှစ် နောက်ဆုံး သုံးလပတ်မှာ ၁ ဒဿမ ၉ ရာခိုင်နှုန်းကျဆင်းသွားပေမယ့် လက်ရှိသုံးလပတ်မှာ ၄၁ ဒဿမ ၃ ရာခိုင်နှုန်းထိ အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့ပြီး ဒါဟာ ထရန့်ရဲ့ အခွန်ကောက်ခံမှုတွေ မစတင်ခင် ဝယ်လိုအားရဲ့ အရှိန်အဟုန်ကို ထင်ဟပ်နေပါတယ်။
ဂျီဒီပီကျဆင်းမှုဟာ သွင်းကုန်ကြောင့် အများစုဖြစ်တတ်ပြီး စီးပွားရေးနှေးကွေးမယ့် အရိပ်လက္ခဏာမရှိသေးဘူးလို့ လေ့လာသူတွေက ဆိုထားပြီး ထရန့်ရဲ့ အခွန်ကောက်ခံမှုဟာ စားသုံးသူအသုံးစရိတ်နဲ့ အလုပ်အကိုင်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ကြီးထွားနေပါတယ်။

image

အိန္ဒိယမှာ မြွေသေကောင်ပါတဲ့ အစားအသောက်တွေစားပြီး ကလေးငယ် ၁၀၀ ကျော် နာမကျန်းဖြစ်
ဒေလီ၊ မေ-၂-၂၀၂၅
ရတီ(VOM)
အိန္ဒိယနိုင်ငံမှာ ကျောင်းသားကလေးငယ်တွေကို ကျွေးမွေးတဲ့အစားအစာထဲမှာ မြွေသေတကောင်တွေ့ရှိပြီးနောက် ကလေးငယ် ၁၀၀ ကျော် နာမကျန်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အိန္ဒိယလူ့အခွင့်အရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
ထမင်းဟင်းချက်ပြုတ်သူဟာ မြွေသေကောင်ကို ဖယ်ရှားခဲ့ပေမယ့်လည်း နေ့လယ်စာကျွေးမွေးတာကို ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ လူ့အခွင့်အရေး ကော်မရှင်ကဆိုပါတယ်။ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ် မိုကာမာမြို့မှာ ကလေးငယ် ၅၀၀ လောက်ကို ကျွေးမွေးခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ ကျောင်းသားတွေအတွက် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေအပါအဝင် အသေးစိတ်အစီရင်ခံစာကို နှစ်ပတ်အတွင်းပေးဖို့ ပြည်နယ်အာဏာပိုင်တွေကို ကော်မရှင်က တောင်းဆိုထားပါတယ်။
ကလေးငယ်အများစု ဖျားနာပြီးနောက် ဒေသခံတွေဟာ လမ်းတွေပိတ်ဆို့ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ စာသင်ကျောင်းတွေမှာ နေ့လယ်စာ အခမဲ့ကျွေးမွေးတဲ့အစီအစဉ်ကို ၁၉၂၅ ခုနှစ်အတွင်း ချန်နိုင်းက ဆင်းရဲသူတွေအတွက် စတင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အစားအသောက်တွေရဲ့ သန့်ရှင်းဘေးကင်းမှုအပေါ် တိုင်ကြားမှုတွေလည်းရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း ဘီဟာပြည်နယ်မှာ မသန့်ရှင်းတဲ့ အစားအစာတွေကြောင့် ကျောင်းသားကျောင်းသူ ၂၃ ယောက် သေဆုံးခဲ့ပြီး ဒါဟာ ပိုးသတ်ဆေးပါဝင်မှု အဆင့်အလွန်မြင့်မားတာတွေကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(မေ - ၂ ရက်)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၂၅၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၆၇၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၄၂၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၀၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၉၈၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၇၂၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၉၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၈၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၀၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၀ ကျပ်
ဝယ်ဈေး - ၃၃၄၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၇၀ ကျပ်
ဝယ်ဈေး - ၄၈၇၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၁၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၀၆ ကျပ်
ဝယ်ဈေး - ၅၉၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၂၆ ကျပ်
ဝယ်ဈေး - ၂၉.၆၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၀၆ ကျပ်
ဝယ်ဈေး - ၅၁.၀၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၇ ကျပ်
ဝယ်ဈေး - ၃.၀၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၅၀ ကျပ်
ဝယ်ဈေး - ၅၇၄၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၀ ကျပ်
ဝယ်ဈေး - ၂၇၇၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၁၂၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၇ ကျပ်
ဝယ်ဈေး - ၅၅၆ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၇ ကျပ်
ဝယ်ဈေး - ၁၁၇၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
1 နှစ် - ဘာသာပြန်ပါ။

I Am a Hero {2015}

ဟီဒဲအို ဟာ အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး
မအောင်မြင်သေးတဲ့ ကာတွန်းဆရာတစ်ယောက်ဖြစ်ပါတယ်...

အတူနေ ချစ်သူ ရှိပြီး ကာတွန်းဆွဲတဲ့အလုပ်
ကိုဇောက်ချ လုပ်နေပေမဲ့ အရံ ကာတွန်းဆရာဘ၀
ကနေတိုးတက်မလာပါ

အကြွေးတွေလဲတင် ချစ်သူကလဲ ငြိုငြင်လာ
ဟီဒဲအို ဘ၀ မှာ စိတ်ညစ်စရာတွေပဲ များနေခဲ့ပါတယ်...

တစ်ရက်မှာတော့ ဟီဒဲအို တို မြိုမှာပဲ
ခွေးကိုက်ခံရာကနေကူးစက်တက်တဲ့
ရောဂါတစ်မျိုး ပျံ့နှံ လာပြီး
ဟီဒဲအို ၏ အနီးဆုံး သူများကို ကူးစက်ခဲ့သော်အခါ....

ဒီရုပ်ရှင်ကားဟာ မကြာသေးခင်က
Facebook မှာVideo Clip အတိုလေး ပြန့်ပြီး
လူတိုင်းကြည့်ချင်နေတဲ့ဂျပန် ဇွန်ဘီ အက်ရှင်ကား
တစ်ကား ဖြစ်ပါယတ်IMDb Rating လဲ
မနည်းသလို ဇတ်လမ်းကလဲမဆိုးတဲ့
ရုပ်ရှင်ကားပါပဲသွေးထွက်သံယိုတွေ
ကိုက်ဖြတ်တာတွေ မကြည့်ချင်တဲ့သူတွေကတော့
ဒီလိုကားမျိုးကို ရှောင်သင့်ပါတယ်...

image
1 နှစ် - ဘာသာပြန်ပါ။

May လ ၂ ရက်ယနေ့ဟာ
Miss Universe Philippines 🇵🇭 2025 ရဲ့
Final Night ဖြစ်ပါတယ်✨
Ahtisa က Preliminary မှာ အမှားယွင်းမရှိ
အကောင်းဆုံး perform လုပ်နိုင်ခဲ့တာမို့
Thailand 🇹🇭 မှာ Host လုပ်မယ့် ဒီနှစ် MU မှာ
Ahtisa ကို MUPH Winner တစ်ယောက်အဖြစ်
Representative လုပ်တာ မြင်ချင်မိပါတယ်🍒
Good Luck 🔥