#စွယ်တော်ရွက် ဆေးဖက်ဝင်  
သွေးသားခန်းခြောက်သော   ရောဂါ 
သလိပ်နာ ၊ ကိုယ်ပူနာ ၊လေနာတို့ကို  နိုင်သည် 
စွယ်တော်ပွင့်ဖြူသည်    ချို ၊ ငန် သော  အရသာ   ရှိ၏...။    ဝမ်းမီးကို   ချုပ်စေ၏၊ 
နှုတ်ကို   မိန်စေ၏ ၊  သွေးဖောက်ပြန်သော 
ဝေဒနာ ၊ ထိခိုက်ဒဏ်နာ ၊ ချောင်းဆိုးနာ ၊ 
သည်းခြေနာ ၊ပန်းနာတို့ကို    နိုင်၏...။ 
အဖြူနှင့်   အနီပွင့်သည်   ပုံဏ္ဍာန်   အနည်း 
ငယ်   ကွဲလွဲသည်မှ    တစ်ပါး    အာနိသင် 
အတူတူပင်    ဖြစ်သည်.....။ 
အသုံးပြု ပုံ....... 
စွယ်တော်ရွက်နုများကို    ဟင်းချိုချက်သောက်၍  လည်ကောင်း  ၊ ကြော်ချက်ပြုလုပ်၍လည်ကောင်း  ၊စားသုံးနိုင်သည်....။ 
အပူငြိမ်းစေခြင်း   အိပ်ပျော်စေခြင်းနှလုံးကို အားရှိစေခြင်း ၊  အကျိုးများရရှိစေပါသည်....။ 
စွယ်တော်နီသည်   အေးဖန်၍   ဝမ်းမီးကို 
တောက်စေသည်...။   ဝမ်းကို   ချုပ်စေတက် 
သည်...။  သလိပ်နာ ၊ လေနာကို   နိုင်၏...။ 
အဝါပွင့်သည်   ဖန်၏...။ 
စွယ်တော်   အငယ်မျိုးသည်    တြိဒေါသနာ၊ 
ဦးခေါင်း၍    ပေါက်သော    အနာကို  နိုင်၏။ 
နို့ရည်ကို    ပွားစေတက်သည်...။ 
စွယ်တော်ပန်းဖြူကို    ပြုတ်သောက်ပါက 
ဆီးနည်းခြင်း ၊ အသည်းရောင်  အသားဝါဖြစ် 
ခြင်း     စသည့်ရောဂါများ   ပျောက်သည်...။ 
ခရမ်းရောင်သည်    သွေးအညစ်အကြေးကို 
ပယ်စွန့်၍     မီးယပ်သွေးဆုံးပျောက်သည်...။ 
အညွန့်များကိုပြုတ်သောက်ခြင်းဖြင့် 
သွေးပုပ်ကင်းစင်ပြီး   အသက်ရှည်   ကျန်းမာ 
စေသည်.....။ 
အဆစ်ရောင်ရမ်းခြင်း ၊  အဆစ်ကိုက်ခြင်း 
ဆီအနယ်ကျခြင်းတို့ကို   ပျောက်စေသည်...။ 
အမြစ်ပြုတ်ရည်ကို   သောက်သုံးခြင်းဖြင့် 
ဆီးလမ်းကြောင်း     နာကျင်ကိုက်ခဲခြင်းကို 
ပျောက်စေသည်....။ 
ရေငတ်ခြင်းကို   ပယ်၍    ထုံကျင်ခြင်းကို 
ကာကွယ်နိုင်သည်....။ 
စွယ်တော်ပင်သည်     တေဇောပျက်၍ 
အောက်ပိုင်း   ညောင်းညာကိုက်ခဲခြင်းကို 
သက်သာပျောက်ကင်းစေသော    တန်ဖိုးကြီး 
မားသည့်    ဆေးပင်တစ်ပင်    ဖြစ်ပါသည်...။ 
Crd



