လျစ်လျူရှုမထားသင့်သော heart attack လက္ခဏာများ
နေ့စဉ် လှုပ်ရှားရုန်းကန်နေရတဲ့ဘဝမှာ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းနွမ်းနယ်မှု စတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအပြင် ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ သွေးတိုးခြင်း၊ ဆီးချို သွေးချို၊ အဝလွန်ခြင်းတို့ကို ရင်ဆိုင်နေရပါတယ်။ များသောအားဖြင့် နှလုံးနဲ့ ပတ်သက်ဆက်နွယ်တဲ့ ရောဂါ တွေက ပိုပြီးအဖြစ်များသလို နှလုံးရောဂါကြောင့် လူလေးယောက်မှာ တစ်ယောက်နှုန်း သေဆုံးကြောင်းလည်း ဆေးပညာစာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
ရုတ်တရက်နှလုံးအမောဖောက်ခြင်း ( heart attack) ဆိုတာက ရုပ်ရှင်တွေထဲမှာလို ရင်ဘတ်ဖိပြီး ဘုန်းကနဲပစ်လဲသွားတာမျိုးလောက် မရိုးရှင်းပါဘူး။ နှလုံးကသတိပေးနေတဲ့ ရောဂါလက္ခဏာတွေကို အမြဲမပြတ်သတိချပ်ပြီး စောစီးလျင်မြန်စွာကုသမှ အသက်အန္တရာယ်ကနေစိတ်ချရမှာ ဖြစ်ပါတယ်။
ဘယ်လိုမျိုးရောဂါလက္ခဏာတွေ ပြလာရင် Heart attack မှန်း သိနိုင်ပါသလဲ
ရင်ဘတ်ထဲမှာ သက်တောင့်သက်သာ မရှိခြင်း
ရင်ဘတ်ကြီးထဲမှာ တင်းတင်းကျပ်ကျပ်ဖြစ်ပြီး နာကျင်မယ်၊ သက်တောင့်သက်သာ မရှိဘူးလို့ ခံစားနေရရင် အချိန်မီ ဆေးခန်းပြေးသင့်ပါတယ်။ ဒါက heart attack ရဲ့ ရှေ့ပြေးလက္ခဏာလို့ ပြောလို့ရပါတယ်။
လက်မောင်းတစ်လျှောက် နာကျင်လာခြင်း
လက်မောင်းတစ်လျှောက် နာကျင်မှုကိုခံစားရတဲ့အခါ လူတွေက နှလုံးရောဂါအပြင်းစားကို ဖော်ပြနေပြီလို့ သတိမပြုမိတတ်ကြပါဘူး။ ရင်ဘတ်ထဲက အောင်တဲ့အအောင့်က ဘယ်ဘက်လက်မောင်းတောက်လျှောက် တဖြည်းဖြည်းရောက်လာတယ်ဆိုရင်တော့ ပေါ့ဆမနေဘဲ ဆေးရုံပြေးပြီး ECG ဆွဲရပါမယ်။
လည်ချောင်း ဒါမှမဟုတ် မေးရိုး နာကျင်ခြင်း
အမျိုးသမီးတွေမှာဆိုရင် ရင်ဘတ်အောင့်တာအပြင် မေးရိုး ဒါမှမဟုတ် လည်ပင်းတစ်ဝိုက်မှာ နာကျင်ခြင်းတွေ ပြတတ်ပါတယ်။ ရင်ဘတ်ထဲကနေ နာကျင်မှုက လည်ချောင်း ဒါမှမဟုတ် မေးရိုးတွေထိပါ နာကျင်လာတယ်ဆိုရင် ဒါက သေချာပေါက် heart attack လက္ခဏာပါပဲ။
အလွန်အမင်း မောဟိုက်လာခြင်း
အရင်တုန်းက အသာလေး လုပ်နိုင်တဲ့ အလုပ်တွေကို မောဟိုက်ပင်ပန်းစွာ ဆောင်ရွက်နေရပြီဆိုရင်တော့ ဒါက heart attack ရဲ့ လက္ခဏာပါပဲ။
ချွေးထွက်လွန်ခြင်း
ရင်ဘတ်ထဲက အောင့်ပြီး မောဟိုက်ပင်ပန်းလာမယ် ရင်ဘတ်ထဲမှာ ဖျစ်ညှစ်ထားသလို ခံစားနေရတာတွေအားလုံးက ချွေးစေးပြန် မအီမသာ ဖြစ်ခြင်း၊ အော့အန်မူးဝေခြင်းရဲ့နောက်ဆက်တွဲ ဖြစ်တာဆိုရင်တော့ ဒါက သေချာပေါက် heart attack ရဲ့ လက္ခဏာအကြီးစားပဲ ဖြစ်ပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ ရောဂါလက္ခဏာတွေအားလုံးကို သင်ဒါမှမဟုတ် သင်နဲ့ နီးစပ်သူတစ်ယောက်ယောက်က ခံစားနေရပြီဆိုရင်တော့ အကူအညီ ချက်ချင်းပေးဖို့ လိုပါတယ်။ တကယ်လို့ မိနစ် ၃၀ ဒါမှမဟုတ် ဒီ့ထက်ပိုကြာသွားမယ်ဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရနိုင်ချေရှိပါတယ်။ ဒါကြောင့် ပေါ့ဆမနေဘဲ အချိန်မီ ဆေးရုံကိုသွားပြနိုင်ရင် အကောင်းဆုံးဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါတယ်။

image
image
image
48 w - Translate

နှလုံးသားက သိပ်တန်ဖိုးရှိတယ် ။
အလှဆုံးအရာတွေပဲ ထည့်ထားရမယ် ။

စိတ်ခံစားချက်က ဈေးကြီးတယ် ။
ကိုယ့်ကို ပျော်ရွှင်စေတဲ့ လူနဲ့ပဲ ထိတွေ့ဆက်ဆံရမယ် ။
#စာတို

image

တန်ဖိုးရှိအောင်နေမှ တန်ဖိုးရှိတယ်ထင်ခဲ့တာ။
ဘယ်ဟုတ်မလဲ
တန်ဖိုးသိတဲ့လူလက်ထဲရောက်ရင်
ဘယ်လိုဖြစ်တည်မှုပဲဖြစ်ဖြစ် တန်ဖိုးရှိတယ်တဲ့။

image

#ဝက်ချိုချဉ်ကြော်

အိုးထဲ ဆီထည့်ပီး ဆီဆူလာရင်
ကြိတ်ထားတဲ့ ကြက်သွန်ဖြူ ခဏထည့်ပီး
နွမ်းလာရုံမွှေပါ။
အသင့်လှီးထားတဲ့ သုံးထပ်သားထည့်ပီး
ဆား,သကြား,အရသာမှုန့်ထည့် မွှေပါ။
ဝက်သားကို ရေမြုပ်အောင်ထည့်ပီး အဖုံးအုပ်ထားပါ။
အသား နဲ့ အခေါက်လေးများ နူးအိလာရင်
ခရမ်းချဉ်သီး နဲ့ Chili Sauce ထည့်မွှေပီး အဖုံးအုပ်ထားပါ။
ခရမ်းချဉ်သီးများ ပျော့အိလာတဲ့အခါ
နာနတ်သီးထည့်မွှေပီး ၁ မိနစ်ကြာရင်
ပန်းငရုတ်ပွ,ပန်းဂေါ်ဖီ,ရေပြောင်းဖူး,ကြက်သွန်နီ ထည့်မွှေလိုက်ပါ။
အိုးမချခင် ၁ မိနစ်အလိုမှာ ကော်ရည်ထည့်မွှေပါ။
အသီးအရွက် ခပ်ကျွတ်ကျွတ်အနေအထားမှာ
အိုးချစားသုံးပါ။

_____________________________________________________

ကော်မှုန့် ထမင်းစားဇွန်းကို ရေဖျော်ထားပါ။
ကြက်သွန်ဖြူ ၅ မွှာ ကြိတ်ထားပါ။
ဝက်သား ၃ ထပ်သားကို လှီးဖြတ်ထားပါ။

ချိုချဉ်ကြော် အရသာအတွက်
နာနတ်သီး,ခရမ်းချဉ်သီး,Chili Sauce ဒီ ၃ မျိုးက
မပါမဖြစ်မို့ ထည့်ရပါမယ်။

Crd

image
Khine Su Zin shared a post  
48 w

48 w

နှစ်လုံးတွဲ အဂ်လိပ်စကားလုံးတိုများ
တစ်နေ့နဲနဲ အဂ်လိပ်စာလေ့လာကြမယ်
#easyenglish
#englisheverywhere

image
image
image
image
image
48 w - Translate

နှစ်လုံးတွဲ အဂ်လိပ်စကားလုံးတိုများ
တစ်နေ့နဲနဲ အဂ်လိပ်စာလေ့လာကြမယ်
#easyenglish
#englisheverywhere

image
48 w - Translate

နှစ်လုံးတွဲ အဂ်လိပ်စကားလုံးတိုများ
တစ်နေ့နဲနဲ အဂ်လိပ်စာလေ့လာကြမယ်
#easyenglish
#englisheverywhere

image
48 w - Translate

နှစ်လုံးတွဲ အဂ်လိပ်စကားလုံးတိုများ
တစ်နေ့နဲနဲ အဂ်လိပ်စာလေ့လာကြမယ်
#easyenglish
#englisheverywhere

image
48 w - Translate

နှစ်လုံးတွဲ အဂ်လိပ်စကားလုံးတိုများ
တစ်နေ့နဲနဲ အဂ်လိပ်စာလေ့လာကြမယ်
#easyenglish
#englisheverywhere

image
48 w - Translate

နှစ်လုံးတွဲ အဂ်လိပ်စကားလုံးတိုများ
တစ်နေ့နဲနဲ အဂ်လိပ်စာလေ့လာကြမယ်
#easyenglish
#englisheverywhere

image