ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
The Hunger Games: Sunrise on the Reaping မှာပါဝင်လာမယ့် Elle Fanning
Elle Fanning ကတော့ မကြာသေးခင်က အော်စကာဆန်ခါတင်ခံရတဲ့ “A Complete Unknown” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ သူမရဲ့ နောက်ထွက်မယ့် ပရောဂျက်တွေကတော့ “Sentimental Value” ၊ Apple TV+ ကထုတ်မယ့် “Margo’s Got Money Troubles”၊ နဲ့ “Predator: Badlands” တို့မှာ ပါဝင်သရုပ်ဆောင်ထားမှာဖြစ်ပါတယ်။
The Hunger Games: Sunrise on the Reaping’ မှာ Elle Fanning က Panem stylist တစ်ယောက်အဖြစ်ပါဝင်မှာဖြစ်ပြီး ဒီဇာတ်ကားမှာ အရင်တုန်းက Elizabeth Banks က သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် The Hunger Games: Sunrise on the Reaping” ရုပ်ရှင်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၀ မှာ ရုံတင်ပြသမှာဖြစ်တယ်လို့သိရပါတယ်။ ၂၀၁၂ ခုနှစ်က “Catching Fire” ကတည်းက ဒီ ရုပ်ရှင် ဇာတ်လမ်းတွဲတွေကို ဒါရိုက်တာ လောရင့်စ်က ရိုက်ကူးခဲ့ပြီး၊ ဒီတစ်ကားကိုလည်း သူကပဲ ရိုက်ကူးမှာဖြစ်ပါတယ်။
“Sunrise on the Reaping” စာအုပ်ကို မတ်လ ၁၈ ရက်နေ့မှာ ထုတ်ဝေခဲ့ပြီး၊ “The Hunger Games” ရဲ့ ဖြစ်ရပ်တွေမတိုင်ခင် Panem ကမ္ဘာရဲ့ ၂၄ နှစ်အရင်က အကြောင်းတွေကို ပြန်ပြမယ့်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း စာအုပ်ထဲက အကြောင်းတွေနဲ့ပဲ လာမှာဖြစ်တယ်လို့သိရပါတယ်။