Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တရုတ်တိုင်ပေ ငလျင် လူ(၁၅)ဦး ဒဏ်ရာရ
--------------------------
တရုတ်တိုင်ပေတောင်ပိုင်းမှာ အင်္ဂါနေ့ မနက်ပိုင်းက အင်အားအဆင့်(၆)ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတာ ကြောင့် လူ(၁၅)ယောက် ဒဏ်ရာရထားတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးအသင်းက ထုတ်ပြန်ပါတယ်။ အဲဒီငလျင်ဟာ ဒေသစံတော်ချိန် မနက်(၁၂)နာရီဝန်းကျင်က ယူကျင်းမြို့ မြောက်ဘက်(၇)မိုင်အကွာမှာ လှုပ်ခတ် ခဲ့တာ ဖြစ်တယ်လို့ တရုတ်တိုင်ပေ ဗဟိုမိုးလေဝသစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။
ငလျင်အတွင်း သေဆုံးသူ ရှိမရှိကို လတ်တလောမှာ မသိရသေးဘဲ ကယ်ဆယ်ရေးအဖွဲ့တွေက ပျက်စီးဆုံးရှုံးမှုတွေ ကို ဆန်းစစ်နေဆဲဖြစ်ပါတယ်။ တရုတ်တိုင်ပေ မီးသတ်ဌာနကတော့ ဒဏ်ရာရထားတဲ့ လူ(၁၅)ယောက်ကို ဆေးရုံ ပို့ဆောင်ပေးထားရတယ်လို့ ပြောပါတယ်။ အဲဒီလူတွေဟာ တိုင်နန်မြို့ နန်စီခရိုင်ထဲက ပြိုကျခဲ့တဲ့ အိမ်ထဲကနေ ကယ်ထုတ်ထားခဲ့ရသူတွေ ဖြစ်ပါတယ်။
ပြည်နယ်ချင်းဆက်လမ်းပေါ်က ကျူးဝေ တံတားလည်း ငလျင်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလ တုန်းကလည်း တရုတ်တိုင်ပေရဲ့ တောင်ထူထပ်တဲ့ ဒေသဖြစ်တဲ့ ဟွာလီယန်ကမ်းရိုးတန်းဒေသမှာ အင်အား(၇ ဒသမ ၄) မဂ္ဂနီကျု့ပမာဏရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ(၁၃)ယောက် သေဆုံးသွားရပြီး လူ(၁၀၀၀)ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။
ဇန်နဝါရီ တတိယ (၁၀)ရက်ပတ်အတွင်း တနင်္သာရီနှင့် ရခိုင်တို့တွင်သာ အအေးပိုနိုင်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်သာ အအေးပိုနိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန် အထက်နှင့် ပျမ်းမျှအပူချိန်ခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇန်နဝါရီ (၂၁)ရက် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။
ညအပူချိန်များတွင် တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီ စင်တီဂရိတ် လျော့နည်းနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းတို့တွင် ဇန်နဝါရီလပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ကြောင်း သိရသည်။
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဇန်နဝါရီလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုး/ဇလမှ အသိ ပေး ထုတ်ပြန်သည်။
မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲ အောက်လျော့နည်းနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၂) ရက်မှ (၃) ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁) ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တောင်တန်းသာသနာပြုမယ့် ထူးအယ်လင်း 🙏🙏🙏
သူက သိမ်ကျောင်းဆောက်လုပ်လှူဒါန်းခဲ့ပြီးပြီမို့ စေတီတည်ဆောက်လှူဒါန်းတော့မယ်လို့ဆိုပါတယ်။
အလှူရှင်တွေကိုလည်း ကျေးဇူးတင်စကားဆိုလိုက်ပြီး တောင်တန်းသာသနာပြုတော့မှာဖြစ်တယ်လို့ ထူးအယ်လင်းကပြောပါတယ်။
သူ စေတီတည်ဆောက်လှူဒါန်းမယ့်နေရာလေးကတော့ စစ်ကိုင်းတိုင်းထဲက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လဟယ်မြို့နယ်မှာလို့ သိရပါတယ်။
#celecele
လီဗာပူးလ်အသင်းလူငယ်ကွင်းလယ်ကစားသမား ဟာဗေးလ်အယ်လီရွန့်ဒ်က သူ့အနေနဲ့ ကြိုးကြာနီအသင်းကနေပြောင်းရွှေ့ထွက်ခွာမှာမဟုတ်ဘဲ ပွဲထွက်ကစားဖို့အခွင့်အရေးအတွက်ဆက်ပြီးတိုက်ပွဲဝင်ဖို့အာရုံစိုက်နေသေးကြောင်းအတည်ပြုပြောဆိုလိုက်ပါတယ်။
ဟာဗေးအယ်လီရွန့်ဒ်အနေနဲ့ ဒီရာသီကာလမှာ လီဗာပူးလ်အသင်းနဲ့ပွဲထွက်ကစားခွင့်သိပ်မရရှိခဲ့ပေမဲ့ ဒီဟာကလည်း အဆိုပါကစားသမားအနေနဲ့ ကြိုးကြာနီအသင်းကနေထွက်ခွာစေချင်တဲ့အကြောင်းအရင်းမဟုတ်တာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ်အယ်လီရွန့်ဒ်က သူ့အနေနဲ့ ကြိုးကြာနီအသင်းကနေပြောင်းရွှေ့ထွက်ခွာဖို့အတွေးမရှိဘူးလို့အတည်ပြုပြောဆိုလာခဲ့ပါတယ်။သေချာတာကတော့ကျနော့်အနေနဲ့ အသင်းမှာဆက်ရှိချင်ပါတယ်။
လီဗာပူးလ်အသင်းဟာကျနော့်ရဲ့ကလပ်အသင်းပါပဲ့။ကျနော့်အနေနဲ့ ကျနော့်ရဲ့နေရာအတွက်တိုက်ပွဲဝင်သွားချင်ပြီးအသင်းတွင်းမှာကျနော့်ရဲ့နေရာအတွက်ဆက်လက်ပြီးတိုက်ပွဲဝင်သွားမှာပါ။
ကျနော်လုပ်ဆောင်နိုင်သမျှအရာအားလုံးလုပ်ဆောင်သွားမှာဖြစ်ပြီး ကျနော်လုပ်ဆောင်ခဲ့တဲ့အတိုင်းလည်းလုပ်ဆောင်သွားမှာပါ။
အခွင့်အရေးရတဲ့အခါအသင်းကိုကူညီပေးမှာဖြစ်ပြီး ဒီဟာကလည်းကျနော့်အနေနဲ့ အောင်မြင်မှုရချင်စိတ်၊အလုပ်ပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြိုးစားမှုတွေနဲ့ပတ်သက်ပြီးကျနော့်အပေါ်မှာ မူတည်နေပါတယ်။
ကျနော်အရှုံးမပေးပါဘူး။ကျနော်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာဘယ်သူသိမှာလဲလို့ ပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
ထိုင်းရဲစခန်းတစ်ခုကခိုးယူလာတဲ့လက်နက်တွေကို ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံ ရောင်းချခဲ့တဲ့ ထိုင်းအမျိုးသမီး အဖမ်းခံရ
ဇန်နဝါရီ ၂၁
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရဲစခန်းတစ်ခုက ခိုးယူလာတဲ့ မောင်းပြန်ရိုင်ဖယ် ၄၃ လက်ကို ဝယ်ယူခဲ့တဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီထိုင်းအမျိုးသမီးဟာ အဆိုပါလက်နက်ငယ်တွေကို တာ့ခ် ပြည်နယ် အန်ပန်းခရိုင်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကရင် လက်နက်ကိုင်အဖွဲ့တွေထံ ပြန်လည်ရောင်းချဖို့အတွက် ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အန်ပန်းခရိုင် တမ်ဘွန်အန်ပန်းမှာရှိတဲ့ နေအိမ်မှာ အသက် ၄၉ နှစ်အရွယ်ရှိ ဝိုရာဝန်ဆိုသူ အမျိုးသမီးကို မှုခင်းနှိမ်နှင်း ရေး ရဲတပ်ဖွဲ့ (CSD) က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဘန်ကောက်မြို့တော် ဘန်ခန်းခရိုင်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်မှာရှိတဲ့ M16 မောင်းပြန်ရိုင်ဖယ် ခိုးယူခံရမှုနဲ့ ပတ်သက်ပြီး ကာလရှည် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးနောက်မှာ အခုလို ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။
သေနတ်သူခိုးကို ဖော်ထုတ်ပြီးနောက်မှာ ရဲတပ်ကြပ်နရူဘတ် (အမည်လွှဲ) နဲ့ ကြံရာပါ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးခဲ့ တယ်လို့ ဆိုပါတယ်။
ရဲတပ်ကြပ်နရူဘတ်ဟာ အဲဒီ M16 မောင်းပြန်ရိုင်ဖယ် ၄၃ လက်ကို ဒုတိယရဲမှူးကြီး နခါရင် (အမည်လွှဲ) ထံ အသုတ် နှစ်သုတ်ခွဲ ရောင်းချခဲ့ပြီး ဒုတိယရဲမှူးကြီး နခါရင်က အဲဒီလက်နက်တွေကို ဝိုရာဝန်ထံ ပြန်လည်ရောင်းချခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ဝိုရာဝန်ဟာ အဲဒီလက်နက်ငယ်တွေကို နယ်စပ်ဖြတ်ကျော်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ထံ ရောင်းချ ခဲ့တာဖြစ်ကြောင်း မှုခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (CSD) က ပြောပါတယ်။
ဝိုရာဝန်ကို နောက်ထပ်လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ဖို့အတွက် ဘန်ကောက်မှာရှိတဲ့ မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ (CSD) ရုံးကို ခေါ်ဆောင်သွားပါတယ်။
Ref: Thai woman arrested over sale of stolen police guns to Karen
#centralnewsnaypyitaw