Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ON THIS DAY: Ten years ago, Germanwings Flight 9525, an Airbus A320, crashed into the French Alps, killing all 150 people on board.
Investigators said the jetliner was deliberately downed by the 27-year-old co-pilot. https://abcnews.visitlink.me/QMLARH
#ပြည်တွင်းသတင်း
◼ရွှေဆိုင်အား ခြိမ်းခြောက်လုယက်သူများကို ၆ နာရီအတွင်း ဖမ်းမိဟု နစကထုတ်ပြန်
ရန်ကုန်မြို့ရှိ "တိတ်ရှိန်"ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယူသွားသူများကို ၆နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစက က ယနေ့(မတ် ၂၄ ရက်)တွင် နိုင်ငံပိုင်
သတင်းစာ၌ ဖော်ပြခဲ့သည်။
ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်၌ဖွင့်လှစ်ထားသည့် အဆိုပါရွှေဆိုင်သို့ ယမန်နေ့(မတ် ၂၃ ရက်)နံနက် ၈ နာရီ ၄၅ မိနစ်တွင် Mask တပ်ဆင်ထားသည့် အမည်မသိ အမျိုးသားလေးဦး ရောက်ရှိလာပြီး ၎င်းတို့အနက်တစ်ဦးမှ သေနတ်အတိုတစ်လက်ဖြင့်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သားခန့်(တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ခန့်)အား ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့လုယက်ခံရမှုအား ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၃၉/၂၀၂၅၊ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ခဲ့ပြီး သတင်းရယူစုံစမ်းခဲ့ရာ နံနက် ၁၁ နာရီတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဝါးတန်းလမ်းနှင့် အနော်ရထာလမ်းဆုံတွင် လုယက်မှုကျူးလွန်သူများ စီးနင်းခဲ့သည့် YGN-42 AA-1938 နံပါတ်တပ်ဆင်ထားသည့် Toyota Corolla အမျိုးအစား (အဖြူရောင်) အငှားယာဉ် နှင့် ယာဉ်မောင်းဖြစ်သူကိုတွေ့ရှိခဲ့ကြောင်း၊ ယာဉ်မောင်း ဖြစ်သူ၏ ထွက်ဆိုချက်အရ ငွေကျပ် ၄၀၀၀ ဖြင့် ကျူးလွန်သူများအား ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းဆုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဆက်လက်စုံစမ်းမှုများအရ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၁၁၄/၁၁၆)ရှိ Casa Myanmar Hotel ၊ အခန်းအမှတ်(၃၀၁)၌ လုယက်မှုကျူးလွန်သူများဖြစ်သည့် မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ ပတ္တမြားရပ်ကွက်နေထိုင်သူ အသက် ၁၈ နှစ်အရွယ်ရှိအမျိုသားတစ်ဦး နှင့် သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာနေထိုင်သူ အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦး၊ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေထိုင်သူ အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦး နှင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ နယ်၊ စစ်ဗိုလ်ကြီး ကျေးရွာနေထိုင်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး စသည့် လေးဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော်သေနတ်တစ်လက်၊ သံဖြတ်လွှသုံးချောင်း၊ လုယက်ယူဆောင်ရာမှ ရရှိသည့် ရွှေလက်ကောက်မျိုးစုံ(၅၁)ကွင်း၊ ရွှေလက်စွပ်မျိုးစုံ(၃၇)ကွင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၎င်းတို့ လေးဦးသည် မတ်လ ၂၀ ရက်တွင် Casa Myanmar Hotel သို့ ရောက်ရှိခဲ့ပြီး ငွေကြေး လိုအပ်ချက်အရ မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်များအား လုယက်မှုကျူးလွန်ရန်အတွက် လိုက်လံကြည့်ရှူခဲ့ကာ တိတ်ရှိန်”ရွှေဆိုင်အား လုယက်မှုကျူးလွန်ရန် ရွေးချယ်ခဲ့ပြီးလုယက်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော်သေနတ်အား ဆူးလေဘုရားအနီး၊ မဟာဗန္ဓုလလမ်းပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လုယက်မှု ကျူးလွန်သူ လေးဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ပန်းဘဲတန်းမြိုနယ်၌ “တိတ်ရှိန်ရွှေဆိုင်”အား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
***************
(မှုခင်း) မတ်လ ၂၄
၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ “တိတ်ရှိန်”ရွှေဆိုင်၌ ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူ မမြတ်သဉ္ဇာမိုး၊ ၂၃ နှစ်သည် ဆိုင်ဝန်ထမ်း အမျိုးသမီး ၇ ဦးတို့နှင့်အတူ ရှိနေစဉ် Mask များတပ်ဆင်ထားသည့် အမျိုးသား ၄ ဦး(စိစစ်ဆဲ)သည် ဆိုင်အတွင်း ဝင်ရောက်လာပြီး ၎င်းတို့ ၄ ဦးအနက် ၁ ဦးက သေနတ်အတို ၁ လက်အား ကိုင်ဆောင်ကာ သေနတ်ပြ ခြိမ်းခြောက်ပြီး မှန်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ(၂၀)ကျပ်သားခန့်(တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ခန့်)အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းအရ ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန် သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်း ဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ အခင်းဖြစ် ပတ်ဝန်းကျင်ရှိ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုယက်မှုကျူးလွန်သူ တရားခံများ သည် YGN-42 AA-1938 နံပါတ်တပ်ဆင်ထားသည့် Toyota Corolla အမျိုးအစား အဖြူရောင် အငှားယာဉ်ဖြင့် ပန်းဆိုးတန်းလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါ အငှားယာဉ်အား စုံစမ်းရှာဖွေခဲ့ရာ နံနက် ၁၁ နာရီတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဝါးတန်းလမ်းနှင့် အနော်ရထာလမ်းဆုံတွင် ယာဉ်နှင့်အတူ ယာဉ်မောင်းဖြစ်သူ စည်သူကျော်(၄၃)နှစ် အား တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းဖြစ်သူ စည်သူကျော်၏ ထွက်ဆိုချက်အရ ၎င်းသည် လုယက်မှုကျူးလွန်သူ တရားခံများအား ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းဆုံသို့ ငွေ(၄၀၀၀)ကျပ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၁၁၄/၁၁၆)ရှိ Casa Myanmar Hotel ၊ အခန်းအမှတ်(၃၀၁)၌ “တိတ်ရှိန်”ရွှေဆိုင်အား လုယက်မှုကျူးလွန်သူ တရားခံများဖြစ်ကြသည့် မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ ပတ္တမြားရပ်ကွက်နေ လင်းသန့်အောင်(၁၈)နှစ် (ဘ)ဦးသိန်းထွန်း၊ သထုံမြို့နယ်၊ ပေါ်တော်မူ ကျေးရွာနေ သက်ထူးဇင်(၂၀)နှစ် (ဘ)ဦးအောင်မျိုးဆက်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ကောင်းခန့်သူရ(ခ)ဝသုန်(၁၉)နှစ် (ဘ)ဦးကျော်သူရ၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ စစ်ဗိုလ်ကြီး ကျေးရွာနေ မင်းခန့်ကို(ခ)ဖိုးကာ(၁၉)နှစ် (ဘ)ဦးနိုင်ထူးတို့ ၄ ဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော်သေနတ်(၁)လက်၊ သံဖြတ်လွှ(၃)ချောင်း၊ လုယက်ယူဆောင်ရာမှ ရရှိသည့် ရွှေလက်ကောက်မျိုးစုံ(၅၁)ကွင်း၊ ရွှေလက်စွပ်မျိုးစုံ(၃၇)ကွင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ တရားခံ လင်းသန့်အောင်ပါ ၄ ဦးအား ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးသည် မတ်လ ၂၀ ရက်နေ့တွင် Casa Myanmar Hotel သို့ ရောက်ရှိတည်းခိုခဲ့ပြီး ငွေကြေး လိုအပ်ချက်အရ မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်များအား လုယက်မှုကျူးလွန်ရန်အတွက် လိုက်လံ၍ အခြေအနေကြည့်ရှုခဲ့ကြကြောင်း၊ ထိုသို့ကြည့်ရှုပြီးနောက် “တိတ်ရှိန်”ရွှေဆိုင်အား လုယက်မှု ကျူးလွန်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော် သေနတ်အား ဆူးလေဘုရားအနီး၊ မဟာဗန္ဓုလလမ်းပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်းနှင့် လုယက်မှုကျူးလွန်ရာတွင် တရားခံ လင်းသန့်အောင်မှ အဆိုပါကော်သေနတ်အား ကိုင်ဆောင်အသုံးပြုကာ ဦးဆောင်၍ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် “တိတ်ရှိန်”ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှုကျူးလွန်ခဲ့သူများဖြစ်သည့် လင်းသန့်အောင်၊ ကောင်းခန့်သူရ(ခ)ဝသုန်၊ မင်းခန့်ကို(ခ) ဖိုးကာနှင့် သက်ထူးဇင်တို့ ၄ ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှ ၆ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Spies in Disguise (2019)
ကာတွန်းကား ကောင်းကောင်းကြည့်ချင်တဲ့ သူတွေအတွက် လာပါပြီ။
ရယ်လည်းရယ်ရတယ် ဇာတ်လမ်းလည်းမိုက်တယ်။
အသံသရုပ်ဆောင်ထားသူတွေကတော့ မပြောရင်တောင်
အသံကြားတာနဲ့ သိမယ့် ၂ ယောက်ပါပဲ။
ဝယ်လ် စမစ်သ် ရယ် တွမ် ဟော်လန် ရယ်ပါ။
တကယ်လိုက်ဖက်တဲ့ သူတွေပါပဲ။
ဝယ်လ်စမစ်သ်က လန့်စ်စတာလင်ဆိုတဲ့ အရမ်းတော်တဲ့ စပိုင်တစ်ယောက်။
သူက အရမ်းတော်ပေမယ့် တစ်ကိုယ်တော်ပဲ လှုပ်ရှားတတ်တဲ့သူ။
တွမ်ဟော်လန်ကတော့ ဝေါ်တာ ဘက်ကက် ဆိုတဲ့ ဉာဏ်ကြီးရှင်တီထွင်သူ
အူကြောင်ကြောင် ကောင်လေး အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။
ဝေါ်တာရဲ့ တီထွင်ချက်တွေကို
အေဂျင်စီမှာ ဘယ်သူမှ အထင်မကြီးတဲ့အပြင် လန့်စ်ကိုပါ
ပြဿနာ သွားလုပ်မိလို့ အလုပ်ဖြုတ်ခံလိုက်ရတော့တယ်။
ဒါပေမယ့် လန့်စ်နဲ့ မျက်နှာတူ
လူဆိုးတစ်ယောက်ကြောင့် လန့်စ် တစ်ယောက် အထင်လွဲခံရပြီး
ထွက်ပြေးရတဲ့အခါမှာ မလွှဲမရှောင်သာ ဝေါ်တာနဲ့ပူးပေါင်းပြီး
အလွဲလွဲအချော်ချော်နဲ့ လူဆိုးကို အမိဖမ်းဖို့ ကြိုးစားရပါတော့တယ်။
ဇာတ်ကားလင့်
https://t.me/c/2186686827/190
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
No One Gets Out Alive [2021]
IMDB (6.0/1
ဒီ horror ဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ဆောင်ကတော့ အမ်ဘာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ...
သူက ရည်မှန်းချက်အိပ်မက်တွေနဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အကောင်အထည်ဖော်ဖို့နှေးကွေးခဲ့ရတယ်
အမ်ဘာဟာ သူ့အနာဂတ်အတွက် ကြံစည်ရင်း တရားမ၀င်မှတ်ပုံတင်နဲ့ အမေရိကန်ကိုရောက်လာခဲ့ပြီး မိန်းကလေးအဆောင်တစ်ခုမှာ နေဖို့ ဖြစ်လာခဲ့တယ်
အဆောင်ပိုင်ရှင်ကလည်း ထူးဆန်းတဲ့ အဘိုးကြီးတစ်ယောက် အိမ်ကလည်း သိပ်ကောင်းမနေလှတဲ့ အိမ်အိုအိမ်ဟောင်းတစ်လုံးပေမယ့် တရားမ၀င်နေထိုင်သူဖြစ်တဲ့ အမ်ဘာအဖို့ ရွေးချယ်စရာမရှိလှပေ
အဲ့ထက်ဆိုးသည်မှာ အဲ့အိမ်ကိုရောက်လာတဲ့သူတိုင်းဟာ အိမ်မက်ဆိုးတွေ မက်လေ့ရှိပြီး . ပရလောကသားတွေကိုလည်းထင်ယောင်ထင်မှားသလိုလို၊ တကယ်မြင်တွေ့ရသလိုလိုတွေနဲ့ ခဏခဏကိုတွေ့မြင်နေရတာပေါ့
နောက်ပြီး ဒီအိမ်ကြီးရဲ့ထူးဆန်းမှုတွေ အဆောင်ပိုင်ရှင်အဘိုးကြီးရဲ့ လျှို့ဝှက်ချက်တွေကိုလည်း အမ်ဘာတစ်ယောက် တစ်စတစ်စသိလာခဲ့ပြီးနောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့
#credit
ဆေးဝါးထိန်းချုပ်ရေး စင်တာတစ်ခုမှာ ထောင်နှစ်သက်တမ်းကျေဖိုအတွက် ဝင်ရောက်စမ်းသပ်ခံရင်း မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ
Spiderhead
2022 ‧ Sci-fi/Thriller ‧ 1h 47m
Thor မင်းသား Christ Hemsworth ဦးဆောင်ပါ၀င်ထားပြီး၊ Miles Teller လည်း
ပါဝင်တဲ့ Netflix ရဲ့ရုပ်ရှင် အသစ်လေးထွက်လာပါပြီ။
ဇာတ်လမ်းအကျဉ်းကတော့ သေဒဏ်ချခံထားရပြီး ဘ၀ဆုံးနေတဲ့
အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်ရဖိုအတွက် စပိုက်ဒါဟက်ဆိုတဲ့
ဆေးဝါးထိန်းချုပ်ရေးပရိုဂရမ် တစ်ခုမှာ စေတနာ့၀န်ထမ်းလုပ်ကြပါတယ် ။
ဒီပရိုဂရမ်ကို ဦးဆောင်တဲ့ သူကတော့ စတိဗ် အက်ဘနက်စ်ကိ( Chris
Hemsworth ) ပါ ။ ဒီအကျဉ်းသားတွေရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်
လေ့လာရင်း N-40 ဆိုတဲ့ ပီယ ဆေးဝါးအသစ်ကို ဆန်းသစ်တီထွင်ကြပါတယ် ။
ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီစပိုက်ဒါဟက်အကျဉ်းထောင်နဲ့ ကျွန်းကြီးမှာ
မထင်မှတ်ထားစရာတွေကလည်း အများကြီး စောင့်မျှော်လိုနေသေးတာမို
ဆက်လက်အားပေးကြပါဦး။