#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲတွင် အဲမွီနှင့် ထိုင်းဖိုက်တာထိုးသတ်မည်
ဝမ်းချန်ပီယံရှစ်အဖွဲ့အစည်းကကျင်းပမည့် ONE Lumpinee-109 ပွဲစဉ်၏ ဒုခေါင်တွဲဆိုင်းနေရာတွင် မြန်မာဖိုက်တာအဲမွီနှင့် ထိုင်းဖိုက်တာ Wuttikrai Wor Chakrawut တို့ မေ ၂၃ ရက် ည ၇ နာရီခွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာဖိုက်တာ အဲမွီအနေဖြင့် ဝမ်းချန်ပီယံရှစ်တွင် အတွေ့အကြုံကောင်းများရရှိနေပြီး လေးပွဲထိုးသတ်ခဲ့ရာ နှစ်ပွဲနိုင် နှစ်ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားသူဖြစ်သည်။
မွေထိုင်းဖိုက်တာဖြစ်သူ Wuttikrai Wor Chakra -wut သည် ဝမ်းချန်ပီယံရှစ်တွင် တစ်ပွဲထိုးတစ်ပွဲနိုင် ရလဒ်ပိုင်ဆိုင်ထားသည်။
၎င်းဝမ်းချန်ပီယံရှစ် ONE Lumpinee-109 ပွဲစဉ်အတွင်း တွဲဆိုင်းပေါင်း ၁၂ ဆိုင်း ပါဝင်မည်ဖြစ်ပြီး မွေထိုင်း ဖိုက်တာအများဆုံး ပါဝင်သည့် ပွဲစဉ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

image