1 နှစ် - ဘာသာပြန်ပါ။

ကမ္ဘာကြီးရဲ့အရွယ်အစားဟာ လူတ​ယောက်နဲ့ယှဥ်ရင် အင်မတန်မှကြီးမားပါတယ်။ ဒါ​ပေမယ့် အဲဒီကမ္ဘာ့စက်ဝန်းအရွယ်အစားကိုပဲ တုတ်​ချောင်းတ​ချောင်းရဲ့အရိပ်ကိုသုံးပြီးတိုင်းတာတွက်ချက်လို့ရပါတယ်။ ဒီနည်းလမ်းနဲ့ဘီစီ ၃ရာစု​လောက်က ဂရိပညာရှင်တဦးက ကမ္ဘာ့စက်ဝန်းကိုတိုင်းတာခဲ့ဖူးပြီး အ​တော်​လေးတိကျတဲ့အ​ဖြေကိုလည်းရခဲ့ပါတယ်။
အီရာတို​သေးနီးစ် ဟာဂရိလူမျိုး သင်္ချာပညာရှင်တဦးဖြစ်ပြီး နာမည်​ကျော် အလက်ဇန်းဒြီးယားမြို့စာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးလည်းဖြစ်ပါတယ်။ အဲဒီ​ခေတ်အခါက အလက်ဇန်းဒြီးယားစာကြည့်တိုက်ဆိုတာ ကမ္ဘာ့စွယ်စုံကျမ်းကြီးလို့​ပြောရ​လောက်​အောင် ပညာရပ်​ပေါင်းစုံက စာ​ပေ​အမျိုးမျိုးအစုံအလင်ရှိခဲ့တာပါ။ အဲဒီကစာကြည့်တိုက်မှူးဖြစ်တဲ့ အီရာတို​သေးနီးစ်ဟာလည်း ဗဟုသုတအလွန်ကြွယ်ဝပြီး သင်္ချာပညာ ပထဝီပညာ နဲ့ နက္ခတ္တ​ဗေဒပညာ​တွေကိုအထူးကျွမ်းကျင်ပါတယ်။
အလက်ဇန်းဒြီးယားမြို့နဲ့ ၈၀၀ ကီလိုမီတာအကွာမှာ ဆိုင်ရင်း ဆိုတဲ့မြို့တမြို့ရှိပါတယ်။ အဲဒီမြို့မှာ​နာမည်ကြီးရေတွင်းတတွင်းရှိပါတယ်။ အဲဒါက​တော့ summer solstice ​နေ့ (နှစ်တနှစ်ရဲ့ ​နေ့တာအရှည်ဆုံး​​နေ့) မွန်းတည့်ချိန်မှာ ​နေ​ရောင်ဟာ အဲဒီ​ရေတွင်းတည့်တည့်ကို​ထောင့်မှန်ကျပြီးဘာအရိပ်မှမထွက်တာပါပဲ။
ဒါကိုအီရာတို​သေးနီးစ်ကသိထားပါတယ်။ သူကအဲဒီ summer solstice ​နေ့မွန်းတည့်ချိန်မှာပဲ သူ​နေထိုင်ရာ အလက်ဇန်းဒြီးယားမြို့မှာ တုတ်တ​ချောင်းကို​ထောင်ကြည့်ပါတယ် ​နေမွန်းတည့်ချိန်ဖြစ်​ပေမယ့် တုတ်မှာအရိပ်ကျ​နေတာကို​တွေ့ရပါတယ် သူကအဲဒီအရိပ်ရဲ့​စောင်း​နေတဲ့ဒီဂရီကိုတိုင်းတာလိုက်ပါတယ်။
အဲဒီကာလက ကမ္ဘာလုံး ကမ္ဘာပြား အယူအဆမျိုးစုံရှိ​နေတာပါ။ အီရာတို​သေးနီးစ်က​တော့ ကမ္ဘာလုံးတာကိုသိရှိယုံကြည်သူဖြစ်ပြီး အခုလို တ​နေရာကအရိပ်ထွက် ​နောက်တ​နေရာကအရိပ်မထွက်ဘူးဆိုတာဟာလည်း ကမ္ဘာကလုံး​နေပြီး အဲဒီအဝန်းအဝိုင်း​ကြောင့် တ​နေရာမှာ​နေ​ရောင်တည့်တည့်ကျပြီး​နောက်တ​နေရာမှာ​တော့အနည်းငယ်​စောင်း​နေရတာဖြစ်​ကြောင်းတွက်ဆမိပါတယ်။
သင်္ချာပညာအရ စက်လုံးတလုံး​ရဲ့မျက်နှာပြင်ပေါ် ​ထောင့်မှန်ကျ​ထောင်ထားတဲ့မျဥ်းနှစ်​ကြောင်းကို​နောက်ပြန်ဆက်ဆွဲရင် စက်လုံးရဲ့ဗဟိုမှာဆုံပါတယ်။ ဒီ​နေရာမှာ ကမ္ဘာဟာစက်လုံး မျဥ်းနှစ်​ကြောင်းက ​ဆိုင်ရင်းမြို့ကရေတွင်းနဲ့ အလက်ဇန်းဒြီးယားကအီရာတို​သေးနီးစ်ရဲ့တုတ်​ချောင်းတို့ဖြစ်​နေမယ်ဆိုရင် အဲဒီမျဥ်း​တွေကို​နောက်ပြန်ဆက်ဆွဲကြည့်ရင် ကမ္ဘာ့ဗဟိုချက်​နေရာမှာဆုံပါလိမ့်မယ်။ အရိပ်ရယ် ​ရေတွင်းရယ် ​နေ​ရောင်ရယ်ဟာမျဥ်းပြိုင်​တွေဖြစ်လို့ ကမ္ဘာ့ဗဟိုချက်မှာဆုံတဲ့​နေရာက​ထောင့်ဟာလည်း တုတ်​ချောင်းရဲ့အရိပ်ကျတဲ့​ထောင့်နဲ့တူညီနေပါလိမ့်မယ်။ (မျဥ်းပြိုင်နှစ်​​ကြောင်းကိုဖြတ်မျဥ်းတ​ကြောင်းကဖြတ်​သောအခါဖြစ်​ပေါ်လာ​သောဂုဏ်သတ္တိ)
​ရေတွင်းနဲ့အီရာတို​သေးနီးစ်တို့အကွာအ​ဝေးဟာ ကီလိုမီတာ ၈၀၀ ​လောက်ရှိပါတယ်။
အရိပ်​ရဲ့​ထောင့်(ဗဟိုချက်က​ထောင့်) ဟာလည်း ၇.၂ ဒီဂရီပါ
စက်လုံးရဲ့စက်ဝန်းတပတ်လည်ဟာ ၃၆၀ ဒီဂရီရှိပါတယ်။
ဒါဆိုသုံးချက်တွက်နည်းနဲ့
၇.၂ဒီဂရီ မှာ ၈၀၀ ကီလိုမီတာရှိရင် ၃၆၀ တပတ်လည်ဆိုဘယ်​​လောက်လဲတွက်ကြည့်နိုင်ပါတယ်။
အီရာတို​သေးနိီးစ်ရဲ့တွက်ချက်မှုအရ ကီလိုမီတာ ၄၀၀၀၀ ပါ။
ဒီ​နေ့​ခေတ် ​အဆင့်မြင့်တဲ့နည်းပညာ​တွေနဲ့တိုင်းတာတွက်ချက်မှုအရ ကမ္ဘာ့စက်ဝန်းဟာ ၄၀၀၇၅ ကီလိုမီတာရှိပါတယ် အလွဲက တစ် ရာခိုင်နှုန်း​တောင်မရှိပါဘူး ဘီစီသုံးရာစုက လူတ​ယောက်ရဲ့တိုင်းတာတွက်ချက်နိုင်မှုဟာ အံ့မခန်းပါပဲ ဒါဟာသင်္ချာပညာရဲ့လှပမှုလည်းဖြစ်ပါတယ်။
ရှင်းလင်းချက်များ
၁။ အီရာတို​သေးနီးစ် ဟာ ဂရိအတိုင်းအတာ စတာဒီယာယူနစ်နဲ့တိုင်းတာတွက်ချက်ခဲ့တာဖြစ်ပြီး မှတ်တမ်းအရ ကမ္ဘာ့သက်ဝန်းဟာ ၂၅၀၀၀၀ စတာဒီယာ လို့သိရပါတယ် စတာဒီယာယူနစ်ဟာ ဂရိ​ခေတ်အားကစားကွင်းကျယ်ကြီး​တွေရဲ့အကျယ်ကိုစံယူတဲ့စနစ်ဖြစ်ပြီး တကွင်းနဲ့တကွင်း အကျယ်မညီကြတာ​​ကြောင့် ယူနစ်​ပြောင်းတဲ့အခါ အတိအကျ​ပြောဖို့ခက်ပါတယ် အဲဒါ​ကြောင့်အများနဲ့ရင်းနှီးပြီးဖြစ်တဲ့ကီလိုမီတာနဲ့သာတွက်ချက်ပြခဲ့တာပါ။
၂။ အီရာတို​သေးနီးစ်တို့​ခေတ်က ကမ္ဘာလုံးတယ်ဆိုတဲ့အဆိုပြုချက်ကို သင်္ချာနဲ့နက္ခတ္တ​ဗေဒအရသက်​သေပြချက်​မှတ်တမ်းတွေရှိခဲ့ပြီး အဲဒီ​ခေတ်ကဂရိအများစုဟာကမ္ဘာလုံး​ကြောင်းယုံကြည်လက်ခံ​နေကြပြီဖြစ်ပါတယ်။ ကမ္ဘာဟာအလုံးဖြစ်​ကြောင်းပထမဆုံးလက်​တွေ့ကမ္ဘာပတ်ခရီးသွားသက်​​သေပြချက်ကို​တော့ ၁၆ရာစုအ​စောပိုင်းကျမှ ဥ​ရောပသား​တွေကပြသနိုင်ခဲ့ပါတယ်။
၃။ အီရာတို​သေးနီးစ်ဟာ သင်္ချာပညာသာမက ပထဝီပညာနဲ့ နက္ခတ္တ​ဗေဒပညာဆိုင်ရာ​လေ့လာချက်​တွေလည်းပြုလုပ်ခဲ့ပြီးမှတ်တမ်း​တွေထားရှိခဲ့ပါတယ်။ လတ္တီကျု ​လောင်ဂျီကျု မျဥ်းစနစ်​တွေကိုပထမဆုံးမိတ်ဆက်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီအပြင်ဂရိ​ခေတ်ကဗျာရှည်တချို့နဲ့ သမိုင်းဆိုင်ရာမှတ်တမ်းမှတ်ရာ​တွေကိုလည်းပြုစုခဲ့ပါ​သေးတယ်။ အဲဒီထဲမှာမှ ကမ္ဘာ့အဝန်းကိုတိုင်းတာတွက်ချက်ခဲ့တာက​​တော့နာမည်အကြီးဆုံးဖြစ်ပြီး ဘီစီ သုံးရာစုက လူတ​ယောက်ရဲ့ကြီးမားတဲ့​အောင်မြင်မှုနဲ့ သင်္ချာပညာရဲ့ခမ်းနားမှုကို​ဖော်ကျူးပြ​နေတဲ့အချက်ပဲဖြစ်ပါတယ်။

image
image
image
1 နှစ် - ဘာသာပြန်ပါ။

NASA ရဲ့ James Webb အာကာသကြည့်မှန်ပြောင်း (JWST) ကို 2022 ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်အသုံးပြုခဲ့ပြီး စကြာဝဠာ၏ အစောဆုံးအချိန်တွေတည်းက ဖြစ်တည်ခဲ့ကြတဲ့ အလွန်တောက်ပတဲ့ဂလက်ဆီများစွာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီ JWST ကရတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ဂလက်ဆီဆင့်ကဲဖြစ်စဉ် (galaxy evolution) သီအိုရီတွေကို သက်သေပြနိုင်ဖို့ အတွက် ကြိုးစားနေကြပါတယ်။ ဒီတွေ့ရှိချက်တွေကို ၂၀၂၄ ခုနှစ်အတွင်းမှာ အသေးစိတ်လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။
စကြာဝဠာရဲ့ ပထမဆုံး ဘီလီယံနှစ်တွေအကြောင်းလေ့လာနိုင်ဖို့ ဒီဇိုင်းဆွဲထားတဲ့ ဒီ James Webb မှန်ပြောင်းဟာ အလွန်ဝေးကွာလှတဲ့ cosmic dawn (စကြာဝဠာအတွင်း ပထမဦးဆုံးကြယ်တွေ ဂလက်ဆီတွေဖြစ်ပေါ်ခါစအချိန်(စကြာဝဠာ၏ အာရုဏ်ဦးကာလ)) က ဂလက်ဆီတွေကိုဖမ်းယူနိုင်ခဲ့ပါတယ်။ တချို့ ဂလက်ဆီတွေဟာ ကျွန်တော်တို့ milky way galaxy လောက်ကိုကြီးမားကြပြီး အရမ်းလင်းလက်နေရတဲ့အကြောင်းအရင်းကတော့ စကြာဝဠာစတင်ဖြစ်ပေါ်ခါစက ထူးခြားလွန်းတဲ့အခြေအနေတွေကြောင့်လို့ သုတေသီတွေက သုံးသပ်ကြပါတယ်။
ဒီတွေ့ရှိမှုတွေကနေ အဓိက ယူဆချက်နှစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။
၁။ ကြီးမားသောအစောပိုင်းကြယ်များ- အစောပိုင်းဂလက်ဆီတွေမှာ ကျွန်တော်တို့နေထက် ထုထည်အဆပေါင်း ဆယ်နဲ့ချီ သို့ ရာနှင့်ချီတဲ့ ကြယ်တွေနဲ့ ပြည့်နက်ကြပ်ပိတ်နေနိုင်ပြီး အဲ့တာကြောင့်ပဲ ဒီဂလက်ဆီတွေဟာ အလွန်အမင်းတောက်ပနေတာဖြစ်နိုင်ပါတယ်။
၂။ Active Black Hole များ- ဒီဂလက်ဆီတွေမှာရှိတဲ့ များပြားလှတဲ့ တွင်းနက်တွေဆီကနေလည်း ကြီးမားတဲ့စွမ်းအင်ထုတ်တွေကို ထုတ်လွှတ်ပေးနေပြီး ဒီစွမ်းအင်တွေကပဲ အဆိုပါဂလက်ဆီတွေရဲ့ တောက်ပမှုကို မြှင့်တင်ပေးနေတာဖြစ်နိုင်ပါတယ်။
Spectroscopic analysis (အရာဝတ္ထုတွေအချင်းချင်းကြားက ပြုမှုပုံတွေကို လျှပ်စစ်သံလိုက်လှိုင်းများဖြင့်လေ့လာမှု) တွေကတော့ ဒီသီအိုရီနှစ်ခုလုံးကို ထောက်ခံပါတယ်။ အစောပိုင်း နဂါးငွေ့တန်းတွေမှာ ဓာတ်ငွေ့၊ ဖုန်မှုန့်များနှင့် ကာဗွန်နဲ့ အောက်ဆီဂျင်လို လေးလံသောဒြပ်စင်တွေ ကြွယ်ဝပြီး စူပါနိုဗာအဖြစ် ပေါက်ကွဲသွားခဲ့တဲ့ ကြယ်ကြီးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါအပြင် ပုံမှန် black hole တွေလို နှေးကွေးလှတဲ့ ကြယ်ဘဝကိုဖြတ်သန်းပြီး တဖြည်းဖြည်းဖြစ်ပေါ်လာမယ့်အစား များပြားလှတဲ့ဒြပ်ထုတွေပေါင်းစုပြီး တခါတည်း blackhole တိုက်ရိုက်ဖြစ်ပေါ်လာကြတယ်ဆိုတဲ့ သက်သေတွေကိုလည်း တွေ့ရှိလာရပါတယ်။
ဒီတွေ့ရှိချက်တွေကြောင့် အစောပိုင်းစကြဝဠာမှာဆိုရင် ကြယ်တွေနှင့် တွင်းနက်တွေဟာ လျင်လျင်မြန်မြန်ပဲဖြစ်ပေါ်လာတာကိုသိရှိရပြီး စကြာဝဠာအရုဏ်ဦးအကြောင်းကို ကျွန်ုပ်တို့ပိုမိုနားလည်လာပါတယ်။
ပုံ - James Webb Telescope ဖြင့်ရိုက်ကူးထားသော စကြာဝဠာ၏ ပထမဆုံး infrared ပုံ

image
1 နှစ် - ဘာသာပြန်ပါ။

Bolt (2008)

Walt Disney Animation Studio ရဲ့
၂၀၀၈ ခုနှစ်ထွက် Animation
ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ်
ဘိုတ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတိုဟာ
ထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကို
တစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။
 
သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်
ဘိုတ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကို
ကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလို
မဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိးတစ်ခုထဲမှာ
အချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်း
အတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။
 
သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့
ဘိုတ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကို
ကယ်တင်ဖို လိုက်လံရှာဖွေနေခဲ့ပါတယ်။
ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘိုတ်ဟာ သူ့စူပါပါဝါတွေဟာ
အစစ်အမှန်တွေလို ယုံကြည်နေပြီး
အပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို ခက်ခဲလာပါပြီ။
နောက်ဆုံးမှာတော့ လမ်းကြားက
ကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူ
ကြွက်ကလေး ရိုင်နို တိုနဲ့အတူ
ပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို ဖြစ်လာခဲ့ပါတော့တယ်။
ခွေးအစစ်ပီပီသသ မဖြစ်ဖူးသူ ခွေးလေးဘိုတ်ဟာ
သူသိထားတဲ့ကမ္ဘာကြီး ပြိုလဲသွားချိန်မှာတော့
အပြင်လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို
နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပုံ နဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု နဲ့
ရဲစွမ်းသတ္တိတိုရဲ့ စွမ်းအားအစစ်တွေကို ထင်ဟပ်ပြသနိုင်တဲ့ Animation ဇာတ်ကားကောင်းလေး

ဇာတ်ကားလင့်
https://t.me/c/2186686827/297

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
1 နှစ် - ဘာသာပြန်ပါ။

Soe San Nan ရဲ့ latest photo shoot 💫✨
Beauty နဲ့ Aura က Top 10 အသာလေးပါ
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
1 နှစ် - ဘာသာပြန်ပါ။

Soe San Nan ရဲ့ latest photo shoot 💫✨
Beauty နဲ့ Aura က Top 10 အသာလေးပါ
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
1 နှစ် - ဘာသာပြန်ပါ။

Soe San Nan ရဲ့ latest photo shoot 💫✨
Beauty နဲ့ Aura က Top 10 အသာလေးပါ
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
1 နှစ် - ဘာသာပြန်ပါ။

Soe San Nan ရဲ့ latest photo shoot 💫✨
Beauty နဲ့ Aura က Top 10 အသာလေးပါ
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
1 နှစ် - ဘာသာပြန်ပါ။

Soe San Nan ရဲ့ latest photo shoot 💫✨
Beauty နဲ့ Aura က Top 10 အသာလေးပါ
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

အသီဆာက Philippines 🇵🇭 ကိုယ်စားပြုမှာဖြစ်လို့
ဒီနှစ်တော့ Top 5 မှာ မြင်ချင်တယ်
Aura ကြီးက လှချက်ပဲ👑
#ahtisamanalo #missuniversephilippines2025 #missuniversephilippines #missuniverse

image
1 နှစ် - ဘာသာပြန်ပါ။

အသီဆာက Philippines 🇵🇭 ကိုယ်စားပြုမှာဖြစ်လို့
ဒီနှစ်တော့ Top 5 မှာ မြင်ချင်တယ်
Aura ကြီးက လှချက်ပဲ👑
#ahtisamanalo #missuniversephilippines2025 #missuniversephilippines #missuniverse

image