1 y - Translate

"ကတိ" ဆိုတာ ပေးပြီးရင် တည်ရတယ်...
"မုန့်ဝယ်ကျွေးမယ်" ကအစ...
"ထားမသွားဘူး" ဆိုတာ အဆုံး...

#စာတို

ကောင်မလေးနဲ့မတွေ့ရတာကြာသောအခါ-

image
1 y - Translate

အရှေ့တောင်အာရှမှာ အရှည်ဆုံးတံတား ဖြစ်လာမည့် ဖိလစ်ပိုင်နိုင်ငံက Cavite-Bataan Interlink Bridge ကြိုးတံတား
အရှေ့တောင်အာရှမှာ အရှည်ဆုံးတံတားသစ် ဖြစ်လာမည့် 🇵🇭 ဖိလစ်ပိုင် နိုင်ငံက Cavite-Bataan Interlink Bridge သည် ဖိလစ်ပိုင်ရှိ Cavite နှင့် Bataan ပြည်နယ်များကို ဆက်သွယ်ပြီး တည်ဆာက် သွားမည့် အဓိကပရောဂျက်တစ်ခုဖြစ်ပါတယ်။
၃၂ ကီလိုမီတာခန့် ဆန့်သည့် ဤတံတားသည် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ပြီး လူနှင့် ကုန်ပစ္စည်းများ သွားလာမှု ပိုမိုမြန်ဆန်စေအောင် တည်ဆောက်သွားမည် ဖြစ်သည်။
၎င်းပရောဂျက်သည် လာမည့် 2025 နှစ်တွင် စတင်တည်ဆောက်သွားမည်ဟု သိရှိရသည်။

#knowledge
#knowledgesharing

image

ကျွန်မတို့ မိန်းကလေးတွေ အထူးသဖြင့် အသက် ဆယ် ကျော်သက်အရွယ် မိန်းကလေးတွေအနေနဲ့ အလုပ်သင့်ဆုံးအရာတွေထဲက တစ်ခုကို ပြောပါဆိုရင် ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြုပ်နှံခြင်းပါပဲ ။
ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြုပ်နှံခြင်းဆိုတာကို ငယ်ရွယ်တဲ့ အချိန်မှာ မလုပ်ဘူးဆိုရင် နောင်တစ်ချိန်မှာ နောင်တရနိုင်ပါတယ် ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုနေရာတွေမှာ အချိန်ပိုသုံးပြီး ရင်းနှီးမြုပ်နှံမလဲ ။
(၁) ပညာရေး ။
သင်တန်းတွေတတ်ကြည့်ပါ ။ လေ့လာမှုတွေ အဆက်မပြတ်လုပ်ပါ ။ စာအုပ်တွေ ဖတ်ပါ ။ အားလုံးက ပညာရေးဖြစ်တာမို့ ကိုယ် ဝါသနာပါပြီး လေ့လာချင်တဲ့ ဘာသာရပ်တွေကို နေ့စဉ်လေ့လာနေဖို့ လိုအပ်ပါတယ် ။
(၂) ပေါင်းသင်းဆက်ဆံရေး ။
ပတ်ဝန်းကျင်ကောင်းမှာ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြုပ်နှံပါ ။ လူကောင်းတွေ ကိုယ့်ကိုယ် တကယ်အချိန်ပေးပြီး Supportive ဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ပါ ။
(၃) Skillsetတွေ မွေးပါ ။
ဒီခေတ်နဲ့ ကိုက်ညီတဲ့ Skill Set တွေကို လေ့လာပြီး ကျွမ်းကျင်ခြင်းက ကိုယ့်ကို တခြားသူတွေထက် အရှေ့ကို ရောက်စေနိုင်ပါတယ် ။ ဒါကြောင့်မို့ ၂၁ရာစုမှာ အရေးပါတဲ့ Skill Set တွေကို လေ့လာပြီး ကျွမ်းကျင်အောင်ထိ အချိန်သုံးပါ ။
(၄) ကျန်းမာရေးနဲ့ Habit ။
မိမိရဲ့ Physical Health နဲ့ Mental Health အတွက် အချိန်ပေးပါ ။ ဂရုစိုက်ပါ ။ နောက်ပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူပါ ။ ဒီအရာတွေက ခက်ခဲလိမ့်မယ် ။ သို့သော် အချိန်တစ်ခု ရောက်ရင် ကျေးဇူးတင်နေလိမ့်မယ် ။
(၅) ငွေကြေးအကြောင်း လေ့လာပါ ။
ငွေကြေးနဲ့ပတ်သက်တဲ့ အခြေခံတွေ လေ့လာပြီး ငွေကို လည်း သုံးတတ်တဲ့သူဖြစ်အောင်လုပ်ပါ ။ ငွေလည်းစုပါ ။
(၆) ခရီးတွေသွားပြီး ကိုယ့်အတွက်ကိုယ် အချိန်သုံးပါ။
ပြန်မရနိုင်တာက ငယ်ရွယ်ချိန်မှာ ရခဲ့တဲ့ အတွေ့အကြုံတွေပါ။ ဒါကြောင့်မို့ အတွေ့အကြုံကောင်းတွေ အမှတ်တရတွေ ဖန်တီးခဲ့ဖို့လည်း မမေ့ပါနဲ့ ။ ဒါကြောင့် တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်တော့ ခရီးထွက်ပါ ။
(၇) စာဖတ်ပါ ။
လေ့လာမှုတွေ အများကြီး လုပ်လို့ရပေမယ့် စာဖတ်တာက ကိုယ့်ရဲ့စိတ်ကိုလည်း ကြည်လင်စေတဲ့အပြင် လေ့လာရတာ အာရုံစိုက်ရတာလည်း ပိုကောင်းစေပါတယ် ။ ဒါကြောင့် တစ်နေ့ကို တစ်နာရီတော့ စာဖတ်ဖြစ်အောင် ဖတ်ပါ ။
#စိန်ခေါ်မှုများနဲ့လက်ထပ်ထားသောမိန်းမ

image
1 y - Translate

ဒီနှစ်ထွက်မယ့် iPhone အသစ်တွေကိုမကြိုက်လို့ နောက်နှစ်ရဲ့ iPhone 18 series ကို စောင့်မယ်ဆိုရင်တော့ ဒီသတင်းက သင့်အတွက်ပါ။
2026 မှာ apple ဘက်ကနေ iPhone တွေမိတ်ဆက်မယ့် အချိန်ကို ပြောင်းလဲမှုလုပ်လာနိုင်ချေ ရှိပါတယ်။ သတင်းတွေအရ iPhone 18 Pro နဲ့ Pro Max တို့ကို apple ရဲ့ ခေါက်ဖုန်းအသစ်နဲ့အတူ အရင်မိတ်ဆက်လာနိုင်ပြီး 18၊ 18e နဲ့ 18air တို့ကိုတော့ pro series မိတ်ဆက်ပြီး လပိုင်းအကြာမှ မိတ်ဆက်မယ်လို့ သိရပါတယ်။

image

မိမိ အခြေအနေ

Very funny

အမေ၊ပြောတာလည် မှန်၊တာပဲ

1 y - Translate

Galaxy S25 Edge ထက် 0.15 mm သာ ပိုထူတဲ့ ဖုန်းကို ကင်မရာသုံးလုံးထည့်ပြီး ထုတ်ပြမယ့် infinix
အခုမှ teaser ပဲ ထုတ်ပြထားတာဖြစ်ပြီး မကြာခင်မှာတော့ မိတ်ဆက်သွားနိုင်ဖွယ်ရှိပါတယ်။ ဘက်ထရီကိုလည်း 3900 mAh ထက်များတဲ့ ပမာဏနဲ့လာမယ်လို့ သိရပါတယ်။

image
1 y - Translate

ဖုန်းဆို ကာလာစိုစိုနဲ့ သေးသေးလေးတွေမှ ကြိုက်တတ်တဲ့သူတွေအတွက် vivo ရဲ့ အသစ်မိတ်ဆက်မယ့် S30 Pro mini ကို စောင့်ကြည့်သင့်ပါတယ်။ ပုံတွေထဲမှာ မြင်ရတဲ့အတိုင်း ဖုန်းအရွယ်အစားကို နေကာမျက်မှန်၊ နှုတ်ခမ်းနီတောင့်၊ မိတ်ကပ်ဘူး၊ ကော်ဖီခွက်စတဲ့အရာတွေနဲ့ ယှဉ်ပြထားတာဆိုတော့ တော်တော်လေး သေးမယ့်ဖုန်းမှန်း သိသာပါတယ်။
Pro mini ဆိုတဲ့အတိုင်း ပါမယ့် specs တွေကလည်း pro level မှာရှိမယ်ဆိုတော့ ကြမ်းမယ့်သဘောပါပဲ။ vivo S series ကတော့ တရုတ်နိုင်ငံမှာပဲ မိတ်ဆက်မှာဖြစ်ပြီး လပိုင်းအကြာမှာတော့ V series အနေနဲ့ global မှာ ရောင်းချသွားနိုင်ချေ ရှိပါတယ်။
S30 Pro mini နဲ့အတူ S30 ၊ Pad 5 ၊ TWS Air3 earbuds နဲ့ 33W output ရတဲ့ powerbank ကိုလည်း 29 ရက်နေ့မှာ တခါထဲ မိတ်ဆက်သွားမှာပါ။

image