34 w - Translate

စစ်ပွဲမရပ်လျှင် ဆက်လက်ဒဏ်ခတ်သွားမည်ဟု ရုရှားကို ထရမ့် ပြော
--------------------------
ယူကရိန်းစစ်ကို မရပ်မချင်း ရုရှားကို နောက်ထပ် အခွန်စည်းကြပ်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်သွား မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်လို ပုံစံအရေးယူမယ်ဆိုတာကိုတော့ သီခြားရှင်းလင်းတာ မရှိခဲ့ပါဘူး။

အရင်သမ္မတဘိုင်ဒန်လက်ထက်က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီးဖြစ်ပေမဲ့လည်း ယူကရိန်းစစ်ကို ရုရှားက ရပ်တန့်အောင် ဖိအားပေးရေးအတွက် လုပ်နိုင်တာတွေရှိနေသေးတယ်လို့ လက်ရှိ အမေရိကန်အစိုးရ တာ ဝန်ရှိသူတွေက ပြောပါတယ်။ အထူးသဖြင့် ရုရှားရဲ့စွမ်းအင်ကဏ္ဍကို နောက်ထပ်ဖိအားပေး ပိတ်ဆို့မှုတွေချမှတ်နိုင် တယ်လို့ ယုံကြည်နေကြတာပါ။

အမေရိကန်အရာရှိတွေက ရုရှားရဲ့ဝင်ငွေ အဓိက ရေသောက်မြစ်တွေကို ဆက်လက်ပိတ်ဆို့ ဖြတ်တောက်တာ တွေကနေ ရုရှားသမ္မတ ပူတင်ကို ဆွေးနွေးပွဲစကားဝိုင်ဆီ ဆွဲခေါ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါ့အပြင် ရုရှားရေနံတွေကို သယ်ဆောင်ပေးနေတဲ့ ဥရောပကုန်တင်သင်္ဘောတွေနဲ့ အာရှက ဝယ်လက်တွေကို အပြစ် ပေးတာ အပါအဝင် တည်ဆဲဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုမိုအားကောင်းအောင် ဆောင်ရွက်တာတွေရှိကြောင်း အမေရိကန် အရာရှိ တွေက ပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တိုက်ရိုက်စကားပြောဆိုမှု အခုအပတ်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောထားပါတယ်။

image
Khine Su Zin shared a post  
34 w

34 w

UK နိုင်ငံ Exeter တက္ကသိုလ်မှာ Master of TESOL အတန်းတက်ချင်တဲ့ အင်္ဂလိပ်စာ ဆရာ/ဆရာမ များအတွက် A.S Hornby Educational Trust က ပညာသင််ဆုအပြည့်အဝထောက်ပံ့ပေးနေပါတယ်။
မြန်မာနိုင်ငံအပါအဝင် ဆင်းရဲတဲ့နိုင်ငံတွေမှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ ကျောင်းဆရာ/ဆရာမ (၁၀) ယောက်အထိ ထောက်ပံ့ပေးသွားမှာပါ။
TESOL Teaching သို့မဟုတ် အခြား ဆက်စပ်သတ်သက်တဲ့ လုပ်သက် အနည်းဆုံး (၃) နှစ်ရှိရမှာဖြစ်ပြီး Exeter ရဲ့ မဟာတန်း TESOL အတွက် ကျောင်းဝင်ခွင့်ရရှိဖို့လိုအပ်ပါတယ်။ UK နိုင်ငံ ပညာရေးစနစ်ရဲ့ ဘွဲ့ကြို upper 2nd class honours နဲ့ ညီမျှတဲ့ ဘွဲ့တစ်ခုခုရှိထားဖို့လိုအပ်ပါတယ်။
လျှောက်လွှာတင်ဖို့လင့်
https://www.exeter.ac.uk/study..../funding/award/?id=5
အရင်နှစ်က ရွေးချယ်ခံထားသူတွေနဲ့ ပညာသင်ဆုအကြောင်း ပိုမိုလေ့လာလိုပါက
https://www.hornby-trust.org.u....k/ma-tesol-scholarsh

#crd
#education

image

UK နိုင်ငံ Exeter တက္ကသိုလ်မှာ Master of TESOL အတန်းတက်ချင်တဲ့ အင်္ဂလိပ်စာ ဆရာ/ဆရာမ များအတွက် A.S Hornby Educational Trust က ပညာသင််ဆုအပြည့်အဝထောက်ပံ့ပေးနေပါတယ်။
မြန်မာနိုင်ငံအပါအဝင် ဆင်းရဲတဲ့နိုင်ငံတွေမှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ ကျောင်းဆရာ/ဆရာမ (၁၀) ယောက်အထိ ထောက်ပံ့ပေးသွားမှာပါ။
TESOL Teaching သို့မဟုတ် အခြား ဆက်စပ်သတ်သက်တဲ့ လုပ်သက် အနည်းဆုံး (၃) နှစ်ရှိရမှာဖြစ်ပြီး Exeter ရဲ့ မဟာတန်း TESOL အတွက် ကျောင်းဝင်ခွင့်ရရှိဖို့လိုအပ်ပါတယ်။ UK နိုင်ငံ ပညာရေးစနစ်ရဲ့ ဘွဲ့ကြို upper 2nd class honours နဲ့ ညီမျှတဲ့ ဘွဲ့တစ်ခုခုရှိထားဖို့လိုအပ်ပါတယ်။
လျှောက်လွှာတင်ဖို့လင့်
https://www.exeter.ac.uk/study..../funding/award/?id=5
အရင်နှစ်က ရွေးချယ်ခံထားသူတွေနဲ့ ပညာသင်ဆုအကြောင်း ပိုမိုလေ့လာလိုပါက
https://www.hornby-trust.org.u....k/ma-tesol-scholarsh

#crd
#education

image
34 w - Translate

မိန်းမဖြစ်သူရဲ့ မွေးနေ့ကို မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ Ah Boy ❤️

မြတ်ရတနာကျော်ရဲ့ အသက် ၃၀ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမနဲ့အတူ သားလေး Jaden ၊ သမီးလေး Scarlet တို့လည်း ပါဝင်ခဲ့ပါတယ်။ မိသားစု ၄ ယောက်စုံစုံညီညီနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ မွေးနေ့လေးလည်း ဖြစ်ပါတယ်။

#crd
#celenews

image
34 w - Translate

Beauty Of Joseon Relief Sun Aqua-Fresh🌟

ကောင်းလွန်းလို့ လူတိုင်းကိုသုံးစေချင်တဲ့ sunscreen လေးပါပဲ။ လိမ်းရတာ အိစက်နူးညံ့ပြီး အရသာရှိလိုက်တာလို့ တွေးမိတယ်။ ခုခေတ်မှာ sunscreen ကောင်းကောင်း မရှားတော့ပါဘူး။ အဲ့လို sunscreen တွေအများကြီးထဲမှာမှ ဒီလိုထင်းထွက်ပြီး ကောင်းတာမျိုးတွေ့ဖို့တော့ မလွယ်ဘူးလို့ Nyi ထင်ပါတယ်။

သူ့မှာပါတဲ့ ပါဝင်ပစ္စည်းတွေကလဲ အရမ်းသဘောကျဖို့ကောင်းတယ်။ Chemical sunscreen မလို့ Chemical UV filters တွေရယ် Rice seed water, Panthenol, Oat extract, Artichoke leaf extract, Green tea leaf water, Sodium hyaluronate, Glycerin, Beta-Glucan, Inositol, Tocopherol, Ferulic acid, Ceramide NP, Rice amino acids, Rice Sh-Oligopeptide 1 စတာတွေရယ် ပါဝင်ပါတယ်။

Nyi သတိထားမိသလောက် သူ့မှာ hydrating ingredients တွေကိုပဲ အဓိကအသုံးပြုထားတယ်။ Moisturizing ingredients တွေကို အရင် Relief sun ထက်စာရင် လျှော့သုံးထားတာ မြင်ရပါတယ်။ 100% Alcohol free ဖြစ်တယ်၊ Fragrance & Essential oil free~ Sensitive skin နဲ့ Barrier damaged skin တွေအတွက် အကောင်းမွန်ဆုံး ingredients list ပါပဲ။

အရင် Relief sun က lotion texture ဆိုရင် ဒီ Aqua-Fresh က milky texture လောက်ပဲ ရှိတယ်။ အရည်အရမ်းကျဲပြီး လိမ်းလိုက်တာနဲ့ ရှလွတ်ခနဲ စိမ့်ဝင်သွားတယ်။ အရမ်းပေါ့ပါးပြီး airy, breathable ဖြစ်နေရောပဲ။ ဘာအနံ့မှ မရပါဘူး။ Finish လေးကလဲ ကိုယ့်မျက်နှာကိုယ် ကိုင်ကြည့်လိုက်ရင် မွှတ်မွှတ်ချောချောလေးနဲ့ powder ပုတ်ထားသလိုလေး ဖြစ်နေတယ်။ သူ့လိမ်းပြီး မဲတာအဆီပြန်တာမျိုး မရှိပါဘူး။ Natural finish ကို အသားလေးဝင်းပြီး ကြည့်ကောင်းနေစေတယ်။

တခုတည်းသော အားနည်းချက်က စျေးလေးနဲနဲမြောက်တယ်လို့ပဲ ပြောရမလားပဲ။ သူ့စျေးတန်းက sunscreen တွေနဲ့ယှဉ်ရင် အဆင်အလန်းကြီးဆိုပေမယ့် 3သောင်းပတ်ချာလည် sunscreen တွေနဲ့ ယှဉ်ရင်ပေါ့နော်။ ဒါပေမယ့် ကိုယ်တိုင်လိမ်းကြည့်ပြီးသွားရင်တော့ စျေးကြီးတယ်လို့ မမြင်နိုင်တော့ပါဘူးဗျ။

သူ့ကို All skin types သုံးဖို့ Nyi ညွှန်းပါတယ်။ ရေဓာတ်သေချာပေးနိုင်လို့ dehydrated skin တွေနဲ့ အရမ်းအဆင်ပြေတယ်နော်။ Rice extract ကို အခြေခံပြီး ထုတ်လုပ်ထားလို့ အသားမကြည် အသားညစ် အမဲစက် ချွေးပေါက်ကျယ်သမားတွေနဲ့ အထူးသင့်တော်ပါတယ်ခင်ဗျာ။

#crd
#skincarereview

image

ရွေးကောက်ပွဲကို ၂ ကြိမ်ခွဲ ကျင်းပနိုင်သည်ဟု ပြော

ဇန်နဝါရီ ၂၃

နစကသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)အား အာဏာအပ်မည်ဆိုလျှင် ကာ/လုံ အနေဖြင့် ရွေးကောက်ပွဲကို ၂ ကြိမ်ခွဲ၍ ကျင်းပနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲ အား မဖြစ်မနေ ကျင်းပပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

အခြေခံဥပဒေအရ ‌နစကသည် ကာ/လုံအား အာဏာအပ်လျှင် ကာ/လုံသည် ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲအား ၂ ကြိမ်ခန့် ကျင်းပနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ဒေါက်တာအေးမောင်က “၂၀၂၅ လာမယ့် ဇန်နဝါရီ ၃၁ မှာ နစက အသွင်ပြောင်းမှာလား၊ ၆ လ ၂ ကြိမ် လာမှာ လားပေါ့၊ နစကဘက်က ချင့်ချိန်မှာပေါ့၊ နိုင်ငံရေးအားဖြင့် ဘယ်လိုထွက်ပေါက် ပေးမှာလဲ၊ ဒီဘက်ကကျတော့ ၆ လအတွင်းမှာ အခြေခံဥပဒေအရ ရွေးကောက်ပွဲကြီးကို နစကသည် ကာ/လုံကိုအပ်တာနဲ့ ကာ/လုံသည် ၆ လ အတွင်း ရွေးကောက်ပွဲကို ကျင်းပပေးရမယ်လို့ ပါတာပေါ့၊ ၆ လအတွင်းမှာ မပြီးခဲ့ရင်ရော ကမ္ဘာကိုပြောထားတဲ့ ကတိပေါ့ဗျာ၊ ၂၀၂၅ မှာ ရွေးကောက်ပွဲကြီး လုပ်မယ်လို့ ပြောတာပေါ့၊ အဲတာကြောင့်လည်း သူ့ဘက်က ကြိုတင် ပြင်ဆင်မှု လုပ်နိုင်တဲ့ အနေအထား ဆိုရင်တော့ဖြင့် လာမယ့် နိုဝင်ဘာလထက် ၁၉၉၀ မှာလည်း လုပ်ခဲ့တဲ့ မေလ ကို ခန့်မှန်းဖို့ ပထမဖြစ်လာတာပေါ့၊ အဲတော့ ၃၁ ဇန်နဝါရီမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အပ်မှာလား၊ တစ်ခုက ခုနကပြောတဲ့ ရွေးကောက်ပွဲကြီးကို ၆ လအတွင်း မပြီးမြောက် နိုင်ခဲ့ရင်ရော ဆိုတာကို စိုးရိမ်ရင် လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့စတဲ့ ကာလကို ကာ/လုံကို အပ်နိုင်တာပေါ့၊ အဲတော့ အဲဒီ ၆ လမှာ ရွေးကောက်ပွဲ ၁ ကြိမ်လုပ်နိုင်မှာလား၊ ဒါကတော့ နစကသည် သူ့ဟာသူ ကြိုတင်ပြင်ဆင် နိုင်တာပေါ့ဗျာ၊ အဲတော့ အခြေခံဥပဒေ အရလည်း ကာ/လုံသည် ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမယ်ပဲပါတာ၊ တစ်ကြိမ်ထဲနဲ့ ပြီးအောင် လုပ်ရမယ်လို့ သတ်မှတ်ထားတာ မရှိတော့ ကာ/လုံသည် ၂ ကြိမ်လောက် သွားနိုင်တာပေါ့” ဟု ပြောသည်။

၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

သို့သော် မည်သည့် နေ့ရက်တွင် ကျင်းပမည်ကိုတော့ အတိအကျ ပြောကြားခြင်း မရှိသေးပေ။

၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲအား နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များအား ဖိတ်ခေါ်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့အတူ ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအား ကြည့်လေ့လာခွင့် ပြုမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။

လက်ရှိတွင် နစကသည် သက်တမ်း ထပ်တိုးနိုင်ကြောင်း၊ ‌ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါကလည်း ဇူလိုင်လ မကုန်ခင် ကျင်းပရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က ပြောသည်။

ဦးခွန်းဆိုင်က “ကြားသိရသ‌လောက်ကတော့ ကာ/လုံကို အာဏာအပ်မယ်လို့ မကြားသိရသေးဘူး၊ ဖြစ်နိုင်တာတွေ က သူက သက်တမ်းထပ်တိုးမယ်၊ သက်တမ်းတိုးပြီးတော့မှ ၆ လ မပြည့်ခင်မှာပဲ ကာ/လုံကို အာဏာပြန်အပ်လို့ ရတယ်လို့ ပြောပါတယ်၊ ၆ လပြည့်မှ ကာ/လုံကိုအပ်တာ မဟုတ်ဘူး၊ မပြည့်ခင်ထဲက အပ်လို့ရတယ်ပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူကဒီ ကြားသိရသလောက် ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲကို တတိယ ၃ လပတ်မှာ ကျင်းပမယ်လို့ သတင်းရှိတယ်ပေါ့ဗျာ၊ အဲဒီတော့ တတိယ ၃ လပတ်ဆိုတဲ့ အခါကျတော့ ဇူလိုင်ကနေ စက်တင်ဘာပေါ့နော်၊ အဲသလိုဖြစ်တယ် တကယ်လို့သူတို့ ဒီတိုင်းလုပ်မယ်ဆိုရင် နေ့စွဲအတိအကျတော့ မသိရဘူး၊ တတိယ ၃ လပတ်မှာ သူတို့ ကျင်းပမယ် ဆိုလို့ရှိရင် အနည်းဆုံး ၂ လ ကြိုတင်ပြီးတော့မှ ကြေညာရမှာပေါ့၊ ဒီလိုဆိုလို့ရှိရင် သူတို့သက်တမ်းတိုးလို့ရတယ်၊ မတိုးချင်လည်း ရတယ်၊ ဒါပေမယ့် တကယ်လို့ လုပ်မယ်ဆိုလို့ ရှိရင်လည်း သူက ဇူလိုင်လ မကုန်ခင်ကတည်းက ရွေးကောက်ပွဲ ကျင်းပရမှာလေနော်၊ ရိုးရိုး လွတ်လွတ်ကျွတ် ကျွတ် ပြောမယ်ဆိုလို့ရှိရင် သူတို့အခု လောလောဆယ်ကတော့ ဆက်ကိုင်ထားဖို့ ရှိတယ်လို့ပဲ မှန်းရပါတယ်ဗျ” ဟု ပြောသည်။

နစကအနေဖြင့် ရွေးကောက်ပွဲအား ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲများ စတင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် တိုက်တွန်းထားကြသည်။

တရုတ်အစိုးရကတော့ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ဆန္ဒပြုကူညီနိုင်မည်ဟု ပြောကြားထားသလို ရုရှားနိုင်ငံကလည်း ရွေးကောက်ပွဲကို ကူညီမည့်အကြောင်း ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က ပြောကြားခဲ့ သည်။

ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

မာလာ အသီးရွက်သုပ်ရင်..မပါမဖြစ် ထည့်လေ့ရှိတာကတော့
1. ကြာဆွယ်..
2. မုန်လာဥနီ
3. တရုတ်မုန်ညှင်းထုပ် (Chinese cabbage)
4. မှိုတမျိုးမျိုး..
5. ပဲလိပ် တို့ပါဘဲ..
6. ဘာနဲ့လုပ်မှန်း မသိတဲ့ ကော်ပြားလို မုန့်ဖတ်လေးတွေ ကို မြန်မာမှာ အလွယ် ၀ယ်ရနေသူများကို ပြုတ်ပီးထည့်နိုင်ပါတယ်၊ မမီးအတွက်တော့ အသီးအရွတ် ကြွတ်ကြွတ်ထုတ်ထုတ်လေးတွေကိုဘဲ အသုံးပြုရတာ ပိုနှစ်သက်ပါတယ်။
7. အသီးရွက်တွေကိုရေဆူမှာ ဆားထည့်ပြုတ်၊ ခဏလေး ထားပီး ဆယ်..။ ရေအေးစိမ်..။ ရေစစ်ထား..။
8. အသင့်လုပ်ထားတဲ့ မာလာ အနှစ်နဲ့နယ် ဆား..ပဲငံပြာရည် အကျဲ..အပြစ်တို့ကို သင့်ရုံထည့်ပါ..။ အစပ်ကြိုက်လျှင် ငရုပ်သီး ခွဲခြမ်းကြော် ထပ်ထည့်ပါ။
Credit Meemeetofu

image

မလေးရှားမှာ ပြုလုပ်တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ တောင်ကြီးနဲ့ ပင်းတယက ဆုတဆုစီ ရရှိ

ဇန်နဝါရီ ၂၃

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ အခုဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနဲ့ ပင်းတယမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆု သုံးဆုအနက် ဆု နှစ်ဆု ရရှိခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

အဲဒီဖိုရမ်မှာ အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆု၊ အာဆီယံ Spa ဝန်ဆောင်မှုဆု၊ အာဆီယံအများသုံး သန့်စင်ခန်းဆုဆိုပြီး ဆုအမျိုးအစား ၃ခုရွေးချယ်ချီးမြှင့်မှာဖြစ်တာကြောင့် အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆုအတွက် ပင်းတယမြို့နယ်၊ ဆီးကျအင်းကျေးရွာရှိ CBT၊ အာဆီယံ Spa ဝန်ဆောင်မှုဆုအတွက် Jasmine Taunggyi Hotelရှိ Jasmine Spa၊ အာဆီယံအများသုံး သန့်စင်ခန်းဆုအတွက် တောင်ကြီးမြို့၊ စူဌာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“တောင်ကြီးက ဟိုတယ်နဲ့ ခရီးပြည်နယ်ရုံးက အာဆီယံစံနှုန်းနဲ့ အနီးကပ်ဆုံးကိုက်ညီမှုရှိတဲ့ လုပ်ငန်းတွေကို ရွေးပြီး လျှောက်ပေးခဲ့တာပေါ့။ အဲဒီထဲကနေ ဆု ၂ဆုရတယ်လို့ ၂၀ရက်နေ့ကပဲ အကြောင်းကြားလာပါတယ်”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆုတွေအနက် အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆုအတွက် ပင်းတယမြို့နယ်၊ ဆီးကျအင်းကျေးရွာရှိ CBT၊ အာဆီယံအများသုံး သန့်စင်ခန်းဆုအတွက် တောင်ကြီးမြို့၊ စူဌာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့က ဆုရရှိခဲ့ပြီး ဆုတွေကို ကိုယ်တိုင်တင်ရောက်ရယူလိုပါက မိမိစရိတ်နဲ့ တက်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

မတက်ရောက်နိုင်ပါက အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်ကို တက်ရောက်မယ့် ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကိုယ်စားလှယ်အဖွဲ့က လက်ခံရယူကာ ရှမ်းပြည်နယ်ကိုပို့ဆောင်ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓတ်ပုံ-gg

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image

ကျန်ရှစ်ချီဟာ ချမ်းသာတဲ့ထိပ်တန်းအမျိုးသမီး တစ်ဦး ဖြစ်လာခဲ့တယ်
အပိုင်း(၅)

အဂ်လန်လက်ရွေးစင်အသင်းဂန္ဓဝင်တိုက်စစ်မှူးအလန်ရှီးယားက အစားထိုးရမဲ့သူရှာဖို့ခက်ခဲတာကြောင့် မိုဟာမက်ဆာလက်ကိုစာချုပ်သက်တမ်းတိုးဖို့အတွက်နည်းလမ်းပေါင်းစုံလုပ်ဆောင်ရမယ်လို့ လီဗာပူးလ်အသင်းကိုသတိပေးပြောဆိုလိုက်ပါတယ်။

အီဂျစ်တိုက်စစ်ကစားသမားဟာ ကြိုးကြာနီအသင်းနဲ့စာချုပ်သက်တမ်းအဖြစ်ဒီရာသီကုန်အထိသာကျန်ရှိတော့ပြီး စာချုပ်ကိစ္စသက်တမ်းတိုးဖို့ကလည်း အဆုံးမသတ်နိုင်သေးတာဖြစ်ပါတယ်။

အလန်ရှီးယားအနေနဲ့ဆာလက်ကိုပရီးမီးယားလိဂ်မှာဆက်ကစားနေတာမြင်ချင်တယ်လို့ဝန်ခံခဲ့ပြီးလီဗာပူးလ်အသင်းအနေနဲ့တကယ်လို့အစားထိုးမဲ့သူရှာရမယ်ဆိုရင်ပြသနာကြုံတွေ့ရလိမ့်မယ်လို့ယုံကြည်နေပါတယ်။

ဆာလက်အနေနဲ့ ဆက်ရှိသွားမယ်လို့ကျနော်မျှော်လင့်ပါတယ်။သူဟာအရမ်းကောင်းမွန်တဲ့ကစားသမားဖြစ်ပြီးသူကစားတဲ့အပတ်တိုင်းကျနော်ကြည့်ရတာနှစ်သက်ပါတယ်။ဒီနေရာကပရိသတ်တွေလည်း ဒီလိုမျိုးပဲ့ကြိုက်နှစ်သက်လိမ့်မယ်လို့ကျနော်အတော်လေးသေသေချာချာယုံကြည်ပါတယ်။

သူ့အနေနဲ့ကောင်းလေ့ကျင့်နေပြီး သူ့ကိုကြည့်ရတာတချိန်လုံးကြံ့ခိုင်မှုပြည့်၀နေသလိုပါပဲ့။ဒါကြောင့် ဒီလိုမျိုးခန္ဓာကိုယ်အနေအထားမျိုးကကစားဖို့အချိန်တွေကျန်ရှိစေပါတယ်။သူ့အနေနဲ့နောက်ထပ် ၃-၄ နှစ်မှာဂိုးသွင်းယူတာနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါဘူး။

ပြသနာကဘာလဲဆိုတာကျနော်မသိပါဘူး။သူ့အနေနဲ့စာချုပ်သက်တမ်းတိုးတဲ့ဘာလို့မရောက်နိုင်တာလဲမသိပါဘူး။သူ့အနေနဲ့ လိုချင်လား မလိုချင်ဘူးလားမသိပေမဲ့ ကျနော်သိတာကတော့ တကယ်လို့သူအသင်းပြောင်းရွှေ့သွားမယ်ဆိုရင်လီဗာပူးလ်အသင်းအနေနဲ့ သူ့လိုမျိုးကောင်းမွန်တဲ့သူ့ကိုအချိန်ကာလတခုလောက်ရှာဖွေနိုင်လိမ့်မှာမဟုတ်ပါဘူးလို့ စလော့ဒ်ကပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image