44 w - Translate

မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ ငလျင်ဘေးသင့်ပြည်သူများဆီကို မိသားစုလိုက် သွားပြီး အလှူဒါနတွေ ပြူခဲ့တဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင် 😍❤👇

image

ဝုက စေတနာ နဲ့ ပါ ပို အယားပြေတာ ပေါ့ ဒီလောက် သိတတ်တာ ကို

44 w - Translate

◾️Sales Admin Staff - Yangon
Company: Pandora Trading
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23436

◾️Digital marketing Executive/ Content Creator - Yangon
Company: MG&J Company Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23435

◾️Senior Marketing Associate - Yangon
Company: KBTC Group of Companies Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23434

image

ဝါသနာ : သီချင်းဆိုတာ
အားနည်းချက် : ကီ: ကြော- င်🌚

image
44 w - Translate

တရုတ်နိုင်ငံမှ အကူအညီပစ္စည်းများ တတိယအသုတ်အဖြစ် ထပ်မံရောက်ရှိ
*****************
(ပြည်တွင်း) ဧပြီ ၇
ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံအစိုးရမှပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ဧပြီလ ၅ ရက်က တတိယအသုတ်အဖြစ် ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။

အဆိုပါအကူအညီပစ္စည်းများတင်ဆောင်လာတဲ့လေယာဥ်က ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ ပါတယ်။

တရုတ်နိုင်ငံအစိုးရမှ တတိယအသုတ်ပေးပို့တဲ့ အကူအညီပစ္စည်းများမှာ ရေသန့်စက်စနစ် ၁,၀၄၈ စုံ၊ ခြင်ထောင် ၁၀,၀၀၀ လုံး၊ အရေးပေါ်ဆေးအိတ် ၁၅,၀၀၀ လုံးနှင့် ရွက်ဖျင်တဲအကြီးစား ၄၀၀ လုံးတို့ ပါဝင်ပြီး ငလျင် ဒဏ်သင့်ဒေသများသို့ နေ့ချင်းပို့ဆောင်ပေးခဲ့ကြကြောင်း သိရပါတယ်။

image

မတည်မြဲခြင်း
သဘောတရားတွေ အများကြီးကြားမှာ

နေ့ကုန်လို ရက်ပေါင်းတွေကို
တွက်ပြီး မရုန်းကန်ချင်တော့ဘူး

ဘယ်နေ့ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့
ပျောက်ကွယ်ရမယ်ဆိုတာ မသိတဲ့အတွက်

သောက နဲ့ လောဘ
အပူတွေပဲ နည်းချင်တော့တယ် ။

image

ကိုယ်ဝန်ဆောင်မေမေ ပိန္နဲသီးစားလို့ရမလား
ပိန္နဲသီးကြိုက်တယ်။မွှေးနေတာပဲ။ စားချင်လိုက်တာ။ ကိုယ်ဝန်ဆောင်ထားရလို့ စားလို့ဖြစ်ပါ့မလား၊ လို့တွေးနေတဲ့ မမဗိုက်တို့ရေ… ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီးစားလို့ရလား...
ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီး စားလို့ရလားဆိုတော့ မစားဖို့ပြောကြတာရှိသလို စားလို့ရတယ်လို့ပြောကြတာလည်းရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အစောပိုင်း ကာလမှာတော့ အနည်းအကျဉ်း စားလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အစားအသောက်ကို ဂရုစိုက်တာကတော့ အကောင်းဆုံးဖြစ်မှာပါ။ လေ့လာချက်တိတိပပ မရှိပေမယ့် တော်တော်များများကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီးမစားတာ အကောင်းဆုံးပါ၊ လို့ပြောနေကြပါတယ်။
* ဒီလိုအခြေအနေတွေကတော့ လုံးဝမစားသင့်ပါဘူး *
ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဒီလိုအခြေအနေ ရှိနေမယ်ဆိုရင်တော့ ပိန္နဲသီးမစားသင့်ပါဘူး။
ဆီးချိုရောဂါရှိနေရင် – ပိန္နဲသီးကသွေးတွင်း သကြားဓါတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုရှိတဲ့မေမေတွေမစားသင့်ပါဘူးနော်။
သွေးရောဂါတစ်ခုခုရှိသူတွေ – ပိန္နဲသီးက သွေးခဲစေနိုင်တာကြောင့် သွေးရောဂါတစ်ခုခုရှိသူတွေ မစားသင့်ပါဘူး။
အစာခြေစနစ်အားနည်းသူတွေ – ပိန္နဲသီးက အမျှင်ဓါတ်များပြီး အစာကြေခဲတာကြောင့် အစာခြေစနစ် ပြဿနာရှိသူတွေ မစားသင့်ပါဘူး။
ပိန္နဲသီးနဲ့ဓါတ်မတည့်သူတွေ – ပိန္နဲသီးစားပြီးတိုင်းအော့အန်တယ်။ ဝမ်းသွားတယ်ဆိုရင် ပိန္နဲသီးနဲ့ဓါတ်မတည့်တာ ဖြစ်နိုင်တာကြောင့် မစားပါနဲ့။
* ကိုယ်ဝန်ဆောင်နဲ့ပိန္နဲသီး *
အပေါ်ကအခြေအနေတွေ မရှိဘူးဆိုရင်တော့ ပိန္နဲသီးကို အနည်းအကျဉ်းစားလို့ရပါတယ်။ ပိန္နဲသီးစားသုံးပေးတာက ကိုယ်ဝန်ဆောင်မေမေအတွက် အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
- သတ္တုဓါတ်တွေရရှိစေနိုင်တယ်
[ပိန္နဲသီးက ကယ်လ်ဆီယမ်၊ ဇင့်၊ ၊ ဘီတာ ကယ်ရိုတင်းတို့ပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေကိုပြည့်ပြည့်ဝဝရရှိစေမှာပါ။]
- သွေးပေါင်ကျစေနိုင်တယ်
[ကိုယ်ဝန်ဆောင်သွေးတိုးကို ကာကွယ်ပေးသလို သွေးတိုးရှိသူတွေမှာလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလသွေးတိုးကို ကာကွယ်ချင်သူတွေ စားပေးလို့ရပါတယ်။]
- အင်အားပြည့်စေတယ်
[ကိုယ်ဝန်ဆောင်ချိန်မှာ မောပန်းလွယ်တာ၊ မအီမသာဖြစ်တာတွေကို လျော့ပါးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အားပြည့်လန်းဆန်းနေစေမယ့် အစားအစာတစ်ခုပါ။]
- ဝမ်းချုပ်တာကိုသက်သာစေနိုင်တယ်
[အမျှင်ဓါတ်ပါဝင်နေတာကြောင့် အူတွေကို လှုပ်ရှားမှုကောင်းစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။]
- ဆိုဒီယမ်ပါဝင်မှုနည်းတယ်
[အဆီနဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားလို့ရတဲ့ အသီးတစ်ခုပါ။]
- သန္ဓေသားကိုကြီးထွားစေတယ်
[ဗီတာမင်အေ၊ ဗီတာမင် စီ၊ဖောလိတ်၊ သံဓါတ်တို့ပါဝင်နေတာကြောင့် ပိန္နဲသီး အတန်အသင့်စားသုံးပေးမှုက သန္ဓေသားလေးကြီးထွားဖို့ အထောက်အကူပြုပေးနိုင်မှာပါ။]
- စိတ်ဖိစီးမှုလျော့ကျစေနိုင်တယ်
[ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေကိုလျော့ပါးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကဘေဘီလေးအတွက် မကောင်းတဲ့အရာဆိုတော့ ပိန္နဲသီး နည်းနည်းလောက်စားလို့ စိတ်ဖိစီးမှု ကင်းကင်းနေလိုက်ပါ။]
- ကိုယ်ခံအားကောင်းစေတယ်
[ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ လိုအပ်တဲ့ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှုကင်းပြီး ကိုယ်ခံအားကောင်းနေစေဖို့ စားပေးသင့်ပါတယ်။]
ပိန္နဲသီးမစားပါနဲ့ပြောရတဲ့အကြောင်းအရင်းက....
သွေးတွင်းသကြားဓါတ် မြင့်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်ဆီးချို ခံစားနေရသူတွေအနေနဲ့ အချိုဓါတ်ကဲတဲ့ ပိန္နဲသီးကို စားသုံးမှုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပဿနာတွေ မေမေရောဘေဘီမှာ ပါခံစားနိုင်ရတာကြောင့် မစားဖို့ပြောရတာပါ။ ပိန္နဲသီးက အခန့်မသင့်ရင် ဝမ်းပျက်စေနိုင်တာကြောင့်လည်း ကိုယ်ဝန်ဆာင်မေမေတို့အနေနဲ့ အများကြီးစားဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ပိန္နဲသီးကြိုက်တယ်ဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ အသီးကို နည်းနည်းလောက်ပဲစားပေးပါလို့ အကြံပြုပါရစေနော်။

image
44 w - Translate

သက်ပြင်းတွေ ခပ်ဖွဖွချရင်း
အရင်တုန်းကဆိုရင်လေဆိုပြီး

အရင်လိုပြန်မဖြစ်နိုင်တော့တာတွေကို
ပြန်လွမ်းနေရတာက
နာကျင်စရာပါပဲ ။

•ကျေးကို•

image
44 w - Translate

စလင်းမြို့နယ်၊ တောင်ဘိုရွာသို့ စစ်တပ်က စစ်ကြောင်းဝင်ရောက်လာမှုကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး ရွာလုံးကျွတ် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဧပြီ ၇
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ဘိုရွာကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက် ပွဲဖြစ်ပြီး စစ်တပ်က တောင်ဘိုရွာရှိ ပြည်သူ့နေအိမ် ၂၁ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗမာ့တပ် တော် အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေးရုံး၊ ကွပ်ကဲရေးမှူး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ အင်အား ၇၀ ကျော် ပါ စစ်ကောင် စီစစ်ကြောင်းသည် နယ်တမယ်၊ နတ်စင်ကျေးရွာတို့ဘက်မှ တဆင့် စလင်းမြို့နယ်၊ တောင်ဘိုကျေးရွာဘက်ကို ဝင်ရောက်လာသဖြင့် ဒေါင်းစစ်အောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့နောက် ဗမာ့တပ်တော်အပါအဝင် မဟာမိတ်တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများက တောင်ဘိုကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ ဖျက်ဆီးကာ ပြန်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ဝင်လာတော့ ဒေါင်းစစ်အောင်နဲ့ အရင်ဆုံးထိတွေ့မှုဖြစ်တယ်။ ထိတွေ့မှုဖြစ်ပြီးကာမှ တောင် ဘို ရွာထဲကို ပစ်ပြီးတော့ ဝင်လာတာ။ အဲဒါကြောင့် ကျနော်တို့လည်း ပူးပေါင်းပြီးတော့ လက်နက် ကြီး နဲ့ ပစ်ကူပေးတယ်။ အဲဒီလိုပစ်တဲ့အချိန်မှာ သူတို့က ရွာကို မီးရှို့ပြီးတော့ ပြန်ထွက်သွားတာ။ အကုန်လုံး တော့မဟုတ်ပါဘူး။ ရွာလုံးကျွတ်တော့မဟုတ်ဘူး။ ဟိုနေရာရှို့၊ ဒီနေရာရှို့ ရှို့သွားတာ။ တိုက်ပွဲမှာ တော့ ခွေးသေထိခိုက်မှုမသိရသေးဘူး။ ကျနော်တို့ဘက်ကလည်း တာဝေးပစ်နဲ့လှမ်း ပြီးတော့ ပစ်တာ ဆိုတော့၊ သူတို့ကလည်း ထပ်ပြီးတော့ မဝင်ပဲနဲ့ သူတို့ရောက်တဲ့ နေရာမှာပဲ မီးရှို့ပြီး ပြန်ထွက်သွားကြ တာ” ဟု ဗမာ့တပ်တော် ၊အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေးရုံး၊ ကွပ်ကဲရေးမှူး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက်မှုကြောင့် တောင်ဘို ကျေးရွာနေ အမျိုးသား ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၁ လုံး မီးလောင် ဆုံးရှုံးခဲ့ ကြောင်း၊ ထို့အပြင် စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် တောင်ဘိုကျေးရွာ ဆားတော ကျေးရွာ၊ ညောင်ကုန်းရွာ စသည့်ကျေးရွာများမှ ပြည်သူများမှာ စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ယခုအခါ စစ်တပ်က နယ်တမယ်ကျေးရွာတွင် ရောက်ရှိတပ်စွဲ နေကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ကျေးရွာတစ်ခုကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

image

Wow 💁တကယ့်လေးစားစရာ လက်မှူပညာပဲ❤️‍🩹
#crdphoto

image