image
32 w - Translate

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘရာဇီးအသင်း လေ့ကျင့်
------------------------
(၂၀၂၆)ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားနေတဲ့ ဘရာဇီးအသင်းဟာ အောက်တိုဘာလအတွင်း ကစားရမယ့်ပွဲစဉ်တွေ အတွက် လေ့ကျင့်မှုတွေကို အောက်တိုဘာလ(၈)ရက်က စတင်ပြုလုပ်ခဲ့ကြပါတယ်။ ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၈)ပွဲကစားပြီးချိန်မှာ ရမှတ်(၁၀)မှတ်သာ ရသေးတာကြောင့် ခြေစစ်ပွဲအောင်ဖို့အတွက် လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရရှိအောင် ကစားဖို့ လိုအပ်နေတာပါ။

ဘရာဇီးအသင်းရဲ့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လူစာရင်းမှာ ဒဏ်ရာရကစားသမားတွေဖြစ်ကြတဲ့ လီဗာပူးဂိုးသမား အလီဆွန်၊ ရီးရဲလ်တောင်ပံကစားသမား ဗင်နီးစီးယက်စ်တို့ မပါဝင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ရီးရဲလ်တောင်ပံကစားသမား ဗင်နီးစီးယက်စ်ဟာ ဒဏ်ရာပြဿနာကြောင့် ကြားရက်မှာကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ပါဝင်နိုင်ခြင်း မရှိတဲ့အတွက် သူ့ရဲ့နေရာမှာ ဖူဟမ်တိုက်စစ်ကစားသမား ပါရဲရားကို အစားထိုးခေါ်ယူလိုက်တယ်လို့လည်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်က တရားဝင် ကြေညာခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် လာမယ့်အောက်တိုဘာလ (၁၁)ရက်နေ့မှာ ချီလီအသင်း၊ (၁၆)ရက်နေ့မှာ ပီရူးအသင်းတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်

image

အဆာပြေ #ဗီယက်နမ်ကော်ပြန့် လုပ်စားကြမယ် 😋 ပိတ်ရက်မှာ အချိန်လေးတွေပိုတုန်း၊ မိသားစုလည်း စုံတုန်း အသစ်အဆန်းတစ်ခုခုလုပ်စားကြည့်ချင်တယ်ဆိုရင် ဗီယက်နမ်ကော်ပြန့်လုပ်စားဖို့ အကြံပေးပါရစေ😍 လုပ်ရတာလည်း လွယ်ကူတယ်။ စားရတာလည်း အရသာရှိ၊ အာဟာရလည်း ပြည့်၀တယ်။ ဆီလည်း လုံး၀မသုံးရတော့ ကျန်းမာရေးအတွက် တကယ့်ကိုသင့်တော်တဲ့ အစားအစားတစ်ခုပါ။ သူ့အရသာက မြန်မာမှာဆိုရင် ကော်ပြန့်စိမ်းနဲ့ ခပ်ဆင်ဆင်ပါ 🙄🙄🙄 ပေါ့ပေါ့ပါးပါး လုပ်စားလို့ရတာမလို့ အခုပဲ လိုက်ပြီး လုပ်စားကြည့်ပါနော်

ပါဝင်ပစ္စည်းများ

ပုဇွန်-(၂၀) သား
ကြာဇံ- အထုပ်သေးတစ်ထုပ်
ဆလပ်ရွက်- တစ်စည်း
ဂေါ်ဖီထုပ် - တစ်ထုပ်
မုန်လာဥနီ- တစ်လုံး
ကြက်သွန်မိတ် - အနည်းငယ်
Rice paper ကော်ပြန့်ရွက်အနည်းငယ်
ဆား - အနည်းငယ်
ဆီ - အနည်းငယ်

ဗီယက်နမ်ကော်ပြန့်ကြော်နည်း
😋😋😋😋😋😋😋😋😋
၁။ ပထမဦးဆုံး ဆလပ်ရွက်နဲ့ ကြက်သွန်မိတ်တွေကို ရေနဲ့သေချာဆေးကြောထားပါ။
၂။ ပြီးရင် ပုဇွန်ကို ဆား၊ ဟင်းချိုမှုန့်တို့နဲ့ နယ်နပ်ပြီး ပြုတ်ထားပါ။ ပုဇွန်လေးတွေ ကွေးပြီး အရောင်ပြောင်းလာရင် အိုးထဲကနေ ဆယ်ထားပါ။
၃။ မုန်လာဥနီကို အချောင်းလိုက်ပါးပါးလေးတွေ လှီးပြီး ကြာဇံနဲ့ ဂေါ်ဖီထုပ်ကိုလည်း မထူမပါးလှီးပြီး ပြုတ်ထားပေးပါ။
၄။ ကော်ပြန့်ရွက်ကိုလည်း ရေနွေးနွေးနဲ့ စိမ်ထားပါ။ ပျော့တဲ့အနေအထားဆိုရင် ရပါပြီ။
၅။ အပေါ်မှာ ပြောထားတာတွေ ပြင်ဆင်ပြီးပြီဆိုရင် ဆလပ်ရွက်ကို အပြန့်လေးခင်းပြီး ကြာဇံ၊ ဂေါ်ဖီထုပ်၊မုန်လာဥနီနဲ့ကြက်သွန်မိတ်တို့ကိုထည့်ပြီး လိပ်ပါ။
၆။ နောက်ပြီးမှ ကော်ပြန့်အရွက်ကိုခင်းပြီး ခုနကလိပ်ထားတဲ့ ဆလပ်ရွက်အလိပ်ကို ထည့်လိပ်ပါ။ ပထမတစ်ချက်လိပ်ပြီးရင် ပုဇွန်လေးတွေကို ကော်ပြန့်ရွက်ပေါ်မှာ စီထည့်ပြီး ပြန်လိပ်ပါ။
၇။ ဒါဆိုရင် လှလှလေးနဲ့ ပေါ့ပေါ့ပါးပါး စားလို့ရမယ့် အဆာပြေဗီယက်နမ် ကော်ပြန့်လေး ရပါပြီ။ အရသာကလည်း တော့်တော့်ကို စားလို့ကောင်းပါတယ်။ Very Good ပါ

ဗီယက်နမ်ကော်ပြန့်လုပ်တဲ့နေရာမှာ ပုဇွန်တွေကို သိပ်အကြာကြီးမပြုတ်ပါနဲ့။ မာသွားတတ်လို့ပါ။ ပုဇွန်လေးတွေ ကွေးပြီး အရောင်ပြောင်းလာရင် ရပါပြီ။ တချို့က ကြာဇံနေရာမှာ မုန့်ဖတ်ထည့်လုပ်ကြပါတယ်။ မိမိစိတ်ကြိုက်ပါ။ ကော်ပြန့်လိပ်နည်း Video File တွေလည်း အများကြီးရှိပါတယ်။ လေ့လာကြည့်ပါ။ တို့စားတဲ့အချဉ်ရည်က မန်ကျည်းနှစ်နဲ့ ငရုတ်ဆီကို ရောပြီးစပ်လို့ရပါတယ်။

မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။

image
32 w - Translate

#ရွှေ လောလောနဲ့တော့ အရောင်းဝယ်မလုပ်မိစေဖို့
ရှောင်ပါဗျ ရွှေဝယ်ထားပြီး စျေးကျကျ တက်တက်
အမြတ်ရပြီဆိုမှ ရောင်းပါဗျ။
70,71,72 နဲ့ ဝယ်မိထားတဲ့ သူများအနေနဲ့လည်း အားမငယ်ပါနဲ့ အချိန်တစ်ခုတော့စောင့်ပါဗျ

ပြင်ပစျေးကွက် ပုံမှန်မဟုတ်သည့်အတွက် ရောင်းမှားဝယ်မှား မဖြစ်အောင် ဂရုစိုက်ပါဗျ။ ✅
အရောင်း၊အဝယ် "လုံးဝ" မလုပ်ပါဗျ✅

32 w - Translate

Telematics မတပ်သည့် Express ယာဉ်များကို အမြန်လမ်း သုံးစွဲခွင့်မပြု
--------------------------
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ Express ယာဉ်တွေအနေနဲ့ Telematics စနစ် စက်တပ် ဆင်ထားတာမရှိရင် အောက်တိုဘာလ ၁၆ ရက်ကစပြီး အမြန်လမ်း သုံးစွဲခွင့်ပြုမှာ မဟုတ်ဘူးလို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ လမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်၊၊ Telematics စနစ် စက် တပ်ဆင်မှုတွေအတွက် စက်တပ်ဆင်တာနဲ့ ပညာပေးကာလ ရက်ပေါင်း (၁၂၀) သတ်မှတ် ပြီး အခုနှစ် ဇွန်လ ၁၈ ရက်ကနေ အောက်တိုဘာ ၁၅ ရက်အထိ ဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးပေါ်မှာ သွားလာနေတဲ့ ခရီးသည်တင်ယာဉ်တွေကို အမြန်လမ်းမကြီး ဥပဒေ နဲ့အညီ စည်းကမ်းတကျ သွားလာစေဖို့၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်စေဖို့နဲ့ ခရီးသွားပြည်သူတွေ ယာဉ် အန္တရာယ် ကင်းရှင်းစေဖို့ အတွက် ရည်ရွယ်ပြီး Telematics စနစ် စက်တွေတပ်ဆင်ပြီး ၂၄နာရီပတ်လုံး စောင့်ကြပ် ကြည့်ရှု သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Telematics စနစ် တပ်ဆင်ထားမယ်ဆိုရင် ယာဉ်မောင်းတွေ ရဲ့ မောင်းနှင်နေတဲ့ အရှိန်ကို စောင့်ကြည့်ထိန်းချုပ် နိုင်တာ၊ ယာဉ်မောင်းတွေရဲ့ မောင်းနှင်ပုံကို လေ့လာဆန်းစစ် နိုင်တာ၊ ယာဉ်သွားလာမှု မှတ်တမ်းတွေကို သိမ်း ဆည်းနိုင်တာ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားရင် အချိန်နဲ့ တစ်ပြေး ညီ သိရှိပြီး စီမံခန့်ခွဲနိုင်တာ၊ ယာဉ်ရပ်နားခွင့် ရှိတဲ့ နေရာတွေ၊ ရပ်နားခွင့် မရှိတဲ့ နေရာတွေကို စောင့်ကြည့် ထိန်းချုပ်နိုင်တာတွေကို ဆောင်ရွက်ပေးနိုင်တယ်လို့ သိရပါတယ်။

image
32 w - Translate

😁

image
32 w - Translate

ဆရာမနဲ့ ငါနဲ့ကြားမှာ
အနန္တ စကြဝဠာ ကြီး ခြား

image
32 w - Translate

poses ideas for girls 📸✨

image
32 w - Translate

poses ideas for girls 📸✨

image
32 w - Translate

poses ideas for girls 📸✨

image