1 y - Translate

အပါးတစ်လိုင်း Galaxy S25 Edge ထွက်မယ့်ရက် ကြေညာ
Galaxy S25 စီးရီးထဲမှာ အခုထိ မိတ်မဆက်ရသေးတဲ့ S25 Edge က နောက်အပတ်ထဲ ထွက်လာတော့မှာပါ။
အပါးဆုံး Slim Model ဖြစ်တဲ့ Galaxy S25 Edge က ဒီနှစ်မှာ မြင်ရမယ့် iPhone 17 Air ကို ယှဉ်ဖိုက်မယ့် တန်းမြင့်ဖုန်း ဖြစ်လာပါလိမ့်မယ်။ iPhone 17 Air ရဲ့ rumors တွေအရတော့ ဒီဖုန်းက iPhone 16e လိုမျိုး နောက်ကင်မရာတစ်လုံးတည်း ပါပြီး ဒေါ်လာ ၉၀၀ လောက် ပေါက်ဈေး ရှိနိုင်ပါတယ်။
Galaxy S25 Edge ကတော့ iPhone 17 Air လို high-end နဲ့ low-end feature တွေ မျှသုံးထားတဲ့ ဖုန်းမျိုးမဟုတ်ဘဲ flagship level စွမ်းဆောင်ရည်နဲ့ သာလွန်တဲ့ အလွယ်တကူကိုင်တွယ်သယ်ယူနိုင်မှု ပေါင်းစပ်ထားတဲ့ ထုတ်ကုန်တစ်ခုလို ဦးတည်လာနိုင်ပါတယ်။
သတင်းတွေအရ S25 Edge မှာ Samsung ရဲ့ အမြင့်ဆုံးဖုန်း Galaxy S25 Ultra လိုမျိုး 200MP main Camera သုံးမယ်လို့လည်း ပြောနေပါတယ်။ ဒီဖုန်းရဲ့ specs နဲ့ ဈေးနှုန်းတွေကို လာမယ့်တနင်္လာနေ့မှာ Samsung အွန်လိုင်း Unpacked ပွဲမှာ ကြေညာသွားမှာပါ။
ဒေသစံတော်ချိန်ပေါ် လိုက်ပြီး ပွဲချိန်ကွာပါလိမ့်မယ်။ တောင်ကိုရီးယားမှာဆို မေလ ၁၃ ရက် မနက် ၉ နာရီ ၊ ကယ်လီဖိုးနီးယားမှာ မေလ ၁၂ ရက် ညနေ ၅ နာရီ ၊ လန်ဒန်မှာ မေလ ၁၃ ရက် မနက် ၁ နာရီနဲ့ အိန္ဒိယမှာ မေလ ၁၃ ရက် မနက် ၅ နာရီခွဲတွေမှာ ဖုန်းမိတ်ဆက်ပွဲကို တွေ့မြင်ရမှာပါ။

image
1 y - Translate

10000mAh ဘက်ထရီ 320W charging နဲ့ realme ဖုန်း
ဘက်ထရီနဲ့ charging နည်းပညာမှာ realme က တော်တော်စွာတဲ့ဖုန်းပါ။
ကမ္ဘာ့အားသွင်းအမြန်ဆုံး realme GT3 ဖုန်းကို ထုတ်ထားတဲ့ ဒီကုမ္ပဏီက အခု နောက်ထပ် Charging စံချိန်သစ်ကို prototype ချပြလိုက်ပါတယ်။ realme က global launch လုပ်မယ့် realme GT 7 နဲ့အတူ အကြီးစား 10000mAh ဘက်ထရီနဲ့ အမြန်ဆုံး 320W charging ကို concept ဖုန်းအနေနဲ့ စမ်းပြသွားတာပါ။
10000mAh ဘက်ထရီက Ulefone လိုမျိုး Rugged ဖုန်းစီးရီးကလွဲရင် စမတ်ဖုန်းလောက်မှာ ဘက်ထရီ mAh အကြီးဆုံး သုံးတာလို့ ပြောနိုင်ပါတယ်။ realme ကို ချီးကျူးရမှာက ဒီလောက်ကြီးတဲ့ ဘက်ထရီသုံးတာတောင် ဖုန်းအထူကို 8.5mm အောက် ထားနိုင်ပြီး ဝိတ်လည်း 200g ကျော် ပုံမှန်ထိန်းနိုင်တာပါ။
realme ရဲ့ concept ဖုန်းက semi-transparent ဖြစ်တဲ့ back cover နဲ့ လာပြီး ultra-high silicon anode ဘက်ထရီ သုံးပါတယ်။ ဘက်ထရီမှာ ဆီလီကွန်အချိုး ၁၀% ပါတာ ဖြစ်လို့ စမတ်ဖုန်းလောကမှာ အမြင့်ဆုံးလို့ ပြောနိုင်ပါတယ်။ စွမ်းအင်သိပ်သည်းဆ 887Wh/L သုံးထားသလို ဘက်ထရီနေရာပိုထွက်ဖို့ ဖုန်း motherboard ကိုလည်း 23.4mm ပဲဖြစ်အောင် ချုံ့ထားနိုင်တယ်လို့ ဆိုပါတယ်။
အခုကတော့ နည်းပညာစမ်းပြတဲ့ prototype အဆင့်ပဲ ရှိသေးပြီး ဈေးကွက်ထဲ ဒီနည်းပညာသုံး realme ဖုန်းထုတ်ဖို့ သတင်းမကြားရသေးပါဘူး။

image

ဘဝဆိုတာ အင်မတန်ဉာဏ်ကြီးကြီးနဲ့ ကစားသွားရတဲ့ game ပါ ။ အဲဒီတော့ မွေးလာပြီးရင် အသက်မသေဖို့ အရေးအကြီးဆုံး ၊ နည်းနည်းလေးကြီးလာရင် လူမှုဆက်ဆံရေး အရေးအကြီးဆုံး ဖြစ်လာတယ် ။ တိုးလာတယ်နော် ။ ကလေးအတွက် ကစားတာဟာ ပညာသင်တာပဲ ဖြစ်တယ် ။
Psychology of play ဆိုတဲ့ ကျမ်းတစ်ကျမ်းကို ဖတ်ဖူးတယ် ။ အဲဒီအထဲမှာ ကလေးတွေဟာ ကစားဖို့ အရေးကြီးတယ်တဲ့ ။ မှန်မှန်ကန်ကန်လည်း ကစားဖို့ အရေးကြီးတယ်။ ပြီးတော့ ကိုယ်ကစားတဲ့ ပစ္စည်းလေးတွေကို ကိုယ့်ဟာကိုယ် တီထွင်ပြီးတော့ ကစားဖို့လည်း အရေးကြီးတယ် ။ ဒီဘုန်းကြီးတို့ ခပ်ငယ်ငယ်တုန်းက စက္ကူလေးတွေကို ခေါက်ခေါက်ပြီး လှေကလေးတွေ လုပ်ပြီးတော့ ရေထဲ သွားမျှောတာ ။ လုပ်ဖူးတဲ့သူ တော်တော်များမှာပါ ။ စက္ကူပန်ကာလေးတွေ ခေါက် ၊ ကော်လေးနဲ့ကပ် ၊ တုတ်ကလေးနဲ့ထိုး ၊ ပြေးတယ် ၊ လည်အောင်လို့ ။ ဒါဟာ ကစားရင်းနဲ့ တီထွင်ကြံဆတဲ့စိတ်ဖြစ်လာအောင် လုပ်ရတာ ၊ ဒါဟာ ပညာရေးနော် ။
တကယ်တော့ ဘဝတစ်ခုလုံးဟာ အဲဒီလိုနေသွားရမှာပဲ ။ ကိုယ် လုပ်တဲ့အလုပ်ကို ပျော်နေတာဟာ ကစားတာပဲ ။ လုပ်တဲ့အလုပ်နဲ့ မပျော် တဲ့လူဟာ သူဟာ ကစားတာမဟုတ်တော့ဘူး ။ အင်မတန် စိတ်ညစ်စရာကောင်းတဲ့ တာဝန်ကြီးတစ်ခုကို ထမ်းဆောင်နေရတာ ဖြစ်သွားပြီ ။ ဘယ်အလုပ်ဖြစ်ဖြစ် အလုပ်မှာပျော်နေရင် အဲဒီအလုပ်ကို work လို့ ခေါ်လို့မရတော့ဘူး ။ game လို့ပဲ ခေါ်လို့ရတယ် ။ ပျော်စရာကောင်းတဲ့ ကစားနည်းတစ်ခု ဖြစ်သွားတယ် ။
ဒါကြောင့် တစ်ခါတုန်းက ပြောဖူးပါတယ် ။ ဘဝတစ်ခုလုံးဟာ တကယ်တော့ game ပါပဲ ။ ဒါပေမဲ့ အင်မတန်ဉာဏ်ကြီးကြီးနဲ့ ကစားသွားရတဲ့ game ပါ ။ လောကဓံအမျိုးမျိုး ကြုံတွေ့ရတာဟာ game တစ်မျိုး ကစားသလိုပေါ့ ။ ပြဇာတ်တစ်ခု ကသွားသလိုပါပဲ ။ အင်္ဂလိပ်လို ပြဇာတ်ကို ဘယ်လို ခေါ်သလဲ ၊ play လို့ခေါ်တယ် ။ ကစားတာကိုလဲ play လို့ခေါ်တယ် ။

image

Inner Child ဆိုတာဘာလဲ ။ Inner Child ဆိုတာကို စိတ်အတွင်းထဲက ကလေးငယ်လို့ ဘာသာပြန်ဆိုကြတာမျိုးရှိသည် ။ တကယ်တော့ Inner Child ဆိုတာ Part of Your Mind မိမိစိတ်၏ တစ်စိတ်တစ်ဒေသ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါသည် ။ Inner Child ကို တချို့က Subconscious Mind (မသိစိတ်) အဖြစ်ရည်ညွှန်းသည် ။ တကယ်တမ်းတော့ လူတစ်ယောက်၏ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေ ၊ အဖြစ်အပျက်နှင့် တွေ့ကြုံခံစားခဲ့ရသော အတွေ့အကြုံတွေက မိမိစိတ်ကို အကြီးအကျယ် ဒဏ်ရာဖြစ်စေခဲ့ပြီး ယခုတိုင် စိတ်ထဲမှာရှိနေသော အပိုင်းအစကို Inner Child အဖြစ် လှပစွာ ရည်ညွှန်းပြောဆိုကြတာဖြစ်သည် ။
Inner Child သည် အတ္တ Ego လည်း ဖြစ်နိုင်သည် ။ ယုံကြည်မှု Belief System လည်း ဖြစ်နိုင်သည် ။ အရိုးစွဲနေသော အကြောင်းအရာ Deeply Rooted Cause လည်း ဖြစ်နိုင်သည် ။ ကလေးတစ်ယောက် အကျိုးသင့် အကြောင်းသင့် မတွေးတော မစဉ်းစားနိုင်သေးသော အရွယ်မှာ ဖြစ်ပေါ်ခဲ့သော စိတ်ဒဏ်ရာသည် ရင့်ကျက်သော လူကြီးအရွယ်ရောက်သည်အထိ ပျောက်ပျက်သွားခြင်းမရှိဘဲ ကျန်နေခဲ့တာမျိုးဖြစ်သည် ။
လူတိုင်းမှာ Inner Child Issue တွေ အနည်းနဲ့အများ ရှိနိုင်ပါသည် ။ မိဘက စိတ်ဒဏ်ရာပေးခဲ့သော ကလေးတွေသာ Inner Child ပြဿနာရှိတာမဟုတ်ဘဲ မိဘက အလိုလိုက် အကြိုက်ဆောင် ဖူးဖူးမှုတ်ခံထားရသော ကလေးတွေမှာလည်း Inner Child ပြဿနာတွေ ရှိတတ်ပါသည် ။ ငယ်ငယ်ကတည်းက ငါလိုတာမှန်သမျှ အကုန်ရခဲ့တာပဲ ။ ငါ့မိဘက အကုန်ပေးခဲ့တာပဲ ။ ဒါကြောင့် အခုလည်း ရရမယ်ဆိုသော စိတ်မျိုးကလည်း Inner Child နှင့် ဆက်စပ်နေသော ရင့်ကျက်စွာ အောင်မြင်တိုးတက်နေသော်လည်း လုံး၀ဆက်ကြီးမလာဘဲ ကလေးဆန်နေသော အသက်ငါးနှစ်ခြောက်နှစ်အရွယ်က ကျန်ခဲ့သော စိတ်အပိုင်းအစ Inner Child က ထွက်ထွက်လာပြီး ဒုက္ခပေးနေတာမျိုးတွေရှိသည် ။
Inner Child Healing ဆိုတာက ငယ်စဉ်ဘ၀က စွဲကိုင်ထားခဲ့သော အသိတွေကို ရည်ရွယ်ချက်ရှိရှိ လွှတ်ချလိုက်ခြင်း ၊ ခွာထုတ်လိုက်ခြင်းပင် ဖြစ်သည် ။ တသက်လုံး ဒုက္ခပေးလာသော စိတ်ံခံစားမှုများကို အရင်းအမြစ်က တူးဖော်ထုတ်နုတ်လိုက်ပြီး အတိတ်ကဖြစ်ရပ်များ ၊ လူပုဂ္ဂိုလ်များသည် မိမိနဲ့ လုံး၀သက်ဆိုင်မှုမရှိတော့ကြောင်း ၊ မိမိအပေါ်မှာ လုံး၀လွှမ်းမိုးမှုမရှိတော့ကြောင်းကို သဘော ပေါက် နားလည်လက်ခံလိုက်ခြင်းဖြစ်သည် ။ စိတ်ဒဏ်ရာရခဲ့သော အကြောင်းအရာ ၊ အခြေအနေ ၊ အဖြစ်အပျက်များတွင် ပါဝင်ခဲ့သော လူတွေ အကုန်လုံးကိုလည်း ခွင့်လွှတ်နားလည်လိုက်ခြင်းပင် ဖြစ်သည် ။
စိတ်တွေပြောင်းသွားသည် ။ အတွေးအခေါ်တွေ ပြောင်းသွားသည် ။ အမြင်တွေပြောင်းသွားသည် ။ စိတ်ဒဏ်ရာများကို ကုစားခြင်းခရီးက အင်မတန်ရှည်လျားသလို ခက်ခဲပင်ပန်းသော ခရီးကြမ်းလည်းဖြစ်သည် ။ သို့သော် ရလာဒ်ကတော့ တန်ဖိုးမဖြတ်နိုင်သော မည်သည့်အရာနှင့်မှ မလဲနိုင်သော စိတ်၏ တည်ငြိမ်အေးငြိမ်းမှု ဖြစ်သည် ။
နေ့မြင်ညပျောက် အနတ္တသဘောတွေကို သိမြင်လာမိသည် ။ အရာရာဟာ အသေးအဖွဲ့ကအစ သူ့အတွက် တန်ဖိုးထားစရာဖြစ်လာသည် ။ ဘာမှမတည်မြဲသော လောက ဘယ်အချိန်ပျောက်ကွယ်သွားမည်မသိသော လောကမှာ အကောင်းဆုံးသော အရာတွေကိုသာ ချန်ထားခဲ့ချင်သည် ။ အကြည်ဓာတ်၊ အလင်းဓာတ်တွေကိုသာ မျှဝေပေးချင်သည် ။
#နွေလယ်ညရဲ့မိုးအိပ်မက်
(Psychological Drama)
#မွန်ဟော်စီ

image
1 y - Translate

Emirates A380 လေယဉ်ပေါ်တွင်
ရေကူးကန်၊ ဂိမ်းခန်း၊ အားကစားခန်းမနှင့် ပန်းခြံတို့ပါ၀င်ပြီး လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်နေတယ်လို သိရသည်။
Emirates သည် ၎င်းတို့၏ A380 တွင် ရေကူးကန်၊ ဂိမ်းခန်း၊ အားကစားခန်းမနှင့် ပန်းခြံတို့ပါ၀င်ရန် စီစဉ်ထားပါတယ် လို့ လေကြောင်
ကုမ္ပဏိ တစ်ခုက အတိလင်းပြောကြားခဲ့ပါတယ်။

#knowledge
#knowledgesharing
#emirates #a380

image
1 y - Translate

ဒိန်းမတ်နှင့် ဆွီဒင်တို့သည် ဘောလ်တစ်ပင်လယ် ခြားနားသော နိုင်ငံနှစ်နိုင်ငံဖြစ်ပြီး ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်မှ ဆွီဒင်နိုင်ငံ မလ်မိုမြို့သို့ တံတားတစ်ခုဖြင့် ဆက်သွယ်ထားပါသည်။
သို့သော် ၎င်းသည် မည်သည့်တံတားမျှသာမကဘဲ အင်ဂျင်နီယာတွေက အံဩဖွယ်ရာအသစ်ဆန်းသော နည်းပညာဖြင့် တံတားတစ်ဝက်နှင့် ဥမင်တစ်ဝက်ပါသော ပေါင်းစပ်ထားသည့် ဥမင်တံတားလမ်း ဖြစ်ပါတယ်။
ဥမင်လိုဏ်ခေါင်းသည် 4,050 မီတာရှည်ပြီး ဒိန်းမတ်နယ်မြေတွင် စတင်ကာ Kastrup ၏ ကျွန်းဆွယ်အတုသို့ရောက်ရှိသည်အထိဖြစ်ပါတယ်။
ကျွန်းဆွယ်အတုကနေ ၇,၈၄၅ မီတာ အရှည်ရှိတဲ့ တံတားက မြေပြင်ပေါ် တက်လာပြီး ကျော်တက်သွားပါတယ်။တကယ်တော့ ၎င်းသည် ဥရောပရှိ အကြီးဆုံး တံတား (ယာဉ်များနှင့် ရထားများအတွက်) ဖြစ်ပါတယ်။
အမြင့်ဆုံးတိုင် အရှည် 204 မီတာရှိပြီး အပိုင်းသုံးပိုင်းပါဝင်က စုစုပေါင်း အလေးချိန် တန်ချိန် 82,000 ထိရှိတယ်လို့ သိရပါတယ်။
#knowledge
#knowledgesharing

image
1 y - Translate

Finding Dory (2016)
IMDb – 7.3/10___Rotten – 94%
 
မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ
မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့်
သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ
သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တိုရဲ့
အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့
ရှာပုံတော်ခရီးဖွင့်ပါတော့တယ်….
ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ
ထွက်လာခဲ့တာ ဖြစ်ပါတယ်
ထွက်လာတော့လည်း Finding Nemo လောက်တော့
ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း
Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ်
ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား
သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့
ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ
တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ
ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ
ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ်
Ed O’ Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း
Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို ဖြစ်လာခဲ့တယ်
Inside Out နဲ့ နှိင်းယှဉ်ပြီး ပြောရရင် Hank ဇာတ်ကောင်ဟာ
ဒီကားရဲ့ Bing Bong လို ပြောလိုရပါတယ်လေ ဒါပေမယ့်
Bing Bong ထက်စာရင်တော့ Hankဟာ ပိုပြီး လက်တွေ့ဆန်ကာ
ကိုယ်ချင်းစာဖို ကောင်းခဲ့တယ် Inside Out မှာ မထင်မှတ်ပဲပေါ်လာခဲ့တဲ့
Bing Bong ဟာ လူကြိုက်အများဆုံးဖြစ်ခဲ့သလို
ဝမ်းနည်းစရာလည်း ကောင်းခဲ့တယ် Hank ကလည်း ထိုနည်းတူစွာပါပဲလေ…..
Inside Out က ဘာဝမ်းနည်းလို ဝမ်းနည်းရမှန်း မသိရလောက်အောင်
ရီဝေဝေခံစားချက်တွေ ပေးခဲ့တယ်ဆိုရင်
အခု Finding Dory ဟာ ကြည့်ရှုသူတွေကို အားအင်တွေပေးခဲ့တယ်
ဒီဇာတ်ကားရဲ့ စကားတစ်ခွန်းဖြစ်တဲ့
Just Keep Swimming ဆိုတဲ့ စကားဟာ ကျွန်တော်တိုအတွက်
မှန်ကန်လွန်းနေခဲ့ပါတယ်လေ…
1. မိဘတွေကို ယုံကြည်ပါ
2. သူတပါးကို ကူညီပါ ကူညီခြင်းကိုလည်း လက်ခံတတ်ပါစေ
3. အခွင့်အရေးကိုလက်မလွတ်ပါနဲ့ မှန်ကန်စွာ အသုံးချတတ်ပါစေ
4. ရဲရင့်ပါ သတ္တိရှိပါ
5. ဇွဲလုံလ လုံးဝ မလျော့ပါနဲ့
6. ကိုယ်ဒုက္ခရောက်နေတဲ့ အချိန် ကိုယ့်နားမှာ ရှိနေတဲ့သူဟာ
တကယ့် သူငယ်ချင်းကောင်းပဲ
ကျွန်တော်တိုတွေအားလုံးလည်း ဘဝကဘယ်လိုပဲ
ထိုးနှက်နေပါစေလေ ငါးပြာမလေး Dory လိုပဲ ဆက်လက်ကူးခတ် ရှေ့ဆက်လိုက်ကြရအောင်ဗျာ
” Just Keep Swimming “

ဇာတ်ကားလင့်
https://t.me/c/2186686827/310

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
1 y - Translate

Fireheart (2022)

“မိန်းက​လေးဆိုတာ မီးသတ်သမားလုပ်လို မရဘူး​လေ”
“အဲ့ဒါက စည်းမျဥ်းနဲ့ မညီဘူး”
အဲ့စကား​လေး​တွေက အ​ဖေတစ်​ယောက်က မီးသတ်သမားသိပ်ဖြစ်ချင်တဲ့ သူ့သမီးကို ​ပြောလိုက်တဲ့ စကားပါ။
​ဘယ်လိုပဲ ကျားမတန်းတူအခွင့်အ​ရေးလို ​ပြော​နေကြပါ​စေ
လူ​တွေရဲ့ စိတ်ထဲမှာ အမျိုးသမီး​တွေဆိုရင် အားနည်းတယ်လို ​မြင်​နေကြသလို
အလုပ်ခွင်မှာလည်း တန်းတူအခွင့်အ​ရေး ရတာနည်းပါတယ်။
ဒီ ကာတွန်းကား​လေးက​တော့ မိန်းက​လေး​တွေလည်း
မီးသတ်သမားလို သက်စွန့်စံဖျား အလုပ်​တွေမှာ ရဲဝံ့စွာ လုပ်နိုင်​ကြောင်း မီး​မောင်းထိုး ရိုက်ကူးပြထားပါတယ်။
ဇာတ်လမ်းအကျဥ်း​လေးက​တော့
ဖခင်ဖြစ်သူ မီးသတ်သမား​ဟောင်းကို အားကျတဲ့ သမီး​လေးက
ငယ်ငယ်ကတည်းက ဖခင်လို မီးသတ်သမားကြီးလုပ်ပြီး လူ​တွေရဲ့ အသက်ကို ကယ်တင်ချင်သူပါ။
ဒါ​ပေမယ့် မိန်းက​လေးဖြစ်​နေခဲ့​တော့ သူ့အိပ်မက်​တွေကို ​ဘေးချိတ်ထားခဲ့ရပါတယ်။
ဒါ​ပေမယ့် တစ်ရက်မှာ​တော့ မြို​တော်မှာ ထူးဆန်းတဲ့ မီး​လောင်မှု​တွေ​ ဆက်တိုက်ဖြစ်လာပြီး
မီးသတ်သမား​​တွေ တစ်​ယောက်ပြီးတစ်​ယောက် ​​​ပျောက်ခြင်းမလှ ပျောက်ဆုံးကုန်တဲ့အခါ……
မင်းသမီးနဲ့ သူ့အ​ဖေတို ဘာ​တွေဆက်ဖြစ်ကြမလဲ…..
အိပ်မက်​တွေက တကယ်ပဲခက်ခဲသလား….
အိပ်မက်​တွေ အ​ကောင်အထည်​​ပေါ်လာနိုင်မလား…..ဆိုတာ
ဇာတ်ကား​လေးမှာပဲ ဆက်လက် ကြည့်ရှုအား​ပေးလိုက်ရ​အောင်…….။
၁၉၈၂ ခုနှစ်မှာမှ နယူးယောက်မြိုရဲ့ ပထမဆုံးအမျိုးသမီး မီးသတ်သမားရှိလာတဲ့ အကြောင်းကို
ဂုဏ်ပြုရိုက်ကူးထားတဲ့ ကားလေးဆိုလည်း မမှားပါဘူး။
က​လေး​တွေပဲဖြစ်ဖြစ် မိဘ​တွေပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ ပညာ​ပေးကာတွန်းကား​လေးဖြစ်လို
လက်လွတ်မခံဘဲ အား​ပေးကြပါဦးလို တိုက်တွန်းပါရ​စေ။

ဇာတ်ကားလင့်
https://t.me/c/2186686827/311

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

Abs

သိပ္ပံပညာရှင်တွေပြောတဲ့ ကမ္ဘာကြီးရဲ့ ကံကြမ္မာ
================================
လူတွေဟာ မကောင်းတာတွေကို ကြိုတင်ကာကွယ်ဖို့ ဖြစ်စေ၊ ပိုကောင်းတာတွေ ဖြစ်လာဖို့ ကြိုတင်ပြင်ဆင်နိုင်အောင်ဖြစ်စေ နောင်တချိန် ကိုယ်ဘာဖြစ်မယ်ဆိုတာကို ကြိုသိချင်ကြပါတယ်။ သိပ္ပံပညာရှင်တွေဟာလည်း လူသားတွေနေတဲ့ ကမ္ဘာကြီးနဲ့ ဒီစကြဝဠာကြီးရဲ့ အနာဂတ်ကို ကြိုတင်တွက်ချက်မှန်းဆထားချက်တွေ ရှိပါတယ်။ ဒါကတော့ သူတို့ရဲ့ အာကာသကိုလေ့လာမှုတွေ၊ သီအိုရီတွေ၊ ခိုင်မာတဲ့ စာတမ်းတွေနဲ့ သက်သေပြထားချက်တွေအရ နောင်ကြုံရမယ့် ကြီးကြီးမားမား ဖြစ်စဉ်တွေကို မှတ်တမ်းတင်ထားချက်ပါ။
ကမ္ဘာ့ ဒုတိယအကြီးဆုံး Niagara ရေတံခွန်ဟာ နှစ်ပေါင်း ၂၇၀၀၀ အကြာမှာပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။
နှစ် ၇၅၀၀၀ ကနေ တသိန်း အတွင်း ဟာဝိုင်အီ ကျွန်းသစ် ရေအောက်ကနေ ပေါ်ပေါက်လာပြီး ပထဝီဆိုင်ရာ အပြောင်းအလဲ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
နှစ်ပေါင်း ငါးသိန်းအကြာမှာ ၁ ကီလိုမီတာ အကျယ်ရှိတဲ့ ဥက္ကာခဲဟာ
ကမ္ဘာမြေကို ဝင်တိုက်ပါလိမ့်မယ်။
နှစ် သန်းပေါင်း ၂၀၀ လောက်မှာ ကမ္ဘာလည်ပတ်နှုန်း နှေးလာတာကြောင့် တရက် ၂၅ နာရီ ဖြစ်သွားပါလိမ့်မယ်
နှစ် သန်း ၈၀၀ အကြာ နေရဲ့ အလွန်ပူပြင်းစွာ တောက်လောင်မှုဒဏ်ကြောင့် ကမ္ဘာပေါ်က လူအပါအဝင် ယူကာရားသက်ရှိတွေ ပျက်သုဉ်းသွားပါလိမ့်မယ်။ ဘက်တီးရီးယား တို့ရဲ့ ပရိုကားရားအုပ်စုပဲ ကျန်ပါမယ်။
နှစ်ပေါင်း ၅ ဘီလီယံ အရောက်မှာ Milky way နဲ့ Andromeda ဂလက်ဆီ နှစ်ခုပေါင်းပြီး Milkdromeda Galaxy အဖြစ် ပေါ်ပေါက်လာပါမယ်။
နှစ်ပေါင်း ၇ ဘီလီယံဆိုရင်တော့ နေရဲ့ Hydrogen လောင်စာ လုံးဝ ကုန်ဆုံးပြီး Red Giant တခုဖြစ်ပေါ်လာကာ ကမ္ဘာကိုပါ ဝါးမြိုနိုင်ချေ ရှိပါတယ် ။
နှစ်ပေါင်း ၁၀၀ ထရီလီယံ အရောက်မှာတော့ Galaxy တွေမှာ Gas တွေ ကုန်ဆုံးသွားတာကြောင့် ကြယ်အသစ်တွေ နောက်ထပ်မွေးဖွားနိုင်မှာ မဟုတ်တော့ပါဘူး။
နှစ်ပေါင်း ၁ နာနိုလီယံရောက်ပြီဆိုရင် super massive Black Holes ဆိုတဲ့ မဟာတွင်းနက်ကြီးတွေကလွဲရင် စကြဝဠာကြီးမှာ ဘာမှ မရှိတော့ပါဘူး။
ဒီလိုကနေ နောင် အချိန်အတိုင်းအတာတခု ရောက်ပြီဆိုရင် အထီးကျန် စကြဝဠာကြီး သေဆုံးပြီးတဲ့အခါ Big Bang မဟာပေါက်ကွဲမှုအဖြစ်နဲ့ နောင်တဖန် အစက ပြန်လည်မွေးဖွားလာမှာ ဖြစ်ပါတယ်။

image