47 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ နိုင်ငံကူးလက်မှတ်အွန်လိုင်းစနစ်လျှောက်ထားမှု မေ ၁ ရက် ပြန်ဖွင့်မည်
နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အွန်လိုင်းစနစ် Online Appointment System ဖြင့် ကြိုတင်လျှောက်ထားရန် QRCode ရယူခြင်းအား ငလျင်လှုပ်ခတ်မှုကြောင့် ယာယီရပ်နားထားရာမှ မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဘေးဒဏ်ကြောင့် ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးခဲ့သည့်အတွက် Online Appointment System ဖြင့် နိုင်ငံကူး လက်မှတ် လျှောက်ထားမှုရပ်နားထားခြင်း တစ်လနီးပါးကြာမြင့်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်၊ မြစ်ကြီးနားနှင့် လားရှိုးမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် နိုင်ငံကူးလက်မှတ်ဆောင်ရွက်ရန် Online AppointmentDate ရရှိထားသူများ ဆောလျင်စွာဆောင်ရွက်နိုင်ရေး Appointment Date များ ပြင်ဆင်ထားသည့်အတွက်ပြန်လည်စိစစ်နိုင်ရေး အသိပေးထားပြီး ပြောင်းလဲပြင်ဆင်ထားသည့်ရက်များတွင် သက်ဆိုင်ရာ ရုံးများအလိုက် နိုင်ငံကူးလက်မှတ်သွားရောက်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် QR code ရက်ချိန်း ယူခွင့်မရရှိသော်လည်း ကျန်းမာရေး၊ ပညာရေးစသည့် အရေးပေါ်ကိစ္စရှိသူများအတွက် Green Channel အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေပြီး မြန်မာနိုင်ငံကူးလက်မှတ်ရုံးများတွင် ကြိုတင်ရက်ချိန်းကို ဇွန်လအထိပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး

image

image
47 w - Translate

View from the top

image
47 w - Translate

အပ်စတိန်းအမှု​ဖော်ထုတ်သူသူ့ကိုယ်သူသတ်​​သေ

လူကုန်ကူးမှုနှင့်အသက်မပြည့်​သေးသူများကိုအဓ္ဓမပြုကျင့်သည့်သူ​ဌေးကြီးဂျက်ဖ​ရေအပ်စတိန်း(​ထောင်အတွင်းသူ့ကိုယ်သူသတ်​သေသွားသူ)၏အမှုကိုစတင်​ဖော်ထုတ်သူဗာဂျီးနီးယားဂျီယူဖရီသည်အသက်၄၁နှစ်အရွယ်ဧပြီလ၂၅ရက်တွင်သြစ​တေလျရှိသူ့မ၏​နေအိမ်၌သူ့ကိုယ်သူသတ်​သေသွားသည်။သူမသည်အသက်မပြည့်မီတွင်အပ်စတိန်းထံ၌အလုပ်​လျောက်ရာမှလိင််မယ်အဖြစ်ကမ္ဘာပတ်​ဖျော်​ဖြေရသူဖြစ်ခဲ့ပြီးအသက်၁၇နှစ်တွင်ဗြိတိန်မင်းသားအင်ဒရူးကိုလိင်ကိစ္စ​ဖျော်​ဖြေခဲ့ရသည့်အတွက်၂၀၁၁ခုနှစ်တွင်တရားစွဲခဲ့ဘူးသူဖြစ်သည်။

NOM

image
47 w - Translate

"ဥ​ရောပတွင်လျပ်စစ်မီးများပြတ်​တောက်"

​ပေါ်တူကီနှင့်စပိန်တွင်လျပ်စစ်မီး၈နာရီကြာပြတ်​တောက်သဖြင့်စပိန်ဝန်ကြီးချုပ်ကနိုင်ငံကိုအ​ရေး​ပေါ်အ​ခြေအ​နေ​ကြေညာပြီးမလိုအပ်ပဲခရီးမသွားရန်၊ဖုန်းများကိုခြွေတာသုံးစွဲရန်တိုက်တွန်းလိုက်သည်။​မော်ရိုကိုတွင်လည်းအင်တာနက်များပြတ်​တောက်လျက်ရှိသည်။

NOM

image

47 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။အိန္ဒိယကသတ်မှတ်ရက်အတွင်းနိုင်ငံအတွင်းမှမထွက်ခွာ​သောပါကစ္စတန်နိုင်ငံသားများကို​​ထောင်သုံးနှစ်ချမည်ဟု​ကြေ ညာသလိုပါကစ္စတန်ကလည်းနိုင်ငံအတွင်းမှသတ်မှတ်ရက်မထွက်သည့်အိန္ဒိယနိုင်ငံသားများကိုအ​မေရိကန်​ဒေါ်လာ၃၅၀၀ဒဏ်ချမှတ်မည်ဟု​ကြေညာသည်။

၂။ပြင်သစ်တွင်ယူကရိန်းစစ်ပွဲဆန့်ကျင်သူများသည်ယူကရိန်းကိုပြင်သစ်ကလက်နက်​ထောက်ပံ့မှုရပ်ရန်၊ယူကရိန်းငြိမ်းချမ်း​ရေးကိုဟန့်တား​နေ​သောပြင်သစ်သမ္မတမက်ခရွန်နှုတ်ထွက်ရန်​တောင်းဆိုပြီးယူကရိန်းအတွက်ငါတိုအ​သေမခံနိုင်ဟု​အော်ဟစ်ခဲ့ကြသည်။

၃။အီရန်နိုင်ငံ၏အဓိကဆိပ်ကမ်းဖြစ်​သောဘာဒါအက်ဘတ်စ်​ရှိကုန်​လှောင်ရုံပေါက်ကွဲမှုသည်အစ္စ​ရေးလက်ချက်ဖြစ်​ကြောင်းအီရန်ကပထမဆုံးအကြိမ်စွပ်စွဲလိုက်သည်။အဆိုပါ​ပေါက်ကွဲသည့်ကုန်​​လှောင်ရုံတွင်ဒုံးကျည်​လောင်စာခဲများထိန်းသိမ်းထားရှိသည်။​ပေါက်ကွဲမှု​ကြောင့်​သေဆုံးသူ၄၀အထိမြင့်တက်လာပြီးဒဏ်ရာရသူ၁၂၀၀​ကျော်ရှိသည်။

၄။စ​နေ​နေ့က က​နေဒါနိုင်ငံဗင်ကူးပါးရှိလာပူလာပူပွဲ​တော်ကျင်းပ​နေသည့်လူအုပ်အတွင်းကားဖြင့်ဝင်တိုက်သဖြင့်​သေဆုံးသူမှာ၁၁ဦးအထိရှိသွားပြီးကားဖြင့်ဝင်တိုက်သူအသက်၃၀အရွယ်ကိုင်ဂျီအဒမ်လိုကိုလူသတ်မှု၈မှုဖြင့်စွဲချက်တင်ထားသည်။

၅။အိန္ဒိယကပြင်သစ်ထံမှရာ​ဖေးတိုက်​​လေယာဥ်၂၆စီးဝယ်ယူရန်စာချုပ်လိုက်သည်။

၆။အ​မေရိကန်သမ္မတထရမ့်ကယူကရိန်းသမ္မတဇလင်စကီးသည်ခရိုင်းမီးယား​ဒေသကိုစွန့်လွှတ်ရန်အသင့်ဖြစ်​နေပြီဟုမိမိထင်​ကြောင်း​ပြောလိုက်သည်။

၇။ရုရှားကကြိုတင်ကန့်သတ်ချက်မရှိပဲယူကရိန်းနှင့်ငြိမ်းချမ်း​ရေး​ဆွေး​နွေးရန်အသင့်ဟု​ကြေညာသည်။

NOM

image
47 w - Translate

ဧရာဝတီမြစ်ရေ နောက် ၁၃ ရက်အတွင်း မြို ၁၇ မြိုတွင် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်
**********************************
(မိုး/ဇလ) ဧပြီ ၂၈
ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလ ၂၄ ရက်က ၁ ရက်အတွင်း ၇ ပေခွဲခန့်အထိ မြင့်တက်ခဲ့ပြီးနောက် နောက်ထပ် ၁၃ ရက်အတွင်း မြို့ ၁၇ မြို့မှာ လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင် တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းမှာ မြင့်တက်ခဲ့တဲ့ အဆိုပါမြစ်ရေက နောက် ၁ ရက်မှ ၅ ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့မှာ ၅ ပေခွဲမှ ၆ ပေခွဲခန့်၊ နောက် ၅ ရက်မှ ၈ ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄ ပေခွဲမှ ၅ ပေခွဲခန့် တက်လာနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ် ၈ ရက်မှ ၁၃ ရက်အတွင်း ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် လက်ရှိရေအမှတ်များအထက် ၃ ပေခွဲမှ ၄ ပေခွဲခန့်အထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ အဆိုပါအခြေအနေကြောင့် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများ အနေနဲ့ ဂရုပြုသင့်ပါကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့် မြစ်ရေတိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ကြောင်း အကြုံပြုထုတ်ပြန်ထားပါတယ်။

image
47 w - Translate

တောင်ကြီးမှာ လိုင်စင်မဲ့ကား မှန်သမျှ ဖမ်းဆီးနေ
ဧပြီ ၂၈၊ ၂၀၂၅
Shy V (VOM )
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမှာ ဒီရက်ပိုင်း လိုင်စင်မဲ့ ကား မှန်သမျှ ဖမ်းဆီးနေကြောင်း ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
"လိုင်စင်မဲ့ ကားဖမ်းတာ အမှန်ပါ။ ဧပြီ၂၇ ရက်နေ့ လားရှိုးကနေ ကျမ စီးလာတဲ့ အိမ်စီးကား အာရာဖတ်ကား အေးသာယာမှာ ဖမ်းခံရလို့ ကားချိန်းစီးခဲ့ရပါတယ်" လို့ ခရီးသည် တယောက်က ပြောပါတယ်။
လားရှိုး စစ်ရှောင်တွေ နေရပ်ပြန်ဖို့တောင် လိုင်စင်မဲ့ကားတွေ ဖမ်းနေတာကြောင့် မပြန်ရတာ ပိုဆိုးတယ်၊ ခုတလော ခြေအနေ ကြည့်ပြီးသွားသင့်တယ်လို့ သူက ပြောပါတယ်။
"အခုတလော တောင်ကြီးဘက် ကြပ်နေတယ်။ လိုင်စင်မဲ့ ကားတွေဖမ်းတယ်။" လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
အစိုးရ ဝန်ထမ်းကားတွေ အပါအဝင် လိုင်စင်မဲ့ကား မှန်သမျှအကုန်ဖမ်းပါတယ်လို့ ဆိုပါတယ်။
လိုင်စင်ကား ဝယ်ထားရသူတွေ နစ်နာ နေတာ ကြောင့် လိုင်စင်မဲ့ မှန်သမျှ ဖမ်းသင့်တယ်လို့ လိုင်စင်ကား ပိုင်ရှင်တချို့က ပြောပါတယ်။
လိုင်စင်မဲ့ ကားတွေက နယ်စပ်ဂိတ်‌တွေက‌နေ လာဘ်ငွေယူပြီး ပြည်တွင်းကို ရောက်လာတာ‌ေကြာင့် ပြည်တွင်းရောက်မှ ဖမ်းဆီးတာထက် နယ်စပ်ဂိတ်ကတည်းက ပေးမသွင်းသင့်ဘူးလို့ ကားပိုင်ရှင်တချို့က ပြောပါတယ်။
အခု ဧပြီလ လဆန်းပိုင်း ကတည်းက ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဂျူတီမဲ့ ကားတွေ ရာချီလည်း ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

image