may // jouk jack

#ဒေါင်းယာဥ်ပျံမှာရေးတဲ့စာ #လားဒင့်ထားရီ

33 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြဝတီဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ လူပေါင်း တစ်သိန်းကျော် အလုပ်လုပ်နေကြဆဲဖြစ်
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လုပ်ငန်းလည်ပတ်နေဆဲဖြစ်သော အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ လူပေါင်းတစ်သိန်းကျော် အလုပ်လုပ်နေကြဆဲဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲ့က မတ် ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပြန်လည်လွတ်မြောက်လာသူများထံမှ ရရှိသည့်သတင်းအချက် အလက်များအရ မြန်မာနိုင်ငံ မြဝတီဘက်ရှိအွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၌ လူပေါင်းတစ်သိန်းကျော်အထိအလုပ်လုပ်နေကြဆဲ ဖြစ်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်သက်ချိုင်က မီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။
ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အနေဖြင့် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းနေသည့်တိုင် မြန်မာဘက်ခြမ်း မြဝတီမြို့ရှိအွန်လိုင်းလိမ်လည်ရေး လုပ်ငန်းများအပေါ်အကျိုးသက်ရောက်မှု နည်းပါးနေဆဲဖြစ်ကြောင်း ထိုင်းရဲချုပ် သက်ချိုင်က ပြောကြားထားသည်။
ထိုင်းရဲတပ်ဖွဲ့ နှင့် တရုတ်တာဝန်ရှိသူများရရှိထားသော သတင်းအချက်အလက်များအရမြဝတီဘက်ခြမ်း၌ အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူ အနည်းဆုံး ၃၇ဝဝ ခန့်တို့ကလုပ်ငန်းများ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။
ယင်းအပြင်မြဝတီဘက်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌လူပေါင်း ငါးသောင်းမှတစ်သိန်းအထိကျန်ရှိနေဆဲဖြစ်ကြောင်း ထိုင်းရဲချုပ်သက်ချိုင်က ပြောကြားထားသည်။
ယခုနှစ် ဖေဖော်ဝါရီလမှစ၍ ထိုင်း၊ မြန်မာနှင့် တရုတ်တာဝန်ရှိသူ များသည် မြဝတီနှင့်မြဝတီဝန်းကျင်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ လူပေါင်း ၅၂ဝဝ ကျော်ကို ခေါ်ထုတ်နိုင်ခဲ့ပြီး ၃၅ဝဝ ကျော်ကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထိုင်းရဲချုပ် သက်ချိုင်ကပြောကြားထားသည်။
ဗန်ကောက်ပို့စ်

image

ပိန္နဲသီးဟင်း ♡
❀ ❀ ❀
ပိန္နဲသီးနုနုကိုကြော်စားချက်စားသုပ်စားပုံစံအမျိုးမျိုးလုပ်စားလေ့ရှိကြပါတယ်။ သိပြီးသားလည်းရှိသလိုမသိသေးသူများအတွက်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ပိန္နဲသီးနုနု - တလုံး
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း
ဆူးပုတ်ရွက် - နှစ်စည်း
နနွင်း - အနည်းငယ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် -တစ်ဇွန်း
ဆီ - အနည်းငယ်
ရှမ်းပဲပုတ်ထောင်း - ၂ဇွန်း
ပြင်ဆင်ချက်ပြုတ်ပုံ
*************
1.ဦးစွာပိန္နဲသီးနုနုကိုအခွံခွာပြီးအကွင်းလိုက်လှီးကာရေဆူတွင်ဆားအနည်းငယ်ထည့်ပြီးပြုတ်ပါ။အစေးဓာတ်ကုန်သည်ထိနှစ်ရေသုံးရေလဲပြီးပြုတ်ပါ။ပြီးလျှင်ဆယ်ယူရေစစ်ထားပါ။
2.ရေစစ်ပြီးပါကအလည်အူတိုင်ဖယ်ထုတ်ပြီးလိုသလိုအတုံးငယ်များလှီးဖြတ်ထားပါ(အချို့ဒေသများတွင်ပြုတ်ပြီးသားဝယ်ယူရရှိနိုင်ပါသည်။အစိမ်းဖြင့်လည်းချက်နိုင်ပါတယ်)
3.အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးကြက်သွန်ဆီသပ်ပါ။
အရောင်ရပါကနနွင်းကြက်သွန်ဖြူဂျင်းထောင်းထည့်ပါ။
4.ဆီသပ်နံ့မွေးလာပါကလှီးပြီးသားပိန္နဲသီးကိုထည့်ပြီးဆားဟင်းခပ်မှုန့်ထည့်ပြီးတည်ပါရေအနည်းငယ်ဆီထည့်ပြီးမွေပေးပါ။
(၅)ပိန္နဲသီးအတော်နူးအိပါကခရမ်းချဉ်သီးထည့်ပါ။ဆူးပုတ်ရွက်ခပ်ပြီးမီးဖိုမှချပြီးတည်ခင်းနိုင်ပါပြီ။ရှမ်းပဲပုတ်ထည့့်လိုကထည့်ပါ (ဆူးပုတ်အရသာသီးသန့်ချက်လို၍မထည့့်ထားပါ)။အစပ်စားလိုပါကငရုပ်သီးစိမ်းထည့်ပါ။ မိမိနှစ်သက်ရာအသားဖြင့်လည်းတွဲချက်နိုင်ပါတယ်

#crd

image

အသည်းကွဲရက်ရာဇာ / Cover Pya

Radio || G Fatt // Wink

ကြုံရင်ပြောပေးကြပါ-Big Bag

33 w - Translate

ရန်ကုန်မြို့လမ်းကြားတစ်ခုမှ ဂျစ်ကားတစ်စီးကို ပိုက်ထိုး၍ရေဝိုင်းပက်နေကြပုံ(1962)
Date created - July 9, 1962. Collected by Bettmann.
(Source: Getty images) #rangoon #burma #thingyan #jeep #water_hose #water_festival #burmese #colorized
#crd

image
33 w - Translate

လေယာဉ်အင်ဂျင်မှာ ဘာကြောင့် နစ်ကယ်အလွိုင်းသတ္တုကိုသုံးရတာလဲ။
လေယာဉ်အင်ဂျင်တွေဟာ မြင့်မားတဲ့အပူချိန်၊ ပြင်းထန်တဲ့ဖိအားတွေ၊ စက်ပိုင်းဆိုင်ရာ ဒဏ်တွေကို အခံရဆုံးဖြစ်ပါတယ်။
ဒါတွေကိုခံနိုင်ရည်ရှိဖို့ အင်ဂျင်တွေမှာ နစ်ကယ်အလွိုင်းသတ္တုကို သုံးပါတယ်။
ဒီသတ္တုဟာ သဘာဝပါတ်ဝန်းကျင်ကိုထိခိုက်မှုနည်းတဲ့အပြင် ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်။
သူ့ရဲ့ကောင်းကွက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အပူချိန် ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်ရည်ရှိတာကြောင့် အင်ဂျင်ရဲ့ combustion chamber လိုနေရာမှာ သုံးလို့ကောင်းပါတယ်။
သံချေးတက်တာလို oxidation မဖြစ်ပါဘူး။
ဒါကြောင့် အမြင့်ပေများစွာမှာဆိုးရွားတဲ့ရာသီဥတုကိုလဲ ခံနိုင်ရည်ရှိပါတယ်။
သတ္တုဟာ မာကျောခိုင်ခန့်တဲ့အတွက် စိတ်ချရသလို အပူကြောင့် ကျုံ့ခြင်း၊ပွခြင်း အလွန်နည်းပါတယ်။
ဒါကြောင့် အင်ဂျင်တွေမှာ နစ်ကယ်အလွိုင်းသတ္တုဟာ အကောင်းဆုံး အသုံးပြုနိုင်တဲ့သတ္တုလို့ဆိုရမှာ ဖြစ်ပါကြောင်း။
#လေယာဉ်
#နစ်ကယ်အလွိုင်းသတ္တု
#crd

image
33 w - Translate

လှပတဲ့ ဖိနပ်ဒေါက်ဖိနပ် အဆင့်အတန်းရှိတဲ့ အမျိုးသမီး 🖤 🤍 ✨

#glamday

image