Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တောင်းပန်သင့်တဲ့လူတွေကိုလည်း တောင်းပန်ခဲ့ပြီ
ကျေးဇူးတင်သင့်တဲ့လူတွေကိုလည်း ကျေးဇူးတင်ခဲ့ပြီ
ချစ်တဲ့လူကိုလည်း ချစ်ကြောင်းပြောခဲ့ပြီ
ဒီလောက်ဆို နောင်တကင်းကင်းနဲ့ဆက်ရှင်သန်ဖိုလုံလောက်ပါပြီ။
#စာတို
တကယ် ချစ်တဲ့သူက မနေနိုင်ရဘူး
နေနိုင်တယ်ဆိုရင် မချစ်လို့ပဲ
အတိကျပြောရမယ်ဆိုရင်
တကယ် ချစ်တာ မဟုတ်သေးဘူး
မိဘကနေ သားသမီးကိုပဲဖြစ်ဖြစ်
ကိုယ်ကနေ ကိုယ့်ချစ်သူကိုပဲဖြစ်ဖြစ်
ကိုယ့်ချစ်သူကနေ ကိုယ့်ကိုပဲဖြစ်ဖြစ်
ဘယ်သူကဘယ်သူ့ကိုပဲဖြစ်ဖြစ်ပါ
တကယ်ချစ်တဲ့သူက လုံးဝမနေနိုင်ဘူး
ကိုယ်ချစ်တဲ့သူ စိတ်ဆင်းရဲနေမှာ
ဒုက္ခရောက်မှာကို ကြည့်မနေနိုင်ဘူး
ဝမ်းနည်းနေမှာ ကြည့်မနေနိုင်ဘူး
ငိုကြွေးနေတာကို ကြည့်မနေနိုင်ဘူး
နေနိုင်နေတယ် ဆိုထဲက တကယ် မချစ်လို့ပဲ။
အားမငယ်လိုက်ပါနဲ့___
ရိုးသားမူရှိတဲ့သူက
ပိုပြီးအတတ်နှင်းခံရတတ်တယ်
နားလည်မူပေးတဲ့သူက
ပိုပြီး လိမ်လှည့်ဖျားမူတွေခံရတတ်တယ်
မိသားစုမှာ သိတတ်တဲ့သူတွေက
ပိုပြီးပင်ပန်းခံရတတ်တယ်
သူငယ်ချင်းအပေါင်းအသင်းကြားမှာ
အလိုက်သိတဲ့သူတွေက ပိုပြီး
အနစ်နာခံရတတ်တယ်
ဖြူဖြူစင်စင်နဲ့ ကြိုးစားတဲ့သူက
ပိုပြီးခက်ခဲနေတတ်တယ်
လက်တွေ့နစ်နာ ခံဖူးတဲ့သူတွေက
ဒီခံစားချက်ကို ကောင်းကောင်းသိပေမယ့်
သာမာန်လူတွေက နားမလည်နိုင်ကြဘူး
ရှေ့ဆက်ပြီးတော့လည်း
ရှိနေအုံးမှာဘဲ
မရိုးသားတဲ့လူက
မရိုးမသား လုပ်နေအုံးမှာပဲ
ရိုးသားတဲ့သူက
ဘယ်နေရာရောက်ရောက် ရိုးသားနေကြအုံးမှာပဲ
ချစ်တတ်တဲ့သူက ချစ်နေအုံးမှာပဲ
မုန်းတတ်တဲသူလည်း မုန်းနေအုံးမှာပဲ
မကြိုးစားတတ်သူက အပြစ်တွေမြင်နေအုံးမှာပဲ ကြိုးစားတတ်တဲ့သူက နစ်နာပင်ပန်းပါစေ
ကြိုးစားသွားအုံးမှာပဲ
သူကဒီလို
ငါကဒီလိုဆိုတာတွေကို
အချိန်ကုန်ခံပြောနေစရာ မလိုပါဘူး။
သူလျှောက်တဲ့လမ်း သူရောက်
ကိုယ်လျှောက်တဲ့လမ်း ကိုယ်ရောက်နေစမြဲ။
သူငယ်ချင်းရေ ဘဝမှာ ပိုနာကျင်ခံရတဲ့အခါ
ပိုနစ်နာခံရတဲ့အခါ
ပိုပင်ပန်းခံရတဲ့အခါမှာ
အားမငယ်လိုက်ပါနဲ့ မင်းဟာ
သူများထက် ပိုတော် ပိုအရည်အချင်းရှိနေလို့ပါပဲ။
ဘယ်တော့မှ...
ဆင်ခြင်ဉာဏ်မရှိတဲ့သူတွေနဲ့
ပြိုင်ပြီးမငြင်း/ရန်မဖြစ်ပါနှင့် ။
သူတို့က သင့်ကို
သူတို့ရဲ့အဆင့်အတန်းရောက်အောင်ဆွဲချ သွားလိမ့်မယ်။
သင်..ရှေ့ကိုရောက်မှာ မဟုတ်ပါဘူး။
အချို့သူတွေက ဝေဖန်ခြင်း
ထိုးနှပ်ခြင်းကလွဲပြီး လုပ်စရာအလုပ် မရှိကြပါဘူး။
မိမိအကြောင်းကို အခြားသူတွေကို ရှင်းပြရင်းအချိန်မကုန်ပါစေနဲ့၊
သင်ဘယ်လောက်ပဲရှင်းပြရှင်းပြ
သူတို့က သူတို့ဦးနှောက်နဲ့ဆန့်တဲ့
အတိုင်းအတာတစ်ခုလောက်ပဲ နားလည်မှာပါ။
ဒါ့ကြောင့်
မိမိအလုပ်ကိုသာ
အကောင်းဆုံးဖြစ်အောင်..ကြိုးစားပါ။
မိမိ လမ်းကိုသာ အကောင်းဆုံးဆက်လျှောက်ပါ၊
ဥာဏ်ရည်မတူတဲ့သူတွေနဲ့
ရန်ဖြစ်ရင်း အချိန်မကုန်ပါစေနဲ့။
#ဆရာအောင်သင်း_စာပေ