43 w - Translate

ခမောက်ကြီးမြို့နယ်တွင် ဆက်ကြေးကောက်လာသော မာရမ်းတိုက်နယ်ရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုး ဦးဆောင်သော ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှု ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ ရရှိ
ရန်ကုန်၊ ဧပြီ ၁၀
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသော မာရမ်းတိုက်နယ်ရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုးပါ ရဲ ၅ ဦးအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာရှိ လူကုန် သူများ၊ ရာဘာအဝယ်ဒိုင်များ နှင့်မူးယစ်ဆေးဝါးရောင်းဝယ်သူများထံမှ လစဉ်ကြေးကောက်ယူကာ ပြန် လာသည့် မာရမ်းတိုက်နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်မင်းအောင်စိုးပါ ၅ ဦးကို ဖော့သုတ်ကျေး ရွာအနီး ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုး ၊ ဒုရဲအုပ် မျိုးလင်းကို နှင့် ရဲဒုတပ်ကြပ် စည်သူတို့ ၃ ဦးသေဆုံးခဲ့ပြီး တပ်ကြပ်ကြီး မောင်တူး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်နဲ့ နှစ်ယောက် ရှေ့ကပွိုင့်နဲ့လာတာ၊ နောက်က ကားနဲ့၊ကားပေါ်မှာက စခန်းမှူးပါ ၃ ယောက်၊ ဆိုင်ကယ်နဲ့က ၂ ယောက်၊ ဆိုင်ကယ်နဲ့ ၂ ယောက်မှာ တစ်ယောက်က ဒဏ်ရာရတယ်။ ဆိုင်ကယ်နဲ့နှစ်ယောက်ကတော့ လွတ်သွားတယ်ပေါ့၊ အဓိကကလည်း ကားကိုပဲပစ်တာဆိုတော့ ကားပေါ်က အကုန်သေတာ၊ ကားက‌ ချောက်ထဲထိုးကျသွားလို့ ကားတော့ မယူလာခဲ့လိုက်ဘူး။ ပစ္စည်းတွေပဲ သိမ်းလာတာ၊” ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အပြင် သေဆုံးသူရဲများ ကိုင်ဆောင်အသုံးပြုသော ၄၀ မမ ၁ လက်၊ ဗုံးသီး ၁၀ လုံး၊ AK အမျိုး အ စား သေနတ် ၂ လက်၊ AK ကျည်ဘောက် ၅ ခု၊ ကျည်ဆံ ၉၄ တောင့်၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆံ အတောင့် ၅၀ ၊ ၆ လုံးပြူးသေနတ် ၁ လက်၊ ပွိုင့် ၃၈ အမျိုးအစားသေနတ် ၁ လက်၊ လက် ပစ်ဗုံး ၃ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ ပိုက်ဆံ ၂၅၀၀၀ ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

image
image
image
image
image
43 w - Translate

#knowledge #ဗဟုသုတ

image

\ Tornado \ လာပြီ။ lion gate ဖြစ်တာ၊ စိတ်ဝင်စားစရာ တင်ဆင်မှုဖြစ်လာမလား။

43 w - Translate

Big Hero 6 ဇာတ်ကားလို vibe မျိုးပြန်ရစေမဲ့စက်ရုပ်လူစွမ်းကောင်းအန်နီမေးရှင်းဇာတ်ကားလေး 💜

Mechamato movie ( 2022 ) 📱
=======================

Mechamato စီးရီး ရဲ့ prequel ဇာတ်လမ်းဖြစ်လို စီးရီးမကြည့်ဖူးဘူးဆိုရင်တောင်ဒီကားကနေစကြည့်နိုင်ပါတယ် ။

ဒီကားမှာ အာမန်တိုက အသွင်ပြောင်းစက်ရုပ်မတ်ချာဘော့တ်နဲ့ဘယ်လိုစတင်တွေ့ခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ ။

စက်ရုပ်တွေကိုခုံမင်တဲ့ အာမန်တိုဟာ ကျောင်းကပရောဂျက်အတွက်
စက်ရုပ်ကိုသူ့သူငယ်ချင်း ပီရန်နဲ့ ကြိုးစားပမ်းစားတီထွင်နေကြပါတယ် ။

တစ်နေ့မှာတော့ ဂလက်ဆီပေါ်မှာတိုက်ပွဲဖြစ်ရင်း ကိုယ်ပျောက်ယာဉ်တစ်စီးဟာကမ္ဘာပေါ်ကိုပျက်ကျလာခဲ့ပါတယ် ။

အဲ့နေ့မှာပဲ ပရောဂျက်အတွက်
စိတ်လှုပ်ရှားနေတဲ့အာမန်တိုတစ်ယောက်အိမ်ပြန်လမ်းမှာ
ယာဉ်ပျက်တစ်စီးကို မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အချိန်မှာတော့...

😍ကြည့်ရန်နှိပ်ပါ👇

t.me/relaxmovie1/1530

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

Americana ရုပ်ရှင်ထဲမှ Sydney Sweeney နဲ့ Halsey တို့ရဲ့ New Look ဖြစ်ပါတယ်။

image
43 w - Translate

Deathwatch (2002)

ပထမကမ္ဘာစစ်ကာလကို အခြေခံပြီးရိုက်ထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်သားအချို့ အဖွဲ့ ကွဲ၍ ဂျာမန် ရှေ့တန်းတပ်စခန်းတစ်ခုကိုရောက်သွားသောအခါ တပ်စခန်းမှာ ဂျာမန်စစ်သားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်။

ဗြိတိသျှစစ်သားများက ပုန်းခိုနေနိုင်မည့် နောက်ထပ်ဂျာမန် တပ်သားတွေကို ရှာဖွေရင်း ထူးဆန်းတဲ့အဖြစ်ပျက်တွေတစ်ခုပြီး တစ်ခုဖြစ်ကာ အဖွဲ့သားအချင်းချင်းရန်လိုမှုတွေ စတင်ဖြစ်ပွါးလာ ပါတယ်။

ရန်သူ့နယ်မြေမှာ လမ်းပျောက်နေတဲ့ ဗြိတိသျှတပ်သားအဖွဲ့ အန္တရာယ်ကင်းကင်းနဲ့ပြန်ထွက်သွားနိုင်ပါ့မလား သူတို့အဖွဲ့ကိုနှော င့်ယှက်နေတဲ့

ထူးဆန်းတဲ့အရာကရော ဘာဖြစ်မလဲ စသည်ဖြင့် သည်းထိပ်ရင်ဖို ကြည့်ရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

image

Peace maker 2 trailer sneak peek

43 w - Translate

သမိုင်းထဲက ဒိန်းမက်နိုင်ငံရဲ့ ပြောင်းလဲပုံအကြောင်းကို ကြည့်ရှုရမယ့် သမိုင်းဝင်ရုပ်ရှင်တစ်ကား

The Promised Land
2023 ‧ Western/Thriller ‧ 2h 7m

ဒိန်းမတ်ရဲ့ ၂၀၂၄ အော်စကာအတွက် တင်သွင်းထားတဲ့ရုပ်ရှင်အသစ်လာပါပြီ။
IMDb 7.7 ရရှိထားပြီး မင်းသားကြီး Mads Mikkelsen ပါဝင်ထားပါတယ်။
The Dark Tower ရဲ့ ဒါရိုက်တာ Nikolaj Arcel ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်း၊ ရိုက်ချက်၊ သရုပ်ဆောင်အားလုံးကောင်းတာမို ကြည့်သင့်တဲ့

ရုပ်ရှင်ကောင်းတစ်ခုပါပဲ။
ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားတာဖြစ်ပြီး
ဒိန်းမတ်နိုင်ငံရဲ့ မြေပုံကိုပါ ပြောင်းလဲစေခဲ့တဲ့ လူတစ်ယောက်အကြောင်းပါပဲ။
၁၇၀၀ ပြည့်နှစ်အကျော်တွေမှာ ဒိန်းမတ်ဘုရင်ဟာ မြေရိုင်းတွေဧကပေါင်းများစွာမှာ
လူတွေအခြေချစေချင်ပြီး စိုက်ပျိုးစေချင်ပေမဲ့ နှစ် ၅၀ ကြာတဲ့တိုင်အောင် ဘယ်သူမှ
မအောင်မြင်နိုင်ခဲ့ပါဘူး။ မြေတွေက အရမ်းကြမ်းတော့ စိုက်ပျိုးလိုမရတဲ့အပြင်
ခြေသလုံးအိမ်တိုင် ဂျစ်ပစီတွေက ခိုးဝှက်လုယက်နေတာလည်းရှိနေလိုပါ။
အဲဒီအချိန်မှာပဲ စစ်ပြန်အငြိမ်းစားဗိုလ်ကြီး လက်ဗစ်ခေလန်က အဲဒီမြေရိုင်းတွေ
ပေါ်မှာ စိုက်ပျိုးပြီး အခြေချခွင့်တောင်းလာပါတယ်။ ဘုရင့်ဘဏ္ဍာရေးအဖွဲက
သူအောင်မြင်မယ်လို မယုံကြည်ပေမဲ့ ဟန်ပြလုပ်နေတဲ့သူရှိရင်ပြီးတာပဲဆိုပြီး
ခွင့်ပြုလိုပါတယ်။ အထောက်အပံ့တော့ မပေးပါဘူး။ ခေလန်ဟာ သူ့ရဲ့ ပင်စင်
လစာလေးနဲ့ ရှိမဲ့စုမဲ့ လူတွေငှား ပစ္စည်းတွေဝယ်ပြီး မြေရိုင်းဒေသကိုထွက်လာပေမဲ့
သူ့ဆီက ခိုးမဲ့လုမဲ့ ဂျစ်ပစီတွေနဲ့ မြေရိုင်းဒေသကို အပိုင်စီးချင်နေတဲ့ မြေရှင်
သူဌေးကြီးတစ်ယောက်က မျိုးစုံတိုက်ခိုက်လာတဲ့အခါ နဂိုကမှ ခက်ခဲနေတဲ့အလုပ်ဟာ
မဖြစ်နိုင်စရာဖြစ်လာပါတယ်။ ဒါတွေကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ၊
အောင်မြင်ဖိုအတွက် ဘာတွေပေးဆပ်လိုက်ရလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ
ဆက်ကြည့်ရမှာပါ။

image
43 w - Translate

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ ထုတ်ပြန်ချက်
April 10, 2025
(မိုး/ဇလ) ဧပြီ ၁၀

ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်း ထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး လေဖိ အားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါ သည်။

ယနေ့ညနေအထိခန့်မှန်းချက်မှာ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေ ပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။

image
43 w - Translate

Amulet (202
============
Amulet ဆိုတာက အဆောင် လက်ဖွဲ့ ပစ္စည်းတစ်ခုခုကိုပြောချင်တာဖြစ်ပါတယ်။
စစ်သားတစ်ဉီး ရှိပါတယ်သူက အကျင့်စာရိတ္တလည်း မကောင်းပါဘူးသူ တာဝန်ထမ်းဆောင်နေဆဲကာလမှာ ဆိုးရွားတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ် ပြီးတော့သူအဆောင် လက်ဖွဲ့တစ်ခုကို တောထဲမှာ ရှာတွေ့ခဲ့ပါတယ်
အဲ့ဒီ့လက်ဖွဲ့ကလေးရပြီးတဲ့နောက် သူ
ထူးထူးဆန်းဆန်းတွေနဲ့ပဲ ကြုံရပါတော့တယ်တစ်နေ့ သူမေ့လဲသွားပြီး မြို့က ဆေးရုံကို ရောက်သွားခဲ့ပါတယ်
အဲ့ဒီနောက် စစ်စတာ တစ်ယောက်နဲ့ အဆက်အသွယ်ရပြီးတော့မြို့က အကူညီလိုအပ်နေတဲ့ မက်ဂဒါလို့ခေါ်တဲ့အမျိုးသမီးအိမ် ကို သွားပြီးတော့ အိမ်အလုပ်တွေ ကူလုပ်ရင်း နေခဲ့ပါတယ်မက်ဂဒါ ရဲ့ အမေက မူမမှန်ပါဘူးဒါကို အစတည်းက တိုးမက်ဇ်က ရိပ်မိပါတယ် ဒါပေမယ့်အမေဖြစ်သူကိုတော့ သူ မမြင်ဖူးခဲ့ပါဘူးဒီအိမ်ကိုစရောက်တဲ့နေ့ကစပြီးတော့ တိုးမက်ဇ်ဟာ
ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုကြုံလာရပါတော့တယ်အိမ်ကနေ ဘယ်လိုပဲထွက်သွားဖို့ကြိုးစားကြိုးစားသူ ထွက်မသွားနိုင်ခဲ့ပါဘူး

image