Me: ကြီးလာရင် အဖေနဲ့အမေကို လုပ်ကျွေးမယ် ချမ်းချမ်းသာသာနဲ့ထားနိုင်အောင် ကြိုးစားမယ်
Also me: အမလေး ခါးက ကျွတ်ကျွတ်

image
38 w - Translate

#tattooideas

image
38 w - Translate

#tattooideas

image
38 w - Translate

#tattooideas

image
38 w - Translate

#tattooideas

image
38 w - Translate

#tattooideas

image
image
image
image
38 w - Translate

ငလျင်ဘေးသင့်ဒေသတွေ ကယ်ဆယ်ရေးအတွက် ခိုင်နှင်းဝေ ပရဟိတအသင်းသို့ ငွေကျပ် ၁၁ သိန်း လှူဒါန်းခဲ့တဲ့ ကောင်းမြတ်စံ 🙏🙏🙏

သူကတော့ ထပ်မဖြစ် ဆယ့်တစ် ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ငွေကျပ် ၁၁ သိန်းလှူဒါန်းခဲ့တာပါ။ ခိုင်နှင်းဝေကိုယ်တိုင်ကလည်း မ တည်အလှူငွေ သိန်း ၁၀၀၀ စတင်လှူဒါန်းခဲ့ပါတယ်။

#crd
#celenews

image
38 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရည်ညွန်းဈေးထက် ကျော်လွန်ရောင်းဝယ်ခဲ့သည့် မန္တလေးမှ ရွှေလုပ်ငန်းရှင်များ အရေးယူခံရ
သတ်မှတ်ထားသည့် စံချိန်မီရည်ညွှန်းဈေးထက် ကျော်လွန်ကာ အရောင်းအဝယ်ပြုလုပ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ရွှေလုပ်ငန်းလုပ်ကိုင်ရောင်းဝယ်ကြသည့်လုပ်ငန်းရှင် ခုနစ်ဦးမှာ သက်ဆိုင်ရာက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ ဖြင့် တရားစွဲဖမ်းဆီးအရေးယူခံရကြောင်း သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် အမိန့်ကြေညာစာထုတ်ပြန်ထားပြီး လုပ်ငန်းလိုင်စင်လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ နှင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် နေ့စဉ် ရွှေရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သိပ်သည်းဆ ၁၉ ဒသမ ၂၅ နှင့် အထက်ရှိသော စံချိန်မီရွှေတစ်ကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်၏ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး (Market Rate)ဖြင့် နေ့စဉ် ထုတ်ပြန်ခဲ့သော ဈေးနှုန်းအတိုင်းရောင်းဝယ်ခြင်းမရှိသူများအား အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်းသိရသည်။
သိပ်သည်းဆ ၁၉ ဒသမ ၂၅ နှင့် အထက်ရှိသော စံချိန်မီရွှေတစ်ကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်၏ ဈေးနှုန်း ကျပ် ၅၆၁ဝဝဝဝ ဖြစ်ကြောင်း ဓာတ်သတ္တု (ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထားကြောင်း သိရသည်။

image

အိမ်မှာ အိပ်တာနဲ့ စားတာဘဲ အသုံးဝင်သော မိမိအား
အမေ့အမြင် 🤣

#funny

image
Khine Su Zin shared a post  
38 w

38 w

ရန်ကုန်။ ၂၀၂၅၊ မတ် ၂၉ ရက်

၂၀၂၅ ခုနှစ် မတ်လ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၂၀ မိနစ်အချိန်မှ ၇ နာရီ ၁၅ မိနစ် အချိန် အတွင်း တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဒေညွှန်ကြားမှုဦးစီး ဌာနရဲ့ ထုတ်ပြန်ထားမှုအရ သိရပါတယ်။

အဆိုပါ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းဖြစ်စဉ်ကို ဥရောပတိုက်၊ အာရှတိုက်မြောက်ပိုင်း၊ အာဖရိကတိုက် အနောက်မြောက်ပိုင်းနှင့် မြောက်အမေရိကတိုက်ဒေသများရှိ နိုင်ငံအသီးသီးတို့မှ မြင်တွေ့နိုင်မယ်လို့လည်း သိရပါတယ်။

နေကြတ်ခြင်းဖြစ်စဉ်ဟာ နေ၊ လ နှင့် ကမ္ဘာတို့ တစ်တန်းတည်း ကျရောက်ချိန်ဖြစ်တဲ့ လကွယ်နေ့မှာသာ ဖြစ်ပေါ်တတ်သလို လကြတ်ခြင်းဟာလည်း နေ၊ ကမ္ဘာ နှင့် လ တို့ တစ်တန်းတည်းကျရောက်တဲ့ လပြည့်နေများမှာသာ ဖြစ်ပေါ်လေ့ရှိပြီး လပြည့်၊ လကွယ် ရက်တိုင်းတော့ နေကြတ်၊ လကြတ်ခြင်း မဖြစ်ဘဲ အကြောင်းအရင်းမှာ လ ရဲ့ ကမ္ဘာကို ပတ်နေတဲ့ လမ်းကြောင်းဟာ ၅ ဒီဂရီခန့် တိမ်းစောင်းနေလို့ပဲ ဖြစ်တယ်လို့လည်း အာကာသနှင့် စကြာဝဠာဆိုင်ရာ သုတေသီတွေရဲ့အဆိုအရ သိရပါတယ်။

နေဟာ ကမ္ဘာမှ ပျမ်းမျှ မိုင်ပေါင်း ၉၃ သန်း (ကီလိုမီတာ သန်း ၁၅၀) ခန့် ကွာဝေးပြီး အရွယ်အစားအားဖြင့် ကမ္ဘာထက် အချင်းအဆ ရာကျော် (၁၀၉ ဆခန့်) ကြီးမားကာ လ ကတော့ ကမ္ဘာမှ မိုင်ပေါင်း ပျမ်းမျှ ၂၃၆,၀၀၀ အကွာမှာသာရှိပြီး အရွယ်အစားအားဖြင့် ကမ္ဘာရဲ့ ၄ ပုံ ၁ ပုံခန့်သာရှိပြီး အရွယ်အစားချင်း နှိုင်းယှဉ်ပါက နေဟာ လ ထက် အဆပေါင်း ၄၀၀ ခန့် ကြီးမားကာ ၎င်းတို့ ရောက်ရှိနေတဲ့အကွာအဝေးကြောင့် ကမ္ဘာမှ ကြည့်တဲ့အခါ နေ နှင့် လ ဟာ အရွယ်အစား သိပ်မကွာလှပဲ တခါတရံမှာ လ က နေအရှေ့မှ ဖြတ်သန်းတဲ့အခါ ယခုလို နေကြတ်ခြင်း ဖြစ်စဉ်ပေါ်ပေါက်ပြီး အရိပ်ကျရောက်တဲ့နေရာမှာ မှောင်မိုက်ခြင်း (အလင်းကွယ်ခြင်း) ခေတ္တခဏ ဖြစ်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

နေကြတ်မည့်နေ့အဖြစ် တပေါင်းလကွယ်နေ့ (အမှန်) ဖြစ်တဲ့ မတ်လ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၂၁ မိနစ် မှ ၇ နာရီ ၁၃ မိနစ် အထိ ဖြစ်တတ်ပြီး ပြက္ခဒိန်ရက်နဲ့ တစ်ရက်စီကွာသလို နေကြတ်ခြင်းကို မြင်တွေ့ရမည့် နိုင်ငံများကတော့ မြောက်အမေရိက အရှေ့ပိုင်း၊ ဥရောပ၊ အာဖရိက အနောက်မြောက်ပိုင်း နဲ့ ရုရှား အနောက်ပိုင်းတို့ ဖြစ်သလို မြန်မာနိုင်ငံမှာတော့ ၂၀၃၁ ခုနှစ် မေလ မတိုင်ခင်အထိ နေကြတ်ခြင်းဖြစ်စဉ်ကို သေချာစွာ မြင်ရနိုင်ဖို့ မရှိသေးဘူးလို့လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက သုတေသီအချို့က သုံးသပ်ပြောကြားထားပါတယ်။
#crd#crdphoto

image
image
image
image
image