1 နှစ် - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(မေ - ၂၄ ရက်)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၅၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၇၆၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၆၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၅၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၂၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၁၉၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၅၁၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၇၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၁၁၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၇၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၂၀ ကျပ်
ဝယ်ဈေး - ၃၃၇၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၁၅ ကျပ်
ဝယ်ဈေး - ၄၉၁၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၃.၃၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၀ ကျပ်
ဝယ်ဈေး - ၁၀၂၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၄ ကျပ်
ဝယ်ဈေး - ၆၀၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၁.၉၆ ကျပ်
ဝယ်ဈေး - ၃၀.၃၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၇၉ ကျပ်
ဝယ်ဈေး - ၅၀.၇၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၃ ကျပ်
ဝယ်ဈေး - ၃.၁၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၇၅ ကျပ်
ဝယ်ဈေး - ၅၈၅၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၆၀ ကျပ်
ဝယ်ဈေး - ၂၈၁၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၁၁၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၃ ကျပ်
ဝယ်ဈေး - ၅၅၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၂ ကျပ်
ဝယ်ဈေး - ၁၁၇၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
1 နှစ် - ဘာသာပြန်ပါ။

ငွေပေးချေကတ် ၄ ခုကို ဗဟိုဘဏ် ဖျက်သိမ်း
ရန်ကုန်
အီလစ်ထရောနစ်ကတ်နဲ့ ငွေပေးချေခွင့်ပြုထားတဲ့ ကတ်လုပ်ငန်း ၄ ခုကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဗဟိုဘဏ်က ဖျက်သိမ်းလိုက်တဲ့အထဲမှာ KKispa Nadi Express Ltd ရဲ့ ipay Card ၊ San Yaung Ni Road Transport ရဲ့ K Card ၊ Active Business Consolidation ရဲ့ ABC Gift Card နဲ့ Integrated Smart Solution ရဲ့ AnyPay Prepaid Card တို့ ပါဝင်လာပါတယ်။
ဗဟိုဘဏ်အနေနဲ့ အဆိုပါကတ်လုပ်ငန်းတွေကို “အီလက်ထရောနစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက် ၂/၂၀၁၂” အရ ကိစ္စရပ်တစ်မျိုးထဲ (Single Purpose) အတွက် အသုံးပြုနိုင်ရေး ခွင့်ပြုပေးထားတာပါ။
ယခုအခါ အဲဒီကတ်လုပ်ငန်းတွေဟာ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့် ကတ်လုပ်ငန်းဆောင်ရွက်ခွင့်ကို ဧပြီလ ၁ ရက်နေ့မှစပြီး ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။
အီလက်ထရောနစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက် ၂/၂၀၁၂ အရ ကိစ္စရပ်တစ်မျိုးထဲ အသုံးပြုနိုင်တဲ့ ကြိုတင်ပေးကတ်ကို ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်မျိုး ဝယ်ယူခြင်းအတွက် ပေးချေမှုတွေ ပြုလုပ်ရာမှာ အသုံးပြုခွင့် ပေးထားပါတယ်။
အဆိုပါ ကြိုတင်ပေးကတ်တွေကို ဖြတ်သန်းခကြေး၊ အများပြည်သူသုံး ခရီးသွားလာခတွေ ပေးချေရာမှာ အသုံးပြုနိုင်တယ်လို့လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ ယူရိုပါလိဂ် အရေးနိမ့်ခဲ့ရသော်လည်း အသင်း၏ထောက်ခံမှု မန်ယူနည်းပြ အမိုရင်ရထားဆဲဖြစ်
ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲ၌ စပါးအသင်းကိုအရေးနိမ့်ခဲ့ရသော်လည်း မန်ယူနည်းပြအမိုရင်အနေဖြင့် အသင်း၏ထောက်ခံမှုကို ဆက်လက်ရရှိထားဆဲဖြစ်ကြောင်း အတွင်းစည်းသတင်းအရင်းမြစ်များက ESPN သတင်းဌာနသို့ မေ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
စပိန်နိုင်ငံဘီဘာအိုမြို့၌ မေ ၂၁ ရက်တွင် ကျင်းပခဲ့သော ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
သို့ဖြစ်ရာ မန်ယူအသင်းအနေဖြင့်(၃၅)နှစ်တာကာလအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ဥရောပပွဲများ၌ဝေးခဲ့ရသည်။ သို့ရာတွင် နည်းပြအမိုရင်အနေဖြင့် မန်ယူအသင်းတာဝန်ရှိသူ အဆင့်ဆင့်၏ ထောက်ခံမှုကို ဆက်လက်ရရှိထားပြီး လာမည့်နှစ် ဘောလုံးရာသီတွင် မန်ယူကို ဆက်လက်ဦးဆောင်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားထားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် မန်ယူနည်းပြရာထူးစယူခဲ့သော အမိုရင်သည် ၎င်းကိုင်တွယ်ခွင့်ရသည့် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၆ ပွဲအနက် ၁၄ ပွဲတွင် ပြိုင်ဘက်များကို အရေးနိမ့်ထားသည်။
သို့ရာတွင် မန်ယူအသင်း တာဝန်ရှိသူများအနေဖြင့် နည်းပြ အမိုရင်ကို မန်ယူအသင်းအတွက် အံဝင်သူတစ်ဦးအဖြစ် မှတ်ယူထားဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားထားသည်။
မန်ယူအသင်း တာဝန်ရှိသူများအနေဖြင့် နည်းပြသစ်ခန့်အပ်ရန် ဆန္ဒရှိခဲ့ပါက မိမိအနေဖြင့်နစ်နာကြေးမယူဘဲ နည်းပြရာထူးမှ နုတ်ထွက်ပေးမည်ဖြစ်ကြောင်း အမိုရင်က ယူရိုပါလိဂ်ဗိုလ်လုပွဲရှုံးနိမ့်ခဲ့ရပြီးနောက် ထုတ်ပြောထားသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဓာတုလက်နက်အသုံးပြုမှုကြောင့် ဆူဒန်ကို အမေရိကန်က အရေးယူပိတ်ဆို့မှုသစ် ချမှတ်
ဆူဒန်စစ်ဘက်သည် အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့နှင့်ဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် ဓာတုလက်နက်များအသုံးပြုကြောင်း တွေ့ရှိပြီး နောက်ဆူဒန်အပေါ်အရေးယူပိတ်ဆို့မှုသစ်များ ချမှတ်မည်ဟု အမေရိကန်က မေ ၂၂ ရက်တွင် ထုတ်ဖော်ပြော ကြားလိုက်သည်။
ယင်းကိစ္စကြောင့် အမေရိကန်သို့ တင်သွင်းမည့် ဆူဒန်ပို့ကုန်များကို ကန့်သတ်မည်ဖြစ်ပြီး ချေးငွေကန့် သတ်ချက်များကိုလည်း ဇွန် ၆ ရက်တွင်စတင်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောသည်။
ဆူဒန်စစ်ဘက်နှင့် ပြည်သူ့စစ်အဖွဲ့သည် ပဋိပက္ခအတွင်း၌ စစ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ နှစ်ဖက်အကြား အာဏာလွန်ဆွဲမှုမှစတင်ခဲ့သည့်ပြည်တွင်းစစ်သည် နှစ်နှစ်ကျော်ရှိလာပြီး လူပေါင်းတစ်သိန်းခွဲနီးပါး သေဆုံးခဲ့သည်။
ဆူဒန်ပြည်တွင်းစစ်တွင် မည်သည့် ဓာတုလက်နက်ကို အသုံးပြုခဲ့ ကြောင်း အမေရိကန်က ထုတ်ပြန်ခြင်းမရှိသော်လည်း ကလိုရင်းဖြင့် တိုက်ခိုက်မှုနှစ်ကြိမ်တိုင်တွေ့ရှိခဲ့သည်ဟု နယူးယောက်တိုင်းမ်က ဖော်ပြထားသည်။
မကြာသေးမီကာလများအတွင်း ဆူဒန်စစ်ဘက်သည် မြို့တော်ခါတွမ်ရှိသမ္မတနန်းတော်အပါအဝင် ဒေသအတော်များများကို ထိန်းချုပ်နိုင်ခဲ့သော်လည်း အခြားနေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လူသန်းပေါင်းများစွာ လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
ဘီဘီစီ

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 · 小村庄

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 · 小村庄

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 · 小村庄

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 · 小村庄

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 · 小村庄

image
1 နှစ် - ဘာသာပြန်ပါ။

蒲甘 · 小村庄

image