48 w - Translate

The Mummy: Tomb of the Dragon Emperor (2008)

ဂျက်လီအားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားပါ။

စွန့် စားရှာဖွေသူ အိုကောနယ်နဲ့ သားဖြစ်သူတို ဟာ အသက်ပြန်ရှင်လာတဲ့ ဟန်ဘုရင်ရဲ့ လက်စားချေမဲ့အစီအစဉ်တွေကို
ရပ်တန့် ဖို ကြိုးစားကြပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ လူသားမျိုးနွယ်တခုလုံးကို ကျွန်ပြုဖို ကြံစည်နေတာဖြစ်ပါတယ်…ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်2000က မှော်ဆရာမတဦးရဲ့ ကယ်တင်မှု ကြောင့် ဟန်ဘုရင်နဲ့ သူ့ တပ်တခုလုံးဟာ ရွံ ရုပ်တုများအသွင်ပြောင်းခဲ့ပါတယ်
အခုအသက်ပြန်ဝင်လာတာကြောင့် ဟန်ဘုရင်ဟာ ဒီအစီအစဉ်ကို ပြန်အသက်သွင်းနေပါတယ်…ရစ်ခ်နဲ့ သားတော်မောင်အဲလက်စ်ရောဟာ သဘာဝလွန်ကိစ္စများနဲ့ ရင်းနှီးပြီးသားဖြစ်တာကြောင့်
အကြောက်အလန့် မရှိတဲ့မိသားစုနဲ့ ဟန်ဘုရင်စစ်တပ်တို  ဘယ်လိုကြုံတွေ့ မယ်ဆိုတာ…

#crd

image
48 w - Translate

စကီအချောလေး ၃ ယောက်ကိုတစ်ပြိုင်နက်တွဲနေရာကနေ စော် ၃ ယောက်ကနေပြန်လက်စားချေဖို ကြိုးစားတဲ့အခါ

The Other Woman
2014 ‧ Comedy/Romance ‧ 1h 49m

ညှိအားပြင်း မင်းသမီး ကင်မရွန်းဒီယာ့ဇ် (Cameron Diaz) ၊
နှုတ်ခမ်းဖျားကမှဲလေးနဲ့ ချစ်စဖွယ် အလှပိုင်ရှင် Vogue Model ကိတ်အပ်(ပ)တန် (Kate Upton) ၊
17 Again, This is 40 စတဲ့ဇာတ်လမ်းတွေထဲကမင်းသမီး လက်(ဇ)လီမန်း (Leslie Mann) တိုအပြင်
bonus အနေနဲ့ ရပ်(ပ်) အဆိုတော် Nicki Minaj စတဲ့
မင်းသမီးအလန်းတွေချည်း တစုတစည်းတည်း သောင်းကျန်းထားတဲ့ အချစ်ဟာသရုပ်ရှင်ကားကြီးပါ။

အဲ့လို မင်းသမီးအလန်းတွေကို တပြိုင်တည်းဆော့ကစားမယ့် ဘဲကြီးကတော့
Game Of Thrones ရဲ့ အချစ်သူရဲကောင်းကြီး ဂျိမ်းလန်နစ်စတာအဖြစ် လူသိများသူ
မင်းသား Nicolaj Coster-Waldau ပဲ ဖြစ်ပါတယ်...
အချစ်သူရဲကောင်းကြီးကိုတော့ ဒီဇာတ်ကားထဲမှာလဲ အချစ်တွေများနေတဲ့ သူရဲကောင်းအဖြစ် မြင်တွေ့ရဦးမှာပါ။

ဇာတ်လမ်းကတော့....

ထက်မြက်ပြီးချောမောလှပတဲ့ ကာလီတယောက် သူတွဲနေတဲ့ သူ့ ချစ်သူ မက်ခ်ဟာ အိမ်ထောင်ကျပြီးသားဖြစ်ပြီး
သူက ရာထူးနိမ့်နေတာကို သိသွားပါတယ်။
အဲဒီနောက် ကာလီဟာ မက်ခ်ရဲ့ မိန်းမ ကိတ်နဲ့တွေ့ပြီး သူတိုနှစ်ယောက် မထင်မှတ်ဘဲ သူငယ်ချင်းတွေ ဖြစ်သွားပါတယ်။
ဒါပေမဲ့ ဖြစ်ချင်တော့ မက်ခ်မှာ သူတိုနှစ်ယောက်အပြင် နောက်ထပ် မိန်းမချောလေးတစ်ယောက် ရှိသေးတယ်ဆိုတာကိုပါ ထပ်သိသွားပါတော့တယ်။

ဒီလို ဆော် ၃ ပွေကို တပြိုင်တည်းတွဲနေတဲ့ မက်ခ်ဆိုတဲ့ ဘဲကြီးဟာ
စီးပွားရေးလောကမှာပါ လိမ်လည်ကောက်ကျစ်လှည့်ဖျားတတ်တဲ့သူဖြစ်ပြီး
မိန်းမမြင်ရင် ခြေရှုပ်ချင်တဲ့ဘဲကြီးဆိုတာ သိသွားတဲ့အခါမှာတော့
မိန်းမတွေရဲ့ နာကျည်းမှုတွေဟာ သူ့အပေါ်ကို အပြွတ်လိုက် ကျရောက်လာပါတော့တယ်။

ကဲ ဘယ်လိုတွေ ရှေ့ဆက်ဖြေရှင်းကြမလဲဆိုတာ အလှလေးတွေထိုင်ကြည့်ရင်း ရယ်မောပျော်ရွှင်ရမယ့်ဇာတ်ကားပါ။

image

မကြာမှီ AI နည်းပညာနှင့် ရောဂါအားလုံးကုသနိုင်တော့မည်ဟုဆို
***************
နိုင်ငံတကာ ဧပြီ ၂၄
AI နည်းပညာဖြင့် လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း ရောဂါအားလုံးကို ကုသနိုင်တော့မည်ဖြစ်ကြောင်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် DeepMine ကုမ္ပဏီ၏ အကြီးအကဲကဆိုသည်။

ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရရှိထားသည့် DeepMine ကုမ္ပဏီ၏ အကြီးအကဲ ဒီမစ်ဟာဆာဗစ်က CBS ရုပ်သံနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဟာဆာဗစ်က ကမ္ဘာတွင် ဆေးဝါးများထုတ်လုပ်မည်ဆိုပါက အချိန် ၁၀ နှစ်ခန့် ကြာမြင့်ကာ ဒေါ်လာ ဘီလီယံပေါင်းများစွာကုန်ကျနိုင်ပြီး လာမည့်နှစ်များအတွင်း AI နည်းပညာဖြင့် ဆေးဝါးထုတ်လုပ်သည့် ကြာချိန်များလျှော့နိုင်တော့မည့်အပြင် ကုန်ကျစရိတ်လည်း များစွာသက်သာနိုင်ကြောင်းဆိုသည်။

AI နည်းပညာသည် လာမည့်နှစ်များအတွင်း သိပ္ပံပညာဆိုင်ရာ စမ်းသတ်ချက်များ အချက်အလက် မှန် မမှန်ကို စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ဟာဆာဗစ်က ထပ်လောင်းပြောကြားခဲ့သည်။

image
48 w - Translate

ကျောက်သေတ္တာစေတီကို ဘေးကင်းစွာထားရှိနိုင်ရန် ပညာရှင်များနဲ့ တိုင်ပင်နေ
*******************
(ပြည်တွင်း) ဧပြီ ၂၄
ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်မှုအနည်းငယ်ရှိခဲ့သည့် ကျောက်ဆည်မြို့က ကျောက်သေတ္တာစေတီကို ဖောက်ခွဲပစ်မည့်အစား ပညာရှင်များဖြင့်တိုင်ပင်ပြီး ဘေးကင်းစွာဆက်လက်ထားရှိနိုင်ရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။

လက်ရှိမှာ မန္တလေးတိုင်းဝန်ကြီးချုပ်၊ ကျောက်ဆည်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျောက်သေတ္တာ စေတီကိုသွားရောက်ကြည့်ရူကာ ဒရုန်းဖြင့်ရိုက်ကူးမှတ်တမ်း ယူကာစောင့်ကြည့်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ပညာရှင်ဒေါက်တာ ယုမောင်နှင့်အဖွဲ့ကို ဖိတ်ကြားပြီး ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အမြန်ဆုံးပြုလုပ်နေကြောင်း သိရပါတယ်။ ကျောက်သေတ္တာ စေတီတော်ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့် ခိုင်ခံ့စေရေး ကျောက်တုံးအောက်ခြေမှာ Cement Grouting နည်းလမ်း၊ မြေထိန်းနံရံနှင့်သင့်လျော်မယ့် နည်းလမ်း များကို နည်းပညာရှင်၊ အတတ်ပညာရှင်များ အကြံဉာဏ်များကိုရယူပြီး ဆောင်ရွက်နေကြောင်း သိရပါတယ်။

image
48 w - Translate

အိမ်ကို ပထမဆုံးပြန်ရောက်လာခဲ့တဲ့နေ့က ဖေဖေ့ ပုံကို အမှတ်တရပန်းချီဆွဲခဲ့တဲ့ သမီးကြီး ဇေဝတီလှိုင် 🥰
ဇေသီဟနဲ့ သရုပ်ဆောင် နန္ဒာလှိုင်တို့ရဲ့ သမီးကြီးလေး ဇေဝတီလှိုင်က အမှတ်တရ ပန်းချီဆွဲခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်မြောက်ပြီး အိမ်ကိုပြန်ရောက်လာချိန် မိခင်ဖြစ်သူနန္ဒာလှိုင်နဲ့အတူ တွဲရိုက်ခဲ့တဲ့ ဖေဖေ့ရဲ့ ပုံလေးကို ဆွဲခဲ့တာပါ။ နန္ဒာလှိုင်ဟာ သမီး ၃ ယောက်မွေးဖွားထားပြီး ၃ ဦးလုံးဟာ ပန်းချီပညာရပ်ကို စိတ်ဝင်စားကြတဲ့ သမီးလေးတွေဖြစ်တယ်ဆိုတာ သူတို့ဆွဲထားတဲ့ ပန်းချီကားလေးတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်။

image
48 w - Translate

လာမယ့်ဆောင်းဦးရာသီမှာထွက်မယ့် "Backstabbed in a Backwater Dungeon: My Trusted Companions Tried to Kill Me, But Thanks to the Gift of an Unlimited Gacha I Got LVL 9999 Friends and Am Out For Revenge on My Former Party Members and the World" Anime တဲ့

နာမည်ကတိုနေသေးတယ် 🥹

image
48 w - Translate

နှစ်ဘက်မိဘများ ညှိနှိုင်းပေးမှုကြောင့် အပြီးသတ်ပြေလည်သွားပြီဆိုတဲ့ ရှင်ဘုန်းပြည့်နဲ့ Mabel Oo
ထပ်ပြီးပတ်သက်စရာမရှိတော့တာကြောင့် နောက်နောင်လည်း ဘာမျှထပ်တင်တော့မှာ မဟုတ်ဘူးလို့ ရှင်ဘုန်းပြည့်ကပြောပါတယ်။ ရှင်ဘုန်းပြည့်နဲ့ Mabel Oo တို့ဟာ နှစ်ဘက်မိဘတွေရဲ့ ညှိနှိုင်းပေးမှုကြောင့် အပြီးသတ်ပြေလည်သွားပြီဖြစ်တယ်လို့ ရှင်ဘုန်းပြည့်က ပြောပါတယ်။ နှစ်ဘက်မိဘတွေရဲ့ ဆန္ဒအရ တင်ထားခဲ့သော ပို့စ်များကိုလည်း ဖျက်လိုက်ပြီး ထပ်မံလည်း တင်မှာမဟုတ်တော့ဘူးလို့ အသိပေးလိုက်ပါတယ်။

image
48 w - Translate

#tattooideas

image
48 w - Translate

#tattooideas

image
48 w - Translate

#tattooideas

image