39 w - Translate

◾️မိတ္တူဆိုင် photoshop ကျွမ်းကျင် ဝန်ထမ်း - Yangon
Company: 1 Stop Printing Service
Salary Range: MMK 300,000 - 400,000
https://joimyanmar.com/job/detail/23034

◾️Content Writer- Yangon
Company: KBTC Group of Companies Limited
Salary Range: MMK 300,000 - 400,000
https://joimyanmar.com/job/detail/23064

◾️Sales & Marketing Supervisor - Yangon
Company: E Enterprises Ltd. (Food & Nonfood Sales & Distribution Business)
Salary Range: MMK 400,000 - 500,000
https://joimyanmar.com/job/detail/23083

image

ချင်းပြည်နယ် တောင်ပေါ်ရွာ

image

ချင်းပြည်နယ် တောင်ပေါ်ရွာ

image

ချင်းပြည်နယ် တောင်ပေါ်ရွာ

image

ချင်းပြည်နယ် တောင်ပေါ်ရွာ

image

ချင်းပြည်နယ် တောင်ပေါ်ရွာ

image

ချင်းပြည်နယ် တောင်ပေါ်ရွာ

image

ချင်းပြည်နယ် တောင်ပေါ်ရွာ

imageimage
+4

သိပ်မတိုးတက်သေးတဲ့လူတွေ ၊ မအောင်မြင်သေးတဲ့ လုပ်ငန်းတွေဟာ လိုအပ်နေတဲ့ အထောက်အပံ့တွေ ၊ လှုံ့ဆော်မှုတွေ လုံလုံလောက်လောက်ရလာပြီး လမ်းကြောင်းမှန်သွားပြီဆိုရင် ဆနဲ့ချီပြီး တိုးတက်ပြောင်းလဲနိုင်ပါတယ် ။
(လုပ်ငန်းရှင်တွေ၊ လုပ်ငန်းဦးဆောင်သူတွေအနေနဲ့) အဓိကအားဖြင့် လုပ်ငန်းတိုးတက်ပြောင်းလဲဖို့ တာဝန်က အပြင်မှာမဟုတ်ဘဲ ငါ့ဆီမှာရှိတာဖြစ်တယ်၊ ငါတာဝန်ယူရမယ်ဆိုတဲ့ အမြင်ရှိဖို့လိုတယ်။ ကြီးပွားတိုးတက်ဖို့ သင် ဘာလုပ်ငန်းလုပ်နေသလဲဆိုတာထက် ဘယ်လိုလုပ်နေသလဲဆိုတာက ပိုပြီးအရေးပါပါတယ်။ သင့်ကို ကြွယ်ဝချမ်းသာအောင် လုပ်ပေးမယ့်အရာက လုပ်ငန်းမဟုတ်ဘဲ လုပ်နည်းဖြစ်တယ်ဆိုတာကို လက်ခံဖို့လိုတယ်။
သင့် လုပ်ငန်းတိုးတက်ဖို့အတွက် သိပ်ကို ဆန်းပြားခမ်းနားတဲ့ မဟာဗျူဟာတွေထက် ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့ မဟာဗျူဟာတွေကို သေသေချာချာ နားလည်သဘောပေါက်ပြီး အမြဲတမ်းအသုံးပြုနေဖို့ လိုတယ်ဆိုတာ သင့်အနေနဲ့ နားလည်သဘောပေါက်ဖို့လိုတယ်။
#အမြတ်ငွေဆနဲ့ချီပြီးတိုးတက်စေနိုင်မယ့်ရိုးရှင်းသောစီးပွားရေးမဟာဗျူဟာများ #business #engrepreneurship #startup #smallbusiness

image
39 w - Translate

Robots (2005)

တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊
ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့
အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကို
ပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး
​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို
၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံး
ဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲ
ဖြစ်မယ် ထင်ပါတယ်။
VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့
ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့်
ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊
ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။
ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာ
ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့်
ဇာတ်ကားပါပဲ။
ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီး
IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက်
ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း
​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာ
ကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးက
ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို
အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံ
ပါလာသူပဲ ဖြစ်ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိပြီး အဲဒါက​တော့
စက်ရုပ်မြို့​တော်ကြီးဆီ သွားပြီး သူ့ရဲ့စံပြစက်ရုပ်ဖြစ်တဲ့ ဘစ်ဝဲဒ်
ဆိုတဲ့ စက်ရုပ်ကြီးနဲ့ ​တွေ့ဆုံဖို့ပါ။ ဒီစက်ရုပ်ကြီးက တခြားသူ​တွေ
ဘာလိုအပ်​နေလဲဆိုတာ အမြဲရှာ​ဖွေပြီး ဖြည့်ဆည်း​ပေး​တတ်တဲ့သူ
ဆိုပြီး သတင်းကြီးတဲ့ စက်ရုပ်ကြီး​​ပေါ့။
အဲဒီလိုနဲ့ ​ရော့ဒ်နီတစ်​ယောက် သူ့အိပ်မက်ကိုပုံ​ဖော်ဖို့ မြို့​တော်ကို
တက်ပြီး ဘစ်ဝဲဒ် တည်​ထောင်ထားတဲ့ ကုမ္ပဏီကို သွား​တွေ့ရာမှာ
သူထင်ထားသလို ဖြစ်မ​နေဘဲ ဘစ်ဝဲဒ်ရဲ့​နေရာကို ရက်ချက်ဆိုတဲ့
စက်ရုပ်က အစားထိုးဝင်​နေတာ ​တွေ့လိုက်ရပါတယ်။ ရက်ချက်ရဲ့
ရည်ရွယ်ချက်က အမြတ်စွန်းရဖို့ပဲဖြစ်ပြီး နွမ်းပါးတဲ့ စက်ရုပ်​​တွေ
ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ပြီး
upgradeစက် အသစ်​တွေကို ​ဈေးတင်​ရောင်းဖို့ပါပဲ။ သူ့စက်​တွေ
​ရောင်းရဖို့ စက်ရုပ်အ​ဟောင်း​​တွေ ပျက်စီး​နေတဲ့စက်ရုပ်​တွေကိုပါ
ဒိတ်​အောက်တယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖျက်ဆီး​နေသူပါ။
ဒါ​ကြောင့် ရော့ဒ်နီဟာ နွမ်းပါးတဲ့စက်ရုပ်​တွေကို ကိုယ်ထူကိုယ်ထ
ကူညီ​ပေးတဲ့ စက်ရုပ်​လေးဖြစ်လာခဲ့ပြီး မြို့​​တော်ကြီးမှာ နာမည်ရ
လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ​ရော့ဒ်နီနဲ့ ​လောဘကြီးတဲ့ ရက်ချက်တို့
ထိပ်တိုက်​ရင်ဆိုင်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/198

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image