48 w - Translate

မိုးညှင်းမြိုနယ်နှင့် မြောက်ဥက္ကလာပမြိုနယ်တို၌ မူးယစ်ဆေးဝါးများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဧပြီ ၂၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက် ညနေ ၆ နာရီတွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာအနီးတွင် စောသာထူး မောင်းနှင်ပြီး စောနိုင်လိုက်ပါလာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲ ၄၃ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၄ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၆၀၉ သိန်းနှင့် ဘိန်းစိမ်း ၃၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၁၂ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄၂၀)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက် သုဓမ္မာလမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မလဲ့ဇာလီဌေးအား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀၀၀ ပြား (တစ်ပြားလျှင်ငွေ ၁၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၄၈၀) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

image
48 w - Translate

ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချိုမှာ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်
******************
(မိုး/ဇလ) ဧပြီ ၂၄
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ လာမယ့်ဧပြီလ ၂၅ ရက်မှကနေ ၃ ရက် အတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ နေ့အပူချိန်များ ပိုမိုမြင့်တက် လာနိုင်တယ်လို့ ဧပြီလ ၂၂ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး(မြောက်ပိုင်း)၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး (မြောက်ပိုင်း)တို့မှာ ဧပြီလရဲ့ ပုံမှန်နေ့အပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီ ဆဲလ်စီးယပ်အထိ အနည်းငယ်မြင့်တက်လာနိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မကွေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တို့အတွင်းရှိ ဒေသအချို့မှာလည်း ဧပြီလရဲ့ ပုံမှန်နေ့အပူချိန် ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ သိသိသာသာတိုးမြင့်လာနိုင်တယ်လို့ အသိပေးထားပါတယ်။

ပြည်သူများအနေနဲ့သက်ဆိုင်ရာကျန်းမာရေးဋ္ဌာနများနှင့် အဖွဲ့အစည်းများမှ ထုတ်ပြန်ထားတဲ့ အပူဒဏ် အန္တရာယ်ကာကွယ်ရေးသတိပေးချက်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားတဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသတိပေးချက်များကို ပူးပေါင်းပါဝင်လိုက်နာနေထိုင်ကြရန် သတိပေးနှိုးဆော်ထားပါတယ်။

image

စစ်သွေးကြွတိုက်ခိုက်မှုအပြီး ပါကစ္စတန် သံတမန်ကို အိန္ဒိယက နှင်ထုတ်ပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်ကိုပိတ်
ဒေလီ၊ ဧပြီ-၂၄-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွတိုက်ခိုက်မှုအတွင်း ခရီးသွား ၂၆ ယောက်သေဆုံးပြီးနောက် အိန္ဒိယဟာ ပါကစ္စတန်နဲ့ အဓိကနယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်ချလိုက်ပြီး သံတမန်ကို နှင်ထုတ်ကာ ရေမျှဝေမှုဆိုင်ရာ အထင်ကသဘောတူစာချုပ်ကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
ပါကစ္စတန်ဟာ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်းငြင်းဆိုထားပြီး အိန္ဒိယရဲ့ လုပ်ဆောင်မှုတွေကို တုံ့ပြန်ဖို့အတွက် ဒီကနေ့မှာ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပမှာဖြစ်ပါတယ်။
ခရီးသွားတွေ အများစုလာရောက်ကြရာ ပါဟယ်ဂမ်ဒေသမှာ သေနတ်သမားတွေက ခရီးသွားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသူတွေထဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။
ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ခြင်းမရှိပေမယ့် အချို့သတင်းဌာနတွေကတော့ ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba ဆက်နွယ်နေတဲ့ အဖွဲ့တဖွဲ့လို့ ဆိုကြပါတယ်။
ပြည်ပခရီးစဉ် သွားရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ အစည်းအဝေးလုပ်ဖို့ ခရီးစဉ် နောက်ကြောင်းပြန်လှည့်ခဲ့ပြီး ဒီကိစ္စအပေါ် လုပ်ဆောင်ခဲ့သူတွေကို အရေးယူဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူးလို့ ကတိပြုထားပါတယ်။
ကက်ရှ်မီးယားဒေသကို အိန္ဒိယနဲ့ ပါကစ္စတန်တို့က ပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုထားကြပြီး အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်မှာတော့ အစိုးရဆန့်ကျင်ရေးနဲ့ ခွဲထွက်ရေး သူပုန်ထမှု ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့ပြီး ခရီးသွားနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကတော့ ရှားရှားပါးပါး ဖြစ်ပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဈာပန ဧပြီ ၂၆ ရက်တွင် ကျင်းပမည်
ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားကို ဧပြီ ၂၆ ရက်တွင် ကျင်းပရန် ဗာတီကန်နန်းတော် ကာဒီနယ် ဘုန်းတော်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ရုတ်တရက်နှလုံးရပ်မှုနှင့်လေဖြတ်မှုတို့ကြောင့် ဧပြီ ၂၁ ရက်တွင် မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ရပြီး ကွယ်လွန်ချိန်တွင် သက်တော် (၈၈) နှစ်ရှိပြီဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၏ဈာပနအခမ်းအနားကို ဧပြီ ၂၆ ရက်တွင် ဗာတီကန်စီးတီးမြို့တော် စိန့်ပီတာရင်ပြင်၌ ကျင်းပမည်ဖြစ်ကြောင်း ဗာတီကန်နန်းတော်က ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ရုပ်ကလာပ်ကို ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ နောက်ဆုံးဂါရဝပြုနိုင်ရေးအတွက် စိန့်ပီတာဘုရားကျောင်းသို့ ဧပြီ ၂၃ ရက်တွင် ရွှေ့ပြောင်းပေးရန် ဗာတီကန်နန်းတော်တာဝန်ရှိသူများက စီစဉ်ထားသည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည်ယခင်ကက်သလစ်ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးများကဲ့သို့ ၎င်း၏ရုပ်ကလာပ်ကို စိန့်ပီတာဘုရားကျောင်း၌ မြှုပ်နှံသင်္ဂြိုဟ်ပေးရန် တောင်းဆိုထားခြင်းမရှိဘဲ ၎င်းသံယောဇဉ်ကြီးမားသော စိန့်မေရီမေဂျာ အမည်ရှိ ရောမခေတ်ဘုရားကျောင်းတစ်ကျောင်း၌ မြှုပ်နှံပေးရန် တောင်းဆိုထားသည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ဈာပနအခမ်းအနားသို့ အမေရိကန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှ ခေါင်းဆောင်များတက်ရောက်ကြမည်ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို ယခုနှစ်မေ ၆ ရက်မတိုင်မီ စတင်ကျင်းပနိုင်ရန် ဗာတီကန်နန်းတော်မှ ကာဒီနယ်ဘုန်းတော်ကြီးများက ရည်ရွယ်ထားသည်။
ရိုက်တာ

image
48 w - Translate

တချို့လူတွေရှိတယ်
ငြိမ်ခံနေတုန်းက....မမြင်ဘူး
ထပြောမိမှ ကိုယ်ကစွာတယ်ဆိုတာမျိုး
တချို့လူတွေရှိတယ်
ခေါင်းပေါ်တက်နင်းခံရတာမသိဘူး
ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှ
ကိုယ်က အာကြမ်းတယ်ဆိုတာမျိုး
တချို့လူတွေရှိတယ်
မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး
ဒဲ့ပြောလိုက်မှ ကိုယ်ကလူကြမ်းတစ်ယောက်
ဆိုတာမျိုး
တချို့လူတွေရှိတယ်
တသက်လုံးသည်းခံလာတာကို မစာနာကြဘူး
ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူး
ဆိုတာမျိုး
တချို့လူတွေရှိတယ်
အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူး
အပေါ်ယံကောင်းပြတာကိုမှ အဟုတ်ထင်
တတ်ကြတာမျိုး
တချို့လူတွေရှိတယ်
စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး
ဟန်ဆောင်တတ်တဲ့လူကိုမှ အမှန်အကန်ထင်တတ်ကြတာမျိုး
တချို့လူတွေရှိတယ်
ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး
ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်နဲ့
တစ်ဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး
တချို့လူတွေရှိတယ်
ရင်းနှီးချင်ယောင်ဆောင်ပြီး
မထိတထိ စော်ကားတဲ့ စကားပြော
တတ်ကြတာမျိုး
တချို့လူတွေရှိတယ်
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို
တစ်ပါးလူလုပ်လိုက်မှ ဝေဖန်ရေးလုပ်
တတ်တာမျိုး
တချို့လူတွေရှိတယ်
အစွမ်းအစမရှိဘဲ
အပြစ်ပြောဖို့ သက်သက်လူဖြစ်လာတာမျိုး
ဒါကြောင့် အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကို
မကျင့်သုံးတတ်ဘဲ အသက်ရှင်နေတဲ့
တချို့လူတွေအတွက်
စိတ်ကသိကအောက်ဖြစ်ဖို့မလိုဘူး
တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ။
#စာ‌ပေ

image
48 w - Translate

နေ့တိုင်းပေါ့ပေါ့ပါးပါး Daily Look လေးနဲ့ပဲ ဖြတ်သန်းချင်တဲ့ ပျိုမေလေးတို့အတွက်....
ဒီအတွဲလေးရှိရင် လှပီးရင်း လှလို့ရပြီနော်
Foundation လိမ်းရတာ မကြိုက်ရင်တော့ Klairs BB Cream လေးက Daily သုံးဖို့ အဆင်ပြေဆုံး ဖြစ်ပြီး Natural Glow Look လေးရစေပါတယ်
BB Cream လေးလိမ်းပီးရင်တော့ သိပ်သိပ် ညက်ညက်လေးနဲ့ ပိုလှသွားစေဖို့ About Tone Blur Powder Pact လေးနဲ့ ပုတ်လိုက်ပါ 😍
ချွေးပေါက်တွေကို Coverage လုပ်ပေးလို့ Skin Smooth ဖြစ်သွားစေတယ်
အဆီထိန်းပေးပြီး Long Lasting ဖြစ်လို့ မိတ်ကပ်သားကွက်တာ ရွေ့တာမျိုးမဖစ်ပဲ တနေကုန်ခံတယ်နော်
သုံးပြီး ပြာသွားတာမျိုး မဖြစ်စေပဲ တနေကုန် မျက်နှာလေးက ဖုန်ဖုန်လေး ဖြစ်နေစေပါတယ်
Klairs BB Cream 40ml - 52000k
About Tone - 19800k