27 w - Translate

L.A မီးသတ်စနစ်ချို့ယွင်းမှု စုံစမ်းရန် ဂါဗင်ဆန် တောင်းဆို
----------------------
လော့စ်အိန်ဂျယ်လိစ်တောမီးငြှိမ်းသတ်ရေးဖြစ်စဉ်မှာ မီးသတ်ပိုက်လိုင်းစနစ်တွေမှာ ရေပြတ်လပ်ပြီး စနစ် ချို့ယွင်း မှုတွေ ရှိတဲ့အပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး နယူး ဂါဗင်ဆန် က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုနဲ့အတူ မီးဘေးအန္တရာယ် တိမ်းရှောင်ဖို့ ညွှန်ကြားခံရတဲ့ နေရာဒေသဟာလည်း ပိုကျယ်ပြန့်လာနေတယ်လို့ သောကြာနေ့မှာ ဘီဘီစီသတင်းက ဖော်ပြပါတယ်။

ဒါ့အပြင် တောမီးလောင်ကျွမ်းနေတဲ့ နေရာနဲ့ အနီးဝန်းကျင်ဒေသတွေမှာ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန် လိုက်ရပါ တယ်။ အဲဒီအမိန့်ထဲမှာ ပစိဖိတ် ပယ်လီဆေ့ဒ် နဲ့ အီတန်ဒေသတွေလည်း ပါဝင်ပြီး လုယက်မှုကျူးလွန် သူတွေကို ဖမ်းဆီးသွားမယ်လို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
လက်ရှိမှာ တောမီးဖြစ်စဉ်အတွင်း သေဆုံးသူ (၁၁) ယောက်ထိ မြင့်တက်လာနေပြီး အဆောက်အဦနဲ့ နေအိမ် ပေါင်း (၁၀၀၀၀)ကျော် ပျက်စီးသွားခဲ့တယ်လို့ ခန့်မှန်း ထားပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း လော့စ်အိန်ဂျယ်လိစ်ကို စစ်မြေပြင်တစ်ခုအဖြစ် တင်စား ပြောဆိုလိုက်ပြီး သေဆုံးသူ အရေအတွက် ဆက်လက် မြင့်တက်လာနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

image
27 w - Translate

L.A မီးသတ်စနစ်ချို့ယွင်းမှု စုံစမ်းရန် ဂါဗင်ဆန် တောင်းဆို
----------------------
လော့စ်အိန်ဂျယ်လိစ်တောမီးငြှိမ်းသတ်ရေးဖြစ်စဉ်မှာ မီးသတ်ပိုက်လိုင်းစနစ်တွေမှာ ရေပြတ်လပ်ပြီး စနစ် ချို့ယွင်း မှုတွေ ရှိတဲ့အပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး နယူး ဂါဗင်ဆန် က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုနဲ့အတူ မီးဘေးအန္တရာယ် တိမ်းရှောင်ဖို့ ညွှန်ကြားခံရတဲ့ နေရာဒေသဟာလည်း ပိုကျယ်ပြန့်လာနေတယ်လို့ သောကြာနေ့မှာ ဘီဘီစီသတင်းက ဖော်ပြပါတယ်။

ဒါ့အပြင် တောမီးလောင်ကျွမ်းနေတဲ့ နေရာနဲ့ အနီးဝန်းကျင်ဒေသတွေမှာ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန် လိုက်ရပါ တယ်။ အဲဒီအမိန့်ထဲမှာ ပစိဖိတ် ပယ်လီဆေ့ဒ် နဲ့ အီတန်ဒေသတွေလည်း ပါဝင်ပြီး လုယက်မှုကျူးလွန် သူတွေကို ဖမ်းဆီးသွားမယ်လို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
လက်ရှိမှာ တောမီးဖြစ်စဉ်အတွင်း သေဆုံးသူ (၁၁) ယောက်ထိ မြင့်တက်လာနေပြီး အဆောက်အဦနဲ့ နေအိမ် ပေါင်း (၁၀၀၀၀)ကျော် ပျက်စီးသွားခဲ့တယ်လို့ ခန့်မှန်း ထားပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း လော့စ်အိန်ဂျယ်လိစ်ကို စစ်မြေပြင်တစ်ခုအဖြစ် တင်စား ပြောဆိုလိုက်ပြီး သေဆုံးသူ အရေအတွက် ဆက်လက် မြင့်တက်လာနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

imageimage

၄၅ နှစ်အောက် အလယ်တန်းအောင်များ လျှောက်ထားလို့ရသော မုန့်ဖုတ်နည်း သင်တန်းပါ

#govjob

image
27 w - Translate

“အိပ်စက်ခြင်းဟာ ငါ့ရဲ့ အရာအားလုံးရဲ့ အကောင်းဆုံး လွတ်မြောက်မှုပါပဲ။ ”.

image

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအငှားခေါ်ယူဖို့စိတ်ဝင်စားမှုရှိလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုင်တက်အသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့အေးဂျင့်အဖွဲ့ဟာ အေစီမီလန်အသင်းဆီအငှားပြောင်းရွှေ့ဖို့အတွက်ဖြစ်နိုင်ချေနဲ့ပတ်သက်ပြီးဆွေးနွေးရန်သွားရောက်ခဲ့ပေမဲ့ စပိန်ကလပ်နာမည်ကြီးအသင်းအနေနဲ့ကတော့ သရဲနီအသင်းကိုကစားသမားကိုအလားတူခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ကိုလက်မှတ်ထိုးခေါ်ယူရေးအတွက်ရင်းနှီးမြှုပ်နှံဖို့အဆင်သင့်ဖြစ်နေတယ်လို့ The Mirror သတင်းက ဖော်ပြခဲ့ပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒအနေနဲ့ အိုးထရက်ဖို့ဒ်ကွင်းကနေ ဒီဇန်နဝါရီကာလမှာထွက်ခွာလိမ့်မယ်လို့ခန့်မှန်းရပြီး သူ့အနေဲ့ နည်းပြရူဘင်အာမိုရင်ဝင်ရောက်လာပြီးကတည်းက ပွဲထွက်ကစားခွင့်သိပ်မရခဲ့တာ ဖြစ်ပါတယ်။

သူ့အနေဲ့ အေစီမီလန်အသင်းဆီအငှားသွားရောက်ကစားဖို့ဆွေးနွေးမှုတွေရှိနေပေမဲ့ ဘာစီလိုနာအသင်းကလည်းအဆိုပါကစားသမားကိုခေါ်ယူနိုင်ဖို့မျှော်လင့်နေတဲ့အသင်းဖြစ်နေပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ပါဝင်လာခဲ့ပြီး ၂ ဖက်စလုံးအနေနဲ့ ကနဦးချိတ်ဆက်မှုတွေရှိထားခဲ့ကာ နူးကမ့်ပ်ကွင်းဆီပြောင်းရွှေ့ကစားဖို့ဖြစ်နိုင်ချေအထိရှိနေတယ်လို့ စပိန်သတင်းဌာန SPORT ကဖော်ပြခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image

ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ

ဇန်နဝါရီ ၁၂

ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ အဆမတန် ထပ်မံ မြင့်တက်လာတယ်လို့ ဒေသတွင်း လေယာဥ်လက်မှတ် အရောင်းဌာနတွေဆီက သိရပါတယ်။

စစ်တွေ၊ သံတွဲ၊ လားရှိုး၊ မြစ်ကြီးနား၊ ကော့သောင်း၊ ကလေး၊ ခန္တီး စတဲ့ ဒေသတွေမှာ ဒေသတွင်း တည်ငြိမ်မှုမရှိတဲ့ အခြေအနေတွေကြောင့် ကုန်းလမ်းခရီး သွားလာရ ခက်ခဲနေတဲ့အတွက် လေကြောင်းကသာ အဓိကထား သွားလာနေရတဲ့အတွက် အခု ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ လေယာဉ်လက်ခ ဈေးနှုန်းတွေဟာ ထပ်မံ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

“လေယာဉ်လက်မှတ် ဈေးနှုန်းတွေက ခုနောက်ပိုင်း တောက်လျှောက်ကို တက်နေတယ်ပြောရမယ်။ ဖြေးဖြေးတက်တာနဲ့ မြန်မြန်တက်တာပဲရှိတာ။ ဈေးနှုန်းအပြောင်းအလဲလည်း အရမ်းမြန်တယ်။ ရန်ကုန် - စစ်တွေ လေယာဉ်လက်မှတ်ခဆို အရင်နှစ်က ကျပ် တသိန်းခြောက်သောင်းပေါ့။ အဲဒီကနေမှ အဆင့်ဆင့် ဈေးတက်လာတာ။ လွန်ခဲ့တဲ့ လေးနှစ်ကဆိုရင်တော့ ရှစ်သောင်းလောက်ပဲရှိတယ်။ အခုက ဈေးတက်နေလည်း သွားနေကြတာပါပဲ။ ခရီးသည်ကတော့ ပုံမှန် ရှိနေပါတယ်” လို့ လက်မှတ်အရောင်းဝန်ထမ်းတယောက် ပြောပါတယ်။

ရန်ကုန် - စစ်တွေ လေယာဉ်လက်မှတ်ခဟာ ၂၀၂၃ ခုနှစ်က တသိန်းနှစ်သောင်းခြောက်ထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က နှစ်သိန်းနှစ်သောင်း ရှစ်ထောင်ကျပ် ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ လေးသိန်းကိုးသောင်း ခြောက်ထောင်ငါးရာကျပ်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန် - သံတွဲ လေယာဉ်လက်မှတ်ခကတော့ ၂၀၂၃ ခုနှစ်က တသိန်းတသောင်းခြောက်ထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က တသိန်းရှစ်သောင်း ခုနစ်ထောင်ကျပ် ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ သုံးသိန်းလေးသောင်း ရှစ်ထောင်ငါးရာကျပ်ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ရန်ကုန် - လားရှိုး လေယာဉ်လက်မှတ်ခကတော့ ၂၀၂၃ ခုနှစ်က တသိန်းခုနစ်သောင်း တထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က သုံးသိန်းကိုးသောင်း တထောင့်ငါးရာကျပ် ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ သုံးသိန်းကိုးသောင်း နှစ်ထောင့်ငါးရာကျပ်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန် - မြစ်ကြီးနား လေယာဉ်လက်မှတ်ခကတော့ ၂၀၂၃ ခုနှစ်က နှစ်သိန်းခြောက်ထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က လေးသိန်းခုနစ်သောင်း ကိုးထောင်ကျပ် ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ ခြောက်သိန်းငါးသောင်း ကိုးထောင့်ငါးရာကျပ်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန် - ကော့သောင်း လေယာဉ်လက်မှတ်ခကတော့ ၂၀၂၃ ခုနှစ်က တသိန်းရှစ်သောင်း ငါးထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က ကျပ် ခုနစ်သိန်းခွဲ ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ ခုနစ်သိန်းကိုးသောင်းကျပ်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန် - ကလေး လေယာဉ်လက်မှတ်ခကတော့ ၂၀၂၃ ခုနှစ်က တသိန်းခုနစ်သောင်း တထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က သုံးသိန်းသုံးသောင်းကျပ် ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ ကျပ် သုံးသိန်းနှစ်သောင်း ငါးထောင်ဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။

မန္တလေး - ခန္တီး လေယာဉ်လက်မှတ်ခကတော့ ၂၀၂၃ ခုနှစ်က တသိန်းရှစ်သောင်း လေးထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က ကျပ် သိန်းကိုးသောင်းခွဲဈေး ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ လေးသိန်းခြောက်သောင်းကျပ်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

“လက်မှတ်ဈေး အတက်အကျက နိုင်ငံရေးအပြောင်းအလဲ၊ သဘာဝဘေးအန္တရာယ်တွေနဲ့လည်း ဆိုင်တယ်။ နောက်တခု AI နဲ့ Machine Learning သုံးတဲ့စနစ်ပေါ့။ လေကြောင်းလိုင်းတွေက နည်းပညာသုံးပြီး လက်မှတ်ဝယ်လိုအားကို ခန့်မှန်းတယ်။ ပြီးရင် စျေးနှုန်းကို အလိုအလျောက် ချိန်ညှိပါတယ်။ ဝယ်လိုအားများလာရင် စျေးတက်သွားတတ်ပါတယ်။ နောက်ထပ်တခုက Customer တွေရဲ့ အွန်လိုင်းအသုံးပြုပုံနဲ့ဆိုင်တယ်။ လူတွေက လက်မှတ်တခုကို အကြိမ်ကြိမ် ရှာဖွေကြည့်ရှုနေရင်လည်း စျေးတက်သွားတတ်ပါတယ်။ ဒါကြောင့် Private Browser Mode သုံးပြီး ရှာတာက ပိုကောင်းပါတယ်” လို့ လေယာဉ်လက်မှတ် ရောင်းချသူတယောက်က ပြောပါတယ်။

လက်ရှိမှာ လေယာဥ်လက်မှတ် ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပေမယ့် ကုန်းလမ်းကနေ သွားလာရတဲ့ ခရီးတလျှောက်မှာ တိုက်ပွဲတွေဖြစ်ပွားကာ ရက်ရှည် ကားလမ်းတွေပိတ်နေပြီး လုံခြုံရေး စိုးရိမ်ရတာကြောင့် ခရီးသွားလာသူ အများစုကတော့ လေကြောင်းကနေပဲ သွားလာနေကြဆဲဖြစ်တယ်လို့ လက်မှတ်အရောင်း ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
27 w - Translate

အိမ်ကိုလွမ်းတဲ့ညတွေလဲရှိတတ်တယ်....။

အဆင်မပြေတာတွေရှိရင် အိမ်ကိုပဲပြန်ချင်တယ်။
အရိပ်သေးသေးလေးတစ်ခုရှိတယ်....။

နေရာတစ်နေရာစာ ကိုယ့်အတွက်ရှိတယ်။
အမေချက်တဲ့ဟင်းတွေရှိမယ်....။

မခမ်းနားပေမယ့်....။

ဒီလောက်ဆို ကိုယ့်အတွက်လုံလောက်ပြီမလား။
တချို့ညတွေမှာ အိမ်ပြန်ချင်တယ် ....။

image

ကန်က ပါကစ္စတန်ကို ပိတ်ဆို့မှု အိန္ဒိယအတွက် သတင်းကောင်းဖြစ်

ဇန်နဝါရီ ၁၁ ၊ ဝါရှင်တန်

ပြီးခဲ့သည့်လက အမေရိကန်သည် ပါကစ္စတန်နိုင်ငံပိုင် ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် အခြား ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ မထင်မှတ်ထားလောက်သည့် အမေရိကန်၏ လုပ်ဆောင်ချက်သည် ပါကစ္စတန်၏ ဒုံးကျည်စီမံကိန်း အပေါ် ထားရှိသည့် အမေရိကန်အစိုးရ၏ ရပ်တည်ချက်နှင့် ကွဲလွဲနေပြီး ပါကစ္စတန်၏ ပြိုင်ဘက် အိန္ဒိယအတွက် သတင်းကောင်းတစ်ခု ဖြစ်လာခဲ့သည်။

ထို့ပြင် အမေရိကန်၏ အင်ဒို-ပစိဖိတ် ဒေသအပေါ် ထားရှိသည့် မဟာဗျူဟာအရ ထိုကဲ့သို့ ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြစ်ကာ တောင်အာရှဒေသတွင် အိန္ဒိယကို ဦးစားပေးသည့် အင်အားချိန်ခွင်လျှာညှိမှုလည်း ဖြစ်နိုင် သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်၏ ပါကစ္စတန်အပေါ် ပိတ်ဆို့မှုချမှတ်ခြင်းသည့် မကြာသေးမီ နှစ်များအတွင်း နိုင်ငံပိုင် စစ်ဘက်ဆိုင်ရာ ကော်ပိုရေးရှင်းကို ပထမဆုံးအကြိမ် လူသိရှင်ကြား ပိတ်ဆို့မှုလည်းဖြစ်ပြီး ပါကစ္စတန်၏ နျူကလီးယား စွမ်းဆောင်ရည်များအပေါ် အမေရိကန်၏ ပြောင်းလဲလာသည့် သဘောထားကိုလည်း ပြသရာရောက်ခဲ့သည်။

ပါကစ္စတန်၏ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် အစီအစဉ်သည် တောင်အာရှထက် ကျော်လွန်သည့် အခြားဒေသများကို ပစ်မှတ်ထားနိုင်စွမ်းရှိသည့် အခြေအနေအပေါ် အမေရိကန်ထိပ်သီးအရာရှိများက စိုးရိမ်ခဲ့ကြသည်။

အထူးသဖြင့် အမေရိကန်အမျိူးသားလုံခြုံရေး လက်ထောက်အကြံပေးပုဂ္ဂိုလ် ဂျွန်ဖိုင်နာ (Jon Finer)သည် ပါကစ္စတန်၏ ဒုံးကျည် စွမ်းဆောင်ရည်များသည် အမေရိကန်နိုင်ငံအတွင်းရှိ ပစ်မှတ်များအထိပါ ချဲ့ထွင်နိုင်ဖွယ်ရှိ ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

“ပွင်းပွင့်လင်းလင်း ပြောရမယ်ဆိုရင် ပါကစ္စတန်ရဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန်အတွက် ပေါ်ပေါက်လာ တဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ မြင်နေရတာဟာ ကျနော်တို့အတွက် ခက်ခဲပါတယ်” ဟု ဖိုင်နာက ပြောကြားခဲ့သည်။

ထိုအခြေအနေများသည် ပါကစ္စတန်၏ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စီမံကိန်းကို ထောက်ပံ့ရန် ငြင်းဆိုထားသည့် ကာလကြာရှည် ကျင့်သုံးလာသော အမေရိကန်၏ မူဝါဒကို ထပ်လောင်း အတည်ပြုရာ ရောက်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့် ပက်တယ် (Vedant Patel) က ပြောကြားခဲ့ သည်။

ပါကစ္စတန် ထိပ်သီးခေါင်းဆောင်များကမူ အမေရိကန်၏ ပိတ်ဆို့မှုများသည် လိုတစ်မျိုး၊ မလိုတစ်မျိုး ကျင့်သုံး သည့် အမေရိကန်၏ စံနှုန်းနှစ်ဖက်ပါသည့် မူဝါဒကို ပြသခြင်းဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

Source: Nikkei Asia

ပုံ - ပါကစ္စတန်ရဲ့ဒုံးကျည်တွေကို တွေ့ရစဉ်

#centralnewsnaypyitaw

image
27 w - Translate

မေတ္တာခြင်းမျှခဲ့ဖူးပါတယ် ။

ရေစက်တွေမကြာရှည်တာကိုတော့ မတတ်နိုင်ဘူးလေ ။

ကိုယ်ပြောနေကျစကားအတိုင်းပဲ
အရာရာတိုင်းဟာ ကံပါသလောက်ပေါ့
အတူရှိဖို့ ကံပါလာရင် အတူရှိသွားပါလိမ့်မယ် ။

မေတ္တာတရားကလွဲရင်
ဘယ်သူ့ကိုမှ ဘာနဲ့မှ မချည်နှောင်ထားချင်ပါ ။

🤍☘️
#ᗩᒪoᑎᗴ

image