1 နှစ် - ဘာသာပြန်ပါ။

Ana de Armas နဲ့ Keanu Reeves တို့ကို ‘BALLERINA’ world premiere မှာ အတူတူတွေ့ရစဥ်

image
1 နှစ် - ဘာသာပြန်ပါ။

Ana de Armas နဲ့ Keanu Reeves တို့ကို ‘BALLERINA’ world premiere မှာ အတူတူတွေ့ရစဥ်

image
image
image
1 နှစ် - ဘာသာပြန်ပါ။

Avengers: Doomsday နဲ့ Secret Wars ရုံတင်ရက် ပြောင်းရွှေ့
မေလ ၂၃၊ ၂၀၂၅။
Marvel Studios ရဲ့ အဓိက စူပါဟီးရိုးအဖွဲ့ရဲ့ ရုပ်ရှင်တွေ ပြန်လည်စုစည်းဖို့ အချိန်အနည်းငယ် ပိုလိုအပ်လာပုံ ရပါတယ်။ Avengers: Doomsday ရုပ်ရှင်ကို ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားခဲ့ရာကနေ အခုတော့ အဲ့ဒီနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အလားတူပဲ Avengers: Secret Wars ကိုလည်း ၂၀၂၇ ခုနှစ် မေလ ၇ ရက်နေ့အစား အဲ့ဒီနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ကို ပြောင်းရွှေ့လိုက်တယ်လို့ ဆိုပါတယ်။
ဒီလိုရွှေ့ဆိုင်းမှုတွေဟာ Marvel အတွက် အလွန်အရေးပါတဲ့ ဒီရုပ်ရှင်ကြီးတွေရဲ့ ထုတ်လုပ်ရေးအချိန်ဇယားတွေကို အထောက်အကူပြုဖို့ဖြစ်ပြီး၊ အရင်က အလျင်စလိုလုပ်ဆောင်မှုတွေရဲ့ အကျိုးဆက်ကို Marvel က ကောင်းကောင်းသဘောပေါက်ထားပုံရတယ်လို့ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။ Doomsday ရုပ်ရှင်ဟာ လက်ရှိမှာ ရိုက်ကူးရေးပြုလုပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Avengers: Doomsday မှာ MCU ရဲ့ အမာခံဇာတ်ကောင်တွေအပြင် 20th Century Fox ရဲ့ ယခင် X-Men universe က ဇာတ်ကောင်တွေနဲ့ လာမယ့် Fantastic Four: First Steps က ကြယ်ပွင့်သစ်တွေလည်း ပါဝင်လာမယ်လို့ မတ်လနှောင်းပိုင်းက ပြုလုပ်ခဲ့တဲ့ livestream မှာ အရိပ်အမြွက်ပြောကြားခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ Tom Holland (Spider-Man) နဲ့ Chris Evans (Captain America) တို့ရဲ့ နာမည်တွေကတော့ အစောပိုင်းကြေညာချက်မှာ ပါဝင်လာခြင်းမရှိသေးတာ တွေ့ရပေမယ့် Evans ကတော့ ဒီနှစ်ပိုင်းတွဲရုပ်ရှင်ထဲက အနည်းဆုံးတစ်ကားမှာ ပါဝင်လာဖို့ မျှော်လင့်ထားကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် Thunderbolts* မှ ဇာတ်ကောင်အချို့လည်း လာမယ့် Avengers ရုပ်ရှင်များတွင် ပါဝင်လာမည်ဖြစ်ကြောင်း ဖော်ပြထားတာလည်း ရှိပါတယ်။
Disney ဘက်ကလည်း ၂၀၂၆ ခုနှစ် နွေရာသီအစပိုင်းရဲ့ အရေးပါတဲ့ ရုံတင်ရက်ကိုတော့ လက်လွှတ်မခံဘဲ၊ Doomsday ရဲ့ မူလရုံတင်ရက်ဖြစ်တဲ့ မေလ ၁ ရက်နေ့မှာ 20th Century ရဲ့ The Devil Wears Prada 2 ကို အစားထိုးပြသသွားမယ်လို့ ကြေညာထားတာလည်း ရှိပါတယ်။ ဒါ့အပြင် Ridley Scott ရဲ့ ကြယ်အစုံအလင်ပါဝင်မယ့် သည်းထိတ်ရင်ဖိုရုပ်ရှင် The Dog Stars ကိုလည်း ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ရုံတင်သွားမယ်လို့ ဆိုပါတယ်။
Marvel အတွက် ဒီဇင်ဘာလဟာ ကံကောင်းတဲ့လတစ်လဖြစ်ခဲ့ဖူးပြီး၊ Sony နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ Spider-Man: No Way Home ရုပ်ရှင်ဟာလည်း ဒီဇင်ဘာလမှာပဲ အကြီးအကျယ်အောင်မြင်မှု ရရှိခဲ့တာကို တွေ့နိုင်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Grand Blue Season 2 Key Visual အသစ်

image
1 နှစ် - ဘာသာပြန်ပါ။

Hairpin of the Rogue (2023)

မာယာခင်းသော ပန်းဆံထိုးပွဲတော်

ချင်းဖျင်လိုခေါ်တဲ့ရွာကလေးမှာ ကပ်ရောဂါဖြစ်လို တစ်ရွာလုံးသေဆုံးပြီး ကံကောင်းစွာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ နင်ဝူရှူးဟာ မိဘမဲ့တစ်ကောင်ကြွက်ဖြစ်ပြီး သိုင်းလောကမှာ ကြီးပြင်းလာခဲ့ပါတယ်

ယွဲနွီတိုင်းပြည်ဘုရင်မရဲ့ရတနာသမီးတော်ဖြစ်တဲ့ ခုန်းခုန်းဟာ အပြင်လောကအကြောင်းကို စူးစမ်းချင်တာ‌ကြောင့် နန်းပြင်ကို ယောက်ျားလေး ဟန်ဆောင်ကာထွက်လာခဲ့ပါတယ်

အဆင့်အတန်းနဲ့ အကျင့်စရိုက်ချင်းကွာခြားလှတဲ့ နင်ဝူရှုးနဲ့ ခုန်းခုန်းတိုနှစ်ယောက် မတော်တဆ တွေ့ဆုံမိပြီး ယွဲနွီတိုင်းပြည်အမတ်ကြီးနဲ့ ကျားရယ်တိုင်းပြည်အိမ်ရှေ့စံမင်းသားတို နှစ်ယောက်ဟာ ယွဲနွီတိုင်းပြည်ရဲ့အကြီးကျယ်အခမ်းနားဆုံးပွဲတော်ဖြစ်တဲ့ ပန်းဆံထိုးပွဲတော်ကိုအသုံးချပြီး ဘုရင်မကိုလုပ်ကြံမဲ့အကြောင်း သိသွားကြပါတယ်

ဒီလိုနဲ့ သိုင်းလောကသား နင်ဝူရှုးနဲ့ ဘုရင့်သမီးတော် ခုန်းခုန်းတိုနှစ်ယောက် လုပ်ကြံမှုကို တားဆီးဖို ကြိုးစားရာကနေ ချင်းဖျင်ရွာကပ်ရောဂါဆိုက်ရတဲ့ နောက်ကွယ်အကြောင်းအရင်းကို သိလိုက်ရတဲ့အခါ

Movie ကြည့်ရန် Link ⤵️⤵️
https://t.me/wukongmmsubseries/140

Channel အရင်joinရန် Link ⤵️⤵️
https://t.me/wukongmmsubseries

image
1 နှစ် - ဘာသာပြန်ပါ။

House of the Dragon မှာ သရုပ်ဆောင် လိုအပ်ချက်တွေရှိခဲ့တဲ့ Milly Alcock
လက်ရှိမှာ Supergirl နေရာက သရုပ်ဆောင်မယ့် Milly Alcock တစ်ယောက် House of the Dragon ရိုက်ကူးနေတုန်း ဒုတိယရက်မှာပဲ HBO ရဲ့ ရာထူးကြီးတစ်ယောက်က သူမကို သရုပ်ဆောင်ဆရာတစ်ယောက် လိုအပ်တယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
Jimmy Fallon ရဲ့ The Tonight Show မှာ ဧည့်သည်အဖြစ် ပါဝင်ရင်း ဒီအကြောင်းကို သူမက ပြောပြခဲ့တာဖြစ်ပါတယ်။ သူမက House of the Dragon ရဲ့ Season 2 မှာ ဘယ်သူလဲတော့ မပြောတော့ပါဘူး၊ ဒါပေမယ့် အဆင့်မြင့်တဲ့သူတစ်ယောက်က ကျွန်မကို ခေါ်ပြီး ‘ဟမ်၊ မင်းအတွက် သရုပ်ဆောင်ဆရာတစ်ယောက် ငှားပေးရမယ်’ လို့ ပြောလာတယ်” လို့ ပြောပါတယ်။
Mily က ဝေဖန်ခံရတဲ့ Upright မှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီးမှ Game of Thrones ရဲ့ Prequel ဇာတ်လမ်းဖြစ်တဲ့ House of the Dragon မှာ ဆယ်ကျော်သက် မင်းသမီး Rhaenyra Targaryen အဖြစ် အဓိကဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
သူမက ရယ်ရင်း ဒီလိုပြောပါတယ်။ “ဒါက ကျွန်မသိထားတဲ့ အမှန်တရားတွေကို အတည်ပြုပြလိုက်သလိုပဲ၊ ဆိုလိုတာက ကျွန်မက သရုပ်ဆောင်အလုပ်မှာ သိပ်မတော်ဘူးပေါ့။ ဘာလဲဆိုတော့ ကျွန်မက ‘ဒါက မလုပ်နိုင်ဘူး၊ ဒါက ဆိုးရွားတဲ့ အမှားကြီးပဲ’ လို့ ခံစားရတယ်” လို့ပြောပါတယ်။
ဒါပေမယ့် သူမကတော့ လက်ရှိမှာ ဒီလို ဝေဖန်ခံခဲ့ရပေမယ့်လည်း ရှေ့ဆက်ပြီး Supergirl မှာထူးထူးခြားခြားပုံစံနဲ့ အလုပ်လုပ်သွားမယ်လို့လည်းသိရပါတယ်။
Supergirl ဇာတ်လမ်းကလည်း Kara Zor-El ဟာ သူမရဲ့ ၂၁ နှစ်မြောက် မွေးနေ့ကို Galaxy တစ်ခွင် ခရီးသွားရင်း Krypto the Superdog နဲ့အတူ လူဆိုးတွေကို လိုက်ရှင်းကြမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းဖြစ်ပါတယ်။
Supergirl Woman of Tomorrow ကိုတော့ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Final Destination Bloodlines မှာ အဆိုးဆုံးပြကွက်တွေကို လူအစစ်တွေသုံးပြီး ရိုက်ကူးခဲ့တဲ့ Video ထွက်လာပါတယ်။
တော်တော်များများထင်နေတာက Final Destination Bloodlines မှာ ပြင်းထန်လွန်းတဲ့ ပြကွက်တွေကို CGI တွေ VFX Effect တွေသုံးထားပြီး သရုပ်ဆောင်ထားတယ်ပဲထင်နေကြတာပါ။
တကယ်တော့ CGI သုံးသင့်တဲ့ နေရာတွေလောက်သာသုံးထားပြီး လက်တွေ့နဲ့နီးစပ်အောင် လူအစစ်တွေကိုသာသုံးပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Final Destination Updates ဆိုတဲ့ တွစ်တာအကောင့်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ MRI စက်ထဲမှာ လူနှစ်ယောက်ကို ခြေထောက်နဲ့ ခေါင်းအထိ ထည့်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အပြင်ကနေ ကြည့်ရင်တော့ လူတစ်ယောက်ရဲ့ ကျောကုန်းကို နောက်ပြန်ခေါက်ထားသလို ထင်ရှားအောင် လုပ်ထားသလိုတွေ့ခဲ့ရပါတယ်။
ဇာတ်လမ်းထဲမှာလည်း MRI စက်ထဲမှာ လူတစ်ယောက် ခါးရိုးကျိုးပြီး သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းခေါက်သွားစေတဲ့ ပုံစံမျိုးနဲ့လုပ်ပြသွားတာမျိုးတွေ့ရမှာပါ။
ဒီနေ့ခေတ် Horror ရုပ်ရှင်တွေမှာ သေဆုံးမှုပြကွက်တွေကို CGI နည်းပညာနဲ့ ဖန်တီးတာများပေမယ့် ဒီပြကွက်မှာ တကယ့်လက်တွေ့ စတန့်အများကြီး အသုံးပြုထားတာကို ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။
ရုပ်ရှင်ရဲ့ အထူးပြုလုပ်ဆောင်မှု (SFX) မိတ်ကပ်အနုပညာရှင် တော့ဒ် မာစတာစ် (Todd Masters) ကလည်း ဒီပြကွက်ကို ဘယ်လိုဒီဇိုင်းလုပ်ခဲ့လဲဆိုတဲ့ ပုံကြမ်းတွေကို သူ့ရဲ့ Instagram မှာ မျှဝေထားပါတယ်။
ဒီလိုမျိုး စတန့်တွေကို CGI တွေမသုံးပဲ လူတွေသီးသန့်နဲ့ ဖန်တီးထားတဲ့ Final Destination Bloodlines က အခုဆိုရင် Box Office မှာ ဦးဆောင်နေတုန်းဖြစ်တဲ့ ရုပ်ရှင်ဖြစ်နေပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

2026 ထဲမှာထွွက်ရှိမယ့် Re: ZERO Season 4 New Key Visual

image
1 နှစ် - ဘာသာပြန်ပါ။

အင်းလေးကလူတေကရီတာပေါ့ ။

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့ movie fact .

image