ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
12 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,520
USD Sell - MMK 4,600
EUR Buy - MMK 4,565
EUR Sell - MMK 4,655
SGD Buy - MMK 3,225
SGD Sell - MMK 3,285
THB Buy - MMK 129.03
THB Sell - MMK 131.58
JPY Buy - MMK 28.27
JPY Sell - MMK 28.83
MYR Buy - MMK 990
MYR Sell - MMK 1,010
CNY Buy - MMK 608
CNY Sell - MMK 620
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,060,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,440,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application
နည်းပြ အာမိုရင်ဟာ မန်ယူနည်းပြရာထူးနှင့် ထိုက်တန်သူဖြစ်ဟု နည်းပြအာတေတာ ချီးကျူး
နည်းပြအာမိုရင်ဟာ မန်ယူနည်းပြရာထူးနဲ့ ထိုက်တန်တဲ့အရည်အချင်းရှိကြောင်း ပြိုင်ဘက် အာဆင်နယ် နည်းပြအာတေတာက ချီးကျူးသွားပါတယ်။
အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ဘက်အသင်း နည်းပြအာမိုရင်အပေါ် မှတ်ချက်ပေးရာမှာ နည်းပြအာတေတာက ချီးကျူးစကားဆိုခဲ့တာပါ။
စပို့တင်းလစ္စဘွန်းမှာရှိစဉ်ကတည်းက နည်းပြအာမိုရင်ကို ကောင်းကောင်းသိပြီး မန်ယူအသင်းဆီပြောင်းရွှေ့လာတာက ကြီးမားတဲ့ရည်မှန်းချက်ကြောင့် ဖြစ်ကြောင်း၊ မန်ယူနည်းပြရာထူးနဲ့လည်း ထိုက်တန်သူဖြစ်ကြောင်း အာတေတာကပြောပါတယ်။
နည်းပြတိုင်းဟာ သူ့ရည်မှန်းချက်နဲ့ သူ အသင်းတွေကို တာဝန်ယူကြတာဖြစ်ပြီး အသင်းတသင်းကို ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်ကတော့ အချိန်ယူရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း လူနာပေါင်း(၁)သိန်းကျော်ကိုကုသပေးခဲ့သည့် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ရန်ကုန်မျက်စိအ ထူးကုဆေးရုံကြီးမှ ၂၀၂၄ ခုနှစ်အတွင်း မျက်စိရောဂါလူနာပေါင်း(၁)သိန်းကျော်ကို ကုသပေးခဲ့ကြောင်း သိရသည်။
ဆေးရုံတက်ရောက်ကုသရသည့် အတွင်းလူနာပေါင်း(၁၁၀၀၀)ကျော်၊ ပြင်ပမှရက်ချိန်းဖြင့် လာရောက်ပြသသည့် ပြင်ပလူနာပေါင်း(၉၀၀၀၀) ကျော်ပါဝင်ကာ မျက်စိခွဲစိတ်ကုသမှုပေါင်း (၉၀၀၀)ကျော်ကိုလည်း ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုပေါင်း(၉၀၀၀)ကျော်အ နက် အများဆုံးခွဲစိတ်ကုသရမှုများမှာ အတွင်းတိမ်ရောဂါခံစားနေရသူများဖြစ်ပြီး အမြင်လွှာကွာခြင်း၊ အမြင်လွှာပေါက်ခြင်း၊ မျက်လုံးအိမ်နောက်ခန်းသွေးယိုစိမ့်ခြင်း၊ မျက်တွင်းရောင်ခြင်းရောဂါများလည်းပါဝင်ကြောင်း သိရသည်။
ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး၌ မျက်ခွံနှင့် မျက်ရည်လမ်းကြောင်းဆိုင်ရာရောဂါများ၊ က လေးမျက်စိရောဂါများ၊ မျက်ကြည်လွှာဆိုင်ရာ ရောဂါများ၊ ရေတိမ်ရောဂါများ၊ အတွင်းတိမ် နောက်ဆက်တွဲရောဂါများနှင့် မျက်စိအာရုံကြော ဆိုင်ရာရောဂါများကိုလည်း စမ်းသပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
HMPV ဗိုင်းရပ်စ် အရေး အစိုးရိမ်မလွန်ရန် ထိုင်းအာဏာပိုင်များ ပြော
ထိုင်းနိုင်ငံတွင် human metapneumovirus (HMPV) ဗိုင်းရပ်စ် အစုလိုက်ကူးစက်မှုမရှိဟု ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့ပြီး အများပြည်သူအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန် တိုက်တွန်းခဲ့သည်။
ရောဂါထိန်းချုပ်ရေးဌာန(DDC) သည် HMPV ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တရုတ်နိုင်ငံတို့မှ သတင်းအချက်အလက်များအပေါ် လိုက်နာဆောင်ရွက်ထားကြောင်းနှင့် တရုတ်နိုင်ငံတွင် HMPV ရောဂါဖြစ်ပွားမှုသည် ပြင်းထန်အဆင့်တွင်ရှိနေသည်ဟု အတည်ပြုနိုင်ခြင်းမရှိကြောင်းလည်း DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Panumas Yanawetsakul က ပြောကြားခဲ့သည်။
HMPV သည် ကာလရှည်ကြာဖြစ်ပွားနေခဲ့သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဖြစ်ပွားခြင်းမဟုတ်ဟု သူက ပြောဆိုသည်။
ရောဂါလက္ခဏာများသည် ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်မှု၊ တုပ်ကွေးရောဂါတို့နှင့် ဆင်တူသည်။ အချို့သည် အဆုတ်အအေးမိခြင်း သို့မဟုတ် ပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါကို ခံစားရနိုင်သည်။ လောလောဆယ်တွင် အဆိုပါရောဂါပိုးအတွက် ပိုးသတ်ဆေး မရှိသေးဟု ဒေါက်တာ Panumas က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ယမန်နှစ်အတွင်း HMPV ပိုးတွေ့လူနာ ၄၂ ဦးရှိခဲ့သည်ဟု DDC ဒုတိယညွှန်ကြားရေးမှူးချုပ် Direk Khampaen က ပြောသည်။ ရောဂါကူးစက်ခံရသူအများစုသည် အသက် ၅ နှစ်အောက် ကလေ-းငယ်များဖြစ်ပြီး အသက် ၅၀-၅၉ နှင့် ၃၀-၃၉ အရွယ်များတွင် ဒုတိယကူးစက်မှုအများဆုံးဖြစ်သည်ဟု ဆိုသည်။
“အစုလိုက်ကူးစက်ဖြစ်ပွားတဲ့ သတင်းတွေ မရှိသေးတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်တာတွေ မဖြစ်သင့်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။
ပေါ်တူဂီဒုတိယတန်း ကလပ်တစ်သင်းကို ဝယ်ဖို့ ဗီနီစီးယက်စ်စဉ်းစား
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂
ရီးရယ်လ်အသင်းကြယ်ပွင့် ဗီနီစီးယက်စ်ဟာ ပေါ်တူဂီဒုတိယတန်းက ဘောလုံးအသင်း တစ်သင်းကို ဝယ်ယူဖို့ စဉ်းစားနေတယ်လို့ ESPN က ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းနဲ့ စပိန်စူပါဖလား ပြိုင်ပွဲယှဉ်ပြိုင်ဖို့ ဆော်ဒီနိုင်ငံကို ရောက်ရှိနေတဲ့ ဗီနီစီးယက်စ်ဟာ ကစား သမား ဘဝကနေ အနားယူပြီးနောက်မှာ သူ့ရဲ့အနာဂတ် အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။
ပေါ်တူဂီကလပ် အသင်းတစ်သင်းကို ဗီနီစီးယက်စ် ဝယ်ယူဖို့ စဉ်းစားနေတဲ့ သတင်းကို ရေဒီယို Cadena Cope က ပထမဆုံးဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဟာ ကိုယ်ပိုင်စပွန်ဆာ သဘောတူညီမှုတွေကို ရရှိထားပြီး Nike နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိ နေတာပါ။
ဗီနီစီးယက်စ်ဟာ Roc Nation အေဂျင်စီကို ကိုယ်စားပြုပြီး NBA နဲ့ NFL တို့က နာမည်ကြီး ကစားသမား အများအပြားနဲ့ အဆက်အသွယ်ရှိနေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်ကြယ်ပွင့်ဟာ နိုင်ငံအတွင်းမှာလည်း ပရဟိတဖောင်ဒေးရှင်း တစ်ခုကို တည်ထောင်ပေးထားတာပါ။
ပေါ်တူဂီဒုတိယတန်းမှာ ပေါ်တိုနဲ့ ဘင်ဖီကာအသင်းတို့ရဲ့ အရန်အသင်းတွေ အပါအဝင် ကလပ်အသင်းပေါင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
လက်ရှိကစားနေတဲ့ ဘောလုံးသမားတွေထဲမှာ နာမည်ကြီး ကစားသမားအချို့ဟာ ကလပ်အသင်းတွေကို ပိုင်ဆိုင် ထားကြပါတယ်။
ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ကန်တီဟာ ဘယ်လ်ဂျီယံ တတိယတန်းကလပ် အသင်းတစ်သင်းကို ပိုင်ဆိုင်ထားပြီး ဗီနီစီးယက်စ်ရဲ့ ရီးရယ်လ်အသင်းဖော် ဘတ်ပီဟာ ပြင်သစ်ဒုတိယတန်းကလပ် ကိန်းအသင်းရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတာပါ။
ဗီနီစီးယက်စ်နဲ့ ဘတ်ပီတို့ဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်မယ့် စပိန်စူပါဖလား ဗိုလ်လုပွဲအတွက် ရီးရယ်လ် အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ၂၀၂၅ ခုနှစ်ထဲမှာ ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: ESPN
ပုံ - ဗင်နီစီးယက်စ်ကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
တောင်ကြီးမြို့တွင် ငွေကျပ် ၂၁၂၆.၈၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ
ဇန်နဝါရီ ၁၂
ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ရေခြံ(၁)လမ်းနေ စိုင်းထက်ဦးအောင်(ခ)အိုရားမား ၏ နေအိမ်အား ၀ငျရောကျရှာဖှရော ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၉၃၃၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁၂၆.၈၅ သိန်း)၊ မြန်မာငွေကျပ်သိန်း ၂၉၀ နှင့် မော်တော်ယာဉ် ၇ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စိုင်းထက်ဦးအောင်(ခ)အိုရားမား(၃၄)နှစ်အား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြထားပါသည်။
#centralnewsnaypyitaw
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ ၁၂
ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
မြောက်ကိုရီးယား စစ်သားနှစ်ယောက်ကို ဆေးဝါးကုသမှုတွေပေးပြီးနောက် ကိဗ်ယက်ရှိ ယူကရိန်းထောက်လှမ်းရေးက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားစစ်သားတွေကို ဖမ်းမိရာမှာ ပါဝင်တဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးရဲ့ပါ့ဝင်ပတ်သက်နေတဲ့ အထောက်အထားတွေကို ဖျောက်ဖျက်ဖို့အတွက် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားတွေကို ရုရှားက ကွပ်မျက်ပစ်လေ့ရှိပြီး သူတို့ကို လက်ရဖမ်းမိဖို့ မလွယ်ဘူးလို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ဒဏ်ရာရမြောက်ကိုရီးယားစစ်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းတွေအတိုင်း နိုင်ငံတကာဥပဒေစည်းမျဉ်တွေအတိုင်း ထိန်းသိမ်းထားတယ်လို့ ယူကရိန်းထောက်လှမ်းရေးက ပြောပါတယ်။သူတို့ဟာ အင်္ဂလိပ်၊ ယူကရိန်း၊ ရုရှားစကားမပြောတတ်တာကြောင့် တောင်ကိုရီးယားထောက်လှမ်းရေးနဲ့ ပူးပေါင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဘာတွေဖြစ်နေလည်းဆိုတာ ကမ္ဘာကြီးကသဖို့လိုအပ်တယ်လို့ ဇီလန်စကီးကပြောပါတယ်။ ဖမ်းမိတဲ့စစ်သားတွေရဲ့ ပုံကိုလည်း ဇီလန်စကီးက သူရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပြီး သူတို့တွေဟာ မြောက်ကိုရီးယားလူမျိုးတွေဖြစ်တယ်ဆိုတဲ့ အချက်အလက်တွေတော့ ဖော်ပြထားတာမတွေ့ရပါဘူး။
ဖမ်းမိတဲ့တယောက်ကတော့ မွန်ဂိုလီးယားအနီး ရုရှားနယ်စပ်တီဗာဒေသက အသက် ၂၆ နှစ်အရွယ် အမျိုးသားကို ရုရှားစစ်တပ်က ထုတ်ပေးထားတဲ့ သက်သေခံကဒ်နဲ့ တွေ့ရပါတယ်။ ရုရှားဟာ မြောက်ကိုရီးယား စစ်သားတွေကို ဖုံးကွယ်ဖို့ သက်သေခံလက်မှတ်အတုတွေ ထုတ်ပေးတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
Ref:BBC
Photo: ZelenskyyUa/X
#သတင်းဟင်းလေးအိုးကြီး
လူတစ်ယောက်ကို သဘောကျရင်
သဘောကျတယ်ဆိုတဲ့ အနေထားလေးမှာပဲ ထားခဲ့၊
ပိုင်ဆိုင်ချင်တဲ့ နေရာထိ ခေါ်မလာမိစေနဲ့ ။
တချို့အရာတွေက ရသင့်တာထက်
ပိုလိုချင်မိရင် ဒုက္ခရောက်တတ်တာမို့
သဘောကျတယ် ဆိုတဲ့အနေအထားလေးကပဲ
အန္တရာယ်ကင်းတယ် ။
ပစ္စည်းဥစ္စာမှမဟုတ်ဘူး ..
ချစ်ခြင်းမေတ္တာမှာလည်း ရောင့်ရဲတတ်ဖို့လိုတယ် ။ ။