43 w - Translate

ပင်လယ်ကုန်တင်သင်္ဘောတစ်စီးကို အာဖရိကပင်လယ်ဓားပြတွေက စီးနင်းပြီး ဓားပြတိုက်ကြတဲ့အခါ

Captain Phillips
2013 ‧ Thriller/Action ‧ 2h 14m

၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။
အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။
ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ၀ါရင့်မင်းသားကြီး Tom Hank တိုကြားက စကားပြောခန်းတွေဖြစ်ပါတယ်။
IMDB Rating (7.9/10 ) နဲ့ Rotten Tomatoes (93/10% အထိရရှိထားသော
ဇာတ်ကားကောင်းဖြစ်ပြီး Philips အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tom Hanks အပြင် ပင်လယ်ဓားမြတွေအဖြစ်သရုပ်ဆောင်ထားသော ဇတ်ကောင်တွေပါ အလွန် ပီပြင်ကြပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

image
43 w - Translate

#နည်းပညာသတင်း
◼ T. coronae Borealis ကြယ်စနစ် ယနေ့မှစ၍ အချိန်မရွေး ပေါက်ကွဲနိုင်
T. coronae Borealis လို့ခေါ်တဲ့ကြယ်စနစ်တစ်ခုဟာ ဒီနေ့ဒီညကစပြီး နောင်လာမယ့် ရက်တွေထဲမှာ ကြယ်သစ် တစ်စင်းအဖြစ် ကောင်းကင်ယံမှာ ပေါ် ပေါ်ထွက် လာမှာ ဖြစ်ပါတယ်။
ကမ္ဘာမြေနဲ့ အလင်းနှစ် ၃ဝဝဝ အကွာမှာတည်ရှိတဲ့ အဲဒီကြယ်စနစ်ဟာ ရက်ပိုင်းလပိုင်းထဲမှာပဲ ကြယ်ပေါက်ကွဲမှုဖြစ်ပွားတော့မှာပဲဖြစ်ပါတယ်။
T. coronae Borealis ကြယ်စနစ်ကိုသာမန်အချိန်မှာ မြင်ဖို့မလွယ်ပေမယ့် ကြယ်ပေါက်ကွဲမှုဖြစ်ပွားချိန်မှာတော့ ကမ္ဘာပေါ်ကနေ သာမန်မျက်စိနဲ့ သီတင်းတစ်ပတ်ကြာလောက် တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။
ကြယ်ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ T. coronae Borealis ကြယ်ကို ဓူဝံကြယ်လောက် တောက်ပစွာတွေ့မြင်နိုင်မှာပါလို့ အမေရိကန် သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ T. coronae Borealis ကြယ်စနစ် ပေါက်ကွဲမှုကို သာမန်မျက်စိနဲ့တွေ့မြင်နိုင်မယ့် အခွင့်အရေးဟာ လူသားတွေအတွက် တစ်သက်မှာတစ်ခါပဲ ရနိုင်မယ့် အခွင့်အရေးပါ။
ဘာဖြစ်လို့လဲဆိုတော့ T. coronae Borealis ကြယ်စနစ်ဟာ နှစ်ပေါင်း ၈ဝ လောက်မှသာ တစ်ကြိမ်ပေါက်ကွဲတတ်လို့ပဲဖြစ်ပါတယ်။

image

Game of thrones ပဲ့ကိုင်ရှင် George R.R. Martin နဲ့ နှစ် 10,000 အကြာမှ မွေးဖွားလာတဲ့ ဒိုင်းယားဝံပုလွေ

image

Robert Pattinson ကို Dune 3 ဇာတ်ကားအတွက် စိတ်ဝင်စားနေ

ဒါရိုက်တာ Denis Villeneuve ကတော့ နာမည်ကြီး သရုပ်ဆောင် Robert Pattinson ကို “Dune: Messiah” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်လိုကြောင်းနဲ့ သူ့ရဲ့ A-list သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဇာတ်ကားအဖွဲ့ထဲမှာ ထည့်ဖို့ စီစဥ်နေကြောင်းသိရပါတယ်။

Villeneuve ကတော့ Dune: Messiah ကို လာမယ့် နွေရာသီမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားခဲ့ပြီး နောက်ဆက်တွဲအတွက် ဇာတ်ညွှန်းကို အပြီးသတ်ရေးသားနေစဉ်၊ Pattinson ကို Timothée နဲ့ Zendaya တို့လို Dune မှာလည်း ပါဝင်စေလိုတဲ့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Pattinson နဲ့ တရားဝင် ကမ်းလှမ်းတာမျိုးတော့မလုပ်ရသေးသလို ဘယ်နေရာက သရုပ်ဆောင်ရမယ်လို့လည်း တိတိကျကျမသိရသေးပါဘူး။

Pattinson ကလည်း မကြာသေးမီက Zendaya နဲ့အတူ A24 ဇာတ်ကား “The Drama” မှာ အတူတူပါဝင်ခဲ့ကြပြီး၊ လက်ရှိမှာတော့ Christopher Nolan ရဲ့ “The Odyssey” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးနေပါတယ်။ ဒါ့အပြင် Warner Bros. ရဲ့ “The Batman 2 ” ဇာတ်ကားမှာလည်း အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး၊ ၂၀၂၇ ခုနှစ်မှာ ရုံတင်ပြသမယ်လို့သိရပါတယ်။

ပြီးခဲ့သည့်နှစ်က Legendary မှ “Dune: Part 2” ရဲ့ အောင်မြင်မှုကြောင့် “Dune 3” ကို ရိုက်ကူးမယ်လို့ အတည်ပြုခဲ့သည်။ ပထမနှင့် ဒုတိယဇာတ်ကားများကတော့ ကမ္ဘာ့ရုံဝင်ငွေ စုစုပေါင်း ၁.၁၂ ဘီလီယံဒေါ်လာ ရရှိခဲ့ပြီး၊ အော်စကာဆု ၁၅ ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ကာ ၈ ဆုရရှိခဲ့ကြပါတယ်။ ဇာတ်ကားနှစ်ကားလုံးကလည်း အကောင်းဆုံးဇာတ်ကားဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ကြပါတယ်။

Villeneuve ရဲ့ “Dune” ဇာတ်ကားများမှာတော့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ Javier Bardem, Rebecca Ferguson, Josh Brolin, Austin Butler, Oscar Isaac, Stellan Skarsgard, Léa Seydoux, Charlotte Rampling, Dave Bautista နဲ့ Christopher Walken တို့ပါဝင်ခဲ့ကြပါတယ်။ နောက်ဆက်တွဲဇာတ်လမ်းမှာတော့ Florence Pugh နဲ့ Anya Taylor-Joy တို့ပါဝင်လာခဲ့ပြီး သူတို့ကလည်း Dune Part 3 မှာ ပြန်လည်ပါဝင်သွားမယ်လို့သိရပါတယ်။

ဒါ့အပြင် Jason Momoa ကလည်း Duncan Idaho ဇာတ်ကောင်အတွက် ပြန်လည်သရုပ်ဆောင်သွားမယ်လို့ပြောခဲ့ပါတယ်။

image

ကျောင်းတုန်းကခင်ခဲ့တဲ့ သူငယ်ချင်းတွေ အခုဆိုဘယ်တွေရောက်နေမလဲ
ကျောင်းတုန်းက သူငယ်ချင်းတွေ အတူတူစုရိုက်ထားတဲ့ ဓာတ်ပုံတွေမြင်တိုင်း သတိရမိတာတော့ အမှန်ပါပဲ။
အခုတော့ သူငယ်ချင်းတွေနဲ့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်တွေဟာ အရင်လို မစည်းကားတော့သလို တစ်ချို့တွေကလည်း ခေါ်စရာသူငယ်ချင်းတွေမရှိတော့ဘူး။
လူတိုင်းမှာတော့ အချစ်ဆုံးသူင​ယ်ချင်းတွေတော့ ဘဝမှာရှိခဲ့ဖူးကြမယ်လို့တော့ထင်ပါတယ်။
သူငယ်ချင်းများအား သတိရခြင်းများစွာဖြင့် ..
ပုံ - Dead Poets Society 1989

image

#cute pet

Make_up

Khine Su Zin shared a post  
43 w

43 w

😅

43 w - Translate

တော်ပါပြီ အချစ်ဆိုစိတ်ကနာ
😅

43 w - Translate

Mobile Suit Gundam: Hathaway's Flash (2021)

Genres: Mecha, Military, Sci-Fic, Action, Drama

🌟🍀 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🍀🌟ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1795

image