34 ပတ် - ဘာသာပြန်ပါ။

ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖုံးကွယ်နေတဲ့ ကမ္ဘာ့
အမြင့်ဆုံးတောင်
ကမ္ဘာ့အမြင့်ဆုံးတောင်များအကြောင်း ပြောဆိုကြတဲ့အခါ အများစုက ဧဝရတ်တောင်ကိုသာ ပြေးမြင်ကြမှာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၈,၈၄၈.၈၆ မီတာ (၂၉,၀၃၁.၇ ပေ) နဲ့ တည်ရှိနေတဲ့ ဧဝရတ်တောင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတာ အမှန်ပါပဲ။
ဒါပေမဲ့ တောင်တစ်လုံးရဲ့ အမြင့်ကို တိုင်းတာတဲ့အခါ မတူညီတဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်နည်းကတော့ အခုပြောခဲ့တဲ့အတိုင်း ပင်လယ်ရေမျက်နှာပြင်အထက်ကနေ တိုင်းတာခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ တောင်ရဲ့အခြေစိုက်ရာ အောက်ခြေကနေ တောင်ထွတ်အထိ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။
အဲဒီဒုတိယနည်းလမ်းနဲ့ တိုင်းတာမယ်ဆိုရင်တော့ ကမ္ဘာ့အမြင့်ဆုံးတောင်ဟာ ဟာဝိုင်ရီကျွန်းမှာရှိတဲ့ မောင်နာကီယာတောင် ဖြစ်ပါတယ်။ မောင်နာကီယာတောင်ဟာ ပင်လယ်ကြမ်းပြင်မှာ အခြေစိုက်ထားပြီး တောင်ထိပ်အထိ စုစုပေါင်းအမြင့် ၁၀,၂၁၁ မီတာ (၃၃,၄၉၇ ပေ) ရှိပါတယ်။ ဒါဟာ ဧဝရတ်တောင်ထက် ၁.၃ ကီလိုမီတာ (၄,၃၀၀ ပေ) လောက် ပိုမြင့်ပါတယ်။
ဒါပေမဲ့ မောင်နာကီယာတောင်ရဲ့ တစိတ်တပိုင်းဟာ ရေအောက်မှာ ရှိနေတာကြောင့် ပင်လယ်ရေမျက်နှာပြင်အထက်မှာတော့ ၄,၂၀၇ မီတာ (၁၃,၈၀၂ ပေ) သာ မြင့်ပါတယ်။
ဒီအချက်ကပဲ ဧဝရတ်တောင်ကို ကမ္ဘာ့အမြင့်ဆုံးတောင်အဖြစ် ဆက်လက်သတ်မှတ်စေတဲ့ အဓိကအကြောင်း ရင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့အမြင့်ဆုံးတောင်ကို တိုင်းတာတဲ့ စံနှုန်းဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် အမြင့်ကို အဓိကထား သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ အခြေကနေ တောင်ထွတ်အထိ အမြင့်ကို ထည့်တွက်မယ်ဆိုရင်တော့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖုံးကွယ်နေတဲ့ မောင်နာကီယာတောင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။
#timespectrum
#knowledge

image

Part-3
*ဆရာနိုး အမှတ်တရ
ဆရာနိုး၏ အာရှတိုက်ရဲ့ အလင်းရောင် ဘာသာပြန်၊ မလင်းပြာ ကဗျာ၊ ထင်းရှူးပင်ရိပ် စသည့် စာပေဆိုင်ရာ စာများကိုလည်း ဖတ်ရပါသည်။ ကျွန်တော်က ဘာသာစကားဘက်ကို ပို၍စိတ်ညွတ်သည့်အတွက် ဘာသာစကားဆိုင်ရာ ဆောင်း ပါး၊ စာတမ်းများကို ပို၍ အာရုံစိုက်မိသည်။
ဆရာမင်းလတ်ရဲခေါင်၏ Modernization of Burmese (မြန်မာဘာသာ စကားကို ခေတ်မီအောင်လုပ်ရေး) စာအုပ်နှင့်ပတ်သက်၍ ဆရာနိုး ဟောပြော ဆွေးနွေးသည်ကို နားထောင်ရသည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းမှာ ဆရာနိုးတို့ဦးဆောင်ဖတ်သော “ဗမာစာပေအရေးအသားသစ်နဲ့ စာတမ်းများ'ကို လည်း လေ့လာရသည်။ ဝေဖန်သံများ၊ တုံ့ပြန်ဆွေးနွေးချက်များကိုလည်း ဖတ်ရသည်။ စိတ်ဝင်စားသည့်အတွက် မင်းလတ်ရဲခေါင်၏ စာအုပ်ကို ဆရာနိုးဆီက ငှားဖတ်ခဲ့ သည်။ ထိုအချိန်က ဆူးလေဘုရားလမ်း ကျောက်တံတားရဲစခန်းနားက တိုက် တစ်တိုက်၏ အပေါ်ထပ်အခန်းတစ်ခန်းမှာ သူနေသည်။ သူ့အခန်းကို ကျွန်တော် တစ်ခါတစ်ခါရောက်သည်။ သူ့အခန်းရောက်ရင်း ထိုစာအုပ်ကို ငှားခဲ့ခြင်းဖြစ်သည်။ တစ်ခေါက်ပြီးအောင်ဖတ်ပြီး အချက်အလက်များကို ‘ကတ်တင်’ထားလိုက်သည်။ တစ်ကြိမ်မှာတော့ စာပေသဘောတရားအကြောင်းပြောရင်း သူက 'Theory Lit- erature' စာအုပ် ကောင်းတယ်ဗျဟု ညွှန်းသဖြင့် R.Wellek နှင့် A.Wartin တို့ရေးသော ထိုစာအုပ်ကို ဝယ်ဖတ်ဖြစ်ခဲ့ပါသည်။ (ယခုတော့ ဆရာနိုးတို ့ အဆို ပြုခဲ့သော နှုတ်ပြောစကားဟန် အသုံးတွင်ကျယ်နေပါပြီ။ စာသုံးစကားဟန်နှင့် အပြိုင်သုံးနေပါပြီ။)
မိတ်ဆွေ ဦးစောထွန်း မလေးရှားမှာ အမှုထမ်းစဉ်က ကျွန်တော့်ဆီ စာတမ်း တစ်စောင် ပို့ပေးသည်။ နိုင်ငံခြားပညာရှင်တစ်ယောက်ရေးသော မြန်မာနာမ်စား အဖြစ် ရပ်ညွှန်းသည့်စကားများအကြောင်း သုတေသနပြုထားသော စာတမ်းဖြစ် သည်။ ဆရာနိုးက ဆရာစောထံမှ သတင်းရသဖြင့် ထိုစာတမ်းကို ခဏငှားရန် ကျွန်တော့်ဆီ လှမ်းစာရေးသည်။ ကျွန်တော်က ထိုအချိန်တွင် ပုသိမ်ကောလိပ်မှာ တာဝန်ထမ်းဆောင်နေသည်။ စာတမ်းကို ဆရာနိုးဆီ စာတိုက်မှ ပို့ပေးလိုက်သည်။ ဆရာနိုးက စာတမ်းကို မိတ္တူကူးပြီး ပြန်ပို့ပေးသည်။ နောက်တစ်ကြိမ်မှာ `ဘုရား ထောင်ပျူအရိုးအိုးစာ'ကို သုတေသနပြုထားသော ပါရဂူကျမ်းကို ဖတ်ချင်သည်ဆို၍ ရှာပြီးပို့ပေးရသည်။ ထိုအချိန်တွင် ဆရာနိုးမှာ ပင်လုံထိပ်ထားအိမ်ရာ ရောက်နေ ပါပြီ။ ဒေါ်ခင်လေးနွယ်နှင့် ဖူးစာဆုံပြီးနေပါပြီ။

#ဆက်ရန်ရှိ

Part-2
*လွတ်လပ်စွာ ပြောဆိုခွင့်
အဲဒါဆိုလျှင် သူတစ်ယောက်တည်း ဦးနှောက်ရှိ၊ နှလုံးသားရှိ၍ ကျန်လူတွေက အတွေးအမြင် မရှိ ခံစားမှုမရှိသူတွေလို ဖြစ်သွားလိမ့်မည်။ အဲသည်က ဆက်ကာ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့က အမြဲ အုပ်စိုးသူ၊ အများစု လူထုကြီးက အမြဲ အုပ်စိုးခံ၊ အဲသလို ဖြစ်သွားလိမ့်မည်။
ဒါဆိုလျှင် ဘယ်မှာ တန်းတူညီမျှ ရှိမည်လဲ။ ဘယ်မှာ လွတ်လပ်ခွင့် ရှိမည်လဲ။
ဒီမိုကရေစီဆိုလျှင်တော့ သူ ပြောခွင့်ရှိသလို ကိုယ်လည်း ပြောခွင့် ရှိရလိမ့်မည်။ အဲဒါဆိုလျှင် အသံများများ ကြားရလိမ့်မည်။ ဒါကို သည်းခံနိုင်ဖို့ လိုမည်ပေါ့။
ပင်လယ်ပြင်ကြီးကိုလိုချင်လျှင်၊ ပင်လယ်ပြင်၏ အလှ ပင်လယ်ကြီးထဲက သက်ရှိ သက်မဲ့ သယံဇာတတွေကို ခံစားသုံးစွဲလိုလျှင် လှိုင်းချိုးသံ လှိုင်းပုတ်သံကိုတော့ လက်ခံနိုင်ရမည်ပေါ့။
ဒီမိုကရေစီနှင့် ပတ်သက်လျှင်လည်း ထိုနည်း၎င်းပဲ ဖြစ်သည်။
ပြီး၊ လှိုင်းသံလို ဆူညံတတ်သည့် ဒီမိုကရေစီ စကားဝိုင်း ငြင်းခုံဝိုင်းများမှပင် မြို့ရွာ တိုင်းပြည်အတွက် အလွန် တန်ဖိုးရှိသော ဂိတ်ကူးစိတ်သန်းများ စဉ်းစား ရွေးချယ်စရာ အကြံကောင်း ဉာဏ်ကောင်းများ ထွက်ပေါ်မြဲ ဖြစ်သည်။ သည့်အပြင် တစ်ဦးတစ်ယောက်တည်း သဘောဖြင့် ဆုံးဖြတ် လုပ်ကိုင်ရာက ဖြစ်ပေါ်တတ်သည့် ဆိုးဆိုးဝါးဝါး အမှားမျိုးတွေကိုလည်း ဒီမိုကရေစီ စကားဝိုင်းများက ထွက်ပေါ်သည့် ထောက်ပြ ဝေဖန်မှုများအားဖြင့် ကြိုတင် ဖယ်ရှားနိုင်လေ့ ရှိကြသည်။
အဲဒါ၊ လွတ်လပ်စွာ ပြောဆိုခြင်း၏ တန်ဖိုးဖြစ်သည်။

34 ပတ် - ဘာသာပြန်ပါ။

ပုစွန်စိမ်းကော
ပါဝင်သောပစ္စည်းများ
လတ်ဆက်တဲ့ပုစွန်ဆိတ်
ကြက်သွန်နီ
ကြက်သွန်မြိတ်
နံနံပင်
စပါးလင်
ပူစီနံ
ရှမ်းနံနံ
ရှောက်ရွက်
ဆန်လှော်မှုန့်
ဂွေးသီးမှည့်
ငရုတ်သီးမှုန့်
ငရုတ်သီးစိမ်း
ရေကျိုငါးပိ
ငါးငံပြာရည်
အချိုမှုန့်
သံပုရာရည်
ပါဝင်ပစ္စည်းများကိုအရင်ဆုံးပါးပါးလှီးထားပါ
သုပ်မဲ့ပုစွန်ကိုဇလုံထဲထည့်ပြီး ပါဝင်ပစ္စည်းများ ကိုပုစွန်နဲ့ရောပြီးအရသာစပ်နိုင်ပါပြီ အစပ် အငံ အပေါ့ ကတော့ကိုယ်ကြိုက်သလိုစပ်နိုင်ပါတယ်ဗျ
ဇလုံနဲ့မသုပ်ပဲဆုန်ထဲထည့်ထောင်းမယ်ဆိုလည်းရပါတယ်ဗျ..
ပုစွန်စိမ်းကောလုပ်တဲ့ခါမှာအဓိက ကပုစွန်လတ်ဖို့လိုပါတယ် ပုစွန်မလတ်ဘူးဆိုရင်လူံးဝစားလို့မကောင်းပါဘူး
#မြိန်မြိန်လေး

image
34 ပတ် - ဘာသာပြန်ပါ။

ပုစွန်စိမ်းကော
ပါဝင်သောပစ္စည်းများ
လတ်ဆက်တဲ့ပုစွန်ဆိတ်
ကြက်သွန်နီ
ကြက်သွန်မြိတ်
နံနံပင်
စပါးလင်
ပူစီနံ
ရှမ်းနံနံ
ရှောက်ရွက်
ဆန်လှော်မှုန့်
ဂွေးသီးမှည့်
ငရုတ်သီးမှုန့်
ငရုတ်သီးစိမ်း
ရေကျိုငါးပိ
ငါးငံပြာရည်
အချိုမှုန့်
သံပုရာရည်
ပါဝင်ပစ္စည်းများကိုအရင်ဆုံးပါးပါးလှီးထားပါ
သုပ်မဲ့ပုစွန်ကိုဇလုံထဲထည့်ပြီး ပါဝင်ပစ္စည်းများ ကိုပုစွန်နဲ့ရောပြီးအရသာစပ်နိုင်ပါပြီ အစပ် အငံ အပေါ့ ကတော့ကိုယ်ကြိုက်သလိုစပ်နိုင်ပါတယ်ဗျ
ဇလုံနဲ့မသုပ်ပဲဆုန်ထဲထည့်ထောင်းမယ်ဆိုလည်းရပါတယ်ဗျ..
ပုစွန်စိမ်းကောလုပ်တဲ့ခါမှာအဓိက ကပုစွန်လတ်ဖို့လိုပါတယ် ပုစွန်မလတ်ဘူးဆိုရင်လူံးဝစားလို့မကောင်းပါဘူး
#မြိန်မြိန်လေး

image
34 ပတ် - ဘာသာပြန်ပါ။

ပုစွန်စိမ်းကော
ပါဝင်သောပစ္စည်းများ
လတ်ဆက်တဲ့ပုစွန်ဆိတ်
ကြက်သွန်နီ
ကြက်သွန်မြိတ်
နံနံပင်
စပါးလင်
ပူစီနံ
ရှမ်းနံနံ
ရှောက်ရွက်
ဆန်လှော်မှုန့်
ဂွေးသီးမှည့်
ငရုတ်သီးမှုန့်
ငရုတ်သီးစိမ်း
ရေကျိုငါးပိ
ငါးငံပြာရည်
အချိုမှုန့်
သံပုရာရည်
ပါဝင်ပစ္စည်းများကိုအရင်ဆုံးပါးပါးလှီးထားပါ
သုပ်မဲ့ပုစွန်ကိုဇလုံထဲထည့်ပြီး ပါဝင်ပစ္စည်းများ ကိုပုစွန်နဲ့ရောပြီးအရသာစပ်နိုင်ပါပြီ အစပ် အငံ အပေါ့ ကတော့ကိုယ်ကြိုက်သလိုစပ်နိုင်ပါတယ်ဗျ
ဇလုံနဲ့မသုပ်ပဲဆုန်ထဲထည့်ထောင်းမယ်ဆိုလည်းရပါတယ်ဗျ..
ပုစွန်စိမ်းကောလုပ်တဲ့ခါမှာအဓိက ကပုစွန်လတ်ဖို့လိုပါတယ် ပုစွန်မလတ်ဘူးဆိုရင်လူံးဝစားလို့မကောင်းပါဘူး
#မြိန်မြိန်လေး

imageimage

Fashion

34 ပတ် - ဘာသာပြန်ပါ။

ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ 𝔻𝕖𝕤𝕡𝕚𝕔𝕒𝕓𝕝𝕖 𝕄𝕖 လေးကားမြောက်လာပါပြီ။

ဇာတ်လမ်းအကျဉ်းကတော့…

ဗီလိန်တိုက်ဖျက်ရေးအဖွဲရဲ့အေးဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဗီလိန် မက်ဆင်းကို ဖမ်းပေးလိုက်ပါတယ်။

ဒါပေမဲ့ မက်ဆင်းက ထောင်ကနေ ဖောက်သွားပြီး ဂရုကိုလက်စားချေဖို ကြိုးစားလာတဲ့အတွက် ဗီလိန်တိုက်ဖျက်ရေးအဖွဲက ဂရုတို မိသားစုကို နာမည်ဝှက်နဲ့ မြိုလေးတစ်မြိုမှာ သွား ခြေရာဖျောက်ခိုင်းထားလိုက်ပါတယ်။

အဲဒီမြိုမှာ သာမန်မိသားစုလို နေဖိုကြိုးစားရင်း တလွဲတွေ ဖြစ်ပုံတွေ၊ မက်ဆင်းနဲ့ တိုက်ခိုက်ရပုံတွေကို မြင်ရမှာပါ။

ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး မီနီယံတွေရဲ့ ဟာသတွေ ဂရုရဲ့တလွဲတွေနဲ့ ကြည့်ရမှာမို လူကြီးရောကလေးရော မိသားစုလိုက်ရော ကြည့်ဖိုအဆင်ပြေတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်

image
34 ပတ် - ဘာသာပြန်ပါ။

၁၇ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာ

ဇန်နဝါရီ ၂၇

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင် ကျင်းပခဲ့သော (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးမှ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်တစ်ပါး ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ကျင်းပခဲ့သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင်လည်း တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်တစ်ပါးထွက်ပေါ်ခဲ့၍ နှစ်နှစ်ဆက်တိုက် သာသနာ့အာဇာနည်ဆရာတော်များ ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှ ထွက်ပေါ်လာသော (၁၇) ပါးမြောက် သာသနာ့အာဇာနည်ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ အရှင်သေဋ္ဌဉာဏာလင်္ကာရ၊ သက်တော် ၄၅ နှစ်၊ သိက္ခာ ၂၃ ဝါ ဖြစ်သည်။

ယမန်နှစ်က ပေါ်ထွန်းခဲ့သည့် (၁၆) ပါးမြောက် သာသနာ့အာဇာနည် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီ လင်္ကာရဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၄၈ ခုနှစ်) မှ စတင်ကျင်းပလာခဲ့သည့် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲသည် ၃၃ ရက်ကြာမြင့်အောင် ဖြေဆိုကြရခြင်းဖြစ်ရာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးနှင့် အခက်ခဲဆုံးစာမေးပွဲတစ်ခုဖြစ်သည်။

တိပိဋကဓရ ခေါ် ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သောစာမေးပွဲကို အောင်မြင်ရန်အတွက် ဝိနည်းနှစ်ကျမ်း (၈၅၁ မျက်နှာ)၊ ဝိနည်းသုံးကျမ်း (၁၄၀၉ မျက်နှာ)၊ သုတ်သုံးကျမ်း (စာမျက်နှာ ၇၇၉ မျက်နှာ)၊ အဘိဓမ္မာအရှေ့ပိုင်း ငါးကျမ်း (စာမျက်နှာ ၁၃၉၀ မျက်နှာ)၊ အဘိဓမ္မာနောက်ပိုင်း (စာအုပ်ရေ ရှစ်အုပ်၊ စာမျက်နှာပေါင်း ၃၅၉၇ မျက်နှာ) စုစုပေါင်း ကျမ်းစာအုပ်ပေါင်း ၂၀၊ စာမျက်နှာပေါင်း ၈၀၂၆ မျက်နှာတို့ကို အပိုင်းငါးပိုင်းအနက် တစ်ပိုင်းချင်း အလွတ်နှုတ်ငုံဆောင် အာဂုံပြန်ဖြေဆိုကြရခြင်းဖြစ်သည်။ အာဂုံပြန်ဖြေဆိုရာတွင် အထစ်အငေါ့မရှိဖြေဆိုကြရပြီး စာထောက်စာမ ငါးကြိမ်ထက်ပိုပါက ကျရှုံးအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ သဘောရေးဖြေ ဖြေဆိုရာတွင်လည်း မူရင်းပါဠိတော်၊ မူရင်းပါဠိတော်၏ အဖွင့်အဋ္ဌကထာ၊ အဋ္ဌကထာ၏ အဖွင့်မူလဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ ယောဇနာ၊ ဂဏ္ဍိကျမ်းများ၊ မြန်မာဘာသာဖြင့် ဖွင့်ဆိုရေးသားထားသည့် ဒီပနီကျမ်းများ၊ ဆိုရိုးကျမ်းများအရ ကောက်ကျမ်းများစသည်ဖြင့် ပိဋကတ်တော်နှင့် ဆက်စပ်သမျှ အနက်အဓိပ္ပာယ်အားလုံး မေးသမျှဖြေဆိုရသည့်အတွက် အောင်မြင်ရန်ခက်ခဲလှသော စာမေးပွဲပင် ဖြစ်သည်။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီး၏ ခက်ခဲနက်နဲမှုကြောင့် စတင်ကျင်းပခဲ့သည့် ၁၃၁၀ ပြည့်နှစ်မှ ယခုအချိန်အထိ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့ အာဇာနည် ဆရာတော်ကြီး ၁၇ ပါးမျှသာ ပေါ်ထွန်းနိုင်ခဲ့သည့်အနက် တတိယအကြိမ်မြောက်ကျင်းပသည့် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲမှ ထွက်ပေါ်လာသည့် မင်းကွန်းဓမ္မနာဒဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ အရှင်သူမြတ်မှာ ပိဋကတ်သုံးပုံ အာဂုံနှင့် ရေးဖြေနှစ်ရပ်လုံးတွင် ဂုဏ်ထူးဖြင့် အထူးအောင်ခဲ့သည့် လွန်စွာထူးခြားသော ဆရာတော်ကြီးပင်ဖြစ်သည်။ ဆရာတော်ကြီး၏ ဉာဏ်ရည်ထက်မြက်မှု ဂုဏ်သတင်းမှာ ကမ္ဘာသို့ပင် ပျံ့နှံ့ကျော်ကြားခဲ့သည်။

#centralnewsnayptitaw

imageimage
+6

ကလောမှာ ညဈေး ဆိုင်ခန်းတခန်းကို တရက် ၁၀၀၀ ကျပ်နဲ့ ငှားပေးမယ်

ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ လာမယ့်ဖေဖော်ဝါရီလအတွင်း ညဈေးဖွင့်လှစ်ရောင်းချခွင့်ပြု သွားမှာဖြစ်သလို ဈေးရောင်းချလိုတဲ့ ဒေသခံတွေကို ဆိုင်ခန်းတခန်း ငှားရမ်းခအဖြစ် တရက်၁၀၀၀ ကျပ်နဲ့ ငှားပေးရောင်းချခွင့်ပြုသွားမှာဖြစ်တယ်လို့ ကလောမြို့နယ်စည်ပင်သာယာရေးဌာနထံကနေ သိရပါတယ်။

ကလောမြို့နယ်စည်ပင်သာယာရေးဌာနပိုင် မောမြေဦးပန်းခြံအတွင်းရှိ မီးရှော်တိုင်ကွင်းနေရာမှာ အလျား ၂၀၊ အနံ ၁၀ပေရှိ ဖြုတ်/တပ်သံဖရိုင်တဲတွေနဲ့ ညဈေးတန်းဆိုင်ခန်းတွေကို ယာယီအငှားချထားပေးမှာဖြစ်တဲ့ အတွက် ကလောမြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးနှင့် သားသတ်ဌာနစိတ်ထံ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

“ကလောမှာလက်ရှိအမှန်တကယ်နေထိုင်တဲ့သူတွေကိုပဲ ရောင်းချခွင့်ပြုမှာပါ။ ငှားချသူတွေအနေနဲ့ လကုန်အထိ လျှောက်ထားလို့ရပါပြီ။ အစားအသောက်တွေကို ကိုယ်တိုင်ရောင်းချရမှာပါ။ ဆိုင်ခန်းပြန်ငှားစားလို့ မရပါဘူး။ ငှားစားရင်တော့ အရေးယူမှာပါ”လို့ စည်ပင်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

အဲဒီညဈေးကို ညနေ ၃နာရီကနေ ည ၉နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမှာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကိုသာ ရောင်းချရမှာဖြစ်သလို ဆိုင်ခန်းနေရာနဲ့ ပါတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေဆိုးတွေကို စနစ်တကျရေးတို့ကို အလေးထားပြုလုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်ခန်းအတွင်း အရက်သေစာနဲ့ မူးယစ်ဆေးဝါးရောင်းချခွင့်ပြုမှာမဟုတ်သလို သန့်ရှင်းရေးခွန်၊ အမှိုက်ခွန်၊ ရေခွန်၊ မီးခွန်တို့ကို ဆိုင်ခန်းရှင်တွေက ကျခံရမှာဖြစ်ပြီး မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Local

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image