#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အခမဲ့ တက္ကသိုလ်ပညာရေးစနစ် လာမည့်နှစ်တွင် နမီးဘီးယား၌ စတင်ကျင့်သုံးမည်
လာမည့်နှစ်မှစ၍ နိုင်ငံပိုင်တက္ကသိုလ်များနှင့် နည်းပညာကောလိပ်များ၌ အခမဲ့အဆင့်မြင့်ပညာရေးစနစ် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း နမီးဘီးယား သမ္မတသစ် နီတမ်ဘိုနန်ဒီအင်န်ဒိုက်ဝါက ဧပြီ ၂၄ ရက်တွင် ကြေညာလိုက်သည်။
သမ္မတ နီတမ်ဘိုနန်ဒီအင်န်ဒိုက်ဝါသည် နမီးဘီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ပြီးခဲ့သည့်လအတွင်း ကျမ်းသစ္စာကျိန်ဆိုခဲ့သူဖြစ်သည်။
နိုင်ငံပိုင်တက္ကသိုလ်များနှင့် နည်းပညာကောလိပ်များ၌ အခမဲ့ အဆင့်မြင့်ပညာရေးစနစ် ကျင့်သုံးမည့်အစီအစဉ်ကို သမ္မတ နီတမ်ဘိုနန်ဒီအင်န်ဒိုက်ဝါက လွှတ်တော်၌ ဧပြီ ၂၄ ရက်တွင်ပြောကြားခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
၂ဝ၂၆ ခုနှစ်ပညာသင်နှစ်မှစ၍ နမီးဘီးယားနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ်သည် အစိုးရက အပြည့်အဝအကုန်အကျခံမည့် ပညာရေးစနစ်ဖြစ် လာလိမ့်မည်ဖြစ်ကြောင်း သမ္မတ နီတမ်ဘိုနန်ဒီ အင်န်ဒိုက်ဝါက ပြောကြားခဲ့သည်။
နမီးဘီးယားနိုင်ငံသည် အစိုးရအခြေခံပညာကျောင်းများနှင့် အထက်တန်းကျောင်းများအတွက်အခမဲ့ပညာရေးစနစ် ကျင့်သုံးနေခြင်းဖြစ်သည်။
သို့ရာတွင် နမီးဘီးယားကျောင်းသားမိဘများ အနေဖြင့် ကျောင်းဝတ်စုံကြေး၊ စာအုပ်ကြေး၊ အဆောင်ခ စသည်တို့ကို ပေးချေနေရဆဲဖြစ်သည်။
လူငယ်အလုပ်လက်မဲ့နှုန်းမြင့်တက်လာမှုနှင့် ဆင်းရဲနွမ်းပါးမှုပြဿနာများရှိနေချိန်တွင် လူငယ်များအတွက် အခွင့်အလမ်းများမြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် အခမဲ့တက္ကသိုလ်ပညာရေးစနစ်ကို လာမည့်ပညာရေးနှစ်တွင် စတင်ကျင့်သုံးရန်စီစဉ်ထားခြင်းဖြစ်ကြောင်း နမီးဘီးယားသမ္မတက ပြောကြားထားသည်။

image
48 ပတ် - ဘာသာပြန်ပါ။

" ဂါရဝတရား (၁၀)ပါး "
ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာရိုသေလေးစားရမည့် အရာ(၁၀)ပါး
၁။ ဗုဒ္ဓ ဂါရဝ- ဘုရားရှင်အား လေးစားရခြင်း
၂။ ဓမ္မ ဂါရဝ- တရားတော်အား လေးစားရခြင်း
၃။ သံဃ ဂါရဝ- သံဃာတော်အား လေးစားရခြင်း
၄။ သိက္ခာ ဂါရဝ- ကျင့်ကြံလေ့လာမှု၌ လေးစားရခြင်း
၅။ သမာဓိ ဂါရဝ- တည်ကြည်ဖြောင့်မှန်မှု၌ လေးစားရခြင်း
၆။ အပ္ပမာဒ ဂါရဝ- ကောင်းမှုမင်္ဂလာ၌ မမေ့မလျော့ လေးစားရခြင်း
၇။ ပဋိသန္ထာရ ဂါရဝ- ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ချောမောရေး၌ လေးစားရခြင်း
၈။ ဟိရီ ဂါရဝ- မကောင်းမှု ပြုလုပ်ရမည်မှ ရှက်ခြင်း၌ လေးစားရခြင်း
၉။ ဩတ္တပ္ပ ဂါရဝ- မကောင်းသောအလုပ် ပြုလုပ်ရမည်မှ ကြောက်ခြင်း၌ လေးစားရခြင်း
၁၀။ အညမည ဂါရဝ- အချင်းချင်း အတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစားရိုသေမှု ရှိရခြင်းတို့ ဖြစ်၏။
ဤကား အင်္ဂုတ္တိုရ်လာ တူရာစုပေါင်း၍ ပြဆိုခြင်း ဖြစ်ပေ၏။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ။
အရှင်ဉာဏာဝုဓ ( ဉာဏရောင်ခြည် ) ပူဇော်သည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ပြန်လည်ကူးယူမျှဝေပူဇော်သည်။

image
48 ပတ် - ဘာသာပြန်ပါ။

လူဆိုတာ ကိုယ်ကြိုက်တာ ကိုယ်လုပ်တာ။
ပြီးရင်တော့ သိသည်ဖြစ်စေ, မသိသည်ဖြစ်စေ ကိုယ်လုပ်တာ ကိုယ်ပြန်ရမှာပါ။
ကိုယ်တော့ စိတ်ချမ်းသာချင်တယ်, သူများတော့ စိတ်ဆင်းရဲအောင်လုပ်တယ်၊
ကိုယ့်စကားတော့ နားထောင်စေချင်တယ်, သူ့စကားတော့ နားမထောင်ဘူးဆို ဘယ်လိုဖြစ်မယ်ထင်လဲ?
တကယ်က ကိုယ်နဲ့တန်တာ ကိုယ်ရတာ,
မရသေးတာ ကိုယ်နဲ့ မတန်သေးလို့ပါ။
အရှင်ဝရသာမိ
25.4.20

image
48 ပတ် - ဘာသာပြန်ပါ။

င်္ဂလာအပေါင်းနဲ့ပြည့်စုံသော နံနက်ခင်းလေးဖြစ်ကြပါစေ🙏🙏🙏

image
48 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတကာသတင်းတိုများ

၁။ရုရှားတပ်မ​တော်စစ်ဆင်​ရေးဌာနဒုတိယအကြီးအကဲဗိုလ်ချုပ်ယာရိုဆလပ်ဗ်မိုစ်ဆကာလဗ်သည်ယ​နေ့ကားဗုံးခွဲလုပ်ကြံခံရပြီး​သေဆုံးသည်။

၂။ကက်ရှ်မီးယားရှိ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ဆက်စပ်​နေ​သောအကြမ်းဖက်သမားနှစ်ဦးတို၏အိမ်နှစ်လုံးအားမီး​လောင်ဗုံးများတပ်ဆင်​ဖောက်ခွဲပြီးအိန္ဒိယ၏ လက်စား​ချေမှုစတင်လိုက်သည်။

၃။ယူကရိန်းတွင်စစ်မှုထမ်းရန်လမ်းများ​ပေါ်၌အတင်းအကြတ်ဖမ်းဆီးမှုများကိုကာကွယ်​ပြောဆိုသည့်အ​နေဖြင့်သမ္မတဇလင်စကီးကယူကရိန်းတွင်​စေတနာ့ဝန်ထမ်းအင်အားရှစ်သိန်းရှိပြီးတရားဥပ​ဒေစိုးမိုး​ရေးအဖွဲများကအတင်းအကျပ်လုပ်ကိုင်ခြင်းမပြုနိုင်ရန်​စောင့်ကြည့်​နေကြသည်ဟုအ​မေရိကန်နိုင်ငံ​ရေးသမားဘင်ရှက်ပီယိုကို​ပြောလိုက်သည်။

၄။အ​မေရိကန်သမ္မတထရမ့်ကရုရှားသမ္မတပူတင်သည်မိမိစကားကိုနား​ထောင်ပြီးကိယက်ဗ်မြိုကိုထပ်မံတိုက်ခိုက်မည်မဟုတ်ယုံကြည်​ကြောင်း​ပြောကြားလိုက်သည်။

၅။လီပါလွင်ပြင်တွင်အိန္ဒိယနှင့်ပါကစ္စတန်တပ်များယ​နေ့နံနက်၂နာရီကနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနယ်စပ်တွင်နှစ်ဖက်တင်းမာ​​နေသည်။

NOM

48 ပတ် - ဘာသာပြန်ပါ။

စစ်မီး​တောက်​အောင်​မြှောက်ပင့်​နေ​သောအထည်ကြီးပျက်ဝန်ကြီးချုပ်

​နေမဝင်အင်ပါယာ၏အရှင်သခင်ဟုသူ့ကိုယ်သူထင်​နေ​သော၊ကိုယ်တိုင်စစ်မတိုက်ရဲပဲစစ်မက်ဖြစ်ပွားသည့်နိုင်ငံများကိုစစ်မီးပိုမို​တောက်​လောင်​အောင်​မြှောက်​ပေးတတ်​သောဗြိတိန်ဝန်ကြီးချုပ်ကီယာ စတာမာသည် ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်များကို စိန်ခေါ်လျက် ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မည်သိုပင်ဖြစ်စေ ယူကရိန်းကသာ အချုပ်အခြာအာဏာကို ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဟု တဇွတ်ထိုးပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူက ထရမ့်၏အဆိုကို ပယ်ချခဲ့ပြီး စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက် မရရှိမှုအတွက် "သတ္တိရှိသော" ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးပအား အပြစ်တင်စရာမလိုဟု ​မြှောက်ပင့်ခဲ့သည်။

ထိုပြင် ၎င်းက ဗလာဒီမာ ပူတင်နှင့် ညှိနှိင်းဆွေးနွေးမှုများတွင် ခရိုင်းမီးယားဒေသအား ရုရှား၏အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုရန် အမေရိကန်၏ အစီအစဉ်ကို ထောက်ခံခြင်းမပြုဘဲ မော်စကိုအနေဖြင့် "အခြေအနေမရွေး စစ်ပြေငြိမ်းရေး" လိုက်နာရန် တောင်းဆိုခဲ့သည်။

ရုရှားသမ္မတပူတင်ကပိုဆီဒမ်ဒုံးကျည်တစ်လုံးဖြင့်ဗြိတိန်ကို​ရေ​အောက်မြှုတ်ပစ်မည်ဟူ​သောခြိမ်း​ခြောက်မှုကိုမတုန့်ပြန်ရဲပဲယူကရိန်းသိုဗြိတိန်စစ်သားများလွှတ်မည်ဟု​လေတစ်လုံးမိုးတစ်လုံး​ပြောပြီးတိတ်တိတ်​လေးသူ့စကားကို​လျောချသွား​သောဗြိတိန်ဝန်ကြီးချုပ်ကယူကရိန်းနိုင်ငံသားတို၏အသက်ဖြင့်စစ်မီး​တောက်​အောင်လုပ်​နေ​သောလုပ်ရပ်မှာမျက်နှာဖြူတို၏မ​ကောင်း​သော​အကျင့်များထဲမှတခုသာဖြစ်သည်။

NOM

image
48 ပတ် - ဘာသာပြန်ပါ။

My Space App မှာ မြန်မာဘာသာနဲ့ အသုံးပြုလို့ရတဲ့ Function လေးထည့်ပေးသင့်တယ်ထင်တာပဲ။

ကုန်သွယ်ရေး ဆွေးနွေးချင်ရင် အခွန်ကောက်တာတွေ အရင်ရုပ်သိမ်းဖို့ အမေရိကန်ကို တရုတ်ပြော
ပေကျင်း၊ ဧပြီ-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲကို ဖြေရှင်းဖို့ အလေးအနက်သဘောထားတယ်ဆိုရင် တရုတ်ကုန်ပစ္စည်းတွေအပေါ် အရင်ဆုံး အခွန်တွေရုပ်သိမ်းဖို့ တရုတ်နိုင်ငံက အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်။
လက်ရှိကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဘက်က ထုတ်ဖော်ပြောကြားတာတွေရှိနေပေမယ့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးတာမျိုးမရှိဘူးလို့ တရုတ်တာဝန်ရှိသူတွေကပြောပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲဟာ အရှိန်မြင့်နေပြီး အမေရိကန်ရဲ့အခွန်ကို လက်တုံ့ပြန်တဲ့အနေနဲ့ မှာယူထားတဲ့ ဘိုးအင်းလေယာဉ်တွေကို တရုတ်က အမေရိကန်ပြန်ပို့ခဲ့ပါတယ်။
အမေရိကန်ဟာ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်းထိ ကောက်ခံနေပြီး တရုတ်ကလည်း အမေရိကန်သွင်းကုန်တွေအပေါ် ၁၂၅ ရာခိုင်နှုန်းထိ လက်တုံ့ပြန်အခွန်ကောက်ထားပါတယ်။ လက်ရှိမှာတော့ ထရန့်ဟာ တရုတ်အပေါ် မူဝါဒကို ပျော့ပြောင်းလာနေပြီး အခွန်တွေ သိသိသာသာ လျှော့ချမယ်လို့ ဆိုပါတယ်။
ကုန်သွယ်ရေးစစ်ပွဲကို အမှန်တကယ်ဖြေရှင်းလိုပါက အမေရိကန်အနေနဲ့ တရုတ်အပေါ် ချမှတ်ထားတဲ့ တဖက်သတ်အခွန်တွေအားလုံးကို ဖယ်ရှင်းသင့်တယ်လို့ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လက်ရှိအချိန်ထိ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ရဖို့ မဆိုထားနဲ့ တိုင်ပင်တာမျိုး ၊ ညှိနှိုင်းတာမျိုးမရှိသေးဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုဆိုခွင့်ရှိသူကလည်း ပြောပါတယ်။ သတင်းတွေက အမှားတွေလို့ သူကပြောပါတယ်။
အမေရိကန် ကုန်သွယ်ရေးဝန်ကြီးကတော့ တရုတ်နဲ့ အမေရိကန်တို့အကြား သဘောတူညီချက်ကြီးတရပ်အတွက် အခွင်းအလမ်းရှိနေပြီး ရေရှည်မတည်မြဲနိုင်တဲ့ ကုန်သွယ်ရေးစစ်ပွဲ အရှိန်လျှော့ဖို့ မျှော်လင့်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

image
48 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ငလျင်ဒဏ်သင့်သူများ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရပါကတိုင်ကြားနိုင်ဟု UN Myanmar ထုတ်ပြန်
မြန်မာနိုင်ငံ၌ ငလျင်ဒဏ်သင့်သူများ အကူအညီရယူရာတွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ အလွဲသုံးစားပြုလုပ်ခံရပါကတိုင်ကြားနိုင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးယူသွားမည်ဖြစ်ကြောင်း UN Myanmar က ယနေ့(ဧပြီ ၂၄ ရက်) တွင်ထုတ်ပြန်သည်။
ငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် လူပေါင်းများစွာအတွက်အကူအညီများသည် အခမဲ့ဖြစ်ပြီး အကူအညီအတွက်လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ အလွဲသုံးစားပြုလုပ်ခွင့်မရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အကူအညီပေးနေသူများမှ ပိုက်ဆံပေးမည်၊ အလုပ်ပေးမည်၊ အကူအညီပေးမည်ဟုဆိုကာ တံစိုးလက်ဆောင်၊ အခွင့်အရေးနှင့် လိင်ကိစ္စတောင်းဆိုခွင့်မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် ငလျင်ဘေးအတွက် အကူအညီရယူနေသူများအနေဖြင့် မိမိအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း (သို့မဟုတ်) အခြားတစ်ယောက်ယောက်က ကျူးလွန်ခံနေရကြောင်းတွေ့ရှိ ပါက တိုင်ကြားနိုင်ကြောင်း UN Myanmar ကဆက်လက်ထုတ်ပြန်ထားသည်။
WHO အပါအဝင်ပူးပေါင်းဆောင်ရွက်နေကြသော လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနေသည့် လူမှုကူညီရေးအသင်းအဖွဲ့များအားလုံး လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများမှကာကွယ်ခြင်း (PSEAH) စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

image

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နဲ့ သဘောတူညီချက်ယူဖို့ အသင့်ဖြစ်ပြီလို့ ရုရှားပြော
မော်စကို၊ ဧပြီ-၂၅-၂၀၂၅
ရတီ(VOM)
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ သဘောတူညီချက်တရပ်ယူဖို့ အသင့်ဖြစ်နေပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတကလည်း သဘောတူညီချက်အတွက် ယုံကြည်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ထင်ကြောင်း သူကဆိုပါတယ်။ ဒီအတောအတွင်း ဒေါ်နယ်ထရန့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်အော့ဖ်ဟာ ရုရှားသမ္မတပူတင်နဲ့တွေ့ဖို့ရှိနေပါတယ်။
ယူကရိန်းနိုင်ငံ ကိဗ်ယက်မြို့တော်ဝန်ကတော့ ရုရှားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် တစိတ်တပိုင်းအဖြစ် ယူကရိန်းနယ်မြေအချို့ကို ပေးရဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ အခြေအနေတခုကတော့ နယ်မြေစွန့်လွှတ်ဖို့ဖြစ်ပြီး မတရားပေမယ့် ယာယီငြိမ်းချမ်းရေးအတွက် ယာယီဖြေရှင်းချက်ဖြစ်တယ်လို့ သူကပြောပါတယ်။
စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်ရယူရာမှာ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးကို ဒေါ်နယ်ထရန့်က ဝေဖန်ပြီးနောက် ဖိအားတွေ တိုးလာချိန်မှာ သဘောတူညီချက်အတွက် အလားအလာရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ထွက်ပေါ်လာတာပါ။
ယူကရိန်းမှာ ရုရှားရဲ့ နောက်ဆုံး ဒရုန်းတိုက်ခိုက်မှုအတွင်း လူသုံးယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နေ့ကလည်း မြို့တော်ကိဗ်ယက်ကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၂ ယောက်သေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရန့်က ရုရှားသမ္မတပူတင်ကို ဝေဖန်ပြောဆိုလိုက်ပြီး ဒါမျိုးတွေကို ရပ်သင့်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရုရှားအပေါ် နောက်ထပ် အရေးယူမှုတွေ လုပ်ဖို့၊ မလုပ်ဖို့ကိုတော့ ထရန့်က ပြောဆိုခြင်းမရှိပါဘူး။

image