I Kill Giants (2017)
ဒီကားလေးကို Trailer စကြည့်ကတည်းက မျော်လင့်မိနေတာ ဟယ်ရီပေါ်တာကားထုတ်လုပ်သူတွေကရိုက်ထားတဲ့ကားဆိုပြီး
monster giant တွေပါတယ်ဆိုတော့ ကိုယ့်အကြိုက်ပေါ့ ;p
ဒီဇာတ်ကားကိုအညွှန်းရေးရမယ်ဆိုရင်တော့ဖြင့်
လူတိုင်းမှာရင်မဆိုင်ရဲတာမျိုး ကြောက်ရွံနေတာမျိုးရှိတတ်ကြပါတယ်
အဲ့ဒီအရာကိုရှောင်ပြေးနေရင်း ဖြစ်လာတဲ့ပုံစံမျိုးလေးရိုက်ထားတာပါ။
အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘာဘရာသော်ဆင် ဆိုတဲ့ကောင်မလေးက ကျောင်းမှာဆို ရူးကြောင်ကြောင်အဖြစ်သတ်မှတ်ခံရပြီး
အပေါင်းအသင်းမရှိတဲ့လူတစ်ယောက်
သူကိုယ်တိုင်ကလည်း သူ့အရွယ်ကလေးတွေက ခပ်ပိန်းပိန်းတွေလိုသဘောထားတယ်။
ပြီးတော့ သူ့မှာလည်းလျှိဝှက်ချက်တစ်ခုရှိနေတယ်။
ဘာလဲဆိုတော့ မြိုကို Giant တွေအန္တရာယ်ကကာကွယ်ပေးနေရတာ
အပေါင်းအသင်းမရှိတဲ့ ဘာဘရာတစ်ယောက် လန်ဒန်ကနေပြောင်းလာတဲ့ ဆိုဖိယာဆိုတဲ့ကောင်မလေးနဲ့
တွေ့တွေ့ချင်းပဲ ခင်သွားတယ်ပြီး သူ့လျှိဝှက်ချက်တွေကိုပြောပြလိုက်တယ်။
ဇာတ်လမ်းရဲ့ ၂/၃လောက်ထိက ဘာဘရာတစ်ယောက် ဘာလိုထူးဆန်းနေရတာလဲ Giantတွေကဘယ်လိုလာဖျက်ဆီးမလဲ
ဆိုတာတွေနဲ့ စိတ်ဝင်စားစရာကောင်းနေပြီး ဇာတ်လမ်းပြီးခါနီးလာလေလေ တစ်ကယ့်ဖြစ်ရပ်မှန်တွေပေါ်လာလေလေပါ။
Movie ကြည့်ရန် Link ⤵️⤵️
https://t.me/shinkgmalayrosie/4829
Channel အရင်joinရန် Link ⤵️⤵️
https://t.me/shinkgmalayrosie
