6 w - Translate

Tru-th or Da-re (2018)

ဒီဇာတ်လမ်းထဲမှာ ကျောင်းပြီးတော့မယ့် ကောလိပ်ကျောင်းသား သူငယ်ချင်းတစ်စုဟာ သူတိုရဲ့ နောက်ဆုံးနွေရာသီကျောင်းပိတ်ရက်ကို မက္ကဆီကိုနိုင်ငံမှာ အချိန်ဖြုန်းရင်းကုန်လွန်ဖို ဆုံးဖြတ်ခဲ့ကြပါတယ်။ မက္ကဆီကိုရောက်တော့ သူတိုဟာ လူငယ်တွေပီပီ ကမ်းခြေတွေ၊ ဘားတွေမှာ သောက်စားပျော်ပါးကြရင်း တစ်ညရောက်တော့ ဘားတစ်ခုမှာ သူတိုလိုပဲ လူစိမ်း လူငယ်တစ်ယောက်နဲ့ သိကျွမ်းခဲ့ရာက အဲ့ဒီညမှာပဲ ကိုယ်လူစိမ်း ရွေးချယ်မှုအရ ဘုရားကျောင်းပျက်ကြီးထဲမှာ သောက်စားကြရင်း ခုနပြောခဲ့တဲ့ "Tru-th or Da-re?" ဆိုတဲ့ကစားနည်းလေးစဆော့မိကြတဲ့နောက်မှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေဟာ သူတိုအိမ်ပြန်တဲ့အထိ နောက်ကလိုက်လာခဲ့ပါတော့တယ်။

image