ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လက်ထပ်ပြီးသား စုံတွဲတစ်တွဲရဲ့ အချစ် ပဋိပက္ခတွေကို ကြည့်ရှုရမယ့်အချစ်ဟာသရုပ်ရှင်
Just Married
2003 ‧ Comedy/Romance ‧ 1h 35m
ဇာတ်ကားက ၂၀၀၃ ခုနှစ်ကထွက်ရှိထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
Aston Kutcher နဲ့ Brittany Murphy တိုပါဝင်သရုပ်ဆောင်ထားပါတယ်။
တွမ်နဲ့ဆာရာတိုဟာ မတော်တဆတွေ့ဆုံမိကြရင်း မထင်မှတ်ထားတဲ့ပုံစံနဲ့ လူငယ်တိုသဘာဝ ချစ်ကြိုက်မိသွားကြပါတယ်။
ချမ်းသာတဲ့ဆာရာရဲ့မိဘတွေကတော့ အနေအထားချင်းမတူတဲ့ တွမ်နဲ့ သဘောမတူပါဘူး။
ဒါပေမဲ့ ဆာရာဟာ မိဘတွေရဲ့သဘောထားနဲ့ဆန့်ကျင်ပြီး တွမ်နဲ့လက်ထပ်လိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ နှစ်ယောက်သား ဥရောပတစ်ခွင် အလည်အပတ်ခရီးထွက်ဖိုပြင်ဆင်ပါတယ်။
တစ်ဖက်မှာလည်း ဆာရာတိုမိဘတွေဟာ သူတိုနှစ်ယောက်ကိုအနှောင့်အယှက်ပေးဖို
ဆာရာရဲ့ရည်းစားဟောင်းဖြစ်သူကို နောက်ကနေလိုက်ဖိုလွှတ်လိုက်ပါတော့တယ်။
ဒီကားထဲကတော့ သူတိုညားခါစ အတွဲကြားက အလွဲတွေ ပြဿနာတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတာဖြစ်ပြီး
ဘဝအမောတွေကို တစ်ခဏတာပြေပျောက်စေဖို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။