သရုပ်ဆောင်တစ်ယောက်ကို ပရိသတ်က စီးရီးတစ်ခုခုနဲ့ တွဲမြင်သွားပြီဆိုရင် အဲ့ဒီသရုပ်ဆောင်ဟာ ရုပ်ရှင်ကားတွေမှာ ပါဝင်ခွင့်ရဖို့ အလားအလာအတော်လေးနည်းသွားပါပြီ။ ဥပမာ - Supernatural ရဲ့ Dean သရုပ်ဆောင် Jensen Ackles၊ Breaking Bad ရဲ့Jesse Pinkman သရုပ်ဆောင် Aaron Paul၊ The Big Bang Theory စီးရီးရဲ့ Sheldon Cooper သရုပ်ဆောင် Jim Parsons နဲ့ Penny သရုပ်ဆောင် Kaley Cucuo တို့ဟာ ပရိသတ်တွေရဲ့ သည်းခြေခိုက်စီးရီးဇာတ်ကောင်တွေဖြစ်လာအောင် အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ကြပေမယ့် ဒီအောင်မြင်မှုကြောင့်ပဲ​ သူတို့တွေဟာ ရုံတင်ရုပ်ရှင်ကားကြီးတွေ၊ ရုပ်ရှင်ပရောဂျက်ကြီးတွေမှာ အခြားသရုပ်ဆောင်တွေလောက် အမြဲတစေ ပါဝင်ခွင့် မရကြပါဘူး။
Jensen Ackles ဆိုရင် ဆယ်စုနှစ် ၃ စုနည်းပါး စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Supernatural စီးရီးအတွက် အတွဲ ၁၅ တွဲအထိ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ရုပ်ရှင်ကားကြီးတွေမှာ “လုံလောက်တဲ့အခန်းကဏ္ဍ” တစ်ခုအနေနဲ့ အခုအချိန်အထိ မမြင်တွေ့ရသေးဘဲ The Boys စီးရီးနဲ့ DC အန်နမေးရှင်းရုပ်ရှင်တွေမှာ အသံသရုပ်ဆောင်အဖြစ် ရံဖန်ရံခါ ကြည့်ရှုအားပေးရပါသေးတယ်။ Aaron Paul ဆိုရင် ခေါင်းဆောင်မင်းသားအဖြစ် Need for Speed ရုပ်ရှင်မှာသာ ပါဝင်ခဲ့ဖူးသေးပြီး မျှော်မှန်းထားသလောက် မအောင်မြင်ခဲ့ပါဘူး။ Jim Parsons ဟာလည်း Hidden Figures ရုပ်ရှင်မှာ ဇာတ်ပို့အဖြစ်၊ Home အန်နမေးရှင်းရုပ်ရှင်မှာ ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပြီး အရှေ့က ၂ ယောက်ထက် ရုပ်ရှင်ပရောဂျက်တွေပိုရှိခဲ့တယ်ဆိုပေမယ့် သူ့ရဲ့ Sheldon Cooper ဇာတ်ကောင်လောင်းရိပ်အောက်က မရုန်းထွက်နိုင်သေးပါဘူး။
အခုလို နာမည်ကျော်စီးရီးသရုပ်ဆောင်တွေ ပိတ်ကားပေါ်ရောက်လာဖို့ ရုန်းကန်ရတဲ့ အကြောင်းအရင်းအချို့ရှိပါတယ်။ ပထမအချက်ကတော့ ပရိသတ်တွေက သရုပ်ဆောင်နဲ့ စီးရီးဇာတ်ကောင်ကို မခွဲနိုင်တော့ဘဲ အမြဲတွဲမြင်မိကြတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါဟာ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာတွေ သရုပ်ဆောင်ရွေးချယ်တဲ့အခါ အကြောက်ဆုံးအချက်ဆိုရင်လည်း မမှားပါဘူး။ နာမည်ရပြီးသား စီးရီးသရုပ်ဆောင်တွေအနေနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ဝင်သရုပ်ဆောင်တဲ့အခါ ပရိသတ်တွေက ဇာတ်ကောင်အသစ်တစ်ယောက်အနေနဲ့ မမြင်နိုင်တော့ဘဲ စီးရီးထဲကအတိုင်း မျှော်လင့်ပြီး အားပေးမိကြတဲ့အခါ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာမျိုး ကြုံရတတ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါ ရုပ်ရှင်ရဲ့ မားကတ်တင်းကမ်ပိန်းမှာ ရုပ်ရှင်နဲ့မသက်ဆိုင်တဲ့ စီးရီးအကြောင်းတွေက လွှမ်းမိုးလာနိုင်သလို ရုံဝင်ငွေကို ထိခိုက်လာနိုင်ပါတယ်။
ဒုတိယအချက်ကတော့ အချိန်မပေးနိုင်ကြတာကြောင့်ပါ။ အထူးသဖြင့် Friends, How I Met Your Mother, The Big Bang Theory စသဖြင့် Sitcom စီးရီးတွေနဲ့ နှစ်ရှည်လများပြသတဲ့ Walking Dead, Supernatural စီးရီးတို့လိုမျိုးမှာ ပါဝင်ထားပြီး အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်တွေအနေနဲ့ အခြားပရောဂျက်တွေမှာ ပါဝင်ဖို့အတွက် အချိန်ဖယ်မပေးနိုင်ကြပါဘူး။ ရုပ်ရှင်ပရောဂျက်တွေက ဘယ်လောက်စိတ်ဝင်စားစရာကောင်းနေပါစေ ကိုယ့်ကို နာမည်တစ်လုံးရလာအောင် စင်တင်ပေးခဲ့တဲ့ စီးရီးကို ချန်ထားခဲ့ဖို့ဆိုတာ ဒီသရုပ်ဆောင်တွေအတွက် အင်မတန် ခက်ခဲလှပါတယ်။ ဒါကြောင့် ပရောဂျက်အသစ်တွေကို လက်ခံချင်ရင်တောင် ခြေလှမ်းသိပ်မကျဲလှဘဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ တီဗီစီးရီးပရောဂျက်တွေကိုသာ လက်ခံကြလေ့ရှိပြီး Jensen Ackles တစ်ယောက် The Boys စီးရီးမှာ ပါဝင်လာပုံဟာ ခြေလှမ်းအကျဲကြီးမလှမ်းနိုင်တဲ့ နာမည်ကျော်စီးရီးသရုပ်ဆောင်တစ်ယောက်ရဲ့ အခြေအနေကို ပြသနေပါတယ်။
တတိယနဲ့ နောက်ဆုံးအချက်ကတော့ နာမည်ရပြီးသား စီးရီးသရုပ်ဆောင်တွေဟာ ရုပ်ရှင်ပရောဂျက်တွေနဲ့ ပိုက်ဆံထပ်ရှာဖို့ မလိုတာကြောင့်ပါပဲ။ သရုပ်ဆောင်တွေဟာ တီဗီစီးရီးတွေ ရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုကြတဲ့အခါ နောက်ဆက်တွဲအကျိုးခံစားခွင့် ပါပါတယ်။ အဲ့ဒါကတော့ စီးရီးအောင်မြင်ရင် အောင်မြင်သလောက် တီဗီမှာ ပြသနေသရွေ့ သရုပ်ဆောင်တွေဟာ သတ်မှတ်ရာခိုင်နှုန်းတစ်ခု ဝင်ငွေဝင်နေတာပါ။ The Office စီးရီးဟာ လက်ရှိအချိန်အထိ Streaming နဲ့ တီဗီရုပ်သံလိုင်းတွေမှာ လူကြည့်အများဆုံး စီးရီးတွေထဲက တစ်ခုဖြစ်ပြီး သရုပ်ဆောင်တွေဟာ နောက်ဆက်တွဲအကျိုးခံစားခွင့်ကရလာတဲ့ ဝင်ငွေနဲ့တင် ရပ်တည်လို့ရကြပါတယ်။ ဒါကြောင့်လည်း စီးရီးဖန်တီးသူကအစ သရုပ်ဆောင်တွေဟာ သူတို့ရဲ့စီးရီးကို လူတွေအမြဲကြည့်ရှုနေချင်အောင် အရည်အသွေးပိုင်းကို အဓိကထားဖန်တီးကြပြီး ပရိသတ်တွေကြိုက်နှစ်သက်အောင် ကြိုးစားကြပါတယ်။ ဒါကြောင့် တချို့သရုပ်ဆောင်တွေဟာ ခက်ခဲကြမ်းတမ်းလှတဲ့ ရုံတင်ရုပ်ရှင်လောကထဲကို တိုးဝင်မယ့်အစား တီဗီစီးရီးတွေမှာ နာမည်ရအောင် ရုန်းကန်ကြတာပါ။ နာမည်ရသွားတဲ့အခါမှာလည်း “အပင်ပန်းခံမနေတော့ဘဲ” ကိုယ်စိတ်ပျော်ရာ ပရောဂျက်အငယ်လေးတွေမှာပဲ ဆက်ပြီး ပါဝင်ကြတာကို တွေ့ရပါလိမ့်မယ်။
ဒီလိုပြောလို့ စီးရီးသရုပ်ဆောင်အဖြစ်ကနေ ဟောလိဝုဒ်သရုပ်ဆောင်အဖြစ် ပြောင်းလာတဲ့လူ မရှိတာတော့ မဟုတ်ပါဘူး။ နာမည်ကျော်မင်းသား Will Smith ဟာ ၁၉၉၀ မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ The Fresh Prince of Bel Air စီးရီးရဲ့ အဓိကဇာတ်ဆောင်မင်းသားဖြစ်ပြီး အဲ့ဒီစီးရီးကတဆင့် ဟောလိဝုဒ်ရုံတင်ရုပ်ရှင်ကားတွေဆီ အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့သူဖြစ်ပါတယ်။ Friends စီးရီးနဲ့လူသိများတဲ့ မင်းသမီးချော Jennifer Aniston ဟာလည်း စီးရီးပြီးနောက် အချစ်ဟာသရုပ်ရှင်အချို့မှာ ပါဝင်ခဲ့ပြီး အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါသေးတယ်။ ယခုနောက်ပိုင်းမှာတော့ နာမည်ရပြီးသား ဟောလိဝုဒ်သရုပ်ဆောင်တွေက Streaming ဝန်ဆောင်မှုကုမ္ပဏီကြီးတွေရဲ့ ကိုယ်ပိုင်စီးရီးတွေမှာ ပါဝင်လာကြသလို Game of Thrones, Euphoria နဲ့ နာမည်ကျော် Netflix စီးရီးတွေကတဆင့် ဟောလိဝုဒ်ကို ခြေဆန့်လာတဲ့ စီးရီးသရုပ်ဆောင်တွေလည်း ပိုမိုများပြားလာကြပါပြီ။

image

#နိုင်ငံတကာသတင်း
◼တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ကူညီခဲ့သော အမေရိကန်တရား သူကြီးနှစ်ဦးကို ဖမ်းဆီး
တရားဝင်နေထိုင်ရန် စာရွက်စာတမ်းများ မရှိသော ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးအား ကူညီခဲ့သည့် နယူးမက္ကဆီကိုပြည်နယ်မှ တရားသူကြီးဟောင်းတစ်ဦးကို အမေရိကန်ဖက်ဒရယ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး အလားတူအကြောင်းအရာဖြင့် အစောပိုင်းက ဖမ်းဆီးထားသော မီလ်ဝေါ့ကီးမြို့မှ တရားသူကြီးတစ်ဦးကို စွဲချက်တင်လိုက်ကြောင်း လည်း အာဏာပိုင်များက အတည်ပြုသည်။
“ဥ‌ပဒေအထက် မှာ ဘယ်သူမှ မရှိပါဘူး။” ဟု တရားရေးဌာန ထုတ်ပြန်ချက်တွင် ရှေ့နေချုပ် မစ္စက်ပမ်ဘွန်ဒီ က ပြောကြားသည်။
အမေရိကန်နိုင်ငံ၌ တရားမဝင်‌နေထိုင်လျက်ရှိသည့် ဗင်နီဇွဲလားနိုင်ငံသားတစ်ဦး ဖြစ်သော ခရစ်သီယမ် အော်တေဂါလိုပက်ဇ် အား ၎င်းတို့ပိုင်ဆိုင်သည့်အိမ်တစ်လုံး၌ ထားရှိခဲ့သည့်အတွက် နယူးမက္ကဆီကိုတရားသူကြီးဟောင်း ဂျိုဝယ်ကာနို နှင့် ၎င်း၏ဇနီး နန်စီကာနို တို့အား သီတင်းပတ်အစောပိုင်း တွင် ဖမ်းဆီးခဲ့သည်။
အော်တေဂါလိုပက်ဇ်က လူဆိုးဂိုဏ်းများနှင့် ပတ်သက်သည်ကို အိမ်ရှင်နှစ်ဦး က သိရှိခဲ့သော်လည်း လျှစ်လျူရူခဲ့ကြသည်ဟု အာဏာပိုင်များက အခိုင်အမာပြောသည်။
မီလ်ဝေါ့ကီးမြို့မှ တရားသူကြီး ဒူဂန် နှင့် တရားသူကြီး ကာနိုတို့အပေါ် စွပ်စွဲချက်များမှာ ပြင်းထန်ကြောင်း နှင့် မည်သူပင်ဖြစ်စေ၊ အနည်းဆုံးတရားသူကြီးတစ်ဦးကဖြစ်စေ ဥပဒေစည်းကြပ်မှုလုပ်ငန်းစဉ်ကို အဟန့်အတားမပြုသင့်ကြောင်း ရှေ့နေချုပ် ဘွန်ဒီ က ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ထိုသို့ လုပ်ဆောင်ခြင်းမှာ ဥပဒေစည်းကြပ်ရေးအရာရှိများ၏ လုံခြုံရေးကို ထိခိုက်နိုင်ပြီး ဥပဒေစိုးမိုးမှုကိုလည်း ထိခိုက်ကြောင်း နှင့် တရားရေးဌာနအနေဖြင့် အချက်အလက်များအတိုင်းသာ ဆက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ဥပဒေအထက်တွင် မည်သူမျှမရှိကြောင်း မစ္စက်ဘွန်ဒီ က ဆက်လက်ပြောကြားသည်။
အော်တေဂါလိုပက်ဇ် နှင့် အခြားလူအများအပြားကို နယူးမက္ကဆီကိုပြည်နယ်မှ တရားသူကြီးကာနိုပိုင်ဆိုင်သော အိမ်တစ်လုံးတွင် လက်နက်များနှင့်အတူ ဖေဖော်ဝါရီလနှောင်းပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
သောကြာနေ့တွင် ၎င်း၏ တရားရုံးအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သော မီလ်ဝေါ့ကီးမြို့ ခရိုင်အလှည့်ကျတရားသူကြီး ဟန်နာဒူဂန်ကို စွဲချက်တင်လိုက်ကြောင်းလည်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
မက္ကဆီကိုနိုင်ငံသား အက်ဒွာဒိုဖလော်ရက်ရူးအစ်အား တရားရုံးအတွင်း အဖမ်းမခံရစေရန် အကာအကွယ်ပေးခြင်းဖြင့် ဒူဂန်က အမေရိကန် နိုင်ငံ၏ အေဂျင်စီတစ်ခု သို့မဟုတ် ဌာနဆိုင်ရာရှေ့မှောက်တွင် ဥပဒေလုပ်ငန်းစဉ်တစ်ခုကို တားဆီးခဲ့ကြောင်း တရား‌ရေးဌာနက စွဲချက်တင်ထားသည်။

image
47 w - Translate

#မြေငလျင်သတင်းအချက်အလက်
◼ မန္တလေး၌ငလျင်ကြောင့် ပြိုကျအဆောက်အဦများထဲမှရုပ်အလောင်းများထပ်မံတွေ့ရှိ
မန္တလေး၌ငလျင်ကြောင့် ပြိုကျအဆောက်အဦများထဲမှရုပ်အလောင်းများ ယနေ့(ဧပြီ ၂၇ ရက်)အထိ တွေ့ရှိနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှသိရသည်။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၀ နှင့် ၇၁ လမ်းကြားရှိ Golden City ဟိုတယ် အဆောက်အဦအား ယနေ့နံနက်ပိုင်းကရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အမျိုးသမီးတစ်ဦးရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
ယမန်နေ့(ဧပြီ ၂၆ ရက်)တွင်လည်း ယင်းဟိုတယ်၌ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အမျိုးသားနှစ်ဦး၏ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈ ဘီ နှင့် ၇၂ လမ်းထောင့်ရှိ မာကျူရီတည်းခိုခန်းအဆောက်အဦအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အမျိုးသမီးတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
“တချို့ဟိုတယ်တွေက ရှင်းလင်းရေးလုပ်တာသိပ်မကြာသေးတော့ အထဲမှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကိုထပ်တွေ့နေရတာပါ။ အရင်ကထက်စာရင် နည်းတော့နည်းသွားပြီ။ ကူညီကယ်ဆယ်ရေးတွေကတော့ ဆက်လုပ်နေတုန်းပါ” ဟု မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်မှာ မနက်ဖြန် (ဧပြီ ၂၈ ရက်) တွင် တစ်လပြည့်ပြီဖြစ်ပြီး လက်ရှိအချိန်ထိရုပ်အလောင်းများထွက်ပေါ်နေဆဲဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများမှာလည်း နေထိုင်စားသောက်ရေးအတွက် အကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။
လက်ရှိတွင် ငလျင်ကြောင့်လူဦးရေ ၃၇၆၃ ဦးသေဆုံးကာ ၅၁၀၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးသူ ၁၁၀ ဦးရှိကြောင်း နစက ကထုတ်ပြန်ထားသည်။

image

ကြောက်ခြင်း ၏ အခြားမဲ့၌
အိုမှာကြောက်တယ်
ရောဂါတွေတခုပီးတခုတိုးလာမှာကြောက်တယ်
ဆင်းဆင်းရဲရဲနေရမှာ ကြောက်တယ်
တခုခုဆို ပိုက်ဆံမရှိမှာ ကြောက်တယ်
အထီးကျန်ဘဝကိုကုန်ဆုံးရမှာကြောက်တယ်
ခေါ်မယ့်ပြောမယ့်သူမရှိမှာကြောက်တယ်
လူတကာအထင်အမြင်အသေးခံရမှာကြောက်တယ်
ပညာမတတ်မှာကြောက်တယ်
ရာထူးမကြီးမှာကြောက်တယ်
အာဏာမရှိမှာကြောက်တယ်
အာဏာရှိပီးသားသူဆို အာဏာကို
လက်လွတ်ရမှာကြောက်တယ်
အလုပ်မရှိမှာကြောက်တယ်
အလုပ်ပြုတ်မှာကြောက်တယ်
ကြောက်ခြင်းအကြောင်း ထိုင်ရေးရရင်
စာအရှည်ကြီး ဖြစ်သွားမယ်
အဒီ ကြောက်ခြင်းတွေအားလုံးကို
အကြွင်းမဲ့ ပယ်သတ်နိုင်တာက
သစ္စာသိတဲ့ဥာဏ်ပဲ ။
ဆင်းရဲနေလည်း
လွတ်မြောက်တဲ့ဥာဏ်က ချမ်းသာနေတာ
ရောဂါဘယတွေဖိစီးနေလည်း
လွတ်မြောက်တဲ့ဥာဏ်က ချမ်းသာနေတာ
တယောက်ထဲ ဘဝကို ဒုက္ခကြီးစွာ
ဖြတ်သန်းနေရလည်း
လွတ်မြောက်တဲ့ဥာဏ်က ချမ်းသာနေတာ
အဲဒီ ချမ်းသာမှုမျိုးကို
မိုးကုတ်ဆရာတော်ကြီး
မုံလည်ဆရာတော်ကြီးတို့ရဲ့
နောက်ဆုံးနေ့ရက်တွေကို
လေ့လာကြည့်ခြင်းအားဖြင့် အနဲအကျဥ်းတော့
နားလည်ကြမယ်လို့မျော်လင့်မိ
သူတို့က အရိယာတွေပဲ ဝေဒနာတွေကိုသည်းခံနိုင်သွားပီလို့ထင်နေတာ မှားတယ် ။
ကိုယ်ခန္ဓာရလာတဲ့အခါ
လက်ထိပ်ကို သံနဲ့ရိုက်ရင်တော့
နာကျင်တယ်ဆိုတဲ့အသိက ရမှာပဲ ။
အဒါကို မနာပဲသည်းခံနိုင်တာ လွတ်မြောက်တာမဟုတ်ဘူး ။ သည်းခံနိုင်လောက်အောင် သမာဓိကောင်းနေတာမျိုးပဲ ဖြစ်ရင်ဖြစ်မယ် ။
လွတ်မြောက်မှုဆိုတာ
ခန္ဓာရှိနေတဲ့အတွက် အိုတာ နာတာ ရောဂါဖိစီးတာ
ဆင်းရဲတာ ဒုက္ခရောက်တာတွေ အကုန်ရှိမယ်
ခန္ဓာရှိလို့ကို အဒါတွေရှိနေတာ
အဒါတွေရှိနေရဲ့သားနဲ့ အဒီဒုက္ခတွေ
ခံစားနေရရင်းနဲ့ကိုပဲ ဥာဏ်က လွတ်မြောက်နေတာ
ဒီအိုတာ နာတာ ရောဂါဖြစ်တာတွေကို
ကြောက်ပီး ကျနော်တို့ ဘယ်ကိုပြေးမလဲ
ကျနော်တို့အတွက်ပြေးစရာမရှိဘူး ။
သူ့ရဲ့သဘောသဘာဝကို
သေချာနားလည်သွားရင်
သူ့ဘာသူ အိုချင်လည်းအို နာချင်လည်းနာ
HIV မကလို့ အသည်းကင်ဆာဖြစ်ဖြစ်
သွေးကင်ဆာဖြစ်ဖြစ် အော်ချင်လည်းအော်
သဘောသဘာဝကိုနားလည်ပီး
လွတ်မြောက်တဲ့ဥာဏ်နဲ့
ရုပ်ခန္ဓာ နာမ်ခန္ဓာက ဖြစ်ပျက်နေတာတွေနဲ့
မတူညီတဲ့ အနေအထား ၂ခုဆိုတာ
နားလည်သွားကြမယ် ။
မနက်ဖြန်သေမလား
နောက်အနှစ် ၃၀ မှသေမလား
နောက် ၅နှစ်နေရင်
ကုလို့မရတဲ့ရောဂါတခုဖြစ်လာမလား
အဲဒီသူအတွက် ဘယ်အရာကမှ စိတ်ဖိစီးစရာမဟုတ်တော့ဘူး ။
ဝေဒနါတေသက်သာသွားတာ
ရောဂါတွေပျောက်သွားတာ
ခံစားနေရတာတွေ အေးငြိမ်းကုန်တာမဟုတ်ဘူး
ခန္ဓာရှိသ၍ အဒါတွေအကုန်တခုမှမပျောက်ဘူး
သမထ အကျင့်နဲ့ ရှုမှတ်ထားတဲ့ သမာဓိအရှိန်တခုခုရှိခဲ့ရင်တော့ မော်ဖိန်းကျွေးသလို ခဏတာ သက်သာကောင်းသာမယ် ဒါမဲ့ အရင်းအမြစ်က
အားကောင်းမောင်းသန်ရှိနေအူးမှာပဲ ။
သဘာဝရဲ့ ဖြစ်ပျက်အကြောင်းအရင်းမှန်ကို
နားလည် လက်ခံ လွတ်မြောက်တဲ့
ဝိမုတ္တိဥာဏ်မျိုး မျက်မှောက်ပြုသွားတဲ့အတွက်
ဝေဒနါရဲ့ သဘောက သဘာဝ
ငါက ကြားဝင်တာ အတ္တ
အိုခြင်းရဲ့သဘောက သဘာဝ
ငါကကြားဝင်တာ အတ္တ
ရောဂါရဲ့သဘောက သဘာဝ
ငါကကြားဝင်တာ အတ္တဆိုတာ
အကုန်ရှင်းလင်းပီး နားလည်သွားတာ...
ပြုပြင်ပြောင်းလဲယူချင်တာက အတ္တ
သဘာဝကတော့ သူ့သဘောသူဆောင်နေမှာ...

image

ခုနှစ်ရက်သားသမီးများနဲ့အတူ*၇နေ့*၇*နံ*၈*ရက်သားသမီးများအားလုံး🙏🙏🙏
*ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ
*ကြောင့်ကြခပ်သိမ်းကင်းဝေးကြပါစေ
*သောကခပ်သိမ်းကင်းဝေးကြပါစေ
*ဒုက္ခခပ်သိမ်းကင်းဝေးကြပါစေ
*ဆင်းရဲခပ်သိမ်းကင်းဝေးကြပါစေ
*နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
*မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးသောကဟူသမျှအ
မြန်ဆုံးကင်းဝေးလွတ်မြောက်ကြရပါလို၏ဘုရား🙏🙏

image

image

Captain America အား Diss တော်မူခန်း ။
[ Bonus Fact - Eminem ရဲ့ Papa Doc ကို Diss တဲ့စာသားတွေထဲမှာ Papa Doc သရုပ်ဆောင် Anthony Mackie ကို Diss တဲ့စာသားတွေလဲပါပါတယ် ။ ]

image

image

🙏ဗုဒ္ဓဘုရား🙏အား ဗုဒ္ဓ​ဖြစ်စဥ်ကဗျာများဖြင့် နေ့စဥ်နေ့တိုင်း ပူဇော်ပါမည်။
🙏 {၂၃၃} ပညာရှိမည်က အသုံးချနိုင်ကြ 🙏
ပညာရှိလေ ဆုံးဖြတ်နိုင်ပေ
အရေးကြီးကိစ္စ အထွေထွေ
အဂ္ဂသာဝက နှစ်ပါးကား
မေးဖြေဆုံးဖြတ် ပွဲတရား
ထိုစဥျအလီ လာဠုဒါယီ
နှစ်ပါးတို့သည် ငါတို့နှင့်မှီ
ပညာဆိုကား တတ်ကုန်သလား
နှုတ်ခမ်းကိုက်ကာ မထီမြင်ထား
တရားအပေါင်းတို့ သွေဖယ်သော်
မထေရ်ရှောင်ကာ ပြောကြသော်
ဘုန်းမြတ်ဘုရား အတိတ်ဆောင်ထား
ရှေး၌သည်လဲ မသိခဲ့စွ
ဗာရာဏသီ ​ြဗဟ္မဒတ်တည်
လောင်​းတော်အမတ် ပညာရှိသည်
ကျိုးကြောင်းဆုံးမ ပေးလတ္တံ ့
နာခံလေတဲ့ မင်း​ြဗဟ္မဒတ်
ဘုရင့်သားတော် အရွယ်ရောက်သော်
​ြဗဟ္မဒတ်ကြီး နတ်ရွာစံချော်
သားတော်လေးက ပါဒဉ္စလိ
လုံ့လဝီရိယ ညံ့ဖျင်း၏
အမတ်တို့စုဝေး တိုင်ပင်ကာ
သားတော်နန်းတင် ဆုံးဖြတ်ရှာ
အမတ်တို့ပြော မင်းသားချော
မှန်ကန်၏လော အဘယ်သို့ကော
ထိုစဥ်အခါ မင်းသားမှာ
နှုတ်ခမ်းကိုက်ကာ စကားမဆိုပါ
ပြန်၍မပြော နောက်တရက်လော
မေးစေပြောပါ ထပ်လုပ်ရော
နှုတ်ခမ်းကိုက်နေ အမြဲပေ
မည်သည့်စကား မဆိုသလေ
အမတ်တချို့ ပြောကုန်၏
ဤမင်းသားလေး ပညာမရှိ
အမတ်တို့က စုဝေးတောင်းပန်
ပညာရှိအမတ် နန်းတင်အမှန်
ဇာတ်တော်ဆုံးထား ထိုမင်းသား
လာဠုဒါယီ ဖြစ်ခဲ့ကား
အမတ်ကြီးက ငါဘုရား
ပညာဆိုသည် အသုံးချ 🙏
#သီတင်းသုံးကျောင်း ။ ဇေတဝန်ကျောင်း
#ဟောရသည့်အကြောင်းရင်း ။ အဂ္ဂသာဝက
နှစ်ပါးတို့အမေးအဖြေဆုံးဖြတ်ပေးသည်ကို လာဠုဒါယီမထေရ်က မိမိတို့နှင့် ပညာတူ​လေသလားဟူ၍ နှုတ်ခမ်းကိုက်ကာ မထီမဲ့မြင်လုပ်သည်ကို အကြောင်းပြု ဟောကြားလေခြင်း
🔸🔸{ #ပါဒဉ္စလိဇာတ်တော် } သည်
ဂေါတမ မြတ်စွာဘုရားရှင် နုစဥ်အခါက
#အမတ်ကြီး ဖြစ်ခဲ့သော (၄၉)ဘဝတို့တွင် ပါရမီဖြည့်ကျင့်ခဲ့သော ဇာတ်တော်ဖြစ်ခဲ့၏။🙏
#နံပါတ်{၂၃၄} " လိုချင်အမှန် မြတ်နိဗ္ဗာန် "
ခေါင်းစဥ်ဖြင့် { ကိံသုကောပမ ဇာတ်တော် }
ကိုယ်ပိုင်ရေးစပ်ကဗျာ နှင့်တရားလေးကို တင်ပေးပါမည် ခင်ဗျ။ 🙏

image

image